Aug 18, 2014
"ကလေးများ၏ လက်ဦးဆရာ"
လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဉာဏ်ရည် ပိုမို ထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။
မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွား နောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ် ကာလများတွင် ပြောဆို ဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။
အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာ ရှုမြင်ခဲ့သည်မှာ အစဉ် မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲ နွမ်းပါးသော မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း အဘယ်ကြောင့် ရရှိနေပါသနည်း။
Labels:
ပညာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment