အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Sep 13, 2014

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း

ယနေ့ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံခန့်မှာ ဘီပိုး ရောဂါကူးစက်ခံနေကြရပြီး နာတာရှည်ရော ဂါပိုးသယ်ဆောင်သူ သန်း ၃၅ဝခန့်ရှိကြောင်း၊ စီပိုးကူး စက်ခံရသူပေါင်းမှာလည်း သန်း ၁၈ဝရှိပြီး နှစ်စဉ်အကူး စက်ခံရသူ လေးသန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီရင်ခံစာမှာ မကြာသေးခင်က သတိပေးဖော်ပြ ထားပါတယ်။ ဘီပိုး စီပိုးဟာ ကူးစက်ရန်လွယ်ကူတာကြောင့် ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်လူဦးရေ တစ်သန်းခန့် သေဆုံး နေရပါတယ်။ မြန်မာနိုင်ငံအနေနှင့်လည်း လူဦးရေသန်း ၆ဝ၏ ၁ဝရာခိုင်နှုန်းမှာ ရောဂါပိုးကူးစက်ခံရပြီးဖြစ်တာ ကြောင့် ကျန် ၅၄သန်းသောပြည်သူများအတွက် ကာကွယ် ဆေးထိုးဖို့ လိုအပ်နေပါပြီ။ အသည်းရောင်အသားဝါပိုး ဟုဆိုသော်လည်း အသားမဝါဘဲ အသည်းရောင်သောသူ များလည်း ရှိကြပါတယ်။ ဒါကြောင့် ဆေးပညာလောက မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးဟုသာ ခပ်တိုတို ခေါ်ဆို လေ့ရှိပါတယ်။

A,B,C,D,E နှင့် G ဟူ၍ အသည်းရောင် ဗိုင်းရပ်စ်ပိုးခြောက်မျိုးရှိပြီး အသည်းရောင်ရောဂါ A နှင့် E မှာ ခြောက်လအတွင်း ပျောက်ကင်းသွားတာကြောင့် နာတာရှည်အသွင် မဖြစ်လာတတ်ပါဘူး။ အသည်းရောင် ရောဂါ B နှင့် C မှာ နာတာရှည်အသွင်လာတတ်ပါတယ်။ တချို့သော အသည်းရောင်ရောဂါ B နှင့် C ဝေဒနာရှင် များမှာ ခြောက်လကျော်(သို့မဟုတ်)တစ်သက်လုံး အသည်း ရောင်ရောဂါကိုခံစားနေရပြီးနောက် ထိုသူတွေမှာ နာတာ ရှည်အသည်းရောင်ရောဂါမှစ၍ အသည်းခြောက်ရောဂါ၊ အသည်းရောင်ရောဂါ၊ အသည်းကြွပ်ရောဂါ၊ အသည်းကင် ဆာအထိ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာစေပါတယ်။


ကိုယ်ခံအားတွေကျဆင်းနေတဲ့အချိန်မှာ ဗိုင်းရပ်စ် ပိုးတွေဟာ အသွင်ပြောင်းပြီးဝင်လာတဲ့အခါမှာတော့ ကိုယ် ခံစွမ်းအားတွေက ထိုပိုးရဲ့ ၆ဝရာခိုင်နှုန်းလောက်ကိုသာ တိုက်ထုတ်နိုင်ပါတော့တယ်။


ပိုးကူးစက်ခံရသူတွေ၏ ပျမ်း မျှ ၂ဝ ရာခိုင်နှုန်းက အသည်းရောင် အသားဝါဖြစ်ကြပြီး ၁ဝရာခိုင်နှုန်းမှာတော့ ရောဂါလက္ခဏာ မပြကြပါဘူး။


သို့သော် ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေပါပြီ။ ၄င်းအ နက် လေးရာခိုင်နှုန်းမျှသောသူတွေဟာ ကိုယ်ခံစွမ်းအား အနည်းအများပေါ်မူတည်၍ နောင်တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စသည်ဖြင့် အချိန်ကြာလာတဲ့အခါမှာ အသည်းရောင်အ သားဝါ ဖြစ်လာတတ်ကြပါတယ်။


မန်ဆာချူးဆက်ပြည်နယ် အမျိုးသမီးဆေးရုံကြီးမှဆရာဝန်များဟာ ထိုကူးစက်ပိုး ဝင်နေသူ လူနာသုံးသိန်းကိုလေ့လာကြည့်တဲ့အခါမှာ ခန္ဓာ ကိုယ်ထဲမှာကိန်းအောင်းနေတဲ့ဘီပိုးဟာ နေ့စဉ် အကောင် ရေ ဘီလီယံ ၁ဝဝ ပွားများပြီး စီပိုးက နေ့စဉ်အကောင်ရေ ဘီယီယံ ၁၅ဝ ပွားတယ်လို့ ကြောက်ခမန်းလိလိ လေ့လာ တွေ့ရှိခဲ့ပါတယ်။


ဘီပိုးနှင့် စီပိုးတို့ ကွာခြားချက်
*********************************


အသည်းရောင်ရောဂါဘီပိုးဟာ စတင်ကူးစက်သော အသက်အရွယ်ကိုလိုက်၍ နာတာရှည်ရောဂါဖြစ်နှုန်း ကွာ ခြားပါတယ်။


အကယ်၍ လူကြီးအရွယ်မှာ ဘီပိုးစဖြစ်လျှင် ၁ဝရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍ ကျန် ၉ဝရာခိုင်နှုန်း မှာ သူ့အလိုလို ပျောက်ကင်းသွားပါတယ်။


ကလေးဘဝ မှာ စတင်ဖြစ်ပွားပါက ပိုးဝင်သူ၏ ပျမ်းမျှ သုံးပုံတစ်ပုံခန့် မှာ နာတာရှည်ဖြစ်၍ သုံးပုံနှစ်ပုံမှာ အလိုလိုပျောက်ကင်း နိုင်ပါတယ်။


မွေးကင်းစအရွယ်မှာ ရောဂါကူးစက်ခံရပါ က ၉ဝရာခိုင်နှုန်းမှာ နာတာရှည်ဖြစ်ပြီး ၁ဝရာခိုင်နှုန်းခန့် သာ သူ့အလိုလို ပျောက်ကင်းနိုင်ပါတော့တယ်။


အကြောင်း ရင်းကတော့ ကလေးငယ်များ၏ကိုယ်ခံစွမ်းအား ကောင်း မွန်စွာ မဖွံ့ဖြိုးသေးတာကြောင့်ပါပဲ။


ဘီရောဂါပိုးရှိသော မိခင်နို့ရည်မှတစ်ဆင့် ရင်သွေးငယ်သို့ကူးစက်နိုင်တာကြောင့် ကလေးငယ်အား မွေးကင်းစမှ အသက်တစ်နှစ်အတွင်း ကာကွယ်ဆေးထိုးပေးပါ။ စီပိုးဟာ ဘီပိုးထက် နာတာရှည်ဖြစ်မှုနှုန်း ပိုများပါ တယ်။


အသည်းရောင်ရောဂါစီပိုးရှိသူ၏ နာတာရှည်ဖြစ်မှု နှုန်းမှာ
************************************************************


အသက်အရွယ်လိုက်၍ ကွာခြားမှုမရှိပါဘူး။ အ သည်းရောင် စီပိုးရောဂါ ဖြစ်ပွားပြီးနောက် ၁၅မှ ၂ဝ ရာခိုင် နှုန်းမျှသာပျောက်ကင်းနိုင်ပြီး ကျန် ၈ဝ မှ ၈၅ ရာခိုင်နှုန်း သောသူများမှာ နာတာရှည်အသည်းရောင်ရောဂါ ဖြစ်ပွား လေ့ရှိပါတယ်။


ယနေ့အချိန်အထိ စီပိုးတွင် ဘီပိုးကဲ့သို့ ကာကွယ်ဆေး ထိထိရောက်ရောက်မရှိသေးပါဘူး။ သို့ သော် ကံကောင်းသည့်အချက်မှာ စီရောဂါပိုးဟာ ဘီရောဂါ ပိုးလောက် ကူးစက်နှုန်း မများကြသေးပါဘူး။


ဘီပိုးနှင့်စီပိုးတို့ ကူးစက်ပုံနည်းလမ်းများ
*****************************************


အထက်မှာဖော်ပြထားခဲ့သလိုပါပဲ ယနေ့ကမ္ဘာနှင့် တစ်ဝန်း အသည်းရောင်အသားဝါဘီနှင့်စီရောဂါပိုး ကူး စက်ခံရသူဦးရေ တဖြည်းဖြည်းတိုးပွားလာနေတာကြောင့် ထိုရောဂါများနှင့်ပတ်သက်၍ ကူးစက်နိုင်ပုံကို ဗဟုသုတ အဖြစ် အမြင်ကျယ်သိထားသင့်ပါပြီ။


အရပ်သုံးစကားများ ဖြစ်ကြတဲ့ အေဘီစီဟုအလွယ်တကူခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါဘီနှင့် စီရော ဂါပိုးများဟာ ယေဘုယျအားဖြင့် ကူးစက်ပုံချင်း တော်တော် လေး ဆင်တူကြပါတယ်။


အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုးတို့ ကူးစက်ပုံနည်းလမ်းများဇယား
******************************************************************************


မှတ်ချက်


(၁) အကယ်၍ မိသားစုဝင်ထဲမှာတစ်ဦး တစ်ယောက် ဘီ (သို့မဟုတ်) စီပိုးရှိနေပါက ထိုသူအတွက် ပန်းကန်၊ ခွက်ယောက်၊ ဇွန်း စတာတွေကိုခွဲ၍ သီးခြား သုံးသင့်ပါတယ်။ (ရေနွေးဆူဆူမှာ အချိန်ငါးမိနစ်ခန့်ကြာ အောင် စိမ်၍ ဆေးကြောမှသာ ထိုပိုးတွေ သေစေနိုင်မှာပါ။)


(၂) တစ်လင်တစ်မယားအိမ်ထောင်ရေးစောင့်ထိန်း သောစုံတွဲများအနေဖြင့် တစ်ဦးဦးတွင် စီပိုးရှိပါက တာ ရှည်စွာ ကွန်ဒုံးအသုံးပြုရန် မလိုအပ်ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေးစင်တာ (CDC)မှ ထုတ်ပြန်ထားပါတယ်။


ဘီပိုး စီပိုးကူးစက်ခံပြီးသူများ အထူးသတိပြုရှောင်ကြဉ်ရန်
********************************************************************


(၁) ဆေးလိပ်မသောက်ပါနှင့်


(၂) အသည်းကိုထိ ခိုက်စေနိုင်သော ဆိုးဆေးပါတဲ့အစားအသောက်များ၊ မှို တက်သောအစားအစာများ၊ သက်တမ်းလွန် ပဋိဇီဝဆေး ဝါးများကို ရှောင်ကြဉ်ပါ။


(၃) စီရောဂါပိုးရှိသူသည် အ ရက်သုံးစွဲပါက အသည်းခြောက်နှုန်းပိုမြန်ဆန်သည့် အ တွက် အရက်၊ ဘီယာ၊ ဝိုင်၊ ထန်းရည် စသည်တို့ကို လုံးဝ ရှောင်ကြဉ်ပါ။


(၄) သွေးမလှူပါနှင့်


(၅) မိမိတွင် ဘီပိုး (သို့ မဟုတ်) စီပိုးရှိနေကြောင်းကို ဆေးကုသမှုခံယူတိုင်း သက် ဆိုင်ရာ ဆရာဝန်၊ ဆရာမများအား အသိပေးပြောကြားပါ။


(၆) ဘီပိုး (သို့မဟုတ်) စီပိုးသယ်ဆောင်သူဟာ မိမိ၏ မိ သားစုမှာသာမက အလုပ်အကိုင်ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းမှာလည်း အသိစိတ်ဓာတ်ဖြင့် ကိုယ်ပိုင်အသုံးအဆောင် ရေခွက်တို့ကို သီးသန့်ထား၍ အသုံးပြုပါ။


(၇) ခန္ဓာကိုယ် ထဲမှာ သံဓာတ်များလျှင် အသည်းမှာ အမာရွတ်ပိုထင်လွယ် သဖြင့် သံဓာတ်များစွာပါသော အစားအစာများဖြစ်ကြတဲ့ အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ၊ အနီရောင်အ သားများနှင့် သံဓာတ်အားဖြည့်ပဋိဇီဝဆေးဝါးများကို ရှောင် ကြဉ်ပါ။


(၈) ဗီတာမင်စီက သံဓာတ်ကို အူလမ်းကြောင်းမှ စုပ်ယူမှုများစေသဖြင့် ဗီတာမင်စီဓာတ်များစွာပါသော ရှောက်သီး၊ သံပရာသီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်း သောအသီးများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ် ပါ။


(၉) ရောဂါပိုးဝင်ပြီးသူများအဖို့ ဗီတာမင်စီဖြည့်စွက် ပဋိဇီဝဆေးဝါးများကို (လုံးဝ)ရှောင်ကြဉ်ပါ။ (သို့မဟုတ်) ဆရာဝန်၏ညွှန်ကြားမှုမရှိဘဲ မလိုအပ်ဘဲနှင့်မမီဝဲပါနှင့်။


(၁ဝ) အဆီများသောအသားများ၊ ခရု၊ ကဏန်းကဲ့သို့ အခွံ မာသော ရေသတ္တဝါများ၊ ပင်လယ်စာများကို ရှောင်ပါ။


(၁၁) အဝမလွန်ပါစေနှင့်။


ပေါက်ပေါက် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၄)။
အောင်ပညာဒါန Unknown at 4:35 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

Sep 12, 2014

အင်တာဗျူးဖြေခါနီးတိုင်း ရင်ခုန်နေသူများ ဖတ်ပေးကြနော်

အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေသူများ ဒီPostလေးဖတ်ပေးကြနော်။ ဒီအချက်တွေအတိုင်းလိုက်နာနိုင်မယ်ဆိုရင်တော့ အင်တာဗျူးအောင်ဖို့ ၉၀%လောက်သေချာသွားပါပြီ။ ။တကယ်တော့ အင်တာဗျူးဖြေခါနီးတိုင်း လူတော်တော်များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ လူတော်တော်များများကအင်တာဗျူးဖြေနည်းကိုမသိကြတာပါ။ ဒီလိုပြောလိုက်လို့ အင်တာဗျူးဖြေနည်းဆိုပီးပုံသေနည်းရှိလို့လားလို့မေးလာစရာရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘယ်အင်တာဗျူးမဆိုပုံသေအချက် အလက်လေးတွေရှိပါတယ်။အင်တာဗျူးတစ်ခုကိုဘယ်လိုဖြေရမလဲဆိုတာသိသွားရင်တော့အင်တာဗျူးဆိုတာကြောက်စရာကိုမရှိတော့ပါဘူး။ကဲဒီတော့အင်တာဗျူး မတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ အင်တာဗျူးအခန်းထဲသို့ဝင်ရောက်ခြင်း၊ အင်တာဗျူးအခန်းထဲတွင် ဆောင်ရန်ရှောင်ရန်များနဲ့ အင်တာဗျူးတွင် မေးလေ့ရှိသောမေးခွန်းများဆိုပီးလေးပိုင်းခွဲပြောပါမယ်။ အင်တာဗျူးမဖြေခင်ဘာတွေကြိုတင်ပြင်ဆင်သင့်သလဲ?


(၁) မိမိအကြောင်းကောင်းကောင်းပြောနိုင်အောင်ပြင်ဆင်သွားပါ။ အင်တာဗျူးတွေမှာအရင်ဆုံးမေးတဲ့မေးခွန်းကတော့။ Tell me something about yourself? ပါပဲ။ သင်ဟာဒီမေးခွန်းအတွက်အရှည် ကြီးဖြေဖို့မလိုပါဘူး။ သူတကယ်သိချင်တာကပထမအချက်ကသင့်ရဲ့ Englishစာအရည်အသွေးပါပဲ။ဒုတိယအချက်ကတော့ သင့်ရဲ့စိတ်ဝင်စားမှုတွေ သင့်ရဲ့ဝါသနာတွေဟာ သူ့ရဲ့အလုပ်နဲ့ပက်သက်နေမှုရှိသလား။ တတိယအချက်ကသင့်ဟာရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်ဆိုလားဆိုတာသိချင်တာပါ။ သင့်အကြောင်းကိုသင့်CVကြည့်ချင်းအားဖြင့် အကြမ်းဖြင်းသူသိပီးပါပီ။ -နာမည်၊ အသက်၊ မိဘနာမည်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း၁၀ကြောင်းဆိုလုံလောက်ပါပီ။ စိတ်ဝင်စားမှုနဲ့ပက်သက်လို့ သင်ဟာဘာသာစကားလေ့လာမှု၊ကွန်ပျူတာတာနဲ့ တာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့သူက သူ့အလုပ်အတွက် သင်ဟာတစ်နည်းတစ်ဖုံအသုံးဝင်နိုင်တယ်လို့တွက်နိုင်ပါတယ်။ ၀ါသနာအနေနဲ့ စာဖတ်ခြင်းကိုကြိုက်တယ်ဆိုရင်တော့ သင့်ကိုဗဟုသုတကောင်းကောင်းရှိမဲ့သူ တစ်ယောက်လို့ထင်မြင်နိုင်ပါတယ်။ရေကူးတာကိုဝါသနာပါတယ်လို့သင်ပြောရင် သင်ဟာကျန်းမာရေးကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်လို့ သူထင်မြင်နိုင်ပါတယ်။ ၀ါသနာတွေစိတ်ဝင်စားတာတွေကို ကြည့်ပီးသင့်ရဲ့ပုံစံကိုသူကအကြမ်းဖျင်းခန့်မှန်းမှာပါ။


(၂) လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံအတိုင်းပေါ့ အ၀တ်အစားအရမ်းအရေးကြီးပါတယ်။


သင့်ကိုအင်တာဗျူးမေးမဲ့သူကသင့်ရဲ့ဝတ်စားဆင်ယင်ပုံကိုစကြည့်ကတည်းကအမှတ်ပေးနေပါပီ။စမတ်ကျကျနဲ့သပ်သပ်ရပ်ရပ်ဝတ်တတ်ဖို့အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားဆိုလို့ ဈေးကြီးဖို့မလိုဘူးနော် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ရှိဖို့ပဲလိုတာပါ။ အဲဒိတော့ သင့်တော်မယ့်အ၀တ်အစား အင်တာဗျူးမတိုင်ခင်ညကတည်းကမီးပူတိုက်ပြင်ဆင်ထားပါ။


(၃) အချိန်ကိုလေးစားတယ် ဆိုတာကလူတော်တစ်ယောက် ရဲ့အမူအကျင့်ပါ။


သင်အင်တာဗျူးကိုသတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျမှရောက်တယ် ဆိုရင်တော့အဲဒိအင်တာဗျူးကိုမအောင်ဖို့က ၉၀%လောက် သေချာသွားပါပီ။ ဒီတော့အင်တာဗျူးဖြေရမယ့်အချိန်နဲ့နေရာကိုသေချာစုံစမ်းပါ။ အဲဒိကိုရောက်ဖို့ဘယ်လောက်ကြာမလဲစုံစမ်းပါ။ ရန်ကုန်မှာကကားကကျပ်တော့ ကြိုသွားသင့်ရင်သွားလို့ရတာပေါ့။ အင်တာဗျူးမတိုင်ခင် ၁၀မိနစ် ၁၅မိနစ်လောက်ကြိုပီးအင်တာဗျူးဖြေရမဲ့နေရာကိုရောက်အောင်သွားပါ။ အရမ်းကြီးလဲစောဖို့မလိုပါဘူး။အရမ်းကြီးစောရောက်ရင် သင်ဟာအရမ်းကိုစိတ်လှုပ်ရှားပီးစိုးရိမ်စိတ်လွန်ကဲတဲ့သူတစ်ယောက်လို့ အမြင်ခံရပါလိမ့်မယ်။တကယ်လို့မလွှဲမရှောင်သာအခြေအနေမျိုးကြောင့် နောက်ကျနေတယ်ဆိုရင်တော့ကုမ္ပဏီကိုဖုန်းဆက်ပီးသင်နောက်ကျကြောင်းကို အကြောင်းကြားပါ။ (ဒါပေမဲ့အဲလိုအခြေအနေမျိုးကဖြစ်ကိုမဖြစ်သင့်တာပါ)


(၄) အမွှေးနံ့သာ၊ရေမွှေးတွေအလွန်အကျွံမသုံးစွဲပါနဲ့။ သင့်ကိုအင်တာဗျူးမဲ့သူကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။


(၅) ယောင်္ကျားလေးတွေအနေနဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖီးပါ။ နားကပ်တွေတပ်ထားရင် ဖြုတ်သွားပါ။ ရှုတ်ရှုတ်ရှက်ရှက် တွေမ၀တ်မိပါစေနဲ့။


(၆) အမျိုးတွေ၊သူငယ်ချင်းတွေ၊ကလေးတွေ ဘယ်တော့မှအင်တာဗျူးကိုမခေါ်သွားမိပါစေနဲ့။ ကိုယ့်ကိုကိုယုံကြည်မှုမရှိတဲ့ သူတစ်ယောက်လို့အထင်အမြင်ခံရနိုင်ပါတယ်။


(၇) သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကိုတတ်နိုင်သလောက်စုံစမ်းထားပါ။အင်တာနက်မှာလဲရှာဖွေလို့ရပါတယ်။အခုခေတ်မှာကုမ္ပဏီတော်တော်များများဟာကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေရှိလာကြပါပီ။သင့်ရဲ့လေ့လာစုံစမ်းမှုဟာသင့်ကိုအင်တာဗျူးအခန်းထဲမှာအများကြီးအကူအညီပေးပါလိမ့်မယ်။


(၈) အင်တာဗျူးအခန်းထဲမှာအင်တာဗျူးပီးခါနီးလို့ သင့်ကိုအင်တာဗျူးသူက Any Question? လို့မေးတဲ့အချိန်မှာပြန်မေးနိုင်မဲ့သင့်တော်တဲ့မေးခွန်းမျိုးတွေ စဉ်းစားထားပါ။ မေးခွန်းမေးခြင်းက သင်ဟာအလုပ်ပေါ်မှာစိတ်ဝင်စားကြောင်း ကိုပြသနိုင်မဲ့ အခွင့်အရေးပါ။


(၉)သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာမည်ကိုအသံထွက်မှန်မှန်နဲ့ပြောနိုင်အောင် လေ့လာထားပါ။ တကယ်လို့မသိရင်ကုမ္ပဏီကreceptionistကိုမေးနိုင်ပါတယ်။


(၁၀) သင့်ရဲ့လက်ကိုင်ဖုန်းကိုအင်တာဗျူးအခန်းထဲမ၀င်ခင်မှာ silent mode သို့မဟုတ် ပိတ်ထားပါ။


အင်တာဗျူးအခန်းထဲကိုဝင်ရောက်နည်း


(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်းဝင်ခွင့်တောင်းပါ။ အခန်းတံခါးကစေ့ထားတယ်ဆိုရင် သို့မဟုတ် ဖွင့်ထားရင်တောင် ညင်ညင်သာသာနဲ့ ၂ကြိမ် ၃ကြိမ်ခန့်ခေါက်ပီး May I come in?ဆိုတာကိုပြောသင့်ပါတယ်။အခြေအနေပေါ်တော့မူတည်တာပေါ့ ခေါက်စရာတံခါးမရှိတဲ့အခါမျိုးဆိုရင်တော့ May I come in?ဆိုရင်လုံလောက်ပါပီ။ သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့်ဝင်ခွင့်ပြုကြောင်းပြောမှသာ အခန်းထဲကိုဝင်ပါ။


(၂)အင်တာဗျူးအခန်းထဲဝင်တဲ့အချိန်မှာသင့်ရဲ့စတိုင်ဘောင်းဘီကိုဆွဲတင်တာ ဖြစ်ဖြစ် သင့်ရဲ့နက်ခ်တိုင်ကို ပြင်တာဖြစ်ဖြစ်မလုပ်သင့်ပါ။ သင်အခန်းထဲမ၀င်ခင်ကတည်းကသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ထားပါ။ အင်တာဗျူးအခန်းထဲသို့ယုံကြည်မှုရှိရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့်ဝင်သွားပါ။ သင်ဟာထိုအင်တာဗျူးအခန်းထဲကိုရောက်လာဖို့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်လို့သာရောက်လာတာပါ။ ဘာမှအားငယ်စရာကြောက်စရာမလိုပါဘူး။


(၃) သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာမည်ရဲ့ နာမည်ကိုသေချာသိရင် ( Mr, Mrs, Miss,Ms,Dr)စသည်ဖြင့်ခေါင်းစဉ်တပ်ပီးlastnameနဲ့တွဲခေါ်လို့ရပါတယ်။ အချိန်အခါပေါ်လိုက်ပီးGoodMorning,Afternoon,Eveningစသည်ဖြင့် နှုတ်ဆက်ပါ။နာမည်ခေါ်နည်းအကြောင်းမသိသေးတဲ့သူတွေအတွက် နည်းနည်းလောက်ထပ်ရှင်းပြချင်ပါတယ်။Mr(Mister /ˈmɪs.tə / )ကိုတော့ ယောင်္ကျားလေးကိုနာမည်တပ်ရာမှာသုံးပါတယ်။ Mrs(/ˈmɪs.ɪz/ )ကိုတော့အိမ်ထောင်ရှိတဲ့အမျိုးသမီးအတွက်သုံးပါတယ်။ Miss(/mɪs/ )ကိုတော့အပျိုမိန်းကလေးအတွက်သုံးပါတယ်။ Ms(/mɪz/ )ကိုတော့ အိမ်ထောင်ရှိလားမရှိလားမသေချာတဲ့အခါမှာသုံးပါတယ်။ ထိုနာမည်တွေအားလုံးကိုlastnameနဲ့သာတွဲခေါ်ရပါမယ်။ ဥပမာ David Beckhamဆိုပါတော့။ Mr Beckhamလို့ပဲခေါ်ရပါမယ်။ သူကDavidလိုခေါ်ပါလို့မပြောမချင်းDavidလို့မခေါ်ရပါ။ အကယ်၍ အင်တာဗျူးမဲ့သူရဲ့နာမည်မသိဘူးဆိုရင်တော့ ယောင်္ကျားလေးဆိုရင် Sir ၊ မိန်းကလေးဆိုရင် Ma’am ဆိုပီးယဉ်ယဉ်ကျေးကျေးသုံးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့နာမည်ခေါ်နည်းအကြောင်းကိုအကြမ်းဖျင်းသိသွားလောက်ပါပီ။


(၄) ပြုံးဖို့မမေ့ပါနဲ့ ။


(၅) ထိုင်ခုံထိုင်ဖို့ခွင့်မပြုသေးပဲနဲ့မထိုင်ပါနဲ့။


ခွင့်ပြုချက်ရမှသာထိုင်ပါ။ Sit down,pleaseလို့သူကပြောရင် Thank You ပြောဖို့မမေ့ပါနဲ့။တစ်ခါတစ်လေသင်ဝင်လာတာကိုသူတို့သတိမပြုမိပဲ ရှိတတ်ပါတယ် ။ထိုအခါမှာနှုတ်ဆက်ခြင်းဖြင့် သူတို့attentionရအောင်ယူလို့ရပါတယ်။


အင်တာဗျူးအခန်းထဲမှာဆောင်ရန်ရှောင်ရန်များ


(၁) ခါးမတ်မတ်ထိုင်ပါ။ တောင့်တောင့်ကြီးတော့မဟုတ်ဖူးပေါ့။ သက်တောင့်သက်တာရှိရုံမတ်ပေါ့။သင့်ကိုအင်တာဗျူးမဲ့သူနဲ့ eye contact ရှိပါစေ။ အကြာကြီးတော့စိုက်မကြည့်နဲ့ပေါ့။အခန်းထဲမှာရှိတဲ့ အခြားအရာတွေကိုတောင်ကြည့်မြောက်ကြည့် မလုပ်မိပါစေနဲ့။ သင့်ကိုအာရုံစူးစိုက်မှုအားနည်းတဲ့သူတစ်ယောက်အဖြစ်မြင်သွားနိုင်ပါတယ်။


(၂) ခုံပေါ်မှာငြိမ်ငြိမ်ထိုင်ပါ။


ပျင်းတိပျင်းရွဲထိုင်ခြင်း၊ ခိုင်ခုံနောက်ကိုမှီပီးထိုင်ခြင်း၊ ဒူးလှုပ်ခြင်း၊ လက်ချောင်းများဖြင့်ခုံပေါ်မှာတဒေါက်ဒေါက်ခေါက်ခြင်း၊ တစ်ခုခုကိုကုတ်ခြစ်နေခြင်းကဲ့သို့သောအမူအရာများကိုရှောင်ပါ။ ထိုအမူအရာများကသင့်ကိုမိနစ်အနည်းလေးကိုတောင် အာရုံမစူးအစိုက်နိုင်တဲ့သူတစ်ယောက်အဖြစ်အထင်အမြင်ခံရစေနိုင်ပါတယ်။


(၃) မေးခွန်းတစ်ခုဖြေခါနီးတိုင်းနှာခေါင်းပွတ်ခြင်း၊ခေါင်းကုတ်ခြင်းများမလုပ်မိပါစေနဲ့။ သင်ဟာမရိုးသားတဲ့မမှန်ကန်တဲ့အဖြေကိုဖြေတော့မယ်လို့ အထင်အမြင်ခံရနိုင်ပါတယ်။


(၄)သင့်မှာအလုပ်နဲ့ပက်သက်တဲ့စာရွက်စာတမ်းတွေ၊ certificateတွေပါတဲ့အိတ်မျိုးပါလာရင် စားပွဲပေါ်ဘယ်တော့မှ မတင်ပါနဲ့။ သင့်ပေါင်ပေါ်မှာသာထားပါ။


(၅)ပီကေ(သို့မဟုတ်)တစ်ခုခုဝါးခြင်း၊အစားအစာစားခြင်းအင်တာဗျူးအခန်းထဲမှာ မလုပ်မိပါစေနဲ့။ အရက်၊ဆေးလိပ်အင်တာဗျူး မလာခင်ရှောင်ပါ။ အနံ့အသက်မထွက်ပါစေနဲ့။


(၆) မပွင့်တပွင့်၊ပျော့တိပျော့ရဲအသံဖြင့် စကားမပြောပါနဲ့။ ယုံကြည်မှုရှိစွာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားပြောပါ။


(၇) အင်တာဗျူးမေးတဲ့သူမေးတဲ့မေးခွန်းကို Yes or No ပဲတုံးတိကြီးမဖြေပါနဲ့။ ဖြစ်နိုင်ရင်အကြောင်းပြချက်ရှင်းပြပါ။


(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာပြန်မေးဖို့မရှက်ပါနဲ့။ နားမလည်ပဲရမ်းမဖြေပါနဲ့။ Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့်ယဉ်ကျေးစွာမေးပါ။


(၉)သူမေးတဲ့မေးခွန်းကိုမသိဘူးဆိုရင် I don’t know လို့တုံးတိတိမဖြေပါနဲ့။ I’m sorry,I have no idea,Sir. ဆိုပီးယဉ်ယဉ်ကျေးကျေးဖြေတာကပိုသင့်တော်ပါတယ်။


(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့စာလုံးတွေမသုံးမိပါစေနဲ့။ အတတ်နိုင်ဆုံးယဉ်ကျေးစွာပြောပါ။ ဥပမာ“I want to……”အစား“I would like to……”ကပိုယဉ်ကျေးပါတယ်။ Yep,Yeah,Ya,Nopeတို့အစား Yes or No ပဲသုံးပါ။ Broken English or Pidgin English မသုံးမိပါစေနဲ့။


(၁၁) အခွင့်အခါသင့်တိုင်း Please တို့ Thank youတို့ကိုသုံးပေးပါ။


(၁၂) အင်တာဗျူးမေးသောသူနှင့် ဘယ်သောအခါမှအခြေအတင်မငြင်းပါနဲ့။


(၁၃) အင်တာဗျူးမေးသောသူတစ်ယောက်ထက်ပိုနေရင် သင့်ကိုမေးနေသောသူကိုအာရုံပိုစိုက်ပေးပါ။


အင်တာဗျူးတွင်မေးလေ့ရှိသောမေးခွန်းများ


(၁) Tell me something about yourself?သင့်အကြောင်းနည်းနည်းလောက်ပြောပြပါလား။ ဒီမေးခွန်းကတော့အင်တာဗျူးတိုင်းမှာအရင်ဆုံးမေးလေ့မေးထရှိတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ပက်သက်ပီးဒီဆောင်းပါးရဲ့ပထမဆုံးအပိုဒ်မှာရှင်းပြထားပါတယ်။


(၂) Why did you quit your last job?ဘာလို့အရင်အလုပ်ကထွက်ခဲ့တာလဲ? ဒီမေးခွန်းကိုမေးရခြင်းရည်ရွယ်ချက်ကတော့သင်ဟာအဆိုးမြင်တတ်တဲ့သူ တစ်ယောက်လားအကောင်းမြင်တတ်တဲ့သူတစ်ယောက်လားဆိုတာကိုသိချင်တာပါ။အကယ်၍သင်ကအရင်အလုပ်မကောင်းကြောင်း အရင်သူဌေးမကောင်းကြောင်းပြောမယ်ဆိုရင်တော့သင့်ကိုအတင်းပြောတတ်တဲ့သူ၊အဆိုးမြင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်။ဒီတော့ဒီမေးခွန်းအတွက်အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။ There’s isn’t room for growth with my current employer and I’m ready to move on to a new challenge to use my skills and experiences in a different capacity than I have in the past.


အခြားသင့်တော်တဲ့အဖြေတွေလဲရှိပါတယ်။ဥပမာအနေနဲ့ဖော်ပြပေးတာပါ။


(၃) Why do you want this job? Or why do you want to work at our company? ဘာလို့ဒီအလုပ်ကိုလိုချင်တာလဲ? ဘာလို့ငါတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲ။ ဒီမေးခွန်းကတော့သင့်ရဲ့အလုပ်ပေါ်ခံယူတဲ့သဘောထား၊သူတို့ကုမ္ပဏီပေါ်မြင်တဲ့အမြင်ကိုသိချင်တာပါ။ ဥပမာအနေနဲ့ အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။


I well understand that this is a company on the way up and I want to be a part of this business .I think I can use my skills and experiences to improve this business and I want to improve myself by working at this company.


(၄) What’s your expected salary? ဒီမေးခွန်းအတွက်ကတော့ ပထမဆုံးအင်တာဗျူးမှာမဖြေတာအကောင်းဆုံးပါပဲ။ အလုပ်ကမ်းလှမ်းခြင်းခံရတဲ့အခါမှသာဆွေးနွေးတာအကောင်းဆုံးပါပဲ။မလွှဲသာမရှောင်သာအခြေအနေမျိုးကြောင့်ဖြေရမယ်ဆိုရင်လဲကိုယ်လုပ်မဲ့ရာထူး ကဘယ်လောက်ရလေ့ရှိသလဲစုံစမ်းထားပါ။လစာကိုအရမ်းကြီးလဲနည်းပီး မတောင်းမိပါစေနဲ့ သင့်အရည်အချင်းကိုမယုံရာကျပါတယ်။ အများကြီးလဲမတောင်းမိပါစေနဲ့သူ့အတွက်သင့်ကိုအလုပ်ခန့်ဖို့ခက်သွားပါ လိမ့်မယ်။


(၅) What are your strengths and weakness? ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကိုဖြေရတာကလွယ်ပါတယ်။ ဥပမာ I’m detail oriented, hardworking, a team player, etc….ဆိုပီးဖြေလိုက်လို့ရပါတယ်။ အားနည်းချက်အတွက်ကတော့ဖြေတတ်ဖို့လိုပါတယ်။သင်မပြင်နိုင်သေးတဲ့သင့်ရဲ့တကယ့်အားနည်းချက်ကိုဘယ်တော့မှမပြောပါနဲ့။သင်ပြင်ပီးသားအတိတ်ကအားနည်းချက်တစ်ခုကိုပြောလို့ရပါတယ်။ ဥပမာအနေနဲ့ အောက်ပါအတိုင်းဖြေလို့ရပါတယ်။ “I used to come in late to work a lot but after my supervisor explained why it was necessary for me to come in on time, I was never late again.”


(၆) နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question?ဆိုပီးမေးလေ့ရှိပါတယ်။ အဲဒိအချိန်မှာ သင်ကမေးခွန်းတစ်ခုမှ မမေးဘူးဆိုရင်တော့ သင်ဟာသူပြောခဲ့တာတွေကိုအလုံးစုံစိတ်မ၀င်စားခဲ့ဘူးလို့ ထင်နိုင်ပါတယ်။သင်အလုပ်မှာစိတ်ဝင်စားကြောင်းပြဖို့မေးခွန်းတစ်ခုခုတော့မေးပါ။ဥပမာအနေနဲ့အောက်ပါမေးခွန်းတွေကိုမေးနိုင်ပါတယ်။ When can I expect to hear from you? What is the typical work week? Is overtime expected? If I am extended a job offer, how soon would you like me to start?


အထက်ပါမေးခွန်းများဟာအနည်းအကျဉ်းမျှသာဖြစ်ပါတယ်။အခြားအင်တာဗျူးနဲ့ပက်သက်ပီးမေးလေ့မေးထရှိတဲ့မေးခွန်းများကိုအင်တာနက်မှာရှာဖတ်ချင်ရင်တော့ www.jobsearch.about.comနဲ့ https://www.work.com.mm/en/helpful-resources.html မှာရှာဖတ်နိုင်ပါတယ်။


နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ - ကုမ္ပဏီကသင့်ကိုဘာတွေလုပ်ပေးနိုင်သလဲဆိုတာထက် သက်ကဘာတွေလုပ်ပေးနိုင်သလဲဆိုတာကိုဖော်ပြပါ။


- သင်ဟာအရည်အချင်းရှိလို့သာအင်တာဗျူးအခန်းထဲကိုရောက်နေတာပါ။ သူကသင့်ကိုအလုပ်မခန့်ရင် သူအတွက်အရည်အချင်းရှိတဲ့ သင့်ကိုဆုံးရှုံးမှာပါ။ သင်သာအရည်အချင်းရှိရင် သင့်အတွက်အလုပ်ဆိုတာမရှားပါဘူး။ ဒီတော့ အင်တာဗျူးအခန်းထဲမှာဘယ်တော့မှာမကြောက်ပါနဲ့။


- English စကားကိုအတတ်နိုင်ဆုံးပီပီသသနဲ့ ယုံကြည်မှုရှိစွာပြောနိုင်ပါစေ။ - ဒါ့အပြင် အပေါ်ကဆောင်ရန်ရှောင်ရန်လေးတွေကိုသာလိုက်နာမယ်ဆိုရင် သင်ဟာအလုပ်ရဖို့ ၉၀ရာခိုင်နှုန်းသေချာသွားပါပီ။


work.com.mmအသုံးပြုပြီး အင်တာဗျူးရတဲ့အခါ အသုံးချနိုင်ကြပါစေ။


မိုးရှင်း(I.M.T) www.work.com.mm
အောင်ပညာဒါန Unknown at 3:52 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ, သတိပြုစရာ

နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး

နှလုံးနဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်လည်း နှလုံးအားနည်းတာ၊ သွေးကြောကျဉ်းတာမျိုးဖြစ်နေတာနဲ့ ဖတ်မိတာလေးများကို အရေးရှိရင် ပြန်ကြည့်ရအောင် တင်ဖြစ်သွားတာမနည်းဘူး။ ကောင်းမယ်ထင်တာများ ထပ်တွေ့ရင်လဲ ထပ်စုထားဦးမှာပါ။ တချို့ဖတ်မိတဲ့နည်းလမ်းလေးများလည်း မနည်းဘူး။ ဒါပေမယ့် များတာနဲ့ မတင်ဖြစ်သေးဘူး။ ဂျာမန် ဆရာဝန်များကလည်း သေညှိုး ဖြစ်လာခဲ့ရင် နှလုံးသွေးကြောပိတ်ဖို့ သိပ်မဝေးတော့ဘူး လို့ပြောဆိုထားတာလည်း တွေ့မိပါရဲ့။ အဲဒါမျိုး ဖြစ်ရင်တော့ သတိထားကြရမှာပေါ့။ ကျနော့်မှာတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက အိပ်ပျက်တွေ များခဲ့တာကြောင့် နှလုံးကို လေဟပ်ပြီး မေ့လဲခဲ့တာလည်း သုံးခါလောက်ရှိတယ်။ ဒီကြားကာလတွေမှာလဲ အိပ်ပျက်များလာရင် နှလုံးက စူးအောင့်တာမျိုးလည်း ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။ ပညာသင်နေတဲ့အချိန်ထဲက ညဥ့်နက်သန်းခေါင် ၃ နာရီလောက်မှ အိပ်တာက များခဲ့တာလည်း ပါမည်။

၂၀၀၈.ခုတုန်းက အထူးကုဆရာဝန်ကြီးနဲ့ တကိုယ်လုံးကို ဘာရောဂါများ ရှိလဲလို့ ဓာတ်မှန် ငါးမျိုးလောက် ရိုက်ပြီး ဆေးစစ်ခဲ့တာ ဘာရောဂါမှ မရှိဘူးတဲ့၊ နှလုံးကတော့ အားနည်းနေတယ် ပြောတယ်။ ကျနော်က ညဘက် အအိပ်နည်းတယ်လို့ အရင်ထဲက ညဥ့်နက်မှအိပ်ပြီး အခု လေးငါးနှစ်မှာဆို မနက် ၄ နာရီ ၅ နာရီလောက်မှ အိပ်တာများတယ်၊ အစောအစောဆုံး အိပ်တဲ့ နေ့ဟာ ၄ နာရီလောက် ဖြစ်နေတယ်လို့ ပြောတော့ ဆရာဝန်က ဘာမှ မပြောတော့ဘူး။ ဆေးယူဦးမလားတောင် မေးတယ်။ မယူချင်ရင်တောင် ရသလို ပုံစံပြောတယ်လေ။ အဓိက အအိပ်မမှန်လို့ နှလုံးအားနည်းတဲ့ သဘောပေါ့။ အဲဒီမှာ နှလုံးအားဆေး တလစာ ဝယ်ခဲ့ပါတယ်။ သောက်တာ အတော်လေး လန်းတယ်။ပြတ်သွားတော့ ဆက်မစားဖြစ်တော့ဘူး။ ကျနော့်မှာ လက်ကိုင် စွဲထားတဲ့ ဆေးနည်း တခုရှိတယ်။ အဲဒါက တခြားတော့ မဟုတ်ဘူး။ သံပုရာသီးပဲ။ အဲဒီနည်းကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ထဲက ပြည်က အမေကြီး တယောက်က သူကိုယ်တိုင် ပျောက်ခဲ့လို့ ပေးခဲ့တာပါ။ ကျနော် မေ့လဲကျချိန်ထဲကသုံးဖူးတယ်။ ကောင်းတယ်။ ကောင်းသွားရင် ပစ်ထားလိုက်တာပဲ။ ဖြစ်လာရင် ပြန်သောက်လိုက် လုပ်နေတာ အခုထိဆိုပါတော့။ နည်းက မခက်ပါဘူး။ သံပုရာသီး တခြမ်းကို ပွက်ပွက်ဆူထားတဲ့ ရေနွေး မိုက်ခွက် တလုံးထဲကို နည်းနည်းလေး ညှစ်လိုက်ပြီး အစေ့ပါ အကုန်လုံး စိမ်ထားလိုက်တယ်။ အဲဒါကို ရေနွေး အေးခါနီးနီးရင် သောက်လို့ ရပြီ။ အေးသွားလဲ ကျန်တာများကို တနေကုန်ရေဆာတိုင်း သောက်နေရုံပဲ။ တနေ့ကို သုံးခါလောက် သောက်နိုင်ရင်တော့ ကောင်းတယ်။ ကျနော်ကတော့ တနေ့ မိုက်ခွက်(ဖန်ခွက်ကြီး)တလုံးပဲ သောက်တယ်။ နှစ်ရက် သုံးရက်လောက် သောက်လိုက်ရင် သိသာသွားတယ်။ နောက်ရက်ဆို ကောင်းသွားတာပါပဲ။ ကျနော် စဖြစ်လို့ သောက်တုန်းကတော့ တပတ်လောက် သောက်ခဲ့တာပါ။ တပတ်နဲ့ ကောင်းသွားလို့ ပစ်ထားလိုက်တာ။ ဖြစ်လာမှ ပြန်သောက်ပဲ။ ဒီလိုနေလာခဲ့တာ နှလုံးသွေးကြောကျဉ်းတာကတော့ အတော်လေးကို ကောင်းတယ်။သောက်ချင်တဲ့ မိတ်ဆွေများနဲ့ နီးစပ်ရာများကို ဆင့်ကမ်းချင်ရင် အလွယ်တကူအသုံးပြုနိုင်ဖို့ပါ။ သွေးတို့ လေငန်းတို့ ကာကွယ်တဲ့ အနေနဲ့ အခွံနဲ့ အစေ့များကိုပါ..ဝါးစားနိုင်ရင် ကောင်းတယ်။ သွေကျနေရင်တော့ အစေ့ကို မစားပါနဲ့။ အခွံကတော့ လေကောင်းတယ်လေ။ သံပုရာအချဉ်ဓာတ်ကတော့ နှလုံးသွေးကြောမှ အဆီများကို ဖယ်ရှားပေးလိုက်တာပါပဲ။သံပုရာသီး အသုံးဝင်တဲ့ အစွမ်းတွေကတော့ အများကြီးပါ။ နှလုံးနဲ့ ပတ်သက်တာလေးကို သုံးချင်သူများအတွက် မျှလိုက်တာပါ။ http://www.searchmyanmar.com/link/comment/cid/41161#content-41161
အောင်ပညာဒါန Unknown at 3:47 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

လူနဲ့ စိတ်ထား


၁) အပျော်ဆုံးလူတွေဟာ အကောင်းဆုံးအရာတွေကို ရရှိခံစားနေရတဲ့သူတွေမဟုတ်ပါဘူး... သူတို့ရရှိနေတဲ့အရာတွေကို ကျေနပ်နှစ်သိမ့်နေတဲ့သူတွေသာဖြစ်တယ်...

၂) လူတွေက သင့်ကို စိတ်ဝင်စားလာအောင် လုပ်မနေပါနဲ့... ကိုယ့်ပုံစံအတိုင်းပဲနေပါ... လုပ်စရာရှိတာကို ကြိုးစားလုပ်ပါ... သင်နဲ့ ထိုက်တန်တဲ့သူတွေဟာ သင့်ဘဝထဲကိုရောက်ရှိလာပါလိမ့်မယ်...

 ၃) သင့်ကိုမပျော်ရွှင်စေမယ့်အရာတွေကို စွန့်လွှတ်နိုင်လောက်တဲ့အထိ သင့်ကိုယ်သင် လေးစားမှုရှိပါ....

 ၄) ကိုယ့်တန်ဖိုးကိုယ်သိပါ... တခြားသူတွေက သင့်ကို အမြတ်ထုတ်သွားတာမျိုး မဖြစ်ပါစေနဲ့...

 ၅) လူတိုင်းဟာ သင့်အနာဂတ်ကို ဖန်တီးပေးမှာမဟုတ်ပါဘူး... တစ်ချို့လူတွေဟာ သင့်ကိုသင်ခန်းစာပေးဖို့အတွက်သာ သင့်ဘဝထဲကို ဖြတ်သန်းဝင်ရောက်လာကြတာဖြစ်ပါတယ်....

 ၆) လူတွေနဲ့ဆုံတွေ့ရတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူး... သူတို့ဟာ သင့်ဘဝလမ်းကြောင်းပေါ်မှာ အကြောင်းတစ်ခုခုကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်သန်းသွားနေကြတဲ့ သူတွေချည်းပါပဲ...

၇) လူတွေရဲ့အလိုနောက်ကို သင်မလိုက်တဲ့အခါ သူတို့က သင့်ကို စပြီးသတိပြုမိလာလိမ့်မယ်... နှိုင်းရင့်နွေ ------------------------------------------------------------------
https://www.facebook.com/hnaingyintnway
အောင်ပညာဒါန Unknown at 3:45 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

“ မေတ္တာရှေ့ထား တုံ့ပြန်ပါ ”

“ ကိုယ်နေနေရတဲ့( Society ) မှာကနှုတ်စည်းကမ်းရှိတဲ့သူတွေရှိသလိုနှုတ်စည်းကမ်းမရှိတဲ့သူတွေလည်း ရှိနိုင်တယ်။ ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားတွေကို လိုက်ပြီးတော့ပြဿသနာဖြစ်နေရင်တော့ ဆုံးနိုင်မှာ မဟုတ်တော့ဘူးတဲ့။ အဲဒါကိုတော့မြတ်စွာဘုရားက မေတ္တာနှလုံးအစဉ်သုံးတဲ့။ ဒီလိုဟောခဲ့ပါတယ်။ ဘာပဲပြောပြော မေတ္တာနဲ့သာတုန့်ပြန်ပါတဲ့။

နံပါတ် (၁) က စိတ်မဆိုးမိအောင်လို့ထိန်းလိုက်ပါ။


နံပါတ်(၂)က တကယ်လို့ စိတ်မထိန်းနိုင်လို့ဒေါသဖြစ်မိရင်လည်း မကြားဝံ့မနာသာ စကားတွေနဲ့ မတုံ့ပြန်လိုက်ပါနဲ့တဲ့။


လူက ကိုယ့်ကို လာပြီးဆဲရင် ပြန်ပြီးတော့ဆဲတတ်ကြတယ်နော်။ ဒါကြောင့် ယုတ်ယုတ် မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့လို့ ပြောတာ။


ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ဒါက မျိုးသိပ်နိုင်တဲ့အဆင့်အထိ ပြောတယ်။ တချို့က ပြောသေးတယ်။ မျိုးသိပ်ရတာများလာရင် ပေါက်ကွဲကုန်မယ်နော်တဲ့။


တစ်နည်းအားဖြင့် သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်။ ဒါကြောင့်မို့ မပေါက်ကွဲရအောင် ဘယ်လိုလုပ်ရမလဲဆိုရင်-


(၃) ဒီစကားပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါတဲ့။


ဟော - စိတ်ဓာတ်ကို ပြောင်းလိုက်တာနော်။ဟုတ်တာကော၊ မဟုတ်တာရော ပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့အကျိုးကို လိုလားတဲ့စိတ် မွေလိုက်ပါ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ။


(၄) စတုတ္ထအချက်ကတော့ - ဒီလိုပြောတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးကို လိုလားတဲ့စိတ်နဲ့တကယ့်ကို မေတ္တာပို့ပေးပါ။


သူ့ကိုပဲ ကြည့်ပြီးတော့ မေတ္တာပွားပေးပါ။ဒီလိုမှမလုပ်ရင် ပေါက်ကွဲသွားနိုင်တာကိုး။ အဲဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကိုဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် - - ပထမအချက်က ပြောလာတဲ့ သူကို စိတ်မဆိုးမိအောင်စိတ်ကို ထိန်းလိုက်ပါ။ - ဒုတိယက ကြမ်းတမ်းတဲ့စကားတွေနဲ့မတုံ့ပြန်ပါနဲ့တဲ့။ - တတိယကတော့ အဲဒီပုဂ္ဂိုလ်ရဲ့ အကျိုးကိုလိုလားတဲ့ စိတ်ကလေးမေတ္တာစိတ်ကိုမွေးလိုက်ပါတဲ့။ ပိုပြီးတော့ ခိုင်မာလာအောင်အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါတဲ့။ လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပါဘူး။ဒါပေမယ့် လေကျင့်ယူရမှာ ဖြစ်တယ်။ လေ့ကျင့်ရင်တော့ အောင်မြင်နိုင်တယ်။ - ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ ) { မေတ္တာနှလုံးအစဉ်သုံးမှ ကောက်နုတ်ဖော်ပြချက်ဖြစ်သည်။ }
အောင်ပညာဒါန Unknown at 3:42 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဗုဒ္ဓဘာသာဆိုင်ရာ

အချိုမှုန့် ဆိုတာ ဘာလဲ" ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်


အချိုမှုန့် ဆိုတာ ဘာလဲ" ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင် DrKo Ko Gyi
ချစ်မိတ်ဆွေ....... သင့်အိမ်ထဲမှာ သင်နှင့်အတူ သင့်မိသားစုကိုပါ အသံတိတ် သတ်ဖြတ်သွားနိုင်တဲ့ လူသတ်သမားကို သင်ကိုယ်တိုင် အိမ်ထဲသို့ ဖိတ်ခေါ်ထားမိသလားဆိုတာ မိတ်ဆွေကိုယ်တိုင် စီစစ်သင့်ပါပြီ။


ရေရှည် မှန်မှန် စားသွားရင် ဒီလောက်အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ ဖြစ်ပါတယ်။အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား?ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။




ဲ(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။


(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)


(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။


(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။


(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။


အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။


(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။


(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။


(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။


(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်ခင်ဗျား။


မှတ်ချက်။ ။ ကျွန်တော်တို့ မိသားစု အချိုမှုန့် နဲ့ ပြတ်စဲလမ်းခွဲဖို့တော်တော့်ကိုခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ ကျွန်တော့်အမေရဲ့ဆေးပညာဆိုင်ရာဗဟုသုတနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် အချိုမှုန့်နဲ့ လမ်းခွဲခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပါပြီ။


မိသားစုအားလုံးဟာ အမေ့ရဲ့ကျေးဇူးကြောင့် အသံတိတ်လူသတ်သမားရန်က ကင်းဝေးခွင့်ရခဲ့ပါတယ်။ Reference: Myawady Health


https://www.facebook.com/thitsar.parami/posts/795024707216741
အောင်ပညာဒါန Unknown at 3:38 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး


တက္ကသိုလ်တစ်ခုမှာ ရုက္ခဗေဒဘာသာသင်တဲ့ ဆရာတစ်ဦးရှိတယ်။ အဲဒီဆရာသင်တဲ့ဘာသာရပ်က စိတ်ဝင်စားဖို့မကောင်းပေမယ့် သူ့အတန်းချိန်ဆိုရင် ကျောင်းသားတွေ အမြဲပြည့်နေတတ်တဲ့အပြင် အတန်းပြင် ဝရန်တာအထိ လာနားထောင်တဲ့ကျောင်းသားတွေ ရှိခဲ့တယ်။ သူဟာလုပ်သက်ရင့် ဆရာတစ်ဦး မဟုတ်သလို အသိပညာတွေ ပေါကြွယ်ဝနေသူလည်း မဟုတ်ပါဘူး။ အကြောင်းက သူရဲ့အရွှင်းအဖောက် ဟာသဉာဏ်ကြောင့်ဖြစ်တယ်။ တစ်ခါက ဆရာဟာ ကျောင်းသားတွေနဲ့အတူ မြင့်မားတဲ့တောတောင်တွေအထိ လက်တွေ့ဆင်းခဲ့ကြတယ်။ လမ်းမှာတွေ့တဲ့ အမျိုးအမည်မသိ အပင်တွေကို ကျောင်းသားတွေကမေးတိုင်း ဆရာကဖြေနိုင်ခဲ့တယ်။ ဒါကို ကျောင်းသားတစ်ယောက်က အားကျပြီး.... “ဆရာ... ဆရာက အသိဉာဏ်ပညာ ကြွယ်ဝလွန်းတယ်။ အပင်တိုင်းရဲ့ အမျိုးအစားကို ဆရာသိနေတယ်နော်” လို့ ဆိုတော့ ဆရာကနောက်လှည့်ပြီး ကျောင်းသားအားလုံးကို မျက်စပစ်ပြလိုက်တယ်။ ပြီးတော့ “ ဆရာ ဘာဖြစ်လို့ ကျောင်းသားအားလုံးရဲ့ ရှေ့မှာ ဦးဆောင်ပြီး သွားနေလဲသိလား၊ ရှေ့ကနေသွားပြီး မသိတဲ့အပင်ရှိရင် ဆရာက အရင်နင်းချေပစ်လိုက်တယ်။ သိတဲ့အပင်တွေလောက်ပဲချန်ထားလို့ အခုလို သိနေတာပေါ့” လို့ ပြန်ဖြေလိုက်တယ်။

ဆရာ့စကားကို ကြားတော့ ကျောင်းသားအားလုံး တဝါးဝါးနဲ့ ပွဲကျကုန်ကြတယ်။ စာသင်ခန်းထဲမှာတောင် မဟုတ်ပါဘူး.. လေ့လာရေး ခရီးတစ်ခုမှာတောင် အပျော်နဲ့ ပြည့်ဝတဲ့ခရီးတစ်ခုအဖြစ် ဆရာကစွမ်းဆောင်နိုင်ခဲ့တယ်။ဒါဟာလည်း ဆရာ့ကို ကျောင်းသားတွေနှစ်သက်စေတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ " ပြုံးဖို့ရာ ငွေကြေးကုန်ကျစရာမလိုဘူး။ ဒါပေမယ့် အကျိုးအမြတ်တွေ အများကြီးရစေတယ်" အမေရိကန် ထိပ်သီးစီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Gandalf က ဒီလိုဆိုပါတယ်။ “ရောင်းဝယ်မှုဆိုတာ ၂%က ကုန်ပစ္စည်း အသိရှိရမယ်။ ၉၈%က လူ့သဘာဝကို နားလည်ရမယ်”။ အမေရိကန် (EQ) စာအုပ်ရေးသားတဲ့ စာရေးဆရာ Daniel Goleman က “အောင်မြင်မှုမှာ ၈ဝ%က EQဖြစ်ပြီး ၂ဝ% က IQ ဖြစ်တယ်” လို့ ဆိုပါတယ်။ ဒါကြောင့် လူ့သဘာဝကို နားလည်ခြင်း၊ အပြောအဆို လိမ္မာယဉ်ကျေးခြင်း၊ ဟာသဉာဏ်ရွှင်ခြင်းတွေက အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်လို့ဆိုပါတယ်။ တချို့လူတွေကို လူတွေက သဘောကျနှစ်ခြိုက်ပြီး တချို့ကို ဘာကြောင့် မုန်းတီးရွံ့ရှာကြသလဲ၊ အဖြေက “သူတို့ကိုယ်သူတို့ မမြှင့်တင်တတ်လို့ပါပဲ”။ ဂျပန်နိုင်ငံက စကားပြောအနုပညာရှင်တစ်ဦးဖြစ်တဲ့ Mr. Fukuda Jian က “ အပြုံးက အပြုံးကိုသယ်ဆောင်လာနိုင်တယ်” လို့ ဆိုပါတယ်။ ကိုယ်က လူတွေကို အပြုံးနဲ့ ကြိုဆိုလက်ခံတဲ့အခါ လူတွေကလည်း ကိုယ့်ကိုအပြုံးနဲ့ ပြန်လည် ကြိုဆိုလက်ခံတာကို ဆိုလိုခြင်းဖြစ်တယ်။ “အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး” ဖြစ်တယ်။ ကူးစက်ခံရတဲ့လူတိုင်းကို ပျော်ရွှင်စေတယ်။ နေသာထိုင်သာရှိစေတယ်။ Mr. Fukuda Jian ကဆက်ပြီး “အပြုံးနဲ့ ကြိုဆိုတာဟာ လူလူချင်း ဆက်ဆံရာမှာ အဆင်ပြေချောမွေ့စေတဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်” လို့ဆိုပါတယ်။ ဒါကြောင့် အပြုံးအမြဲဆောင်ထားပြီး လူတွေနဲ့ ပျော်ပျော်ဆက်ဆံတာဟာ တခြားလူတွေအတွက်သာမက ကိုယ့်အတွက်လည်း ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။ အပြုံးဆိုတဲ့ကူးစက်ရောဂါတစ်မျိုး ကူးစက်တာကို ကျွန်မတို့ ဘာကြောင့် လက်မခံနိုင်ရမလဲ... နိုင်းနိုင်းစနေ (Friday, October 10, 2008)
အောင်ပညာဒါန Unknown at 3:30 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

“ဆာလောင်မွတ်သိပ်ပါ ။ အရူးထပါ ။”


( ၂၀၀၅ခုနှစ် ဇွန်လ ၁၂ရက်နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင် တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း) ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက် မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။ ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ် ပုံဖော်ခြင်း အကြောင်းပါ။ ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက်၁၈လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ် ထင်ပါသလဲ။

ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရ ပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့် မိဘများကို ဖုံးဆက်ခဲ့ပါတယ်။ “ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာတတ် မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုး မပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုး ပေးခဲ့တာပါ။ နောက် ၁၇ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။ ဒါနဲ့ကျနော်လဲ တက္ကသိုလ်က ထွက်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ အချိန်ကျရင် အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့ တာကြောင့် တက်ချင်စရာ ကောင်းတဲ့ အတန်းတွေ ထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ကဗျာမဆန် တာတွေလဲ ပါပါတယ်။ ကျနော့်မှာ နေစရာ အခန်း မရှိတော့ပါဘူး။ ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန် ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တခု ပေးပါရစေ။ အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ တနိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ခြယ်သ ထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန် သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျနော်ဟာ စာလုံးအလှ ရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေး ခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ဒီပညာရပ်က ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။ ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့ အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Macကို ဒီဇိုင်း လုပ်ခဲ့တာပါ။ Macဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Macက စာလုံးတွေကိုပဲ ကူးချထားတာ ဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူးလို့တောင် ပြောကောင်းပြောနိုင် ပါလိမ့်မယ်။ ကျနော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။ ဒီသင်တန်းကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှလေးတွေ ရှိကောင်းမှရှိမှာပါ။ ကျနော် တက္ကသိုလ် တက်နေစဉ် အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ် ပုံဖော် ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင် ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့ အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆိုတာကို ကျနော်တို့ မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေ ဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထား ရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ် တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျနော် ဂျောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှ မရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီယုံကြည်ချက်ကြောင့် ပါပဲ။ ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။ ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့် မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျနော် အသက် ၂၀ ပဲ ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက် ကျနော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင် တည်ထာင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲ။ အဲ ဇာတ်လမ်းက တော့ဒီလိုပါ။ Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန် တော်တယ်လို့ ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့် ခဲ့ကြပါတယ်။ ပထမတနှစ် လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလားအလာတွေကို အမြင်မတူ တာပေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။ ကျနော့်ရဲ့ ဘဝ တခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။ လပေါင်း အတော်ကြာ ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော် တာဝန်မကျေ ဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့ လျော့မိတဲ့၊ လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့ သူလို ခံစားရတာပါ။ ကျနော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန် ခဲ့ပါတယ်။ ကျနော့် ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိ လာပါတယ်။ အဲဒါက တော့ ကျနော်လုပ်ခဲ့တဲ့ အလုပ်ကို ကျနော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင် ခဲ့ပါဘူး။ ကျနော့်ကို ကန်ထုတ်တာ ခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Apple ကနေပြီး အလုပ်ဖြုတ် ခံရတာဟာ ကျနော့်ဘဝ တလျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး အဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့ မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှု တွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံး ကာလကို စတင်စေခဲ့ပါတယ်။ နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ တယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။ ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့ နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့ မကျေနပ် ကြပါနဲ့။ နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန် တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင် ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲ လိုက်ကြပါနဲ့။ ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။ ကျနော်အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက် ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက ကျနော့်စိတ်မှာ ထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီ ဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့ လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။ ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက် တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကိရိယာ အဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုတဲ့ အတွေး ထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျနော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာ ဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာ ဘာလဲဆိုတာ တောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျနော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော် လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ် လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု ဒုက္ခမများ ရလေအောင် ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါ ဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ ဆိုတဲ့ အဓိပ္ပါယ်ပါ။ တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထား ခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစထုတ်ပြီး ဆေးစစ် ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့် အစာအိမ်ကို ဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီး အော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီး ကုသလို့ရတဲ့ သရက်ရွက် ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျနော် ခွဲစိတ်ကုသ ခံခဲ့ရပါတယ်။ ကျနော် အခု နေကောင်းပါပြီ။ ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက် ပိုပြီး နီးနီးစပ်စပ် မတွေ့ကြုံ ရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိ အဓိပ္ပါယ် ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျနော် ပြောနိုင်ပါပြီ။ *ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင် ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့ သေကြရမှာပါ။* ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏ တရားဟာ ဘဝဖြစ်တည်ခြင်း တရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။ ဒီနေ့ဒီအချိန် အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။ စိတ်ထိခိုက်အောင် ပြောမိတာကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။ ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။ ဒီတော့ တခြားသူတွေ နေသလိုနေပြီး အချိန်ကို မဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင် ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ် မမိပါစေနဲ့။ မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ ထင်မြင်ချက် အနှောင့်အယှက် တွေက ဖုံးလွှမ်း မသွားပါစေနဲ့။ *ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ် တို့က ခေါ်ဆောင်ရာကို လိုက်ပါ။* သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြ ပြီးသားပါ။ ကျန်တဲ့ အရာတွေ အားလုံးက သာမည အချက်တွေပါ။ ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက် စာအုပ်တခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျနော်တို့တွေ အတွက်တော့ ကိုးကွယ်စရာ ကျမ်းစာတွေ ထဲက တအုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီ လုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ် တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Googleကို စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒ်ီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။ Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth” စာအုပ် တော် တော်များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့ သူတို့တတွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ တွေ့ကောင်း တွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေး ထားပါတယ်။ “ဆာလောင် မွတ်သိပ်ပါ။ အရူးထပါ” တဲ့။ ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။ ကျနော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ် ဆိုတော့ မောင်မယ်တို့ ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။ “ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”အားလုံးကိုကျေးဇူးတင်ပါတယ်။ ------------------ Stay Hungry. Stay Foolish: Steve Jobs' speech at Stanford ( 2005 , June , 12 ) ------------------------------------------------------------------ I am honored to be with you today at your commencement from one of the finest universities in the world. I never graduated from college. Truth be told, this is the closest I've ever gotten to a college graduation. Today I want to tell you three stories from my life. That's it. No big deal. Just three stories. The first story is about connecting the dots. I dropped out of Reed College after the first 6 months, but then stayed around as a drop-in for another 18 months or so before I really quit. So why did I drop out? It started before I was born. My biological mother was a young, unwed college graduate student, and she decided to put me up for adoption. She felt very strongly that I should be adopted by college graduates, so everything was all set for me to be adopted at birth by a lawyer and his wife. Except that when I popped out they decided at the last minute that they really wanted a girl. So my parents, who were on a waiting list, got a call in the middle of the night asking: "We have an unexpected baby boy; do you want him?" They said: "Of course." My biological mother later found out that my mother had never graduated from college and that my father had never graduated from high school. She refused to sign the final adoption papers. She only relented a few months later when my parents promised that I would someday go to college. And 17 years later I did go to college. But I naively chose a college that was almost as expensive as Stanford, and all of my working-class parents' savings were being spent on my college tuition. After six months, I couldn't see the value in it. I had no idea what I wanted to do with my life and no idea how college was going to help me figure it out. And here I was spending all of the money my parents had saved their entire life. So I decided to drop out and trust that it would all work out OK. It was pretty scary at the time, but looking back it was one of the best decisions I ever made. The minute I dropped out I could stop taking the required classes that didn't interest me, and begin dropping in on the ones that looked interesting. It wasn't all romantic. I didn't have a dorm room, so I slept on the floor in friends' rooms, I returned coke bottles for the 5¢ deposits to buy food with, and I would walk the 7 miles across town every Sunday night to get one good meal a week at the Hare Krishna temple. I loved it. And much of what I stumbled into by following my curiosity and intuition turned out to be priceless later on. Let me give you one example: Reed College at that time offered perhaps the best calligraphy instruction in the country. Throughout the campus every poster, every label on every drawer, was beautifully hand calligraphed. Because I had dropped out and didn't have to take the normal classes, I decided to take a calligraphy class to learn how to do this. I learned about serif and san serif typefaces, about varying the amount of space between different letter combinations, about what makes great typography great. It was beautiful, historical, artistically subtle in a way that science can't capture, and I found it fascinating. None of this had even a hope of any practical application in my life. But ten years later, when we were designing the first Macintosh computer, it all came back to me. And we designed it all into the Mac. It was the first computer with beautiful typography. If I had never dropped in on that single course in college, the Mac would have never had multiple typefaces or proportionally spaced fonts. And since Windows just copied the Mac, it's likely that no personal computer would have them. If I had never dropped out, I would have never dropped in on this calligraphy class, and personal computers might not have the wonderful typography that they do. Of course it was impossible to connect the dots looking forward when I was in college. But it was very, very clear looking backwards ten years later. Again, you can't connect the dots looking forward; you can only connect them looking backwards. So you have to trust that the dots will somehow connect in your future. You have to trust in something - your gut, destiny, life, karma, whatever. This approach has never let me down, and it has made all the difference in my life. My second story is about love and loss. I was lucky - I found what I loved to do early in life. Woz and I started Apple in my parents garage when I was 20. We worked hard, and in 10 years Apple had grown from just the two of us in a garage into a $2 billion company with over 4000 employees. We had just released our finest creation - the Macintosh - a year earlier, and I had just turned 30. And then I got fired. How can you get fired from a company you started? Well, as Apple grew we hired someone who I thought was very talented to run the company with me, and for the first year or so things went well. But then our visions of the future began to diverge and eventually we had a falling out. When we did, our Board of Directors sided with him. So at 30 I was out. And very publicly out. What had been the focus of my entire adult life was gone, and it was devastating. I really didn't know what to do for a few months. I felt that I had let the previous generat
အောင်ပညာဒါန Unknown at 3:19 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ
Newer Posts Older Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ▼  09/07 - 09/14 (8)
      • အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း
      • အင်တာဗျူးဖြေခါနီးတိုင်း ရင်ခုန်နေသူများ ဖတ်ပေးကြနော်
      • နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး
      • လူနဲ့ စိတ်ထား
      • “ မေတ္တာရှေ့ထား တုံ့ပြန်ပါ ”
      • အချိုမှုန့် ဆိုတာ ဘာလဲ" ဘယ်လောက်များအန္တရာယ် ပေးနှို...
      • အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး
      • “ဆာလောင်မွတ်သိပ်ပါ ။ အရူးထပါ ။”
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.