အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 17, 2014

၎။ ပုပ္ဖ၀ဂ္ဂ

၄၄။ ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
 ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

 ၄၅။ သေခေါ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
  သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်အံ့နည်း၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကိုရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို အဘယ်သူသည် ရွေးချယ်စိစစ်နိုင်အံ့နည်း။

 ၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို သေက္ခပုဂ္ဂိုလ်သည် ရွေးချယ်စိစစ်နိုင်လတံ္တ့။

44. Who will conquer this world, and the world of the gods, and the world of Yama (hell, the four apayas)? Who will find the clear path of perfection, even as an expert florist who picks flowers finds the most beautiful flower?

 45. The disciple (the ariya) can examine the earth, the world of Yama and the world of the gods. The disciple can find out the well-taught path of virtue, even as an expert picks out the right flower.

၄၆။ ဖေဏူပမံ ကာယမိမံ ၀ိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။ ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။ ၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူသည်ဟု သိ၍ တံလျှပ်သဘောရှိသည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်ဖြစ်ကုန်သော ၀ဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)သို့ သွားရာ၏။ 46. Knowing this body to be like foam, realizing its mirage-nature, cutting out Mara's flowers of sensuous passions, one may go beyond the sight of the King of Death. ၄၇။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။ သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။ ၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍သွား၏။ 47. Death carries away the person who gathers the flowers of sensuous passions, when as a torrent of rushing waters carries away a sleeping village. ၄၈။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။ အတိတ္တညေ၀ ကာမေသု၊ အန္တကော ကုရုတေ ၀သံ။ ၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။ 48. Death, the end of all, makes an end of the person with an attached mind, who ever thirsty for desires, gathers the flowers of sensuous passions. ၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။ ပလေတိ ရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။ ၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။ 49. Just as the bee takes the nectar and leaves without damaging the color or scent of the flowers, so should a sage (the monk) wander through a village (without affecting faith and generosity of the villagers). ၅၀။ န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။ အတၱေနာ၀ အေ၀ကၡယ်၊ ကတာနိ အကတာနိ စ။ ၅၀။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှုမကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။ 50. Do not look at the faults of others, or what others have done or not done. One should rather think what by oneself has done or not done. ၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ အဂန္ဓကံ။ ဧ၀ံ သုဘာသိတာ ၀ါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။ ၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ သဂန္ဓကံ။ ဧ၀ံ သုဘာသိတာ ၀ါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။ ၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့်စသော)ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသောအကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (အဆုံးအမ)စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။ ၅၂။ အဆင်းအနံ့ပြည့်စုံ၍ တင့်တယ်လှပသော စံပယ်စကားစသော ပန်းသည် ပန်ဆင်သူအား အနံ့ တည်းဟူသောအကျိုးကို ဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။ 51. Just as a beautiful flower, that is colorful but scentless, so is a well-preached words of the Buddha fruitless for the person who does not put them into practice. 52. Just as a beautiful flower that is colorful and fragrant, so is a well-preached words of the Buddha fruitful for the person who puts them into practice. ၅၃။ ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။ ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။ ၅၃။ ပန်းစုပန်းပုံအတွင်းမှ များစွာသောပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။ 53. Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity). ၅၄။ န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ’ိကာ ၀ါ။ သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။ ၅၅။ စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။ ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။ ၅၄။ ပန်းအနံ့သည် လေညာသို့မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်ပန်းအနံ့ စံပယ်ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏အနံ့သည်သာ လေညာသို့သွား၏၊ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။ ၅၅။ စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည် လည်းကောင်း၊ မြလေးပန်းအနံ့သည်လည်းကောင်းရှိ၏၊ ထိုပန်းရနံ့ အမျိုးမျိုးတို့ထက် သီလသည်သာ အတုမရှိ မြတ်၏။ 54. The scent of flowers does not go against the wind, not sandalwood, tagara, nor jasmine; but the reputation of virtuous persons spread against the wind even to all directions. 55. Sandalwood, Tagara, a lotus-flower or a vassiki, even among such fragrant things, the fragrance of virtuous conduct is best of all. ၅၆။ အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။ ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။ ၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မျှသာဖြစ်၏၊ ဤ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။ 56. Not very far goes the fragrance of flowers, even that of rose-bay or of sandalwood; but the fragrance of virtuous people is supreme, reaching even to the abodes of the devas (gods). ၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒ၀ိဟာရိနံ။ သမ္မဒညာ ၀ိမုတ္တာနံ၊ မာရော မဂ္ဂံ န ၀ိန္ဒတိ။ ၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။ 57. Mara cannot find the path of those who have perfected virtuous conduct, who are living with awareness and liberated by true knowledge. ၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။ ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။ ၅၉။ ဧ၀ံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။ အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။ ၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။ ၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တ၀ါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။ 58. Even as on a heap of rubbish thrown away by the side - 59. of the road a lotus flower may grow and blossom with its pure fragrance giving joy to the soul, in the same way among the people like rubbish shines the light of wisdom of the disciple who follows the Buddha, the one who is truly enlightened.
အောင်ပညာဒါန Unknown at 8:42 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ်

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ▼  08/17 - 08/24 (30)
      • ၆။ ပဏ္ဍိတ၀ဂ္ဂ
      • Yangon & Environment
      • Shan State & Environment
      • ချမ်းသာချင်ရင်ဒါလေးတွေဂရုစိုက်
      • ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ
      • သီလပညာသည်သာ အမြတ်ဆုံး
      • အဖိုးတန် ဆိုစကားများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသ...
      • ၅။ ဗာလ၀ဂ္ဂ
      • အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည...
      • ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ...
      • " ဆရာကြီး သမီး မြက်ပင်လေးကို အမြစ်က နှုတ်လိုက်ပါပြီ "
      • ပြသနာကို ဘယ်လိုဖြေရှင်းမလဲ?
      • အနှိုင်းမဲ့မီး
      • လူကောင်သေးရခြင်းအကြောင်းရင်းများ
      • Top 10 Myanmar Travel Destinations
      •  Shwedagon Pago In Yangon Myanmar is well known...
      • ရိုးသားခြင်းသည်သာ
      • "ကလေးများ၏ လက်ဦးဆရာ"
      • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
      • အပျော့စားသတ္တု
      • အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလိ...
      • အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင်း (အပိုင်း ၂ )
      • ၄။ ပုပ္ဖ၀ဂ္ဂ
      • ၃။ စိတ္တ၀ဂ္ဂ
      • ကျန်းမာရေးအတွက် စက်ဘီးစီးမယ်
      • ဘဝကြီး မှာပျော်အောင်နေတတ်ဖို့ ဒီအချက်လေးတွေက အထောက...
      • သုခပေး၍ ပျော်ရွှင်ပါ
      • ခြင်မလာစေတဲ့ သဘာဝဆေးနည်း
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.