တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ဗိဗ္ဗိသာရမင်းကြီးရဲ့အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ်တွေနှင့်တကွမြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။ ထိုသောဏဒဏ္ဍပုဏ္ဏားဟာလည်း သူအမျိုးသူ့ဇာတ်မှာဆို အခြံအရံပရိတ်များနဲ့ အလေးဂရု အပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ မြတ်စွာဘုရားရှင်အား ခရီးကြိုဆိုကာ မြတ်စွာဘုရားရှင်နှင့် စကားဆို နုတ်ဆက်တဲ့ အချိန်ကြတော့မြတ်စွာဘုရားရှင်ကအသင်ပုဏ္ဏားဘာများလျှောက်စရာရှိလည်းလို့လမ်းဖွင့်ပေး လိုက်တော့ဒီလူတွေဘုရား သူ့အနား ခြံရံကာ ပါလာတဲ့ သူတွေကို ညွှန်ပြကာ လျှောက်ထားလေတော့သည်။ တပည့်တော် မြတ်စွာဘုရားရှင်ကိုမသွားသင့်ဘူးဟုပဲပြောကြပါတယ်။မြတ်စွာဘုရားရှင်ဘာအကြောင်းကြောင့်လည်းလို့ ပြန်မေးတော့…ဘာဖြစ် လို့မသွားသင့်သလဲဆိုရင်သောဏဒဏ္ဍပုဏ္ဏားဟာ
Aug 20, 2014
သီလပညာသည်သာ အမြတ်ဆုံး

Labels:
ဗုဒ္ဓဘာသာဆိုင်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment