အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Oct 17, 2014

ကမ္ဘာကျော် အောင်မြင်ထင်ရှားသူတွေ အသက်(၂၀)ကျော် အရွယ်တုန်းက

အောင်မြင်ကျော်ကြားသူတွေမှာ တချို့က ကိုယ်ဘာလုပ်ချင်တယ် ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။ အဲဒီ အသိကိုပဲ တစိုက်မတ်မတ် မမှိတ်မသုန် အကောင်အထည်ဖော်တယ်။ တချို့ကတော့ အချိန်ကာလ တစ်ခုမှာ သင့်တော်တဲ့ အပြောင်းအလဲ တစ်ရပ်ရပ်ကို ရှာတွေ့သွားတယ်။ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ရပ်တည်မှု ပုံစံသစ် တစ်ခုခုကို အစပြုပြီး အောင်မြင်ကြွယ်ဝလာတယ်။ ဘီလျံနာသူဌေး မာ့ခ်ကူဘန်ဟာ သူ့အသက် (၂၅)နှစ် အရွယ်လောက်တုန်းက အရက်ဘား တစ်ခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေခဲ့တယ်။ WALLStreet မှာ လူတကာ လေးစားရတဲ့ အမေရိကန် အမျိုးသမီး လုပ်ငန်းရှင် သူဌေးကြီး မာသာ စတီးဝပ်ဆိုရင် အသက်(၂၅)နှစ် အရွယ်မှာ စတော့ရှယ်ယာ ပွဲစားတစ်ယောက်သာ ဖြစ်နေခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ အလှည့်အပြောင်း တစ်ခုခုကို ခိုင်ခိုင်မာမာ ရွေးချယ်ရင်း အောင်မြင်လာကြတယ်။ ကြီးပွား တိုးတက်လာကြတယ်။ သူတို့ရဲ့ အသက်(၂၀)ကျော် အရွယ်ဟာ မျက်မှောက်ကာလနဲ့ ခြားနားလွန်းတဲ့ အတိတ်မျိုး ဖြစ်သွားပြီ။ ကမ္ဘာ့အကျော်ကြားဆုံး စာရင်းဝင် လုပ်ငန်းရှင် ပုဂ္ဂိုလ်ကြီး တချို့ရဲ့ အသက်(၂၀)ကျော် ငယ်ဘဝက ဘယ်လိုဘယ်ပုံ ရပ်တည်ခဲ့ဖူးတယ် ဆိုတာကို Business INSIDER က ဆောင်းပါးတစ်ခု အနေနဲ့ စုစည်းဖော်ပြထားပါတယ်။

မာ့ခ်ကူဘန် (ITနှင့် အားကစားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်)


HOW TO WIN at the Sport of Business စာအုပ်မှာ “ကျွန်တော် ဒဲလက်စ်ကို ရောက်လာတော့ အရမ်းရုန်းကန်ခဲ့ရတယ်။ အိပ်ခန်း(၃)ခန်း ပါတဲ့ တိုက်ခန်းတစ်ခုမှာ လူ(၆)ယောက် စုနေပြီး ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတယ်”လို့ ကူဘန်က ရေးထားခဲ့ပါတယ်။ အသက်(၂၅)နှစ် အရွယ်တုန်းက ကူဘန်ဟာ အင်ဒီယားနား တက္ကသိုလ်ကနေ ဘွဲ့ရပြီး ဒဲလက်စ်ကို ပြောင်းရွှေ့ အခြေချလာပါတယ်။ အဲဒီအချိန်မှာ သူဟာ ဘားဆိုင်တစ်ခုမှာ အရက်စပ်ပေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်သာ ရှိခဲ့တယ်။ နောက်တော့ တစ်ကိုယ်ရည်သုံး PC ကွန်ပျူတာ Software တွေ လက်လီရောင်းချတဲ့ YOUR BUSINESS Software ကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ်။ တစ်နှစ် မပြည့်ခင်မှာပဲ အလုပ်ဖြုတ် ခံလိုက်ရတယ်။ အကြောင်းရင်းကတော့ ဖောက်သည် တစ်ယောက်နဲ့ တွေ့ဆုံရာမှာ ကုမ္ပဏီနဲ့ ချိတ်ဆက်ဖို့ထက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ဖို့ အကြံပေးခဲ့လို့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီဖြစ်ရပ်ကနေ သူ့ရဲ့ ပထမဆုံး လုပ်ငန်းဖြစ်တဲ့ MicroSolutions ကို ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီလုပ်ငန်းအတွက် သူ့ရဲ့ အလုပ်ဟောင်း YOUR BUSINESS Software ဆီကနေ အထောက်အပံ့တွေတော့ ရခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်မှာ MicroSolutions ကို CompuServe ဆီ ဒေါ်လာ(၆)သန်းနဲ့ ထုတ်ရောင်းလိုက်တော့ ကူဘန်တစ်ယောက် အခွန်နုတ်ပြီး ဒေါ်လာ(၂)သန်းလောက် အမြတ်ထွက်သွားတယ်။ အခုဆိုရင် ကူဘန်ရဲ့ ခန့်မှန်းခြေ ကြွယ်ဝမှုဟာ ဒေါ်လာ (၂.၆)ဘီလီယံလောက် ရှိနေပါပြီ။ သူဟာ ဒဲလက်စ် အခြေစိုက် NBA ဘက်စကက်ဘောအသင်း DALLAS Mavericksကိုလည်း ဝယ်ယူထားပါတယ်။ ==============


မာသာစတီးဝပ် (စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမ၊ ရုပ်မြင်သံကြား အစီအစဉ်မှူး)

အမေရိကန်မှာ သူ့နာမည်ကို လူတိုင်းလိုလို သိနေတဲ့ အချိန်အခါမျိုး မရောက်ခင်တုန်းက စတီးဝပ်ဟာ WALL Street မှာ သာမန် စတော့ရှယ်ယာ ပွဲစားတစ်ယောက် အနေနဲ့ (၅)နှစ်လောက် အလုပ်လုပ်နေခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်ပါ။ “အဲဒီအချိန်တုန်းက WALL Street မှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အမျိုးသမီး အရေအတွက် အရမ်းနည်းသေးတယ်။ ကျွန်မအနေနဲ့ကတော့ အမျိုးသားတွေနဲ့ တူတူညီညီ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ဘယ်တုန်းကမှ မခံစားမိခဲ့ဘူး။ ပြီးတော့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဘဝမှာ ကျွန်မ အများကြီး ပညာရခဲ့တယ်လို့ ထင်ပါတယ်”လို့ စတီးဝပ်က PBSရဲ့ Makers အစီအစဉ် အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ သူဟာ ဒေါ်လာသန်း(၇၀၀)လောက် ကြွယ်ဝတဲ့ အမျိုးသမီး လုပ်ငန်းရှင်ကြီး ဖြစ်နေပါပြီ။ သူ့လက်အောက်မှာ အရောင်းဆိုင်တွေနဲ့ လုပ်ငန်းအမျိုးမျိုး ရှိနေတယ်။ Martha ဆိုတဲ့ နာမည်နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို (၇)နှစ်ကြာ ထုတ်လွှင့်ခဲ့ဖူးပြီး စာရေးဆရာမ တစ်ယောက်အနေနဲ့လည်း အမေရိကန်မှာ Bestseller တန်းဝင်ခဲ့ပါတယ်။ ပြီးတော့ Martha Stewart LIVING မဂ္ဂဇင်းကိုလည်း ဦးစီးထုတ်ဝေနေပါတယ်။ =================



ရက်ဖ်လော်ရန် (နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ)

RALPH LAUREN Corporation အမည်နဲ့ ဖက်ရှင် အဝတ်အထည် ကုမ္ပဏီကြီး တစ်ခုကို မတည်ထောင်နိုင်ခင်တုန်းက လော်ရန်ဟာ စစ်သားတစ်ယောက် ဖြစ်ခဲ့တယ်။ စတိုးဆိုင် ဝန်ထမ်းတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်။ လော်ရန်ကို နယူးယောက်မှာ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ရက်ဖ်လစ်ရှစ်ဇ်ဆိုတဲ့ နာမည်နဲ့ပါ။ အသက်(၁၅)နှစ်မှာ မျိုးရိုးနာမည်ကို လော်ရန်အဖြစ် ပြောင်းလဲလိုက်တယ်။ နောက်ပိုင်းမှာတော့ သူ့နာမည် Lifshitz ဆိုတဲ့ စကားလုံးမှာ Shit ဆိုတာ ပါဝင်နေလို့ မကြိုက်တဲ့အကြောင်း လော်ရန်က အော်ပရာ ဝင်းဖရေးကို ပြောပြခဲ့ပါတယ်။ ဘာရုခ်ျကောလိပ်မှာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အထူးပြု သင်ယူခဲ့ပြီး နောက်တော့ စစ်တပ်ထဲမှာ အမှုထမ်းခဲ့တယ်။ အသက်(၂၄)နှစ်မှာ တပ်ကထွက်ပြီး စတိုးဆိုင် တစ်ခုမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တယ်။ သူ့အသက် (၂၆)နှစ်မှာ လော်ရန်ဟာ ဥရောပ အငွေ့အသက် လွှမ်းနေတဲ့ လည်စည်း ဖက်ရှင်ဒီဇိုင်း တစ်ခုကို တီထွင်ခဲ့တယ်။ သူ့မှာ ဖက်ရှင်အမြင် ရှိနေမှန်း သိသွားတဲ့နောက် တန်ဖိုးကြီး ဖက်ရှင်တွေ ထုတ်လုပ်ရောင်းချတဲ့ NEIMAN MARCUS ကုမ္ပဏီက ချိတ်ဆက်လာခဲ့တယ်။ (၁၉၆၇)ခုနှစ်မှာ မက်ဟန်တန်က ဖက်ရှင်လုပ်ငန်းရှင် သူဌေးကြီး နော်မန် ဟီလ်တန်ရဲ့ အထောက်အပံ့နဲ့ ပထမဆုံး လည်စည်း ဖက်ရှင်ဆိုင်ကို လော်ရန် ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီကစပြီး Poloဆိုတဲ့ ဖက်ရှင် အမှတ်တံဆိပ်ကို အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ လော်ရန်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၇)ဘီလီယံဖိုးလောက် ရှိနေပါပြီ။' ===================================



ဂျေကေရိုးလင်း (စာရေးဆရာမ)

ကမ္ဘာကျော် HARRY POTTER ဇာတ်လမ်းတွေကို ဖန်တီးရေးဖွဲ့ခဲ့သူ အနေနဲ့ ရိုးလင်းကို လူတိုင်းလိုလို သိခဲ့ပြီးသား ဖြစ်မှာပါ။ သူ့အသက် (၂၅)နှစ်လောက် မှော်ဆန်ဆန် ဇာတ်လမ်းတစ်ခုအကြောင်း ပထမဆုံးအကြိမ် စိတ်ကူးရလာခဲ့တယ်။ HARRY Potterနဲ့ ပတ်သက်ပြီး ရိုးလင်း စိတ်ကူးမိလာပုံက အဆန်းပါ။ ရထားစီးရမယ့် ခရီးစဉ် တစ်ခုမှာ (၄)နာရီလောက် နောက်ကျနေတဲ့ အချိန်မှာ ဟိုတွေးဒီတွေး စိတ်ကူးယဉ်ရင်း HARRY Potter ဇာတ်လမ်းရဲ့ ကျောရိုးကို ပုံဖော်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ ညနေခင်းမှာပဲ Harry Potter ရဲ့ ပထမဆုံး စာအုပ်ကို အကြမ်းထည်အဆင့် အဖြစ် ရိုးလင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အပြီးသတ်ချိန်ထိ ရောက်လာဖို့ကတော့ နှစ်နဲ့ချီ ကြာမြင့်ခဲ့တယ်။ ရိုးလင်းဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ လန်ဒန်ရုံးမှာ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ သူ့စိတ်က Harry Potter ဆီပဲ ခဏခဏ ရောက်နေတော့ အလုပ်မှာ လွဲချော်မှုတွေ ရှိလာပြီး အလုပ်ထုတ်ခံလိုက်ရတယ်။ အလုပ်က ရတဲ့ လျော်ကြေးကို အမှီပြုရင်း ရိုးလင်းဟာ Harry Potter ဝတ္ထုတွေကို ဇောက်ချ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ပိုင်းတွေမှာ ရိုးလင်းအနေနဲ့ အိမ်ထောင်ပြုခဲ့ပြီး သမီးလေးတစ်ယောက် ရလာတယ်။ နောက်တော့ အိမ်ထောင်ဘက်နဲ့ ကွာရှင်းဖြစ်ခဲ့တယ်။ Harry Potter ကို ဖန်တီးနေတဲ့ အတောအတွင်းမှာ ရိုးလင်းဟာ စိတ်ကျဝေဒနာကိုလည်း ကြုံတွေ့ခဲ့ရသေးတယ်။ အခက်အခဲတွေကြားကနေ (၁၉၉၅)ခုနှစ်မှာ Harry Potter ဝတ္ထုကို အပြီးသတ်နိုင်ခဲ့တယ်။ နောက်(၂)နှစ် အကြာမှာ ထုတ်ဝေရောင်းချတော့ ကမ္ဘာကျော် ဝတ္ထုတစ်ခု ဖြစ်လာတယ်။ ရုပ်ရှင်ဆက်ရိုက်တော့ ဝက်ဝက်ကွဲ အောင်မြင်တယ်။ Forbes မဂ္ဂဇင်းက (၂၀၀၄)ခုနှစ်မှာ ရိုးလင်းဟာ စာရေးဆရာ တစ်ဦးအနေနဲ့ ပထမဆုံး ဘီလီယံနာ သူဌေးဖြစ်လာသူလို့ အသိအမှတ် ပြုခဲ့ပါတယ်။ =============================



ဂျေးဇီး (အဆိုတော်၊ ဂီတပရိုဂျူဆာ)

ရှောင်ကာတာဆိုတဲ့ လူငယ်လေး တစ်ယောက်ဟာ နယူးယောက်မြို့က ဘရွတ်ကလင်း အရပ်မှာ ကြီးပြင်းလာခဲ့တယ်။ နောက်တော့ သူဟာ ကမ္ဘာ့ဂီတ လောကမှာ ဩဇာအကြီးဆုံး ကြယ်တစ်ပွင့် ဖြစ်လာပါတယ်။ အသက်(၂၀)လောက် အရွယ်မှာ ဂျေးဇီးဆိုတဲ့ နာမည်ကို လူသိများလာပါပြီ။ နောက်ထပ် နှစ်နည်းနည်း အကြာမှာတော့ သူဟာ အမေရိကန်ရဲ့ တက်လမ်းရှိတဲ့ Rapဂီတ အဆိုတော် တစ်ယောက်လို့ အသိအမှတ်ပြု ခံလာရတယ်။ ဂျေးဇီးဟာ အသက်(၂၇)နှစ် အရွယ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ ပူးပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးသီဆိုခဲ့တယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ REASONABLE Doubt ကို ထုတ်ဝေဖြစ်ခဲ့တယ်။ သူတစ်ယောက်တည်းရဲ့ ဒီကနေ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၅၂၀)လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းဆေးရဲ့ ကြွယ်ဝမှုနဲ့ ပေါင်းစပ်လိုက်ရင်တော့ နှစ်ယောက်ပေါင်း ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၉၀၀)နီးပါးလောက် ရှိလာပါတယ်။ =========================



မယ်ရစ်ဆာမေယာ (YAHOO ၏ အမှုဆောင် အရာရှိချုပ်)

သူ့အသက် (၂၄)နှစ်မှာ မေယာဟာ GOOGLE ကုမ္ပဏီ (Yahoo ၏ ပြိုင်ဘက်)ရဲ့ အယောက်(၂၀)မြောက် ဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ သူဟာ Googleရဲ့ ပထမဆုံး အမျိုးသမီး အင်ဂျင်နီယာလည်း ဖြစ်ပါတယ်။ Googleမှာ (၁၃)နှစ်ကြာအောင် တာဝန် ထမ်းဆောင်ပြီးတဲ့နောက် (၂၀၁၂)ခုနှစ်မှာ Yahoo ကို ကူးပြောင်းခဲ့ပါတယ်။ အမှုဆောင်ချုပ် ရာထူးနေရာနဲ့ပါ။ မေယာဟာ ဒီကနေ့ အအောင်မြင်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်နေတဲ့ Google မှာ အခြေခံ အကျဆုံး အစပြုခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူ့ရဲ့ အင်တာဗျူး တစ်ခုမှာ မေယာက “(၁၉၉၉)ခုနှစ်၊ ဧပြီလတုန်းက ကျွန်မကို Google က အလုပ်အတွက် အင်တာဗျူးခေါ်တယ်။ ပင်ပေါင်ကစားတဲ့ စားပွဲတစ်လုံးမှာ ကျွန်မ အင်တာဗျူး ဖြေခဲ့ရတယ်။ အဲဒါက ကုမ္ပဏီရဲ့ အစည်းအဝေး စားပွဲလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက Google မှာ အလုပ်လုပ်နေတာ လူ(၇)ယောက်ပဲ ရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။ မေယာဟာ Google မှာ ရာထူးအမျိုးမျိုး တာဝန်ယူခဲ့ပြီး Google ရဲ့ ဖန်တီးမှု အများစုမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။ Yahoo ကို ပြောင်းရွှေ့ခဲ့တဲ့နောက် မေယာဟာ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်၊ ဥက္ကဋ္ဌ ရာထူးတွေကို တာဝန်ယူခဲ့တယ်။ ဒါရိုက်တာ ဘုတ်အဖွဲ့မှာလည်း နေရာပေး ခံခဲ့ရပြီး Forbes မဂ္ဂဇင်းက မေယာကို ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး အမျိုးသမီးတွေ စာရင်းအရ အဆင့်(၃၂) သတ်မှတ်ပေးခဲ့တယ်။ Yahoo ဟာ ပထမဆုံး (၅)နှစ်အတွက် ဒေါ်လာ (၁၁၇)သန်း လုပ်ခပေးပြီး မေယာကို ခေါ်ယူခဲ့တာပါ။ အခုအချိန်မှာ အသက်(၃၉)နှစ်ပဲ ရှိသေးပေမယ့် မေယာရဲ့ ကြွယ်ဝမှုက ဒေါ်လာသန်း(၃၀၀) အထက်မှာ ရှိနေပါပြီ။ ==================================================



ဝါရန်ဘတ်ဖတ် (ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင်)

ကမ္ဘာကျော် သူဌေးကြီးတစ်ယောက် ဖြစ်မလာခင်က ဘတ်ဖတ်ဟာ အရောင်းသမား ဝန်ထမ်းလေး တစ်ဦးပါ။ သူ့အသက် (၂၀)ကျော် အရွယ်မှာတော့ နယူးယောက်မြို့ကို ပြောင်းရွှေ့လာပြီး အသက်(၂၆)နှစ်မှာ လုံခြုံရေးဆိုင်ရာ ဆန်းစစ်သူ ပညာရှင် တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ သူဟာ Buffett PARTNERSHIP Ltd ကို တည်ထောင်ခဲ့တယ်။ အဲဒီလုပ်ငန်းက အိုဟားမားမှာ ရှိခဲ့စဉ် သူအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အစပြုခဲ့ပါတယ်။ ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ငွေရမယ့် နည်းလမ်းတွေကို ရှာဖွေ အကောင်အထည် ဖော်ခဲ့သူပါ။ ပီကေ (CHEWING Gum)တွေ ရောင်းချဖူးသလို အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း တစ်အိမ်တက်ဆင်း လိုက်ပို့ပေးပြီး ဝင်ငွေရှာခဲ့တယ်။ ပြီးတော့ ပိုက်ဆံကို ကျစ်ကျစ်လစ်လစ် စုဆောင်းခဲ့တယ်။ သူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာ ဂေါက်သီးဘောလုံးတွေ လိုက်ရောင်းတာလည်း ပါတယ်။ ငွေကြေးတန်ဖိုးကို အခြေခံကျကျ နားလည်ပြီး ခြိုးခြံစုဆောင်းတဲ့ အကျင့်ကောင်းက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာချိန်မှာ ဘတ်ဖတ်ရဲ့ တက်လမ်းကို ကြီးကြီးမားမား အထောက်အပံ့ ပေးခဲ့ပါတယ်။ ဘတ်ဖတ်ဟာ Berkshire Hethaway ကုမ္ပဏီကြီးရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာပြီး အမှုဆောင်ချုပ် အနေနဲ့လည်း တာဝန်ယူနေပါတယ်။ သူ့ကို မွေးဖွားတဲ့ အိုဟားမား ဒေသမှာတော့ ဘတ်ဖတ်ကို အိုးဟားမားရဲ့ ကဝေ၊ အိုဟားမားရဲ့ နတ်ဆရာ စသဖြင့် ညွှန်းဆိုဂုဏ်ပြု ခေါ်ဝေါ်ကြပါတယ်။ ဘတ်ဖတ်ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ (၆၇)ဘီလီယံအထက် ရှိနေပါပြီ။ (၂၀၁၂)ခုနှစ်မှာ TIME မဂ္ဂဇင်းကြီးက ဘတ်ဖတ်ဟာ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ် ဖော်ပြခဲ့ပါတယ်။ =====================================================



အာဆူလာဘန်းစ် (XEROX ၏ အမှုဆောင် အရာရှိချုပ်)

ဒီဂျစ်တယ် ပုံရိပ်ဖော် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ XEROX ရဲ့ အမှုဆောင်ချုပ် ဖြစ်မလာခင်မှာ ဘန်းစ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို အံတု ကျော်ဖြတ်ခဲ့ရသူပါ။ နယူးယောက်မြို့ ခပ်ကြမ်းကြမ်း ပတ်ဝန်းကျင်မျိုးနဲ့ စီမံကိန်းအိမ်ရာ တစ်ခုမှာ ကြီးပြင်းလာတဲ့နောက် နယူးယောက် ပိုလီနည်းပညာဌာနကနေ စက်မှု အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ကိုလံဘီယာ တက္ကသိုလ်ကနေ မဟာဘွဲ့ကို ရရှိလာခဲ့တယ်။ အဲဒီနောက် (၁၉၈၀)ပြည့်နှစ်မှာ သူဟာ XEROX ကို ရောက်ရှိလာပြီး တစ်ဘဝလုံး အဲဒီကုမ္ပဏီမှာ မြှုပ်နှံ ဖြတ်သန်းခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်မှာတုန်းက ဘန်းစ်ဟာ အလုပ်သင် ဝန်ထမ်းအဆင့်လောက်သာ ရှိသေးတယ်။ မဟာဘွဲ့ ရပြီးတဲ့နောက်မှာတော့ သူ့ကို Xerox က အချိန်ပြည့် ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ ဘန်းစ်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ လုပ်ရည်ကိုင်ရည်တို့ကြောင့် ရာထူးမြန်မြန် တက်လာခဲ့ပြီး (၂၀၀၉)ခုနှစ်မှာ အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။ “Xerox ကို ကျွန်မ ရောက်စတုန်းက ဒီအလုပ်ကို ရွေးလိုက်တယ် ဆိုတာထက် မပိုဘူး။ တစ်ယောက်ယောက်က အခြေအနေ ဘယ်လိုလဲလို့ မေးလာရင် မဆိုးပါဘူးလို့ ပြန်ဖြေပြီး အလုပ်ခန်းထဲ ဝင်သွားရုံလောက်ပဲ။ နောက်တော့ တစ်ယောက်ယောက်ဆီကနေ လုပ်ငန်းအစီအစဉ် ချမှတ်ပုံ သဘောတရားတွေ သိလာတယ်။ နောက်တော့ ကျွန်မရဲ့စိတ်က ကမ္ဘာလုံးဆိုင်ရာ ကြုံတွေ့နေရတဲ့ System ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ယိမ်းသွားတယ်။ တကယ်တော့ အဲဒီ ပြဿနာတွေကိုက လုပ်ငန်းတစ်ခုပဲလေ”လို့ ဘန်းစ်က ဆိုပါတယ်။ ဘန်းစ်ဟာ Fortune မဂ္ဂဇင်းက ရွေးချယ်တဲ့ အမေရိကန်ရဲ့ ထိပ်တန်းကုမ္ပဏီ (၅၀၀)ထဲက တစ်ခုမှာ ပထမဆုံးအကြိမ် အမှုဆောင်ချုပ် တာဝန်ယူဖူးတဲ့ အာဖရိကန်အနွယ် အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။ ===========================



မာ့ခ်ဇက်ကာဘာ့ဂ် (FACEBOOK ၏ အမှုဆောင်အရာရှိချုပ်)

မြန်မာနိုင်ငံမှာရော၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပါ လူသုံးအများဆုံး SOCIAL NETWORKING ဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ကို ထူထောင်သူ ဇက်ကာဘာ့ဂ်ဟာ သူ့ရဲ့ အသက်(၂၀)ကျော် အရွယ်တွေကို Facebook အတွက်ပဲ ကြိုးကြိုးစားစား မြှုပ်နှံ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့အသက် (၂၅)နှစ်အရွယ် (၂၀၀၉)ခုနှစ်မှာ Facebook ဟာ ငွေကြေးအရ အကျိုးအမြတ် စရလာခဲ့ပြီး အသုံးပြုသူ သန်း(၃၀၀)လောက် ရှိလာပါပြီ။

အဲဒီတုန်းက ပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ ဇက်ကာဘာ့ဂ်က ဒါဟာ Facebook အတွက် အောင်မြင်မှု အစပျိုးနေတုန်း အဆင့်သာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ “လူတွေအချင်းချင်း ချိတ်ဆက်ပေးဖို့ ကျွန်တော်တို့ ကြံဆထားတဲ့ နည်းလမ်းတွေအတွက် ဒါဟာ အစပြုမှု အဆင့်သာ ရှိပါသေးတယ်”လို့ ဇက်ကာဘာ့ဂ်က သူကိုယ်တိုင် အစပြု ပျိုးထောင်ခဲ့တဲ့ SOCIAL NETWORKING ဝက်ဘ်ဆိုက်ပေါ်မှာ ဂုဏ်ယူစွာနဲ့ ရေးသားခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဇက်ကာဘာ့ဂ်ဟာ Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးချွန်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုရွေးချယ် ခံခဲ့ရပါတယ်။ ဇက်ကာဘာ့ဂ် အပါအဝင် လူ(၅)ယောက်က စတင်တည်ထောင်ခဲ့တဲ့ FACEBOOK ဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ အသုံးပြုသူ (၁.၃)ဘီလီယံအထက် ရှိနေပြီး လစဉ်လတိုင်း တိုးပွားနေတုန်းပါပဲ။ ဇက်ကာဘာ့ဂ်ဟာလည်း အသက်(၃၀)အရွယ်မှာ ဒေါ်လာ (၃၃.၁)ဘီလီယံလောက် ကြွယ်ဝနေပါပြီ။ =========================



ဟောင်းဝပ်ရှုတ်ဇ် (Starbucks ၏ အမှုဆောင် အရာရှိချုပ်)

မြောက်ပိုင်း မစ်ချီဂန် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် ရှုတ်ဇ်ဟာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်း တစ်ယောက်အဖြစ် စပြီး အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ သူ့အရည်အသွေးကို သတိပြုမိလာတဲ့နောက် Hammerplast ဆိုတဲ့ ဆွီဒင်ကော်ဖီမှုန့် ကုမ္ပဏီ တစ်ခုက ရှုတ်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ Hammaerplast ကို ရောက်ခဲ့ချိန်မှာ ရှုတ်ဇ်ရဲ့ အသက်က (၂၆)နှစ်ပါ။ အဲဒီမှာ အလုပ်လုပ်ရင်း သူဟာ ဆီယက်တဲလ် မြို့ပြင်က Starbucks အမှတ်တံဆိပ် ဆိုင်လေးတွေကို ပထမဆုံး သတိထားမိလာတယ်။ သူ့အသက် (၂၉)နှစ်မှာတော့ Starbucks နဲ့ ပူးပေါင်းလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ Starbucks ရဲ့ ကော်ဖီလုပ်ငန်းဟာ တဖြည်းဖြည်း တွင်ကျယ်ကြီးထွားလာပြီး ဗြိတိန်က Costa Coffeeနဲ့အပြိုင် ကမ္ဘာ့အကြီးဆုံး ကော်ဖီ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရှုတ်ဇ်ဟာ Starbucks ရဲ့ ကော်ဖီဆိုင်တွေကို နယ်မြေဒေသအလိုက်၊ ရာသီဥတုအလိုက် အံဝင်အဆင်ပြေအောင် ဖန်တီးခဲ့ပါတယ်။ ရှုတ်ဇ်ဟာ ပညာတတ် မိသားစုက ပေါက်ဖွားလာသူ မဟုတ်ပါဘူး။ သူ့မိသားစုထဲမှာ ပထမဆုံးအကြိမ် ကောလိပ်ကျောင်း တက်ခွင့်ရဖူးတာဟာ သူပါပဲ။ သူဟာ အမေရိကန် ပရော်ဖက်ရှင်နယ် ဘက်စကက်ဘောအသင်း SEATTLE SuperSonics ကိုလည်း ဝယ်ယူပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ရှုတ်ဇ်ရဲ့ လက်ရှိ ကြွယ်ဝမှုဟာ ဒေါ်လာ (၁.၅)ဘီလီယံလောက် ရှိနေပါပြီ။ ====================================================



ရိုမန်အေဗရာမိုဗစ်ခ်ျ (စီးပွားရေး လုပ်ငန်းရှင်နှင့် ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင်)

ကလေးဘဝတုန်းက အေဗရာမိုဗစ်ခ်ျဟာ မိဘမဲ့ တစ်ယောက်အနေနဲ့ ကြီးပြင်း လူလားမြောက်ခဲ့ရတာပါ။ အေဗရာမိုဗစ်ခ်ျကို သူ့ရဲ့ဦးလေးက ပျိုးထောင်ပေးခဲ့တယ်။ သူ့အသက် (၂၁)နှစ် အရွယ်မှာတော့ ရုရှားလူငယ်လေး တစ်ယောက်ဟာ မှောင်ခိုဈေးကွက်တွေထဲမှာ လှုပ်ရှားနေပါပြီ။ သူဟာ ဇနီးဖြစ်သူရဲ့ မိဘတွေက လက်ဖွဲ့ခဲ့တဲ့ ငွေကြေးတွေကို အရင်းအနှီးလုပ်ပြီး စီးပွားရေး ချဲ့ထွင်ခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်တွေမှာတော့ သူ့ရဲ့ လုပ်ငန်းတွေဟာ ရုရှားမှာ ခြေကုပ်ကောင်းကောင်း ရနေပြီး အီဗရာမိုဗစ်ခ်ျပိုင် ကုမ္ပဏီပေါင်း (၂၀)ထက်မနည်း ရှိလာခဲ့ပါတယ်။ သူ့အသက်(၂၆)နှစ် အရွယ်မှာတော့ အစိုးရ ပိုင်ဆိုင်မှုတွေကို ခိုးယူမှုနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်(၃၅)နှစ် အရွယ်မှာတော့ ရုရှားရဲ့ ချူကော့ကာ ပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ အီဗရာမိုဗစ်ခ်ျကို ကမ္ဘာသိ ထင်ရှားလာစေတဲ့ အချက်တစ်ခုက (၂၀၀၃)ခုနှစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ချယ်လ်ဆီးကို သိမ်းသွင်း ဝယ်ယူလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ အီဗရာမိုဗစ်ခ်ျဟာ ငွေကြေး အလုံးအရင်း သုံးစွဲပြီး ချယ်လ်ဆီးကို ကမ္ဘာကျော် ဘောလုံးကလပ် တစ်ခုဖြစ်လာအောင် ပြောင်းလဲစေခဲ့တယ်။ အသက်(၂၀)ကျော် အရွယ်တွေမှာ မှောင်ခိုသမားလေး တစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့ အေဗရာမိုဗစ်ခ်ျဟာ လက်ရှိအသက် (၄၇)နှစ်မှာတော့ ဒေါ်လာ(၁၄.၂)ဘီလီယံလောက် ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်လာပါပြီ။ အေဗရာမိုဗစ်ခ်ျကတော့ သူ့ဘဝရဲ့ အတိတ်က အမည်းစက်နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆန်နေဆဲပါ။ “အဲဒီတုန်းက ဘဏ်စနစ်မှာ ပြဿနာတွေ ရှိခဲ့တယ်ဗျ။ အစိုးရဆီ တင်သွင်းရမယ့်ငွေ မရောက်လို့ဆိုပြီး ကျွန်တော် အဖမ်းခံလိုက်ရတာပါ။ နောက်တော့ သူတို့လက်ထဲ ငွေရောက်လာတဲ့အခါ ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်”လို့ အေဗရာမိုဗစ်ခ်ျက ဆိုပါတယ်။

SOURCE: Businessinsider

http://7daydaily.com/story/21907#.VC1eO-N_vIo
အောင်ပညာဒါန Unknown at 5:42 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

၃၈ - ဖြာ မင်္ဂလာတရားတော် ( 38 Mangalas , Welfares )


၃၈ - ဖြာ မင်္ဂလာတရားတော် ( 38 Mangalas , Welfares )
 ======================================

၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း
1. Not to associate with fools.
၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း
2. To associate with wise.
၃.ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
3. To honour those-worthy of honour.
၎. သင့်လျော်သောအရပ်တွင် နေခြင်း
4. To live in suitable region.
၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း
5. To have accumulated merits of the past.
၆. မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း
6. To be rightly concentrated on oneself.
၇. အကြား အမြင်များခြင်း
7. To have immensity of knowledge.
၈. စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း
8. To acquire skill in sciences.
၉. လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း
9. To be well-trained in displine.
၁၀. အပြောအဆို ချိုသာယဉ်ကျေးခြင်း
10. To have pleasant speech.
၁၁. အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း
11. To serve one's actions.
၁၂. ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း
12. To look after one's family.
၁၃. ရှုပ်ထွေးမှုကင်းလျှက် စနစ်တကျ ကြိုးစားစူးစိုက် လုပ်ကိုင်ခြင်း
13. To be peaceful in one's action.
၁၄. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
14. To donate generously.
၁၅.ကောင်းသော အကျင့်တရားကိုကျင့်ခြင်း
15. To live the life of Dhamma.
၁၆. ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း
16. To help one's relations.
၁၇. အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
17. To abstain from immoral livelihood.
၁၈. မကောင်းမှုကို စိတ်ဖြင့် ရှောင်ရှားခြင်း
18.To abstain from evil (mental).
၁၉. မကောင်းမှုကို ကိုယ် နှုတ်ဖြင့် ရှောင်ရှားခြင်း
19. To abstain from evil (physical)
၂၀. မူးယစ်သေစာ မသောက်စားခြင်း
20. To abstain from intoxicants.
၂၁. ကုသိုလ်တရားတို့ကို မမေ့မလျော့ခြင်း
21. To practice Dhamma deligently.
၂၂. ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း
22. To be respectful.
၂၃. မိမိကိုယ်ကို နှိမ့်ချခြင်း
23. To be humble.
၂၄. တင်းတိမ်ရောင့်ရဲခြင်း
24. To be content.
၂၅. သူ့ကျေးဇူးကိုသိခြင်း
25. To be grateful.
၂၆. သင့်လျော်သောအခါ တရားနာခြင်း
26. To listen Dhamma at appropriate time.
၂၇. သည်းခံခြင်း
27. To be tolerant.
၂၈. ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း
28. To be obedient.
၂၉. ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း
29. To see saintly people.
၃၀. သင့်လျော်သောအခါတွင် တရားစကား ဆွေးနွေးမေးမြန်းခြင်း
30. To discuss Dhamma at appropriate times.
၃၁. ခြိုးခြံသောအကျင့်ကို ကျင့်ခြင်း
3. To have asectic practices.
၃၂. မြတ်သောအကျင့်ကို ကျင့်ခြင်း
32. To observe celibacy.
၃၃. သစ္စာလေးပါးတရားကို သိမြင်ခြင်း
33. To observe Noble Truths.
၃၄. နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
34. To realize Nibbana.
၃၅. လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း
35. To remain equanimous while coming in contact with visicitudes of life.
၃၆. ပျက်စီးခြင်း . ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါတွင် စိုးရိမ်ပူဆွေးမှု မရှိခြင်း
36. To remain free from sorrow.
၃၇. လိုချင်တပ်မက်ခြင်း ၊ ရာဂ စသော မြူအညစ်ကြေး မရှိခြင်း
37. To remain free from impurity.
၃၈. စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း
38. To remain free from

Credit - Dhamma Knowledge

၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း
1. Not to associate with fools.
၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း
2. To associate with wise.
၃.ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
3. To honour those-worthy of honour.
၎. သင့်လျော်သောအရပ်တွင် နေခြင်း
4. To live in suitable region.
၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း
5. To have accumulated merits of the past.
၆. မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း
6. To be rightly concentrated on oneself.
၇. အကြား အမြင်များခြင်း
7. To have immensity of knowledge.
၈. စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း
8. To acquire skill in sciences.
၉. လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း
9. To be well-trained in displine.
၁၀. အပြောအဆို ချိုသာယဉ်ကျေးခြင်း
10. To have pleasant speech.
၁၁. အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း
11. To serve one's actions.
၁၂. ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း
12. To look after one's family.
၁၃. ရှုပ်ထွေးမှုကင်းလျှက် စနစ်တကျ ကြိုးစားစူးစိုက် လုပ်ကိုင်ခြင်း
13. To be peaceful in one's action.
၁၄. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
14. To donate generously.
၁၅.ကောင်းသော အကျင့်တရားကိုကျင့်ခြင်း
15. To live the life of Dhamma.
၁၆. ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း
16. To help one's relations.
၁၇. အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
17. To abstain from immoral livelihood.
၁၈. မကောင်းမှုကို စိတ်ဖြင့် ရှောင်ရှားခြင်း
18.To abstain from evil (mental).
၁၉. မကောင်းမှုကို ကိုယ် နှုတ်ဖြင့် ရှောင်ရှားခြင်း
19. To abstain from evil (physical)
၂၀. မူးယစ်သေစာ မသောက်စားခြင်း
20. To abstain from intoxicants.
၂၁. ကုသိုလ်တရားတို့ကို မမေ့မလျော့ခြင်း
21. To practice Dhamma deligently.
၂၂. ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း
22. To be respectful.
၂၃. မိမိကိုယ်ကို နှိမ့်ချခြင်း
23. To be humble.
၂၄. တင်းတိမ်ရောင့်ရဲခြင်း
24. To be content.
၂၅. သူ့ကျေးဇူးကိုသိခြင်း
25. To be grateful.
၂၆. သင့်လျော်သောအခါ တရားနာခြင်း
26. To listen Dhamma at appropriate time.
၂၇. သည်းခံခြင်း
27. To be tolerant.
၂၈. ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း
28. To be obedient.
၂၉. ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း
29. To see saintly people.
၃၀. သင့်လျော်သောအခါတွင် တရားစကား ဆွေးနွေးမေးမြန်းခြင်း
30. To discuss Dhamma at appropriate times.
၃၁. ခြိုးခြံသောအကျင့်ကို ကျင့်ခြင်း
3. To have asectic practices.
၃၂. မြတ်သောအကျင့်ကို ကျင့်ခြင်း
32. To observe celibacy.
၃၃. သစ္စာလေးပါးတရားကို သိမြင်ခြင်း
33. To observe Noble Truths.
၃၄. နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
34. To realize Nibbana.
၃၅. လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း
35. To remain equanimous while coming in contact with visicitudes of life.
၃၆. ပျက်စီးခြင်း . ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါတွင် စိုးရိမ်ပူဆွေးမှု မရှိခြင်း
36. To remain free from sorrow.
၃၇. လိုချင်တပ်မက်ခြင်း ၊ ရာဂ စသော မြူအညစ်ကြေး မရှိခြင်း
37. To remain free from impurity.
၃၈. စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း
38. To remain free from

Credit - Dhamma Knowledge
အောင်ပညာဒါန Unknown at 5:36 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဗုဒ္ဓဘာသာဆိုင်ရာ

တန်ဖိုးရှိတဲ့ ကျောက်စရစ်ခဲများ

“ဒီဟာတွေ ဘာအသုံးဝင်မှာမို့လို့ ကျွန်တော်တို့ သင်နေရမှာလဲ” တပည့်တွေထံမှ ကျွန်တော်ကြားရသမျှ မကျေနပ်ချက်တွေ၊ စောဒက တက်မှုတွေထဲမှာ သည်စကားက အကြိမ်အရေအတွက် အများဆုံးဖြစ်၏။ အဲသည်စကား ကြားရတိုင်း ကျွန်တော် ဟောသည် ပုံပြင်လေးကို ပြန်ပြောပြလေ့ရှိသည်။

တစ်ခါက ခြေသလုံးအိမ်တိုင် နေထိုင်သူ လူမျိုးတစ်စုဟာ ညဘက် စခန်းချရပ်နားဖို့ ပြင်ဆင်နေတုန်း ရုတ်တရက် သူတို့နေရာကို အလင်းတန်းကြီးတစ်ခု ထိုးကျလာတယ်။ ဒါဟာတော့ ထက်ကောင်းကင်က တန်ခိုးရှင်တစ်ဦးပဲလို့ သူတို့ သဘောပေါက်လိုက်ပြီ။ ဘယ်လိုအရေးကြီးတဲ့ ဗျာဒိတ်တော်များ သူတို့အတွက် အထူးမြွက်ကြွားတော်မူလေမလဲလို့ မျှော်လင့်ကြီးစွာ စောင့်စားနားထောင် ကြတယ်။ အတန်ကြာပြီးနောက် အသံတော် ထွက်ပေါ်လာတယ်။ “ကျောက်စရစ်ခဲတွေ ရနိုင်သလောက် ကောက်ကြ။ ပြီးတော့ ကုန်းနှီးအိပ်တွေထဲမှာ ထည့်။ တစ်နေ့ ခရီးသွားပြီး နောက်နေ့ညမှာ သင်တို့ ပျော်ရွှင်ရလိမ့်မယ်။ စိတ်မချမ်းမသာ ဖြစ်ရလိမ့်မယ်” သည်လို ပြောပြီးတဲ့နောက် ပျောက်သွားတယ်။ ဒီလူတွေအားလုံး စိတ်ပျက်ဒေါသထွက်ကြတယ်။ အချင်းချင်း ပွစိပွစိ ပြောဆိုကျန်ရစ်တယ်။ သူတို့တစ်တွေ ချမ်းသာသုခ ခံစားရဖို့၊ ကမ္ဘာလောကရဲ့အကျိုးကိုလည်း သယ်ပိုးနိုင်စေဖို့ ကြီးကျယ်တဲ့ ဉာဏ်အမြင်တွေ ဖွင့်ဟမွက်ကြွားမသွားဘဲ အဓိပ္ပာယ်မရှိတဲ့ အသေးအမွှားအလုပ်ကိုသာ ခိုင်းသွားတယ် ဆိုပြီး မကျေမနပ်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ အရောင်အ၀ါ ထိန်လင်းစွာနဲ့လာတဲ့ ထူးခြားသောပုဂ္ဂိုလ် ဖြစ်တာကြောင့် သူ့မိန့်မှာချက်ကို လုံးလုံးလျားလျားတော့ လျစ်လျူမရှုဝံ့ဘူး။ ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်းနဲ့ပဲ ကျောက်စရစ်ခဲတွေ တစ်လုံးနှစ်လုံးစီလောက်တော့ ကောက်ပြီး ကုန်းနှီးအိတ်တွေထဲ ထည့်ကြတယ်။ နောက်နေ့တစ်နေ့လုံး ခရီးနှင်ကြပြီး ညဘက် စခန်းချရပ်နားကြတော့ ကုန်းနှီးအိတ်တွေထဲ နှိုက်မိတဲ့အခါ သူတို့ကောက်ခဲ့တဲ့ ကျောက်စရစ်ခဲတစ်လုံးစီဟာ စိန်တစ်လုံးစီ ဖြစ်နေတာ သွားတွေ့ရတယ်။ စိန်တွေရလာတော့ သူတို့ဝမ်းသာကြတာပေါ့။ ဒါပေမဲ့ များများ မကောက်မိလေခြင်းလို့လည်း အကြီးအကျယ် ၀မ်းနည်းမိရပြန်တယ်။

------- သည်ပုံပြင်၏ အဆိုမှန်ကန်လှပုံအကြောင်းကို စောစောပိုင်းကာလ ကျွန်တော် တွေ့ခဲ့ရသည့် တပည့်တစ်ယောက်၏ ကိုယ်တွေ့ဖြစ်ရပ်က သာဓက ဆောင်ခဲ့သည်။ တပည့်အမည်က အလန်။ ရှစ်တန်းကျောင်းသားဘ၀၌ အလန်၏အဓိက ဘာသာရပ်မှာ “ပြဿနာ” ဖြစ်ပြီး တွဲဖက်အဖြစ် “ပြစ်ဒဏ်စုံ” ဘာသာကို သူယူခဲ့၏။ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျခြင်း ပညာကို သူစွမ်းစွမ်းတမံ လေ့လာခဲ့ပြီး “အတိုအရှို” ဘာသာ၌ မဟာဝိဇ္ဇာဘွဲ့ ရခဲ့၏။ သည်တုန်းက ကျောင်းမှာ ကျွန်တော်လုပ်သည့် အစီအစဉ် တစ်ခု ရှိသည်။ နေ့စဉ် တပည့်များအား တွေးခေါ်ရှင်ကြီးများ၏ အဆိုအမိန့်စကားတစ်ခွန်းစီကို ကျက်မှတ်စေခြင်း ဖြစ်သည်။ အတန်းထဲတွင် နာမည်ခေါ်သည့်အချိန် ကျွန်တော်က နာမည်နှင့်အတူ အဆိုအမိန့်စကား တစ်ခု၏ အစပိုင်းကို တိုင်ပေးလိုက်လျှင် ကျောင်းသားက အဆုံးပိုင်းကို ဆက်ဆိုပြီးမှ “ရှိပါတယ်ခင်ဗျာ” ဟု ထူးရသည်။ “အဲလစ်အာဒမ်(စ)၊ ' ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး'၊…” “ 'လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ'၊ ရှိပါတယ် ဆရာ ” အဲသည်လို။ တစ်နေ့ တစ်ပုဒ်ဆိုတော့ တစ်နှစ်ကုန်သည့်အခါ အဆိုအမိန့် ၁၅၀ မျှ သူတို့ ကျက်ဖူးသွားကြသည်။ “သင်တတ်နိုင်မည် ထင်မလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်” “အတားအဆီး မြင်နေသည်ဆိုက ပန်းတိုင်ကို သင်မြင်နိုင်မည်မဟုတ်တော့” “အဆိုးအပြစ်ဝါဒီ(cynic) ဟူသည် ဈေးနှုန်းတွေ အားလုံးသိပြီး မည်သည့်ပစ္စည်း၏ တန်ဖိုးကိုမျှ မသိသောသူကို ဆိုသည်” စသည်များ။ နပိုလီယန်ဟေးဟ်၏ “သင့်အာရုံထဲတွင် မြင်ယောင်မှန်းဆ၍ ရမည်၊ ဖြစ်ရမည် ဟူ၍လည်း ယုံကြည်မည်ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချ ဖြစ်သည်” ဟူသော စကားလည်း ပါသည်ပေါ့။ အဲသည်လို အဆိုအမိန့်တွေ နေ့စဉ် ရွတ်ဆိုရသည့် ကိစ္စကို မကျေမနပ်အဖြစ်ဆုံးက အလန် ဖြစ်သည်။ ကျောင်းထုတ်ခံရ၍ ထွက်သွားသည့်နေ့အထိ အမြဲ ပူညံ ပူညံ။ ပြင်ပရောက်သွားပြီးသည့်နောက် ငါးနှစ်မျှ ကျွန်တော်နှင့် အဆက်အသွယ် ပြတ်သွားသည်။ တစ်နေ့ မှာတော့ သူ ဆက်သွယ်သည်။ လောလောဆယ် သူနှင့် ကျွန်တော်တို့ အနီးအနားရှိ ကောလိပ်ကျောင်း တစ်ကျောင်း၏ အထူးအစီအစဉ်တစ်ခုတွင် ပါဝင်တက်ရောက်လျက် ရှိသည်။ ခံဝန်ချုပ်ဖြင့် နေရသည့် ကာလ ပြီးဆုံးသွားသည်မှာ ဘာမျှမကြာသေး။ ကျောင်းမှ ထွက်သွားပြီးသည့်နောက် သူ၏ ဆိုးသွမ်းမှုများအတွက် သက်ငယ်တရားရုံးသို့ ရောက်သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ် လူငယ်ပြုပြင်ရေးစခန်းသို့ အပို့ခံရသည်။ တစ်နေ့၌မူ သူ့ဘ၀ကို သူအလွန်အမင်း စက်ဆုပ်သလို ခံစားမိလာကာ လက်ကောက်ဝတ် နှစ်ဖက်လုံးရှိ သွေးကြောများကို ဘလိပ်ဓားနှင့်လှီးပြီး သေကြောင်းကြံစည်သည်။ အဲသည်တုန်းကအဖြစ်ကို သူ ပြန်ပြောပြသည်။ “လက်က စီးကျတဲ့ သွေးတွေနဲ့အတူ ခန္ဓာကိုယ်က ကျွန်တော့်အသက်ဝိညာဉ် ဖြည်းဖြည်းချင်း ထွက်ခွာနေတဲ့အချိန် ကျွန်တော် ဘာသွားသတိရသလဲ သိလား။ တစ်နေ့ အတန်းထဲမှာ ဆရာ ကျွန်တော့်ကို ဒဏ်ပေးပြီး အကြိမ်နှစ်ဆယ်ရေးခိုင်းတဲ့၊ ကျွန်တော် သိပ်အမြင်ကပ်တဲ့ အဆိုအမိန့်တစ်ခု ဆရာ၊ “ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး၊ လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ” ဆိုတဲ့စကား၊ ဒီစကားရဲ့ အဓိပ္ပာယ်ကလည်း အဲဒီတော့မှ ချက်ချင်း ခေါင်းထဲ လင်းသွားတယ်။ အသက်ရှင်နေသရွေ့ ငါ မရှုံးသေးဘူး။ အခုနေ သေလိုက်ရင် ငါ အရှုံးသမား တစ်ယောက်အနေနဲ့ သေခဲ့ရတာဖြစ်မယ်။ ဒီလိုတွေးမိပြီး ရှိစုမဲ့စု အားကလေးနဲ့ အကူအညီ လှမ်းခေါ်တယ်။ အဲဒီကနေပြီး ကျွန်တော့်ဘ၀ အသစ် စ ခဲ့တာပဲ ဆရာ” ------ အလန်၏ ကိုယ်တွေ့က ပုံပြင်ထဲမှ လူစု၏ အဖြစ်အပျက်နှင့် ဆင်တူပင် ဖြစ်သည်။ ကျောင်းတွင် သူ စတင် သင်ကြားရစဉ်က ထိုအဆိုအမိန့်သည် ကျောက်စရစ်ခဲ ဖြစ်သည်။ တကယ် ဘေးဒုက္ခကြုံချိန် သူ့အား လမ်းပြကယ်တင်လိုက်နိုင်သည့် အချိန်တွင်ကား ကျောက်စရစ်ခဲသည် စိန်တုံး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သည်ကနေ့ချိန်ခါမှာ ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ယူစုဆောင်းပါ။ နောက်တစ်နေ့ သင့်ဘ၀ ခရီးလမ်းမှာ စိန်တွေ ပြည့်လျှမ်းနေတာ တွေ့ရပါလိမ့်မည်ဟူ၍ပဲ တိုက်တွန်းချင် ပါသည်။
[မူရင်း။ ။ John Wayne Schlatter ၏ The Magic Pebbles] ---------------------------

The Magic Pebbles ( Written by John Wayne Schlatter ) -----------------------
"Why do we have to learn all of this dumb stuff?" Of all the complaints and questions I have heard from my students during my years in the classroom, this was the one most frequently uttered. I would answer it by recounting the following legend. One night a group of nomads were preparing to retire for the evening when suddenly they were surrounded by a great light. They knew they were in the presence of a celestial being. With great anticipation, they awaited a heavenly message of great importance that they knew must be especially for them. Finally, the voice spoke, "Gather as many pebbles as you can. Put them in your saddle bags. Travel a day's journey and tomorrow night will find you glad and it will find you sad." After having departed, the nomads shared their disappointment and anger with each other. They had expected the revelation of a great universal truth that would enable them to create wealth, health and purpose for the world. But instead they were given a menial task that made no sense to them at all. However, the memory of the brilliance of their visitor caused each one to pick up a few pebbles and deposit them in their saddle bags while voicing their displeasure. They traveled a day's journey and that night while making camp, they reached into their saddle bags and discovered every pebble they had gathered had become a diamond. They were glad they had diamonds. They were sad they had not gathered more pebbles. It was an experience I had with a student, I shall call Alan, early in my teaching career that illustrated the truth of that legend to me. When Alan was in the eighth grade, he majored in "trouble" with a minor in "suspensions." He had studied how to be a bully and was getting his master's in "thievery." Every day I had my students memorize a quotation from a great thinker. As I called roll, I would begin a quotation. To be counted present, the student would be expected to finish the thought. "Alice Adams - 'There is no failure except ...’" "’In no longer trying.' I'm present, Mr. Schlatter." So, by the end of the year, my young charges would have memorized 150 great thoughts. "Think you can, think you can't - either way you're right!" "If you can see the obstacles, you've taken your eyes off the goal." "A cynic is someone who knows the price of everything and the value of nothing." And, of course, Napoleon Hill's "If you can conceive it, and believe it, you can achieve it." No one complained about this daily routine more than Alan - right up to the day he was expelled and I lost touch with him for five years. Then one day, he called. He was in a special program at one of the neighboring colleges and had just finished parole. He told me that after being sent to juvenile hall and finally being shipped off to the California Youth Authority for his antics, he had become so disgusted with himself that he had taken a razor blade and cut his wrists. He said, "You know what, Mr. Schlatter, as I lay there with my life running out of my body, I suddenly remembered that dumb quote you made me write 20 times one day. ‘There is no failure except in no longer trying.' Then it suddenly made sense to me. As long as I was alive, I wasn't a failure, but if I allowed myself to die, I would most certainly die a failure. So with my remaining strength, I called for help and started a new life." At the time he had heard the quotation, it was a pebble. When he needed guidance in a moment of crisis, it had become a diamond. And so it is to you I say, gather all the pebbles you can, and you can count on a future filled with diamonds. By John Wayne Schlatter from A 2nd Helping of Chicken Soup for the Soul Copyright 1995 by Jack Canfield and Mark Victor Hansen ------------------- creditး မူရင်းစာရေးသူ John Wayne Schlatter နှင့် ဘာသာပြန်သူ ဆရာ ဖေမြင့် ၊
အောင်ပညာဒါန Unknown at 5:34 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ
Newer Posts Older Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ▼  10/12 - 10/19 (3)
      • ကမ္ဘာကျော် အောင်မြင်ထင်ရှားသူတွေ အသက်(၂၀)ကျော် အရွယ...
      • ၃၈ - ဖြာ မင်္ဂလာတရားတော် ( 38 Mangalas , Welfares )
      • တန်ဖိုးရှိတဲ့ ကျောက်စရစ်ခဲများ
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.