Aug 18, 2014
အနှိုင်းမဲ့မီး
လောကမှာရှိရှိသမျှမီးအားလုံးထဲမှာရာဂမီး(သို့မဟုတ်) အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ရာဂမီး၊အချစ်မီးထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးကို ပူလောင်စေပါတယ်။
လောင်မြိုက်စေပါတယ်လို့ နှိုင်းယှဉ်စရာ၊အစားထိုးစရာ ထပ်တူပြုစရာ တခြားမီးမရှိတော့လို့ပါပဲ။
ရာဂမီး ၊အချစ်မီးနဲ့လဲလှယ်သင့်၊လဲလှယ်ထိုက်တဲ့ တခြားမီးလောကမှာမရှိတဲ့အတွက်
ရာဂမီး၊အချစ်မီးဟာ “အနှိုင်းမဲ့မီး” ဖြစ်ရပါတယ်။
မီးဆိုတာ သူ့ကိုထိတွေ့လာတဲ့သက်ရှိ၊သက်မဲ့အရာမှန်သမျှကို ပူလောင်စေတတ်တဲ့သဘော ရှိပါတယ်။
မီးကိုကိုင်တွယ်တဲ့သူတိုင်း ပူလောင်တဲ့ဒုက္ခဝေဒနာကိုမလွဲမသွေခံစားကြရပါတယ်။
မီးနဲ့ထိတွေ့လို့အေးမြသွားတယ်၊ငြိမ်းချမ်းသွားတယ်ဆိုတာမရှိပါဘူး။
Labels:
ဗုဒ္ဓဘာသာဆိုင်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment