အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 17, 2014

အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလို့ တစ်သံတည်း ထွက်ကြသလဲ


ကျော်ဇော်ဦး၊ Coral Arakan News၊ ဘာသာပြန်သည်၊ ၂၅ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ ဘာသာပြန်ဆောင်းပါး ] (Photo – မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ) (Fuadi Pitsuwan ရေးသား၍ ကျော်ဇောဦး ဘာသာပြန်သည်။ ရှုမြင်သုံးသပ်ချက် ရပ်တည်ချက်တို့မှာ မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။) အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ထောမတ်စ် ဒွန်နီလွန် က အိုဘားမား ကို ပြောတယ်။ မြန်မာသမ္မတဦးသိန်းစိန် နဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့တွေ့တဲ့ အခါကျရင် ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေ ရဲ့ ဖြစ်အင် အတွက် ပူပန်မိကြောင်းကို ထုတ်ဖော်ပြသဖို့ လိုအပ် လိမ့်မယ်လို့ သူက အိုဘားမား ကို အကြံပေးတယ်။ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင်

ပြီးခဲတဲ့လက နောက်ဆုံးအကြိမ် ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် လူများစုနဲ့ မူဆလင် လူနည်းစုအကြား ပဋိပက္ခတွေမှာ လူ့အသက်ပေါင်း (၈၉)သက် ဆုံးရှုံးခဲ့ရတယ်။ ကမ္ဘာကြီးတစ်ခုလုံးလိုလိုက ဒါကို သြော် . . . ဗုဒ္ဓဘာသာဝင်တွေ နဲ့ မူဆလင်တွေ အကြား တိုက်ကြခိုက်ကြပေသကိုး လို့ မြင်ရုံမျှ မြင်နေကြစဉ်မှာ၊ တကယ့်အဖြစ်တွေက ဒါထက်မက ရှုပ်ထွေး နက်နဲလှတယ်။ ဒီပဋိပက္ခတွေရဲ့ချက်မဗဟိုမှာ သွားသွားမြင်ကြတာက ဘင်္ဂါလီရိုဟင်ဂျာတွေကို (မြန်မာ)နိုင်ငံတော် က အကာအကွယ်မပေးဘူး ဆိုတဲ့အချက်ပဲ။ သူတို့တတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မျိုးဆက်ပေါင်း များစွာ နေခဲ့ကြပြီဖြစ်သော်ငြားလည်း သူတို့ကို နိုင်ငံသားအဖြစ်အသိအမှတ်မပြုတဲ့အတွက် သူတို့ကို ဒီလို အကောအကွယ်မပေး တာဖြစ်တယ် လို့ မြင်နေကြတယ်။ ဗုဒ္ဓဘာသာရခိုင်တွေကလည်း အဲဒီ ဘင်္ဂါလီတွေကို သံသယ မျက်မှန်စိမ်း နဲ့ ကြည့်မြင်ကြတယ်။ ဒီလူတွေဟာ တစ်ဘက် ဘင်္ဂလာဒေ့ရှ် ကနေ ခိုးဝင်လာတဲ့ ကောင်တွေ၊ ဒီနိုင်ငံမှာလာနေပြီး တိုင်းရင်း ရခိုင်စကား ဗမာစကား မပြောကြတဲ့လူတွေ၊ ဒီက ယဉ်ကျေးမှုကို လက်မခံကြတဲ့လူတွေ ရယ်လို့ပဲ မြင်ကြတယ်။ အဲ . . . မျှမျှတတ ဖြစ်အောင် ကျွန်တော်ကြားကနေ ၀င်ပြောရမယ်ဆိုရင် ကိုယ့်ကိုယ် ကို ရိုဟင်ဂျာ ပါ လို့ ဆိုနေကြတဲ့လူ တော်တော်များများဟာ တကယ်လည်း ခိုးဝင်လာကြတဲ့လူတွေဖြစ်နေတယ် ဗျ။ နောက်ပြီးတော့ ဘယ်သူက ဘင်္ဂါလီရိုဟင်ဂျာ အစစ်အမှန်လဲ၊ ဘယသူတွေကရော ဘင်္ဂလာဒေ့ရှ်ကနေ ခိုးဝင်ကူးပြောင်းအခြေချတဲ့ သူတွေ ဖြစ်နေသလဲ ဆိုတာ ခွဲခြားဖို့ရာ အလွန်အမင်း ခက်ခဲလွန်းလှပါတယ်။ ဒီပဋိပက္ခတွေအတွင်းမှာ ဗုဒ္ဓဘသာတွေဖက်ကနေ ပင်းပါတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့စွပ်စွဲဖြင်းကို ခံရတဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို အခုထက် ပိုမိုပြီး ကောင်းကောင်းမွန်မွန် လူလူသူသူ ဆက်ဆံပေးဖို့အရေးကို မူဆလင်နိုင်ငံတွေက လိုချင်အားကြီးပြီး စိတ်ရောကိုယ်ပါ အိနြေ္ဒမရ ဖြစ်နေကြတယ်။ တူရကီဝန်ကြီးချုပ်ရဲ့ဇနီး Emine Erdogan နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu တို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်ကို လာရောက် လည်ပတ် တယ်။ ဒီခရီးစဉ်ကြောင့် ဒီ(ရခိုင်ပြည်နယ်)ပဋိပက္ခကို နိုင်ငံတကာမီဒီယာက ကျယ်ကျယ်ပြန့်ပြန့် တင်ပြမှုတွေဖြစ်လာခဲ့ရပြီး၊ အစ္စလမ်မစ်ကမ္ဘာကလည်း ဒီအရေးကို အာရုံစိုက်မိလာခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ်ဆောင်ရွက်ဖူးပြီးတဲ့အပြင် အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့ကြီးရဲ့ လက်ရှိအကြီးအကဲအဖြစ် ဆောင်ရွက်နေသူ Jusuf Kalla ဆိုရင် လည်း ဒီအရေးကို သူ့အတွက် တကယ့်မဟာတာဝန်ကြီးပမာ ကိုယ့်ဘာသာ ကိုယ် သတ်မှတ်ပြီးသကာလ၊ ဒီဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ မြန်မာအစိုးရအနေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်စေဖို့ရာ အင်ဒိုနီးရှားအစိုးရက ဖျောင်းဖျရာမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ ဆော်ဒီအာရေဗီးယား ဆိုရင်လည်း ဒီပဋိပက္ခဟာ မူလဆင်ဘာသာဝင် ဘင်္ဂါလီရိုဟင်ဂျာ တွေကို “လူမျိုးတုံး ရှင်းထုတ်သတ်ဖြတ်မှု (ethnic cleansing)” လုပ်နေတာဖြစ်ပါတယ် ဆိုပြီး ရှုတ်ချလိုက်တယ်။ ဆော်ဒီဘုရင် အဗ္ဗဒူလာဆိုရင်လည်း ဘင်္ဂါလီရိုဟင်ဂျာ တွေသက်သက် အတွက် ဒေါ်လာ သန်း ငါးဆယ်ဖိုး အကူအညီတွေ ပို့လိုက်တယ်လို့ ဆိုကြတယ်။ အဲ . . . နောက်တစ်ခါ အီရန်။ ဘင်္ဂါလီရိုဟင်ဂျာတွေအပေါ် ဒီလိုဆက်ဆံနေမှုတွေကို အီရန်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ပြောဆိုတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ “လူမျိုးတုံး သတ်ဖြတ်မှု(genocide)” ကို ရပ်တန်းကရပ်နိုင်အောင် မူဆလင်နိုင်ငံတွေနဲ့တကွ နိုင်ငံတကာ အဖွဲ့အစည်းတွေ က မြန်မြန်ထက်ထက် အရေးယူ ဆောင်ရွက်မှုတွေ ပြုကြဖို့ တိုက်တွန်း ဆော်သြတယ်။ နောက်တစ်ခုကတော့ အိုအိုင်စီ။ အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၊ အင်္ဂလိပ် လိုကတော့ The Organisation of Islamic Cooperation (OIC) လို့ခေါ်တယ်။ မူဆလင် နိုင်ငံပေါင်း (၅၇)နိုင်ငံပါဝင်တဲ့ ဒီအဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲကစေလွှတ်ပြီး ဒီအရေးနဲ့ ပတ်သက်လို့ စကားပြောစေတယ်။ ဒါ့တင်မက ဒီအရေးနဲ့ ပတ်သက်လို့ စဉ်ဆက်မပြတ် ပြောနေဆိုနေဆဲလည်းဖြစ်တယ်။ အိုအိုင်စီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ ပြောစကားတွေအရဆိုရင်၊ အိုအိုင်စီဟာ အိုဘားမားမြန်မာပြည်ကို အလည်အပတ် မလာခင်ကကို သမ္မတအိမ်ဖြူတော်ဆီ စာတစ်စောင် ပို့ထားတယ်လို့ဆိုပါတယ်။ အဲသည်စာထဲမှာ အမေရိကန် သမ္မတ တစ်ယောက်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခြင်း အနေနဲ့ သမိုင်းဝင်လာမယ့် အဲသည်ခရီးစဉ်မှာ သမ္မတအိုဘားမားအနေနဲ့ ဘင်္ဂါလီရိုဟင်ဂျာ အရေးကို ထုတ်ဖော်တင်ပြပြောဆိုဖို့ရာ အိုအိုင်စီက တိုက်တွန်းထားတယ်။ အခြေအနေတွေကို လှမ်းကြည့်လိုက် . . . ။ မူဆလင်ကမ္ဘာရဲ့ စည်းလုံးညီညွတ်မှုကို အရင့်အရင်က တစ်ခါမှ မမြင်ဖူးတဲ့ စုစည်းမှုမျိုးနဲ့ မြင်တွေ့ရတယ်။ မူဆလင် ပြည်ထောင်တွေဟာ အသံတစ်သံတည်း နဲ့ အော်နေကြတယ်။ အဲသည် အသံကလည်း လူ့အခွင့်အရေးကို ကာကွယ်ပေး ဖို့ ပြောနေတာ ဖြစ်နေ ပြန်တယ်။ ဒီမူဆလင်နိုင်ငံတွေထဲက တချို့သောနိုင်ငံတွေဟာ ဒီ(ဘင်္ဂါလီ)အရေးကို အသုံးချပြီး မိမိတို့နိုင်ငံတွေ ကိုယ်နှိုက်ရဲ့ လူ့အခွင့်အရေးဆိုင်ရာမူဝါဒတွေ ချွတ်ချော် လွဲမှားနေတာ ကို အာရုံလွဲနိုင်ဖို့ ကြိုးစားတဲ့သဘောလည်းပါတယ်။ ဒီတော့ ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ ဖြစ်အင်ဟာ မူဆလင်နိုင်ငံတွေအတွက် အကျိုးတူဖြစ်ထွန်းစေတဲ့ ဘုံ အနေအထား တစ်ရပ်ကို ဖော်ဆောင်လိုက်ပါတယ်။ ဒါအပြင် ပိုအရေးကြီးတဲ့အချက်တစ်ချက်က၊ အခုပြောနေတဲ့ မူဆလင်နိုင်ငံတွေရဲ့ အခုတူညီနေကြတဲ့ အကျိုးစီးပွားတွေဟာ အနောက်ကမ္ဘာအနေနဲ့ အစဉ်အလာအားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြတဲ့ စံတန်ဖိုးတွေဖြစ်နေပြန်တယ်။ (ဥပမာ လူ့အခွင့် အရေး ဆိုတာမျိုးပေါ့။) ဒီလိုအခြေအနေမျိုးကတော့ အမေရိကန်အတွက် ပွပေါက်တိုးတာပါပဲ။ ဒီလိုအခွင့်အရေး မျိုးကို လုံးဝကို လက်လွတ်ခံလို့ မဖြစ်ပါဘူး။ မူဆလင်နိုင်ငံတွေ များများစားစားနဲ့ အခုလို သဘောထားချင်း တိုက်ဆိုင် နေကြတဲ့ ကြုံတောင့်ကြုံခဲအနေအထားမှာ စကားလေး ဘာလေး ၀င်ပြောလိုက်မှ ဖြစ်မှာပေါ့။ ဒါမှ နောက်များ အာရပ်-အစ္စရေး ပဋိပက္ခတို့ ဘာတို့ကျရင် ဟိုလိုလို ဒီလိုလို အီးယောင်းဝါးခွင့် သာမှာပေါ့။ တူရကီ ဆိုတဲ့နိုင်ငံကလည်း ကိုလူလည်။ တူရကီအစိုးရကို ဝေဖန်ပြစ်တင်သူတွေကို ကာ့ဒ်လူမျိုး တက်ကြွလှုပ်ရှားသူတွေကို တူရကီအစိုးရက ပယ်ပယ်နယ်နယ် ဆော်ပလော်တီးတဲ့အကြောင်းနဲ့ ပတ်သက်လို့မေးခွန်းတွေအမေးခံရရင် တူရကီဟာ ရွာကို ပတ်ပြေးပြီး ရှောင်ပုန်းနေတတ်သူ ဖြစ်တယ်။ အင်ဒိုနီးရှားကျတော့ သူတို့နိုင်ငံက ခရစ်ယန်လူနည်းစုတွေကို ဘယ်လိုခွဲခြားဆက်ဆံ သလဲ ဘယ်လိုနွှာသလဲ ဆိုတဲ့အကြောင်းကိုရောက်ရင် အင်းမလုပ် အဲမလုပ်နဲ့ မြုံစိစိ လုပ်နေတတ်တဲ့နိုင်ငံ ပေါ့။ ဆော်ဒီအာရေးဗီးယားကျတော့ သူတို့နိုင်ငံက အမျိုးသမီးတွေအခွင့်အရေး ဆုံရှုံးနေရတဲ့ ကိစ္စတွေ ကိုရှောင်တယ်။ မပြောဘူး။ အီရန်ကျတော့ (ဆီးရီးယားသမ္မတ) အာဆဒ် အစိုးရ လက်ထက်မှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တယ် ဆိုတာ သိသိကြီးနဲ့ ဆီရီးယားအရေးမှာ ၀င်မစွက်ပါနဲ့ ဆီးရီးယားအရေးမှာ ၀င်မစွက်ပါနဲ့လို့ တကျော်ကျော် အော်တဲ့ နိုင်ငံမျိုးဖြစ်တယ်။ အေး . . . ၊ ဒါပေမဲ့ ဒီလိုနိုင်ငံတွေအကုန်လုံးဟာ ဒီနေရာကျမှ ရုတ်ချင်း မေတ္တာဓါတ် တွေ ကြီးမားလာပြီး မူဆလင်ဘာသာဝင် ဘင်္ဂါလီရိုဟင်ဂျာတွေဟာ အခြေခံ လူသား အခွင့် အရေးတွေရရှိဖို့ ထိုက်တန်သူတွေ ဖြစ်ပါတယ် ဆိုတာတို့၊ မြန်မာ အာဏာပိုင် တွေ အနေနဲ့ ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ကောင်းပါတယ် ဆိုတာ တို့တွေ ဘာတွေ ပြောကုန် ကြပါလေရော။ မူဆလင်(ဘင်္ဂါလီ)ရိုဟင်ဂျာတွေရဲ့ ခံစားနေရတဲ့ဖြစ်အင်အတွက် အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှု ရှိနေပါတယ် ဆိုတာကို ပြောလိုက်ခြင်းဟာ အမေရိကန်ဟာ မူဆလင်ကမ္ဘာ နဲ့ ရန်ဘက်အနေအထားမှာ ရှိမနေပါဘူးလို့ ပြလိုက်ရာရောက်ပါတယ်။ မူဆလင်နိုင်ငံ တွေနဲ့ လက်တွဲပြီးတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးကိုလေးစားမှု နဲ့ မတူကွဲပြားမှုကို သည်းခံနိုင်မှုတို့ တိုးတက်ထွန်းကားအောင် လုပ်ဆောင်နိုင် ဖို့ရာ မူဆလင်နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင် နိုင်မယ့် ဒီအခွင့်အလမ်းကို အမေရိကန် အနေနဲ့ မလွတ်တမ်း အသုံးချနိုင်ခွင့်ရှိလာပါတယ်။ မနေ့က (ဆိုလိုတာက နိုဝင်ဘာလ ၁၆ ရက်နေ့က) ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော တဲ့အခါ၊ ဘယ်လို မျိုး ဆင်ခြေဆင်လက်တွေနဲ့မျှ အပြစ်ကင်းတဲ့ လူတွေကို အပြစ်မရှိတဲ့ လူတွေကို အကြမ်းမဖက်ရဘူး ဆိုတာကို ပြောပြီးသကာလ? ဘာသာကွဲ အုပ်စုကွဲတွေကြား မငြိမ်မသက်ပဋိပက္ခကို ရပ်စဲကြဖို့ မစ္စတာ အိုဘားမားက တိုက်တွန်း သွားခဲ့တယ်။ ဒါပေမဲ့ ဒီပဋိပက္ခကို ကမ္ဘာကြီးက တုံ့ပြန်ကြရာမှာ တူညီစွာ ထားရှိကြ တယ်လို့ ပေါ်ပေါက် တဲ့၊ လောကအလယ်မှာ ပွင့်လန်းလာတဲ့ ဓမ္မပါလ တရားတွေ တန်ဖိုးစံတွေကို ဒီထက် မက ဖွံ့ဖြိုးအောင် အမေရိကန်သမ္မတ က ဆက်လက် လုပ်ဆောင် သွားသင့်ပါတယ်။ (အေး . . . ဟုတ်တော့ ဟုတ်တာပေါ့၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ဟာ ဒီအရေးမှာ အသုံးချခံသွားရတဲ့ လူတွေလို့ မိမိတို့ကိုယ်မိမိ မခံစားမိရ လေအောင် အိုဘားမားအနေနဲ့ နုညံ့သိမ်မွေ့စွာကိုင်တွယ် လုပ်ဆောင်သွားရ မှာပေါ့ လေ။) အစ္စလမ်ကမ္ဘာ နဲ့ အနောက်ကမ္ဘာတို့ဟာ ရခိုင်ပြည်နယ်မှာ တူညီတဲ့ဆုံမှတ်တစ်ခုကို ရှာမယ်ဆိုရင် ရှာတွေ့နိုင်ကြပါတယ်။ အစ္စလမ်ကမ္ဘာ နဲ့ အနောက်ကမ္ဘာတို့ ရဲ့ ပြန်လည်ချစ်ကြည်ပေါင်းစည်းနိုင်မှုဆီကို သွားရာလမ်းဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် အစွန်ဆုံးက ကြမ်းတမ်း ခက်ထရော် လှတဲ့ ရခိုင်ပြည်နယ်ကနေ ဖြတ်သွားတယ်လို့ပဲ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။ (ကျော်ဇောဦး ဘာသာပြန်သည်။) ================================ စာရေးသူ ဖူအဒိ ပစ်ဆူဝန် (Fuadi Pitsuwan )ရဲ့ ဒီဆောင်းပါးကို ဒီ ဘန်ကောက်ပို့စ် မှာ မဖော်ပြခင် Pacific Forum CSIS Pacnet series မှာ ပုံနှိပ် ဖော်ပြပြီးဖြစ်ပါတယ်။ မူရင်းဆောင်းပါး အမည်က West, Islam can unite over Rohingya cause ဖြစ်ပြီး၊ အောက်ပါ လင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။ http://www.bangkokpost.com/opinion/opinion/322093/west-islam-can-unite-over-rohingya-cause (Photo – မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ)
အောင်ပညာဒါန Unknown at 11:40 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မျိုးစောင့်ဥပဒေအားလေ့လာခြင်း

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ▼  08/17 - 08/24 (30)
      • ၆။ ပဏ္ဍိတ၀ဂ္ဂ
      • Yangon & Environment
      • Shan State & Environment
      • ချမ်းသာချင်ရင်ဒါလေးတွေဂရုစိုက်
      • ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ
      • သီလပညာသည်သာ အမြတ်ဆုံး
      • အဖိုးတန် ဆိုစကားများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသ...
      • ၅။ ဗာလ၀ဂ္ဂ
      • အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည...
      • ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ...
      • " ဆရာကြီး သမီး မြက်ပင်လေးကို အမြစ်က နှုတ်လိုက်ပါပြီ "
      • ပြသနာကို ဘယ်လိုဖြေရှင်းမလဲ?
      • အနှိုင်းမဲ့မီး
      • လူကောင်သေးရခြင်းအကြောင်းရင်းများ
      • Top 10 Myanmar Travel Destinations
      •  Shwedagon Pago In Yangon Myanmar is well known...
      • ရိုးသားခြင်းသည်သာ
      • "ကလေးများ၏ လက်ဦးဆရာ"
      • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
      • အပျော့စားသတ္တု
      • အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလိ...
      • အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင်း (အပိုင်း ၂ )
      • ၄။ ပုပ္ဖ၀ဂ္ဂ
      • ၃။ စိတ္တ၀ဂ္ဂ
      • ကျန်းမာရေးအတွက် စက်ဘီးစီးမယ်
      • ဘဝကြီး မှာပျော်အောင်နေတတ်ဖို့ ဒီအချက်လေးတွေက အထောက...
      • သုခပေး၍ ပျော်ရွှင်ပါ
      • ခြင်မလာစေတဲ့ သဘာဝဆေးနည်း
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.