အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 15, 2014

အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင် (အပိုင်း ၁)

ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇူလိုင် ၂၁၊ ၂၀၁၃ ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းတပ်ဦး မိုးကုတ်ရိပ်သာ၌ကျင်းပခဲ့သော အင်းစိန် သံဃာ့အစည်း အဝေးကြီး (ဇွန်လ ၂၇-ရက်နေ့က) ငြိမ်းချမ်းစွာ ပြီးစီးခဲ့တယ်။ ထိုအစည်းအဝေးကြီးကို သံဃာတော်များက ဘာရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြသနည်း။ ဘယ်အတွက် ကျင်းပခဲ့ကြသနည်း။ ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ ဘာတွေဖြစ်နေသနည်းဆိုတဲ့အမေးကို လေ့လာသုံးသပ်ကြည့်လျှင် ဘာသာရေးဆန်တဲ့ လူမျိုးရေးအဓိကရုံးတွေ၊ လူမျိုးစု ပြဿနာတွေ၊ တိုင်းရင်းသားအမည်ခံချင်တဲ့ တိုင်းရင်း သားမဟုတ်သူတို့ရဲ့ လူ့အခွင့်ရေး တောင်းဆိုမှုပြဿနာတွေ၊ လယ်ယာမြေ ပြဿနာတွေ၊ ဒီပြဿနာ တွေနှင့် ရှုပ်ထွေးနေတာကို တွေ့ရတယ်။ ̏မုန်းတိုင်းကထန်ထန် တိုင်းပြည်ကနုနု˝မို့ ဆိုတာမျိုးလိုပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလမှာ ဒီလိုပြဿနာတွေ မကြာခဏဆိုသလို ဖြစ်နေတော့ ဆင်းရဲနွမ်းပါးမှုတွေနှင့် အလူးအလဲ ခံနေရသူတွေကတော့ ပြည်သူလူထုတွေပါ

ဒီအရေးတွေကို သတိပြုမိတော်မူကြတဲ့ သံဃာတော်များဟာ တိုင်းပြည်ရဲ့အရေးတွေမှာ မပါဝင်လို သော်လည်း အမျိုး ဘာသာ သာသနာတော်အတွက် ပါဝင်ပတ်သက်နေရခြင်းပါ။ ဥပမာ၊ ရွှေဝါရောင်အရေးခင်း၊ လက်ပန်းတန်းတောင်အရေးအခင်း၊ ရခိုင်အရေးအခင်း၊ မိတ္တိလာအရေးအခင်း စတဲ့ ဒီလိုအရေအခင်းမျိုးတွေပါ။ သို့သော် ရခိုင်အရေးအခင်း၊ မိတ္ထိလာအရေးအခင်းတို့မှာ ငွေးကြေးအထောက်အပံ့များ၊ လုံခြုံရေးအထောက် အပံ့များအပြင် စိတ်ဓာတ်ခွန်အား ထောက်ပံခြင်းမျိုးတွေပါ ပံ့ပိုးပေးနေရကြောင်း လေ့လာသိရှိရခြင်းပါ။ အဲဒီလို ပြည်သူ့ပြဿနာ၊ လူထုပြဿနာတွေ အမျိုးအမျိုးအတွက် ပါဝင်ပတ်သက်လာရာမှ အနာဂတ်မြန်မာနိုင်ငံတော် အတွက် စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတရားတွေ မြောက်များစွာ ရှိနေခြင်းကို သံဃာတော်များ လေးလေးနက်နက် သတိပြုလာမိခြင်းပါ။ သံဃာတော်များဘက်မှ လူထုဘ၀နှင့် လူမှုပြဿနာအထွေထွေကို ၀ိုင်းဝန်းဖြေရှင်းရာမှာ အင်းစိန် သံဃာ့ အစည်းအဝေးကြီးဟာ တစ်ခုအပါအ၀င်ပါ။ ထိုအစည်းအဝေကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုး ဘာသာ သာသနာကို ဓမ္မ၀ိနယနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ပါ။ ထိုသို့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရာမှာ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူများ ရသင့် ရထိုက်သော လူ့အခွင့်ရေးများကို ပြည့်ပြည့်၀၀ ရရှိနိုင်ရေးတို့အတွက် သံဃာတော်များက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဦးရေးဟာ (ဂ၅) ရာခိုင်းနှုန်းခန့် ရှိတယ်လို့ သိထားရခြင်းပါ။ ကံကောင်း ထောက်မစွာဖြင့် အခြားဘာသာဝင်များ (ဟိန္ဒူ၊ ခရစ္စယန်၊ မူစလင်ဘာသာဝင်များ) ရဲ့ အမျိုးသမီးများ၊ ထိုဘာသာဝင်တိုင်းရင်းသူများအတွက် လက်ထပ်ခြင်းဆိုင်ရာဥပဒေကို ကောင်းမွန်စွာ ရေးဆွဲထားပြီးဖြစ်ပြီး၊ ထိုဥပဒေသည် ထိုဘာသာဝင်တို့အတွက် လုံခြုံမှုများကို ပေးထားနိုင်ခဲ့ခြင်းကို အံ့သြစွာ လေ့လာသိရှိရခြင်းပါ။ ၁၉၅၄-ခုနှစ် ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ဟိန္ဒူ၊ ခရစ္စယန်၊ မူစလင်ဘာသာဝင်များသည် ဘာသာဝင်အချင်းချင်းသာ လက်ထပ်နိုင်ကြောင်း ဥပဒေပြု၍ ထိုဘာသာဝင်အမျိုးသမီးများအား ကာကွယ် ပေးထားခြင်းဥပဒေများ ရှိနေခြင်းပါ။ သို့သော် အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူများအတွက် လက်ထက်ခြင်းဥပဒေကို အခြားဘာသာဝင်များ၏ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကဲ့သို လုံခြုံမှုမပေးနိုင်ဘဲ အိမ်ထောင်ရေး အရှုပ်ထွေးများဖြစ်ပေါ်လာခဲ့သော် အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ကြရပြီး အမျိုးသမီးတစ်ယောက် ရသင့်ရထိုက်သော လူ့အခွင့်ရေးများ ဆုံးရှုံးနစ်နာခဲ့ကြရသည်မှာ ဥပဒေမခိုင်မာသောကြောင့်ဟု ဆိုရမှာပါ။ ဥပမာ၊ ၁၉၅၄-ခုနှစ် ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ အခြားဘာသာဝင်များ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမှာ အခြားဘာသာဝင်များအတွက် ဘာသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ် ခွင့် ဥပဒေကို ပြဋ္ဌာန်းပေးထားနိုင်ခဲ့ခြင်းပါ။ သို့သော် အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူအမျိုးသမီးများအတွက် ဘ၀လုံခြုံမှုကို ပေးနိုင်တဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိခဲ့သည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်ခဲ့ရခြင်းပါ။ စဉ်းစားမိသည်မှာ – ထိုအချိန်က ဥပဒေရေးဆွဲရေး ကော်မရှင်၌မြန်မာဥပဒေ ပညာရှင်များ မပါခဲ့၍လော၊ သို့မဟုတ် အခြားဘာသာဝင်အမျိုးသမီးများအတွက်မူ လုံခြုံသော ဥပဒေကို ပြဋ္ဌာန်းပေးနိုင်သော ဥပဒေရှင်များချည်း ပါဝင်နေ၍လော စဉ်းစားစရာအချက်တွေက ထောင်သောင်း မက ရှိနေခြင်းပါ။ အခြားဘာသာဝင်များအတွက် ဥပဒေပြုသူတို့၏ အမြော်အမြင်ကြီးမှုကို အသိအမှတ်ပြုပါ၏။ အင်းစိန်သံဃာ့ညီလာခံကြီးကျင်းပသောအခါ သံဃာတော်များက တင်ပြရန် ရေးဆွဲထားသော အတည် မပြုရသေးသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် တိုင်းရင်းသူဗုဒ္ဓဘာသာဝင်များအတွက် လက်ထပ် ထိမ်မြား ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို သံဃာ့ညီလာခံမကျင်းပမီ (၂)ပတ်ခန့် ကြိုတင်၍ ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်တွင် တရားမ၀င် သတင်းထုတ်ပြန်ခဲ့မှုကြောင့် ထိုမျိုးစောင့်ဥပဒေအစ်ရှုးသည် ရက်အနည်းငယ် အတွင်း ကမ္ဘာ အရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ခြင်းပါ။ ထင်မြင်ချက်အမျိုးမျိုးနှင့် ပြောကြ၊ ရေးကြ၊ ဝေဖန်ကြနှင့် ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်မှာ ဒီအစ်ရှူးဟာ ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်သွားခဲ့ခြင်းပါ။ သို့သော် ထိုဥပဒေမူကြမ်းသည် သံဃာတော်များအတည်မပြုရသေးသော မူကြမ်းဖြစ်နေသည်ကို ကမ္ဘာ့လူထုက သိရှိထားဟန်မတူပါ။ ထိုကြာင့် အသဲသဲအသန်သန် ထိုးစစ်တွေကို ဆင်လာခြင်းပါ။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို လက်ခံကြိုဆိုရမှာပါ။ သို့သော် ဒီမိုကရေစီ စနစ်ကျင့်သုံးတာက အခါလည်ကျော် လသားအရွယ်မျှသာရှိသေး၍ ပြောသူ၊ ရေးသူ၊ ဝေဖန်သူများ၌မီဒီယာ အက်သစ်ခ် အားနည်းနေသေးသည်ကို တွေ့မြင်နေရခြင်းပါ။ ဇွန်လ(၂၇)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့တဲ့ သံဃာ့အစည်းအဝေးကြီးအပြီးမှာ ကြေညာချက်စာတမ်း ထွက်ပေါ်လာခဲ့တယ်။ ထိုကြေညာချက်စာတမ်းမှာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်များကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ထုတ်ဖေါ်ပြောဆိုနိုင်ခဲ့၍ ဆူညံနေသော အသံများဟာ လုံးဝနီးပါး ငြိမ်သက်သွားခဲ့တယ်။ ထိုသံဃအစည်းအဝေးကြီး၌အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက် စာတမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ကြေညာချက် ၁။ ။ဤအစည်းအဝေးကြီးသည် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့အား အမျိုး ဘာသာ သာသနာရေးကိစ္စများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းသည်။ ၂။ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်မည်။ ၃။ ။အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းရန် ဤအစည်း အဝေးကြီးမှ ထောက်ခံအတည်ပြုသည်။ ၄။ ။မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဤအစည်း အဝေးကြီးသို့ တက်ရောက်တော်မူလာကြကုန်သော သံဃာ့ကိုယ်စားလှယ် ၁၅၃၀-ကျော်တို့က တညီတညွတ်တည်း ထောက်ခံအတည်ပြုသည်။ ၅။ ။မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တစ်ပါးဖြစ်သော အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ) ၏ ပုံနှင့် ̏THE FACE OF BUDDIST TERROR˝ – ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်းဖက်မှု ပုံသဏ္ဍာန် ဟု ဖော်ပြခဲ့သည့် ၂၀၁၃-ခုနှစ်၊ ဇူလှိုင်လ (၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း (Time Magazine) Vo-182, No, 1 ကို အပြင်းထန် ကန့်ကွက်သည်။ အထက်၌ ဖေါ်ပြထားသော အချက်အလက်များသည် သံဃာ့အစည်းအဝေးကြီးအပြီးမှာ ပေါ်ထွက် လာခဲ့ခြင်းဖြစ်တယ်။ ထိုအစည်းအဝေးကြီးမှာပင် သံဃာတော်များက ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်း၌(အချို့အချက်အလက်များသည် သဘောထားကွဲလွဲနိုင်ဖွယ်ရှိ၍) လွတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ထားသော ဥပဒေမူကြမ်း၌အချက်အလက်တို့ကို အနည်းငယ်ပြင်ဆင်၍ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) (၁) ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ (အရေးပေါ်)ဥပဒေ ဟု ခေါ်တွင်စေ ရမည်။ (၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးအား လွတ်လတ်စွာ ကိုးကွယ်ခွင့်ပြုသူဖြစ်ရမည်။ (၃) လက်ထပ်မည့်ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူရမည်။ (၄) အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ (သို့) ရပ် ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည်။ (၅) အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို (တိုင်းရင်းသူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများပါ ပါဝင်သည်) လက်ထပ်ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့နှင့်သာ သီးခြားအရေးယူအပြစ်ပေးရမည်။ အမှန်တကယ်မှာမူ သံဃာတော်များသည် ဥပဒေကို ရေးဆွဲနိုင်သူများမဟုတ်ဘဲ ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီး၊ ပြည်ထောင်စုဝန်ကြီး တစ်ယောက်ယောက်ဖြင့် သို့မဟုတ် အရေးပါအရာရောက်သော ပြည်ထောင်စုဝန်ကြီးများမှတဆင့် လွှတ်တော်သို့ တင်သွားနိုင်ရန် ကြိုးစား အားထုတ်သူများသာ ဖြစ်ကြတယ်။ ဥပဒေကြောင်းဆိုင်ရာ အကျယ်မူကြမ်းကိုမူ ဥပဒေပညာရှင်များနှင့် ပြည်ထောင်စုလွတ်တော်အမတ်များက ဆက်လက်၍ ဆွေးနွေးပြီး ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အတွက် အကျိုးရှိလျှင် အတည်ပြုထောက်ခံပြီး ခိုင်မာသောဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးရန်ဖြစ်တယ်။ အကျိုးမရှိလျှင် ကန့်ကွက် ပယ်ဖျက်ကြရန်ပင်ဖြစ်တယ်။ နောက်ဆုံးအဖြေက ဒါပါပဲ။ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးနှင့် ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသူအမျိုးသမီးများအတွက် မျိုးစောင့်ဥပဒေကို သံဃာတော်များက ပါဝါသုံး၍ အတည်ပြု ပေးခြင်းမျိုးလည်း မဟုတ်ပါ။ အာဏာရှိသူများကဲ့သို့ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခြင်းလည်းမရှိပါ။ လွတ်တော်သို့ ဦးစီးဦးဆောင်ပြု၍ တင်သွင်းသူများသာဖြစ်ကြောင်း ပြည်သူများ သိရှိနားလည်းနိုင်ကြဖို့ပါ။ မျိုးစောင့်ဥပဒေနှင့် စပ်လျဉ်း၍ အမြင်အမျိုးမျိုးတွေ၊ အထင်အမျိုးမျိုးတွေ ရှိခဲ့ခြင်းပါ။ သို့သော် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သည်းခံခြင်းတရားနှင့် ခွင့်လွှတ်ခြင်းတရား ဤတရားနှစ်ပါးကို လက်ကိုင်ထား၍ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်ပါမှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း သီတဂူဆရာတော်ဘုရားကြီးက သံဃာ့ အစည်းအဝေး၌အထူးမိန့်မှာသွားတော်မူခဲ့ခြင်းကို အမှတ်ရနေမိခြင်းပါ။ ထိုအဆုံးအမကို သံဃာတော်များနှင့် ပြည်သူ၊ ပြည်သားများသည်လည်း အမြဲတစေ အမှတ်ရစေနေနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။See more at: http://moemaka.com/archives/36658#sthash.3cXe6Jot.dpuf
အောင်ပညာဒါန Unknown at 12:20 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မျိုးစောင့်ဥပဒေအားလေ့လာခြင်း

Aug 14, 2014

စိတ်ဓာတ်ကျနေသလား သူငယ်ချင်း?


အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။ ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။ ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့ မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊ စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေတတ်ကျပါတယ်။ စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာပေါ့။ တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။

ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူးသာမန်ရုံးဝန်ထမ်းတစ်ယောက် သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိတယ်ဆိုပါစို့။ အဲဒိ Iphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့တယ်ဆိုပါစို့။ သင်ဘယ်လိုခံစားရမလဲ? ခနလောက်တွေးကြည့်လိုက်ပါ။ ၇သိန်း ၈သိန်းလောက်တန်တဲ့ပစ္စည်းတစ်ခု အတွက်တောင် သင်အဲ့လောက်စိတ်သောကတွေရောက်ပြီး စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရော ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ ဒိထက်ပိုချမ်းသာ အောင်လုပ်နေကြတဲ့သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက်အောင်အမြဲထိန်းသိမ်းနေရပါတယ်။ တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။ လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်ပစ်လိုက်တယ်။ သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။ ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကိုမရရှိကြဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့ အနားသတ်လိုက်တယ်။ သူတို့ရဲ့ညီမျှခြင်းကလောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။ ကြာလာတော့ ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာမရှိတော့ဘူး။ သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။ သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကို အရမ်းမတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲ သူတို့တက်တာမြင့်လာလေလေ အဲဒိကျောက်တုံးကြီးကိုနောက်ပြန်မကျအောင် အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေတုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေး တွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေအများကြီး ရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှု နောက်ကိုလိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကို ဆုံးရှုံးလိုက်ရတယ်။ ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးတာပေါ့။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိကအကြောင်းရင်းတော့မဟုတ်ဘူးဗျ။ သူကအစိတ်အပိုင်းတစ်ခုထက်မပိုဘူးဗျ။ ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။ သင်ကပိုက်ဆံကပျော်ရွှင်မှုလို့သတ်မှတ်ရင်တော့ ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော်။ ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်း(၃)မျိုးအတိုင်းစမ်းကြည့်ရအောင်. (၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။ ကျွန်တော်တို့ဘုရားရှင်ကပြောတယ် "The mind is everything. What you think you become" -Buddha စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့ တခါတလေချောနေတယ်လေ။ အဲဒိအချိန်ဆို ကိုယ့်ကိုအားရနေပါတယ်။ လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့လေ။ ပြီးတော့အဲ့လိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။ ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး လူသားမျိုးနွယ်တွေလေ။ နှာခေါင်းမလှဘူး၊နားရွက်ကားတယ် မျက်လုံးကဆွေတယ် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြတယ်လေ။ အဲဒိလိုနေ့မျိုးဆို စိတ်ဓာတ်တွေကျလို့ပေါ့။ ကိုယ့်ကိုကိုယုံကြည်မှုကကျသွားတယ်။ အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာလုပ်လုပ်အဆင်မပြေတော့ဘူး။ ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်။ သင်ကလည်း အကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ အဲဒိတော့ ကျွန်တော်တို့ဘုရားရှင်ပြောတာမမှန်ဘူးလား? စိတ်ကအရာရာပဲတဲ့ သူဘာသာလေထဲမှာလွင့်မျောနေတဲ့တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာ ထောင်ထားတဲ့ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။ အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။ ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်းရပါတယ်။ ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော်။ ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာသေချာ တယ်။ သင့်အတွေးတွေနည်းနည်းလောက်ပြောင်းကြည့်ပါ။ သင့်ရဲ့အထက်ကသူတွေချည်းပဲမကြည့်ပါနဲ့။ သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် Busကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊ သူများကျောင်းစိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေ၊ တစ်နေ့လုံးမှာထမင်းတစ်နပ်ပဲစားရတဲ့သူတွေ၊ အာဖရိကက ၂ရက်မှတစ်ခါလောက်အစားအစာစားခွင့်ရတဲ့ကလေးတွေ ကိုအားနာပါအုံး။ သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကိုအားနာပါအုံး။ မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကို ရင်ဆိုင်နိုင်ရင် သင်ကရော။ သင့်မျက်လုံးမလှဘူးထင်ရင်တစ်ခါလောက် မျက်စိမှိတ်ပြီး လမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့ သူတစ်ယောက်ဆိုရင်ရောဘယ်လိုနေမလဲ? သင်အရမ်းကံကောင်းပါတယ်။ သင်ဒီစာကိုဖတ်နေနို်င်တယ်လေ။ဘ၀ရဲ့အလှအပတွေကိုခံစားနိုင်တယ်လေ။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။ ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။ အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ "အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲတဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့ ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့" လူတွေရဲ့အတွေးတွေဟာ လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံး အကောင်းမြင်ကြည့်ပါ။ သင်အရင်ထက်စိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်။ (၂) သင့်ကိုသင်ချီးကျူးပါ။ သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကိုခနလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ်တစ်ခုခုအောင်အောင်မြင်မြင်ပြီးဆုံးသွားရင် သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အချင်းရှိပါတယ်။ သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှမရှိဘူးလို့သင်ထင်လို့လား? ချီးကျူးစရာတစ်ခုရအောင်ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင်နေကြည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာကောင်းတဲ့ အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ ဒါကလည်း တော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုဘူးနော်။ သင့်လုပ်ချင်ဖို့ပဲလိုတာ။ နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။ (၃) ဘောင်ထဲမှာမနေပါနဲ့။ သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကိုမလုပ်နိုင်ဘူး၊အခက်အခဲတစ်ခုကိုမဖြတ်ကျော်နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။ သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။ ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ် ရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက်ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။ အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုသင်ချီးကျူးဖို့အရာတွေတိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ၀သည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာ။ လောကကြီးနဲ့အသားကျဖို့ ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင် သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။ အသားမည်းမည်းနဲ့ရုပ်ချောလို့လား? မချောဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုသင်လက်ခံပါ။ ယုံကြည်ပါ။ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။ ကဲစိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးရေးပေးလိုက်တာပါ။ အထက်ပါအချက်တွေကို ကျင့်သုံးကြည့်ကျနော်။ ref:wikihow.com မိုးရှင်း ( I.M.T) (www.work.com.mm)
အောင်ပညာဒါန Unknown at 11:24 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

လှပကြော့ရှင်းမြန်မာ့အဖိုးတန်ရေတံခွန်ကြီးငါးခု



(၁)ဘုံတလာ ရေတံခွန်
ဘုံတလာ ရေတံခွန်သည်ချင်းပြည်နယ်၏ကျက်သရေဆောင်အရှည်ဆုံးရေတံခွန်ဖြစ်ပြီး
မတူပီမြို့၏၁၆မိုင်အကွာတွင်တည်ရှိပါသည်။
ဘုံတလာ ရေတံခွန်သည်အဆင့်ကိုးဆင့်ရှိပြီးအမြင့်ပေ၁၅၀၀ရှိပါသည်။
ဘုံတလာ ရေတံခွန်သည်အဆင့်ကိုးဆင့်ရှိသော်လည်းအဆင့်ငါးထိသာ
သွားရောက်နိုင်ပြီးကျန်အဆင့်များမှာသွားရောက်ရန်မလွယ်ကူသေးပါ။




(၂) ဆဒုံးရေတံခွန်
ဆဒုံးရေတံခွန် သည်ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား တွင်တည်ရှိပါသည်။ဆဒုံးရေတံခွန် သည်ကချင်ပြည်နယ်၏ ကိုလိုနီခေတ်က နယ်ခြဲ့ များကို တော်လှန်ခဲ့ တဲ့  ဆဒုံးခံတပ်ဟောင်း တည်ရှိခဲ့ ရာ ဆဒုံးမြို့ နှင့်  မိုင်အနည်းငယ်မျှ ကွာဝေး
သည့် နေရာလေးမှာ တည်ရှိပြီး မြစ်ကြီးနားမှ ၀ိုင်းမော်၊ ၀ိုင်းမော်မှ ကန်ပိုက်တီ (တရုတ်နယ်စပ်)မြို့ သို့ ကုန်သွယ် ကူးသန်းရာ တရုတ် လုပ်သားများ လာရောက် ဖောက်လုပ်ထားသည့် လမ်းမကြီးဘေးမှာပဲ တည်ရှိ နေပါသည်။ ဆဒုံးရေတံခွန် သည်အဆင့်ခုနှစ်ဆင့်ရှိပြီးအေးမြသော တောင်ကျရေများ ၂၄ နာရီစလုံး
စီးဆင်းနေပါသည်။




(၃) စိုင်းတင် ရေတံခွန်
စိုင်းတင်ရေတံခွန်သည် ရခိုင်ပြည်နယ် တွင်အကြီးမားဆုံး ရေတံခွန် တခု ဖြစ်ပြီး
ဘူးသီးတောင်မြို့ မှ အရှေ့ဘက် မိုင်(၃ဝ) အကွာတွင် တည်ရှိပါသည်။ ရေတံခွန်စီးဆင်းရာ၌ အဆင့်ခုနှစ်ဆင့်နှင့်စီးဆင်းနေပြီး မြန်မာ့တန်ဖိုးကြီးသယံဇာတတစ်ခုဖြစ်ပါသည်။



(၄) ပွဲကောက်ရေတံခွန်
ပွဲကောက်ရေတံခွန်သည်မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်တွင်လားရှိုး - မန္တလေးသွားကားလမ်း နံဘေးတွင် ရှိပါသည်။ပွဲကောက် ရေတံခွန်သည် ပေ ၃၀ အမြင့်ရှိပြီးအဆင့်လေးဆင့်ရှိပါသည်။
ပွဲကောက်ရေတံခွန်ကို B.E Waterfalls ဟုခေါ်ဆိုပါသည်။ဗြိတိလျှကိုလိုနီခေတ်ကမူ
Hampshire Falls ဟု ခေါ်ဆိုကြပါသည်။
  



(၅) ဓါတ်တော်ချိုင့် ရေတံခွန်
ဓါတ်တော်ချိုင့်ရေတံခွန် သည်အနီးစခန်းတွင်တည်ရှိပြီးပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင်ရှိပါသည်။ဓါတ်တော်ချိုင့်ရေတံခွန် သည်အမြင့်ပေ ၁၂၂မီတာရှိပြီးအနက်မှာ၉၁မီတာရှိပါသည်။ဓါတ်တော်ချိုင့်ရေတံခွန် သည်အဆင့်သုံးဆင့်
ရှိပြီးအောက်ခြေမှရေတံခွန်ထိပ်ထိမိနစ်ကိုးဆယ်ခန့်ကြာမြင့်ပါသည်။
အောင်ပညာဒါန Unknown at 9:55 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: The beautiful Myanmar

Aug 12, 2014

တိုတိုထွာထွာ မြန်မာ့ဆေးမြီးတိုများ

ဆီးအောင့်ရောဂါ အတွက်...... ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ချောင်းဆိုး (တီဘီ)ရောဂါ.............. ချောင်းဆိုးလို စိတ်မညစ်နဲ့တော့ ဆေးနည်း.... တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက် သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။ တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။ အပင်ပုံစံ.... လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။ အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။ မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........ သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ရေနွေးပူ ၊ ဆီပူလောင်လျှင် ....... ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ) အညောင်းအကိုက်အတွက်ဆေးတစ်လက်........ အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မ သယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် ......... ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော သံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့် မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက် ကင်းနိုင်သည်နည်းမှာ ဆေးစွမ်း ထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။ အရွက်မှာ ချဉ်သောအရသာရှိပါသည်။ ၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍ သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်း တို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။ ၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊ ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက် ဖြစ်ပါသည်။ ၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊ အသားမှာ ထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊ မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်း ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။ (၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။ လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး....... ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။ ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့် ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။ သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။ ညည်းတွားနေရသည်။ ဆေးနည်း.... ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက် ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီး သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။ ပုံသဏ္ဍာန် ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက် ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ် ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။ ကြွက်နို့ ပျောက်ဆေး ....... ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။
အောင်ပညာဒါန Unknown at 10:30 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

ဆရာတစ်ယောက်ရဲ့ဝေဒနာ

တက္ကသိုလ်ဝင်တန်းကျောင်းသားများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ သည်မှာ အနှစ် (၂၀)နီးပါးပင်ရှိခဲ့ ပြီ။ သည်အတောအတွင်း ဟိုးအရင်စာသင်စ ၁၉၉၅-၉၆ လောက်ကကျောင်းသားများနှင့် ယခုကျောင်းသားများ၏အနေအထားကို နှိုင်းချိန်ယှဉ်ထိုးကြည့်မိ၏။ မြန်မာစာဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ အလေးထားမှုကစလို့ တတ်မြောက်နားလည်မှုအဆုံး အစစအရာရာကွာခြားလာသည် ဟုခံစားမိသည်။ တစ်နှစ်ချင်း နှိုင်းယှဉ်ကြည့်လျှင်မသိသာသော်လည်း (၁၀)နှစ်လောက် ခွာကြည့်လျှင်တော့ တော်တော်လေးကို သိသာသည်။ ကျွန်တော်ဆယ်တန်းသင်စ မှာ တပည့်တစ်ယောက်တွေ့ခဲ့ဖူး သည်။ စကားပြေလက်ရွေးစင်စာ အုပ်ထဲက သင်ခန်းစာတွေကို ချောချောမွေ့မွေ့မဖတ်နိုင်။ ပါဠိသက်ဝေါဟာရများကိုအသာထား၍ ရိုးရိုးမြန်မာစာလုံးများကိုပင် အသံထွက်ချင်သလို ထွက်တတ် သည်။ စာမေးပွဲစစ်ကြည့်လိုက် တော့လည်း အမှတ် (၁၀၀) ဖိုး မေးခွန်းကို (၃၆) မှတ်နှင့်ကျနေသည်။ ထိုတပည့်ကိုတွေ့တော့ ကျွန်တော့်မှာ အံ့အားတသင့်ဖြစ် ခဲ့ရ၏။ ကျွန်တော်တို့ခေတ်က ဆယ်တန်းကျောင်းသားတစ် ယောက်သည် အခြားဘာသာရပ် တွေမှာညံ့နေစေဦး။ မြန်မာစာကျ သည်လိုတော့မရှိခဲ့။ ထို့အပြင် ကျောင်းပြဋ္ဌာန်းစာအုပ်မပြောနှင့် အပြင်ကဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ ကိုတောင် တစ်နေ့တစ်အုပ်ငှား ဖတ်နေပြီဖြစ်သည်။ ဆိုတော့ ထို တပည့်က စာမေးပွဲလည်းအောင် မှတ်မရသည့်အပြင် စာကိုလည်း အဓိပ္ပာယ်သိအောင်ပင် မဖတ်နိုင် ရှိလေရာ ကျွန်တော့်မှာ များစွာ အံ့သြမိခဲ့ရလေသည်။
ယခု အနှစ် (၂၀)ဝန်းကျင်ရှိ လာသည့်အခါ စာမေးပွဲစစ်လိုက် ၍ မြန်မာစာကျတာလည်း အဆန်းတကြယ်မဟုတ်တော့။ ပြဋ္ဌာန်း စာအုပ်ထဲက သင်ခန်းစာတွေကို ချောချောမွေ့မွေ့ မဖတ်နိုင်တာ လည်း ထူးခြားဆန်းကြယ်အံ့သြ ဖွယ်မဟုတ်တော့။ စာမေးပွဲစစ် ကြည့်လျှင် ကလေးအများစုက ကောင်းကောင်းမွန်မွန်လည်း မဖြေကြသလို အောင်မှတ်လည်း မရကြ။ သင်ခန်းစာတွေကို တစ် ယောက်ချင်း ထဖတ်ခိုင်းလျှင် လည်း စာကျက်သလို ပုဒ်စုတစ်ခု ကို နှစ်ခါသုံးခါထပ်ရွတ်သူက ရွတ်၊ စာထဲမပါသည့်‘တဲ့’တွေ အများကြီးထည့်ရွတ်သူက ရွတ် နှင့် သင်ခန်းစာကို အရသာခံဖို့ မပြောနှင့် အဓိပ္ပာယ်ပါ ဘာမှန်း မသိဖြစ်ရလေသည်။ ပိုဆိုးလာတာလေးကိုပြော ပါဦးမည်။ စာဖတ်သူများကို ညည်းပြနေသည်ဟုလည်း မထင်ပါနှင့်။ အမှန်တော့ ကျွန်တော် ကိုယ်တိုင် သည်ပြဿနာကို မည်သို့ကုစားရမည်မှန်းမစဉ်းစား တတ်တော့၍ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်သည့် ယခုကိစ္စကို ရေးပြရခြင်းဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း ကဗျာလက်ရွေးစင်မှာကိုးခန်းပျို့ကထုတ် နုတ်ထားသည့်‘ဝိဇ္ဇာသိပ္ပလူ့ကိစ္စ’ ဟုအမည်ပေးထားသော ကဗျာတစ်ပုဒ်ပါပါသည်။ ပြောလိုသည့် အချက်ပေါ်လွင်စေရန် ကဗျာကို အနည်းငယ်ဖော်ပြပါရစေ။ ‘သကျရူပံ၊ ကြံကြံသမျှ၊ တောင့်တရာရာ၊ တတ်ကောင်း စွာသား၊ ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်၊ ပျော်ပါးလွင်မူ၊ အကြင်သူအား၊ စကားချေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့၊ ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့်၊ ရွံရှာလန့် ထိတ်၊ အသံဆိတ်၏’ ဒါကဗျာရဲ့ ပထမပိုဒ်ပါ။ ကျွန်တော်က ကဗျာကိုရွတ်ပြပြီး လူတို့ကြံစည်သမျှ၊ တောင့်တ သမျှ၊ အသိပညာ၊ အတတ်ပညာက စွမ်းဆောင်ပေးနိုင်တဲ့အ ကြောင်း ပညာ၏တန်ခိုးထက်ပုံကို ဥပမာ၊ဥပမေယျတွေနှင့် ရှင်းပြလိုက်သည်။ သည့်နောက် ပညာဟူသည် လူ့ကိစ္စဖြစ်၍ ငယ်စဉ်ကတည်းက ပညာသင်ရမည့် အကြောင်း၊ ပညာမသင်ဘဲ ပျော်သလိုနေခဲ့လျှင် ကြုံတွေ့ခံစားရမည့်ဆင်းရဲဒုက္ခများကို ဆရာတော်က ဖွဲ့ဆိုထားကြောင်း ရှင်းပြကာ ‘ကဗျာထဲက အကြင်သူဆိုတာ ဘယ်သူ့ကိုရည်ညွှန်းထားလဲကွ’ဟု ကျောင်းသားအားလုံးကို ခြုံ၍မေးလိုက်သည်။ သည်တွင် ကျွန်တော့်ကို အိပ်မပျော်အောင် ဒုက္ခပေးမည့် ကိစ္စဆိုးကြီးနှင့် တည့်တည့်တိုးပါတော့သည်။ ကျောင်း သားတွေဖြေလိုက်ကြတာ။တစ် ယောက်တစ်ပေါက်။ ‘သူ့ရည်းစား’တဲ့။ ‘သူ့မိန်းမ’တဲ့။ ‘သူ့ချစ်သူ’တဲ့။ ‘ကြင်နာရတဲ့သူ’တဲ့စုံနေ အောင်ပြောကြသည်။ တော်ပါ တော့ဟု မနည်းတားရသည်။ စာသင်သည့်အခါ တက်တက်ကြွကြွသင်တတ်သည့် ကျွန်တော့် စိတ်ဓာတ်တွေလည်း အဝီစိရောက်အောင် ထိုးကျသွားရသည်။ နောက်အတန်းမေးလည်း ထိုနည်းလည်းကောင်း။ ပညာမဲ့ သူကိုရည်ညွှန်းတာဟုပြောနိုင်သည့်သူ အတော်နည်းပါသည်။ ‘အကြင်’ဟုတွေ့လိုက်သည်နှင့် ထင်ရာမြင်ရာပြောကြခြင်းဖြစ်ပါ သည်။ အရင်နှစ်တွေက တစ်ခါမျှ သည်လိုမေးမကြည့်ဖူးခဲ့။ မေး ကြည့်စရာလည်း မလိုလောက် အောင် အဓိပ္ပာယ်ကရှင်းနေ သဖြင့် သည်အတိုင်းပဲ သင်သွားခဲ့ သည်။ ယခုနှစ်တွင်မှ အတန်းတစ် တန်းတွင် အမှတ်မထင်မေးကြည့် မိရာမှ ကလေးအများစု နားမ လည်မှန်းသိလိုက်ရခြင်းဖြစ်၏။ သို့နှင့် နောက်အတန်းတွေပါ ထို သင်ခန်းစာရောက်၍ ဆက်မေး ကြည့်ရာ ‘အကြင်သူ’ဟူသည် မည်သူ့ကိုရည်ညွှန်းကြောင်း မှန် အောင်ပြောနိုင်သည့်သူ အတော် နည်းပါးကြောင်းတွေ့ရလေ၏။ သည်အတိုင်းဆိုလျှင် အခြား ကဗျာတွေ၊ စကားပြေတွေကိုလည်း အဓိပ္ပာယ်တွေရှင်းပြ၊ သင်ပြနေသည့်တိုင် သူတို့နားလည်ကြပါရဲ့လား။ ကျွန်တော် သံသယဖြစ်မိသည်။ စာမေးပွဲစစ်လိုက်တော့လည်း အသင့်ရေးပြီးသားမှတ်စုတွေကို အလွတ်ကျက်ပြီးဖြေနေကြသဖြင့် ထိုက်သင့်သည့် အမှတ်တော့ရနေကြသည်။ အခြားခက်ဆစ်တို့၊ သဒ္ဒါတို့၊ မေးခွန်းတိုတို့ကရသည့်အမှတ်နှင့် ပေါင်းလိုက်တော့ စာမေးပွဲကတော့ အောင်သွားကြသည်။ သို့သော် ကဗျာကိုလည်း မခံစားတတ်၊ စကားပြေတွေဖတ်ပြီး သုတလည်းမသိ၊ ရသလည်းမသိဆိုလျှင် စာမေးပွဲတစ်ခု အောင်သွားတာကလွဲပြီး သူတို့အတွက် ဘာအကျိုးရှိမည်နည်း။ ကျွန် တော်တို့နိုင်ငံအတွက်ကော။ အဖိုးတန်သည့် လူချွန်လူမွန်ကလေးတွေ ရလာနိုင်ပါ့မလား။ ကျွန်တော်စဉ်းစားရင်းအိပ်မပျော်နိုင်အောင်ဖြစ်ရပါသည်။ သည်ကိစ္စကို ပေါ့ပေါ့တန် တန်သဘောထား၍မရပါ။ ကျွန် တော်တို့ဆရာ၊ ဆရာမများ တက္က သိုလ်ဝင်တန်းမှာ ကိုယ့်ကျောင်း အောင်ချက်မြင့်မားရေးဦးစားပေး သင်ကြားနေသောသင်ကြားနည်း စနစ်များကို ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပြီထင်ပါသည်။ ကလေးတွေကိုစာသင်ရင်း ကျွန်တော်ခဏခဏပြောမိသည့်စကားတစ်ခွန်းရှိသည်။ ‘‘ငါတို့က မင်းတို့ထက်စာရင် ကံကောင်းတယ်ကွ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ပညာရေးစနစ်ဆိုးနဲ့တိုးပေမယ့် ငါတို့ကိုသင်ပေးတဲ့ဆရာတွေကပညာရေးစနစ်ကောင်းက မွေးထုတ်ပေးလိုက်တဲ့ဆရာတွေကွ။ မင်းတို့ကျတော့ ပညာရေးစနစ်ကမကောင်းတဲ့အပြင် ငါအပါအဝင် မင်းတို့ကိုသင်ပေးနေတဲ့ဆရာတွေအားလုံးက စနစ်ဆိုးက မွေးထုတ်ပေးလိုက်တဲ့ဆရာတွေချည်းပဲ။ ဒီအထဲ ဆရာအလုပ်ကို ပေါ့ပေါ့တန်တန် သဘောထားတဲ့ဆရာတွေနဲ့တွေ့ရင်တော့ မင်း တို့တစ်တွေ လူတော်တွေဖြစ် မလာဘဲ လူရှော်တွေချည်းဖြစ် ကုန်မှာသေချာတယ်ကွ’’ဟု တစ် ခါတလေ ဘယ်သူ့ကိုစိတ်အချဉ် ပေါက်လာမှန်းမသိသည့်အခါ ကျွန်တော်ပြောမိတတ်သည်။ ခေတ်အဆက်ဆက် မတည် ငြိမ်သည့် နိုင်ငံရေးစနစ်ကြားမှာ ကျွန်တော်တို့ မျိုးဆက်လောက် ကစပြီး မြေစာပင်ဖြစ်ခဲ့ရသည်။ တိုင်းပြည်အုပ်ချုပ်သူများက ‘သူ တို့အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး’ကိုသာ နည်းအမျိုးမျိုး နှင့်ကြိုးစားခဲ့ကြပြီး ပညာရေးကို တော့ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ ကြသဖြင့် ဆယ်စုနှစ်ငါးခုမက ကြာလာသည့်အခါ ကျောင်းတွေ မှာ အရည်အသွေးရှိသည့်ဆရာ တွေလည်း ရှားပါး၊ သင်နည်း စနစ်တွေလည်းလွဲချော်။ သည်လို နှင့် မှတ်စုပေး၊ အလွတ်ကျက်ဖြေ သည့်စနစ်က ယခုတိုင်ကြီးစိုးနေ တော့သည်။ သည်အထဲ သင် ထောက်ကူပစ္စည်းကမပြည့်စုံ၊ လက်တွေ့လုပ်စရာမရှိ။ မြို့ကြီး ပြကြီးတွေက ကျောင်းအချို့ကလွဲ ပြီး နယ်ကျောင်းအများစုမှာ စာ ကြည့်တိုက်အသုံးပြုခွင့်မရနှင့် ကြာတော့ ကဗျာတစ်ပုဒ်၊ စာတစ် ပုဒ်ကိုဖတ်ပြီး အဓိပ္ပာယ်ဘာမှန်း မသိသည့်ကလေးတွေ၊ မခံစား တတ်သည့်ကလေးတွေ တဖြည်း ဖြည်းများလာရတော့သည်။ ယခုအစိုးရသစ်လက်ထက် မှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွေလုပ်နေသည်ဆိုသော်လည်း အများအားဖြင့် ထင်သာမြင်သာ မရှိသေး။ သင်ရိုးညွှန်းတမ်းတွေ လည်း မပြောင်းနိုင်သေး။ စာမေး ပွဲစနစ်တွေလည်း ထူးမခြားနား။ မှတ်စုပေး အလွတ်ကျက်ဖြေ သည့်စနစ်ကြီးကလည်း ပိုနေမြဲ ကျားနေမြဲ။ ကျောင်းတိုင်းက လည်း တက္ကသိုလ်ဝင်တန်းအောင် ချက်မြင့်မားရေးကိုပဲ အာရုံထား နေကြသည်။ ဘယ်လိုနည်းနှင့် အောင်အောင်၊ အောင်ချက် ကောင်းမှ မျက်နှာပန်းလှမည်ဆို တော့ သင်ခန်းစာတစ်ခုကို နား လည်ဖို့ထက် အလွတ်ရဖို့ကိုပဲ ဆိုင်ရာတို့ တွန်းအားပေးနေကြ တော့သည်။ အစိုးရမင်းများက လည်း ၂၀၁၅ နီးလာလေလေ ကလေးတွေအရေးထက် သူတို့ အရေးက ပိုအရေးကြီးနေလေ တော့ တစ်ပီတည်းပီ၊ တစ်အာ တည်းအာရင်း ပညာရေးဥပဒေ တွေသာ အတည်ပြုပြဋ္ဌာန်းနေ သော်လည်း လက်တွေ့မှာတော့ လှည့်တောင်မကြည့်နိုင်ကြတော့ ပေ။ သည်ပုံဆိုလျှင်ဖြင့် ကျွန် တော်တို့၏ပညာရေးက နိုင်ငံ တကာအဆင့်အသာထား၍ အာ ဆီယံအဆင့်မီရန်ပင် အတော်ခဲ ယဉ်းနေပါဦးမည်။ ယခုပင်လျှင် လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းက နောက်ဆုံး၊ အဆင်းရဲဆုံးက အဆင့်(၁၂)ဖြစ်နေလျှင် နောင်နှစ်တွေမှာ သည့်ထက်ဆိုးဖို့သာရှိပါတော့သည်။ သင်ရိုးညွှန်းတမ်းတွေ၊ သင် ကြားနည်းစနစ်တွေ၊ စာမေးပွဲ စနစ်တွေ အမှန်တကယ်ပြုပြင် ပြောင်းလဲလာမည့်နေ့ရက်တွေကို စောင့်မျှော်ရင်း ကျွန်တော်အိပ် ပျက်ညတွေများလှပါပြီ။ ။ မင်းသန်းထိုက် (ဒေးဒရဲ) http://www.7daydaily.com/story/17302#.U92vRmMtqUk
အောင်ပညာဒါန Unknown at 10:28 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

ဒါဖတ်ပြီး မငိုပါနဲ့။ ပိုပြီး သိတတ်ပါ


ဖတ်ရင်းမျက်ရည်ဝဲမိလို့..သူငယ်ချင်းတို့ကိုလဲပြန်မျှဝေပေးလိုက်ပါတယ်နော်... "ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။ "ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ " "အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…" "ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.." ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။ ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။

ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။ မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။ ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။ ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။ အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင် ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။ အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။ အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။ အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊ တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။ ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။ ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။ ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။ ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။ ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။ အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ၀င်ခဲ့သည်..။ ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အ၀တ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အ၀တ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။ ကျွန်တော် ၀င်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။ ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။ ပြီးတော့ ကျွန်တော်ကို "သွားတော့မှာလား…သား" ဆိုပြီး အလောတကြီး မေးလာသည်..။ "ဟုတ် အမေ… ကားရောက်ပြီ.." "အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…" အမေ့အသံမှာ ၀မ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။ အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။ ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အ၀တ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး "သွားကြရအောင် သား…" ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။ ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။ အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား? ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး… "သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.." ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။ "သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…" ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။ "အမေ..နားလည်ပါတယ်ကွယ်.." အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…"အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့.." တဲ့လေ….။ ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။ ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။ ချိုက…" လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…" အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။ တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။ ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။ ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။ ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ၀န်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။ ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။ အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။ ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်....။ ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး…………. "သားတို့ အိမ်ပြန်ကြရအောင်…အမေ…." ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။ အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။ အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။ အောင်ထွန်းဦး "ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။ "ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ " "အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…" "ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.." ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။ ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။ ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။ မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။ ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။ ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။ အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင် ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။ အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။ အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။ အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊ တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။ ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။ ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။ ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။ ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။ ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။ အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ၀င်ခဲ့သည်..။ ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အ၀တ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အ၀တ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။ ကျွန်တော် ၀င်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။ ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။ ပြီးတော့ ကျွန်တော်ကို "သွားတော့မှာလား…သား" ဆိုပြီး အလောတကြီး မေးလာသည်..။ "ဟုတ် အမေ… ကားရောက်ပြီ.." "အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…" အမေ့အသံမှာ ၀မ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။ အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။ ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အ၀တ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး "သွားကြရအောင် သား…" ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။ ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။ အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား? ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး… "သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.." ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။ "သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…" ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။ "အမေ..နားလည်ပါတယ်ကွယ်.." အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…"အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့.." တဲ့လေ….။ ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။ ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။ ချိုက…" လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…" အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။ တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။ ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။ ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။ ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ၀န်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။ ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။ အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။ ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်....။ ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး…………. "သားတို့ အိမ်ပြန်ကြရအောင်…အမေ…." ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။ အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။ အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။ အောင်ထွန်းဦး
အောင်ပညာဒါန Unknown at 10:27 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မိဘမေတ္တာ

Aug 11, 2014

၂။ အပ္ပမာဒ၀ဂ္ဂ


၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
 အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

 ၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
 အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

 ၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
 ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

 ၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

 ၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

 ၂၃။ ထိုပညာရှိတို့သည် (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။

21. Awareness is the path to the deathless (Nibbana), unawareness, the path of death. Those who are aware do not die; those who are unaware are as if dead already.

 22.Those who, with a clean mind have seen this truth, those who are wise and ever-watchful, they feel the joy of watchfulness, the joy of the path of the Noble Ones (Ariyas).

 23. And the wise who devote themselves to meditation and in deep contemplation with ever-living power advance on the path, they in the end reach Nibbana, incomparable release from bonds.

၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။ သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။ ၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။ 24. Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in accordance with truth (right livelihood), that person will arise in glory. ၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။ ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။ ၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့် လည်းကောင်း၊ (သီလ) စောင့်စည်းခြင်း နှင့်လည်းကောင်း၊ (ဣနြေ္ဒကို) ဆုံးမခြင်းနှင့် လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကို ပြုလုပ်ရာ၏၊ ယင်းသည့် ကျွန်းကို ကိလေသာရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။ 25. By earnestness, by mindfulness, by restraint and self-control (with regard to moral precepts), the wise man could make an island (in the sea of mental defilements) that a flood of passion cannot sweep away. ၂၆။ ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။ အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။ ၂၇။ မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထ၀ံ။ အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ၀ိပုလံ သုခံ။ ၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကို အားထုတ်ကြကုန်၏၊ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။ ၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟုဆိုသော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်)ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။ 26. Foolish and unintelligent people engage in unawareness. But the wise one guards awareness like the greatest treasure. 27. Do not indulge in negligence, do not be intimate with attachment to lust and desires. The vigilant one who is established in mindfulness and aware can gain Nibbana, the joy supreme. ၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။ ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။ ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။ ၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏၊ စိုးရိမ်မှုကင်းသော ရဟန္တာ သည် ဒိဗ္ဗစက္ခုဟုဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏၊ တောင်ထိပ်၌တည်သောသူသည် မြေပြင်၌တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်)သူမိုက်တို့ကို ရှုကြည့်၏။ 28. The wise expels unawareness by awareness, negligence by vigilance, climbing the tower of wisdom, sorrow less, the wise one (the Arahant) looks down upon the sorrowing crowd as one standing on the mountain looks down those standing on the ground below. ၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သတ္တေသု ဗဟုဇာဂရော။ အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။ ၂၉။ လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို ချန်၍ သွားသကဲ့သို့၊ မေ့လျော့သူ အပေါင်းတို့တွင် မမေ့လျော့သောပညာရှိသည် မေ့လျော့သူကိုချန်ထား၍ သွား၏၊ သတိလွတ်ကင်း နိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွားများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်း မရှိသူများကို) စွန့်ထား၍သွား၏။ 29. Watchful among the unwatchful, vigilant among the heedless, the wise man like a swift horse runs his race, outrunning those leaving behind who are slow. ၃၀။ အပ္ပမာဒေန မဃ၀ါ၊ ဒေ၀ါနံ သေဋ္ဌတံ ဂတော။ အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။ ၃၀။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ရောက်၏၊ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏၊ (ကုသိုလ် ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။ 30. Magha young man rose to the lordship of the gods by mindfulness (in doing meritorious deeds). The wise praise earnestness; negligence in doing virtuous deeds is always blamed. ၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။ သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။ ၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့)သွား၏။ 31. The monk who delights in awareness and fears negligence goes to Nibbana destroying all fetters like a fire burning all obstacles both great and small. ၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။ အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။ ၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။ 32. The monk who delights in awareness and fears in negligence cannot fall away (from his perfect state) – he is very close upon Nibbana. Buddha Dhamma U Lawkanartha at 10:23 AM Labels: Chapter 02, Dhammapada Chapter
အောင်ပညာဒါန Unknown at 10:31 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ်

၉၁ မှတ် နဲ့ ၉မှတ်


“ဆရာမ.. ဒီတစ်ခေါက် အင်္ဂလိပ်စာအမှတ်သိပ်မကောင်းလို့ သမီးကို မေမေဆူတယ်” စာမေးပွဲဖြေတိုင်း အမှတ်ကောင်းခဲ့တဲ့ တပည့်တစ်ဦးရဲ့စကားနဲ့ ဝမ်းနည်းတဲ့ အပြုအမူကြောင့် သူ့ရမှတ်ကိုကျွန်မစိတ်ဝင်စားသွားခဲ့တယ်။ “ဒီတစ်ခေါက် အင်္ဂလိပ်စာ ဘယ်နှမှတ်ရတာလဲ” “ဟို... ၉၁ မှတ်ပါ ဆရာမ”

“၉၁မှတ်... ၉၁မှတ်က အမှတ်မြင့်နေပြီပဲ။ သမီးမေမေက ဘာဖြစ်လို့ ဆူတာလဲ” ကျွန်မရဲ့တအံတသြအမေးကို မျက်ရည်လေးနဲ့သူဖြေရှာတယ်။ “မေမေက ပြောတယ်။ ၇မှတ်က သမီးနမော်နမဲ့လို့ အဖြေမှားတာတဲ့။ ကျန် ၂မှတ်က ပုစ္ဆာကြည့်မှားလို့တဲ့။ ဒီအမှတ်တွေ မလျှော့သင့်ဘူးလို့ဆူတယ်” လိမ္မာ၊ သိတတ်နားလည်တဲ့တပည့်လေးကို ကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ စာတော်ပြီး ကြိုးစားသလောက် မိဘတွေရဲ့တောင်းဆိုမှု ဖိအားတွေအောက်မှာ သူမပျော်နိုင်ခဲ့ဘူး။ မိဘတွေ ဝမ်းသာဖို့နဲ့ ချီးကျူးဖို့အတွက် သူ့နေ့စဉ်အလုပ်က စာကျက်.. စာကျက်ရုံမှတစ်ပါး ဘာမှမရှိခဲ့ဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ကလေးတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို ကျွန်မတို့ မသိမသာနဲ့ နာကျင်အောင်လုပ်နေပြီလားလို့ တွေးမိတယ်။ မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးမြင်းရံချင်ကြတာပဲ။ သားသမီးကို ဖြစ်ထွန်းချင်တဲ့စိတ်၊ ထွန်းပေါက်ချင်တဲ့စိတ်က မိဘတိုင်းမှာရှိတယ်။ ဒါပေမယ့် ဖြစ်ထွန်းစေချင်တဲ့နည်းလမ်းတွေက မှားနေခဲ့ကြတယ်။ အထက်က ဥပမာအရ ၉၁မှတ်ရတဲ့အဖြေလွှာကို ယူပြီး ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ခဲ့တဲ့ ကလေးငယ်တစ်ယောက်အတွက် ဆီးကြိုနေတာက ၉မှတ်လျှော့ခဲ့ရတဲ့ အပြစ်တွေပဲဖြစ်တယ်။ ၉မှတ်အတွက် အပြစ်ကိုမှန်ဘီလူးနဲ့ ချဲု့ကြည့်တာ ခံလိုက်ရသလို ၉မှတ်ကြောင့် မိဘတွေဒေါသထွက်ခဲ့ကြတယ်။ ကလေးကို နမော်နမဲ့နိုင်တယ်လို့ဆူပြီး ရခဲ့တဲ့ ၉၁မှတ်အတွက်ချီးမွမ်းဖို့ သူတို့မေ့ခဲ့ကြတယ်။ ၉မှတ်နဲ့ ၉၁မှတ် ဘယ်အမှတ်က ပိုအရေးပါသလဲ၊ ၉၁ မှတ်ရဖို့ဆိုတာ မလွယ်ကူမှန်းသိပေမယ့် အားပေးဖို့ သူတို့မေ့ခဲ့ကြတယ်။ ၅ဝမှတ်ရတဲ့ ကလေးတစ်ယောက်ကိုတောင် ကျွန်မတို့ ချီးကျူးအားပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းတစ်ဝက်ကို သူဖြေတတ်ခဲ့လို့ပါပဲ။ ကလေးထွန်းပေါက်အောင်ဆိုပြီး မရတဲ့ ၉ မှတ်ကို အပြစ်ဖို့နေရင် သင်ခန်းစာတွေကို ဒီကလေး ဘယ်လိုပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူနိုင်မလဲ၊ ကြီးပြင်းနိုင်မလဲ၊ “ကျွန်မငယ်ငယ်က မိဘရဲ့တောင်းဆိုမှုတွေ တင်းကြပ်လွန်းလို့ သူတို့ဆန္ဒအတိုင်း ကျွန်မကြိုးစားခဲ့တယ်။ အခု ကျွန်မကလေးကိုလည်း ကျွန်မ တင်းတင်းကြပ်ကြပ်တောင်းဆိုမှ ကျွန်မရဲ့ ဆန္ဒကို သူအကောင်အထည်ဖော်နိုင်မှာ” တပည့်မရဲ့ မိခင်စကားကို ကျွန်မပြန်မေးခွန်းထုတ်လိုက်မိတယ်။ “မိဘတွေရဲ့ ဒီလို သွန်သင်မှုကို နှစ်သက်ခဲ့ပါသလား” သူမ ခဏနှုတ်ဆိတ်သွားခဲ့တယ်။ ပြီးမှ... “မနှစ်သက်ပါဘူး။ မိဘတွေရဲ့ ဒီလိုတောင်းဆိုမှုတွေကို ကျွန်မ အင်မတန် မုန်းခဲ့တယ်။ ကိုယ့်ရွေးချယ်ပိုင်ခွင့်လေးတော့ ရှိချင်ခဲ့တယ်” အဖြေက ရှင်းသွားပါတယ်။ ကလေးတွေက ကျွန်မတို့ရဲ့ဆန္ဒဓားစာခံတွေ မဟုတ်ကြဘူး။ ကိုယ့်မိဘတွေရဲ့အတင်းအကြပ်တောင်းဆို သင်ပြမှုတွေကို မကြိုက်ခဲ့ဘဲ ဘာဖြစ်လို့ ကိုယ့်ကလေးကိုလည်း အဲဒီနည်းနဲ့ သင်ပြချင်ရသလဲ။ ရင်ထဲမှာသိမ်းထားတဲ့အားပေးမှုတွေက ပါးစပ်ကထုတ်ပြောတဲ့ စကားတစ်ခွန်းလောက် ခွန်အားမရှိခဲ့ဘူး။ ရင်ထဲမှာသိမ်းထားတဲ့ဂရုစိုက်မှုတွေက ပခုံးကိုပုတ်ပြီး အားပေးတဲ့ခွန်အားလောက် မပြည့်ဝခဲ့ဘူး။ အားပေးစကားကို ထုတ်ဖော်ပြောပြီး ဂရုစိုက်မှုကို အမူအရာနဲ့ ပြပါ။ မိသားစုရဲ့အားပေးမှုက ကလေးကြီးပြင်းဖို့အတွက် သတ္တိတွေဖြစ်စေတယ်။ မိသားစုရဲ့လက်တွဲမှုက သူတို့ကြီးပြင်းရာတစ်လျှောက်မှာ ပျော်ရွှင်ခြင်းကိုဖြစ်စေတယ်။ ကြင်နာတဲ့လက်နဲ့ ကလေးရဲ့ ပခုံးကိုပုတ်ပြီး အားမပေးခဲ့တာ ကြာခဲ့ပြီလား။ ရင်ထဲသိမ်းထားတဲ့အားပေးစကားတွေ ထုတ်ဖော်မပြောတာ ကြာခဲ့ပြီလား။ ၉၁မှတ်ရတဲ့အဖြေလွှာကိုကြည့်ပြီး ၉မှတ်ဆိုတဲ့ဟာကွက်ကိုပဲ သင်မြင်ခဲ့သလား။ ဒါမှမဟုတ် ကလေးငယ်ရဲ့ ကြိုးစားမှုကို သင်မြင်ခဲ့သလား။ ချီးကျူးစကားတစ်ခွန်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပိုတိုးစေပါတယ်။ အားပေးစကားတစ်ခွန်းက လဲကျနေသူကို ပြန်ထရပ်စေပါတယ်။ နိုင်းနိုင်းစနေ (Sunday, July 13, 2008) ------
အောင်ပညာဒါန Unknown at 7:22 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်

လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲနာကျင်မွန်းကျပ်နေတယ်။ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်” “အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကိုရမလဲ သားကိုပြောပြပါ” “ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်” အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ် “ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေးသောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တခြား ဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေကကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလာဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်” လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။ “ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား” “ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကိုကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက်မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေမှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်” မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။ “ဘယ်သွားမလို့လဲ.. ကောင်လေး” “ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား” “ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်ကအရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်” လူငယ်က သဘောပေါက်နားလည်စွာနဲ့ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုပါဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်လိုက်တယ်။ ပျော်ရွှင်ခြင်းကိုတောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့…. မူရင်း--He Yue-Qing (何躍青) ပြုစုတဲ့ စိတ်အာဟာရကြက်ပေါင်းရည် စာအုပ်မှ နိုင်းနိုင်းစနေ (Tuesday, October 06, 2009)
အောင်ပညာဒါန Unknown at 4:24 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

အရမ်းလေးစားဖို့ကောင်းတဲ့ ကောင်လေး


တနေ့တော့ အသက် ၃၀ ကျော် ကုမ္ပဏီ ဒါရိုက်တာ တစ်ယောက် ရုံးဆင်းချိန်လောက်မှာ သူ့ရဲ့ရုံးခန်းကနေ ရုံးရှေ့ရပ်ထားခဲ့တဲ့ သူ့ရဲ့ အမိုးပွင့် ကားအသစ်လေးကို လှမ်းကြည့်လိုက်တယ်။ ကားနားမှာ ၁၃ နှစ် အရွယ် ကောင်လေး တစ်ယောက်ဟာ ကားလေး ကို လှည့်ပတ်ကြည့်နေပြီး သဘောကျဟန်နဲ့ ကားကို ကိုင်ကြည့်လိုက် အတွင်းထဲက ကားကူရှင်များကိုပါ ငေးကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတာ တွေ့လိုက်တယ်။ ဒီတော့ ကားကို တခုခုနဲ့များ ခြစ်ပေးလိုက်ရင် ဒုက္ခ ဆိုပြီး စိုးရိမ်စိတ်လေး ၀င်လာတော့ ရုံးကနေ ခပ်တုတ်တုတ် ဆင်းခဲ့တယ်။

ရုံးအောက်ရောက်တော့ .... ဟိတ် ကောင်လေး.. ဘာလုပ်နေလဲ ... ဆိုတော့... ကောင်လေး မျက်နှာက ကြောက်ရွံ့ မနေပဲ... ကားပိုင်ရှင်လား... လို့ တည်ငြိမ်စွာမေးလာတယ်.... ဟုတ်တယ်လေ... လို့ ခပ်ပြတ်ပြတ် ဖြေမိတယ်... ကောင်လေးက..... အရမ်းသဘောကျတယ်ဗျာ... အစ်ကို ၀ယ်တုန်းက ဘယ်လောက် ပေးလိုက်ရလဲ.... လို့ မေးတယ်... သူက... အစ်ကို့ဆီက မွေးနေ့လက်ဆောင်ရတာပါ.... လို့ ပြီးစလွယ်ဖြေလိုက်တယ်... ဒီတော့ ကောင်လေးက ရင်ခုန် အံ့သြစွာနဲ့... ဟာ ဟုတ်လား... ဆိုပြီး အရမ်းကို အားကျသွားပုံနဲ့ ငေးကြည့်နေတယ်.... ဒီတော့... သူလဲ ကောင်လေးကို စိတ်ဝင်စားသွားပြီး... ကားလိုက်စီးမလား... လို့ မေးတယ်... ကောင်လေးက မဆိုင်းမတွပဲ.. ဟုတ်ကဲ့လို့ ပြန်ဖြေတယ်.... လမ်းတလျှောက်လုံး... ကောင်လေးဟာ ကားစီးရလို့ ပျော်နေပုံ မပေါက်ပဲ... အတွေးတခု ထဲမှာ နစ်မျော နေဟန်တွေ့ရတယ်..... တနေရာ အရောက်မှာတော့... ရုတ်တရက် အခွင့်အရေး တခုတောင်းတယ်... အစ်ကိုရေ ကျနော့ကို အိမ်ရှေ့ထိ လိုက်ပို့ပေးပါလား... ဆိုပြီး တောင်းဆိုတယ်... သူ့အတွေးထဲမှာတော့ ဒီကောင်လေး သူ့ရပ်ကွက်ထဲက သူငယ်ချင်းတွေကို ကြွားချင်ပုံရတယ်... ဆိုပြီး.. သူလဲ အားနေတာနဲ့ လိုက်ပို့ဖို့ သဘောတူလိုက်တယ်။ နွမ်းပါးသူများ စုနေကြတဲ့ လူနေရပ်ကွက်ထဲက လမ်းကျင်းလေးများအတိုင်း အကွေ့အကောက်တွေ ကျော်သွားပြီး တနေရာအရောက်မှာတော့ အိမ်တန်းလျား တခုရှေ့မှာ ရပ်ခိုင်းလိုက်တယ်။ ပြီးတော့... ကားထဲက ခပ်တုတ်တုတ်ဆင်းပြီး ခဏလေးနော်.. မသွားသေးနဲ့အုံး၊ ကျေးဇူးပြုပြီး ခဏလေး စောင့်နေပေးပါ... လို့ ပြောပြီး အိမ်အပေါ်ထပ်ကို အပြေးလေး တက်သွားတယ်..... ခဏနေတော့... ခြေမသန်တဲ့ သူ့ရဲ့ ညီလေးကို မနိုင်မနင်း ပွေ့ချီပြီး ဆင်းလာတယ်... ပြီးတော့... ကားကို လက်ညှိးထိုးပြပြီး... သူ့ညီလေးကို ပြောလိုက်တယ်... ညီလေး... ဟိုကားကို ကြည့်လိုက်... သူ့အစ်ကိုက မွေးနေ့ လက်ဆောင် ၀ယ်ပေးတာတဲ့... အစ်ကိုလဲ ညီလေးကို တနေ့နေ့မှာ ဒီလို ကားဝယ်ပေးနိုင်အောင် ကြိုးစားမယ်.. အားမငယ်နဲ့ သိလား... အဲဒီအချိန်ရောက်ရင် ညီလေးကြိုက်တဲ့ နေရာသွားလို့ရပြီပေါ့... လို့ ပြောလိုက်တော့... ကုမ္ပဏီ ဒါရိုက်တာလေးဟာ သူ့ကိုယ်သူတောင် ရှက်သွားပါသတဲ့။ နောက်ပြီး မလေးစားပဲ မနေနိုင်လို့ ညီအစ်ကို နှစ်ယောက်စလုံးကို မြို့အနှံ့ လိုက်ပို့ရင်း တစ်ညတာ အချိန်ဖြုန်းလိုက်မိတယ်။ ကြယ် စင် www.bellbagan.com
အောင်ပညာဒါန Unknown at 4:22 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ
Newer Posts Older Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • ကျောင်းသူ ကျောင်းသားများအတွက် အထူးသတိထားရမည့် အင်တာနက်က လိင်ကိစ္စ
    လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • မာသာထရီဇာ နိုဗယ်ဆုလက်ခံယူစဉ်ကပြောခဲ့သောမိန့်ခွန်း
    ( ဆရာ မင်းကျော်စွာ ၏ ကမ္ဘာကျော်မိန့်ခွန်းများ စာအုပ်မှ ကောက်နုတ် ဝေမျှသည်။ ) မာသာထရီဇာကို ယူဂိုစလားဗီးယားနိုင်ငံ ၊ စကော့ယီမြို့တွင် ၁၉၁၀ြ...
  • ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်
    လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲနာကျင်မွန်းကျပ်နေတယ်။ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ အဘိုးအိုတစ်ဦးဟ...
  • သင်.. စိတ်ညစ်နေရပြီလား
    စိတ်ညစ်တာကို ကုစားနည်း (၁၄) နည်း ၀၁.စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုကြည့်ပါ။ ကောင်းကင်ကြီးက တကမ္ဘာလုံးနဲ့ ဆက်နေတာနော်...
  • အနှိုင်းမဲ့မီး
    လောကမှာရှိရှိသမျှမီးအားလုံးထဲမှာရာဂမီး(သို့မဟုတ်) အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ရာဂမီး၊အချစ်မီးထက်ပိုပြီး ကိုယ်စိတ်နှစ်...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ▼  08/10 - 08/17 (10)
      • အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင် (အပိုင်း ၁)
      • စိတ်ဓာတ်ကျနေသလား သူငယ်ချင်း?
      • လှပကြော့ရှင်းမြန်မာ့အဖိုးတန်ရေတံခွန်ကြီးငါးခု
      • တိုတိုထွာထွာ မြန်မာ့ဆေးမြီးတိုများ
      • ဆရာတစ်ယောက်ရဲ့ဝေဒနာ
      • ဒါဖတ်ပြီး မငိုပါနဲ့။ ပိုပြီး သိတတ်ပါ
      • ၂။ အပ္ပမာဒ၀ဂ္ဂ
      • ၉၁ မှတ် နဲ့ ၉မှတ်
      • ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်
      • အရမ်းလေးစားဖို့ကောင်းတဲ့ ကောင်လေး
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.