တနေ့ ကျွန်တော့်ကလေးများကို စာသင်ပေးနေသော ဆရာမလေးယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်း ခေါ်ခိုင်းလိုက်သည်။ ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းပေးရန်ဖြစ်သည်။ “ထိုင်ပါဆရာမ” ဟုပြောရင်း ……. “ပေးစရာရှိတာလေးတွေ ပေးမလို့ အခေါ် ခိုင်းလိုက်တာပါ၊ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး ကောင်းပြီလေ အခုပေးတာပေါ့။ ကလေးတွေကို စာသင်ပေးဖို့ ဆရာမ တစ်လ ရူဘယ် ၃၀ နဲ့ သဘောတူ ခဲ့တယ်နော်” “တစ်လ ၄၀ ပါ” “မဟုတ်ဘူး ၃၀၊ ဒီမှာ စာနဲ့ သေသေချာချာ ရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမမှန်သမျှ တစ်လ ရူဘယ် သုံးဆယ်ပဲ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ စာသင်ပေးနေတာ အခုဆိုရင် နှစ်လ ရှိသွားပြီနော်”
Aug 17, 2014
အပျော့စားသတ္တု

Labels:
စာပေကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment