အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 8, 2014

ကလေးငယ် များ၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်း

ပထမဦးဆုံး ရင်သွေးကို လွယ် ထားစဉ် အချိန်က တက္ကသိုလ် ဆရာမ Heni Wardatur Rohmah အကြွေး တင်ခဲ့ရသည်။ ထိုအကြွေးမှာ သားဖွား စရိတ် မဟုတ်။ ကလေးဝတ် အင်္ကျီများ ဝယ်ယူ စုဆောင်းမှုကြောင့် မဟုတ်။ စာ အုပ်အကြွေးဖြစ်လေသည်။ ”ဗိုက်ထဲက ကလေးကို စာတွေ အသံထွက်ဖတ်ပြနေရင် သူလည်း စာ ဖတ်ရတာကို ကြိုက်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု သူမက ပြောသည်။ ”ကျွန်မ ရင်သွေးလေးကို လိမ္မာ ရေးခြား ရှိစေချင်လို့ပါ” ဟု သူမက ဆိုသည်။ သူမ မျှော်မှန်း ရည်ရွယ်ထားသည့် အတိုင်းပင် သမီးလေး မှာ အသက် ၃ နှစ် အရွယ် ကပင် စာရေး တတ်ဖတ်တတ် နေခဲ့ပြီ။ ယခုအခါ အသက် ၁၁ နှစ်ရှိ ပြီဖြစ်သော သမီးလေး ဒိုင်ဘာကို အများက စာအုပ် ဘုရင်မဟု တင်စား ခေါ်ဝေါ်နေကြပြီး ဒိုင်ဘာသည် စစ်တု ရင် ချန်ပီယံ တစ်ဦးလည်း ဖြစ်သည်။ ပိုင်နိုင် ကျွမ်းကျင် လှသော အင်္ဂလိပ် ဘာ သာစကားဖြင့် အများရှေ့မှောက်တွင် ပုံ ပြောကောင်းသူ တစ်ဦးလည်း ဖြစ်နေ ပါပြီ။ ဒိုင်ဘာသာ မကပါ။ ဒုတိယသမီး လေး ဖြစ်သော အသက် ၇ နှစ် အရွယ် နာယာသည် လည်း အစ်မ နည်းတူ ထက် ထက်မြက်မြက်ပင် ဖြစ်သည်။
မိခင်က ဖတ်ပြသော စာကို သန္ဓေ သားလောင်းက ကြားသိနိုင်စွမ်း ရှိ မရှိ ဆိုသော အချက်မှာ ဆေးပညာ သဘော အရ စောကြောစရာ ရှိပါသည်။ သို့ရာ တွင် သူ တို့ မွေးဖွား ကြီးပြင်းလာသော ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည်ကို တော့ အထူး အထွေ စဉ်းစားစရာ မလို အောင် သေချာပါသည်။ ဒိုင်ဘာနှင့် နာယာ တို့၏ ငယ်စဉ် ဘဝကြီးပြင်းခဲ့ရသည့် ပတ်ဝန်းကျင် သည် သူမတို့ အတွက် များစွာ ထောက်ပံ့ ပေးနိုင်သော အနေ အထားဖြစ်သည်။ သန္ဓေသား ဘဝ ရင်သွေး အပေါ် ပျိုး ထောင်ပေး လိုသော မိဘနှစ်ပါး၏ ဆန္ဒသည် အဆင့်ဆင့် တိုးပွားလာခဲ့ သည်။ ဒိုင်ဘာလေး မွေးပြီးကတည်းက မိဘနှစ်ပါးက အိမ်ရှိအခန်း တစ်ခန်းတွင် အခမဲ့ စာကြည့်တိုက် ကလေး တစ်ခုကို စတင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ၏ မထင်မရှား ရိုဂျာ ကာတာမြို့လေးမှ ၁၄ ကီလိုမီတာ အကွာ ရွာလေးတွင် ပထမ ဆုံး အခမဲ့ စာကြည့်တိုက်လေး တစ်ခု စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်း စာကြည့်တိုက်လေးသည် လူ အများကြား ရေပန်းစား လာခဲ့ပြီး အစိုးရ ထောက်ပံ့မှုကို ဆွဲဆောင်နိုင် ခဲ့သည်။ အစိုးရ ထောက်ပံ့မှုသာမက NGO များ က စာအုပ်များ အသုံး အဆောင်ပစ္စည်း မျာ လာရောက် လှူဒါန်းမှုကြောင့် စာ ကြည့်တိုက်လေး မှာ ဖွံ့ဖြိုး စည်ပင်လာခဲ့ ပြီ ဖြစ်သည်။ မိဘနှစ်ပါး၏ မေတ္တာတရားမှ အစပြုခဲ့သော စာကြည့်တိုက်လေး မှာ ခန့်ခန့် တည်တည်။ အပေါ်ထပ်တွင် စာ ဖတ်ရန်နှင့် စစ်တုရင် ကဲ့သို့သော ကစား နည်း များ ဆော့ ရန်နေရာ။ အပြင်ဘက် တွင် သစ်ပင် ရိပ်အောက်၌ ကလေးများ စာဖတ်နိုင်ရန် ခုံတန်းလေးများ။ စာကြည့်တိုက်လေးက ရပ်တန့် မနေပါ။ ရွာစဉ်လှည့် စာအုပ် ငှားရမ်းမှု ပြုနေသည့် မော်တော် ဆိုင်ကယ် တစ် စီးလည်း ရှိပါသည်။ ထိုမော်တော် ဆိုင် ကယ်မှာ ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ် မီရာဖိ မီးတောင်ပေါက်ကွဲစဉ် က ဒေသခံ အစိုးရ အသုံးပြုရန် လှူဒါန်း ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ရွေ့လျားစာ ကြည့်တိုက် အဖြစ် အသုံးပြုရန် အစိုးရ က ထပ်မံ လက်လွှဲခဲ့ခြင်း ဖြစ်သည်။ အရုပ်များ၊ စာအုပ်များဖြင့် ဒီဇိုင်း ဆင်ထားသော ထိုမော်တော် ဆိုင်ကယ် အိုသည် ကလေးငယ် များကို ဆွဲဆောင် နိုင်နေပါသည်။ ”ကျွန်တော်တို့ မိသားစုက စာဖတ် ဖို့ အမြဲတမ်း အားသန်နေသလို အဲဒီ စိတ်ဓာတ်ကို ဝေမျှပေးဖို့ လည်း အမြဲ ဆန္ဒ ရှိကြပါတယ်” ဟု ဒိုင်ဘာ၏ ဖခင် ဖြစ်သူ အက်ဒီ က ပြော သည်။ သူသည် တက္ကသိုလ်တွင် ကလေး သူငယ်ဆိုင်ရာ စိတ်ပညာ ဘာသာရပ်ကို လေ့လာသင် ယူခဲ့သူလည်း ဖြစ်သည်။ ”ကျွန်တော့်အဖေ Ki Wahyu Pratista ဟာ အစ္စလာမ္မစ် ဘာသာရေး ကျောင်းတစ်ခုမှာ ဆရာ လုပ်နေပြီး စိတ် ပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရေး နေပါတယ်။ ကျွန်တော် တို့ရဲ့ စာကြည့် တိုက်လေး အတွက်လည်း အများကြီး ထောက်ပံ့ ခဲ့ပါတယ်” ဟု အက်ဒီက မိ သားစု စာကြည့်တိုက် အကြောင်း ဂုဏ်ယူစွာ ဖွင့်ဟသည်။ ယခုအခါ အိမ်ရှေ့ သစ်ပင်ပေါ် တွင် လင့်စင်လေး ထိုးပြီး ကလေးများ အတွက် စာဖတ်ရန် နေရာအသစ် ဖန် တီးပေးထား သလိုပင် ငြိမ်ငြိမ် ထိုင်ပြီး စာ မဖတ်လိုသည့် ကလေးများ အတွက် ဒန်းတစ်ခု လည်း ဆင်ပေးထားပြီ ဖြစ် သည်။ ”အိမ်နီးချင်းတွေက အဲ့ဒီစိတ်ကူး ကို သဘောကျပြီး စာဖတ်နေကြပြီ။ လူ တွေရဲ့ စိတ်ဝင်စားမှု များလာတာ နဲ့ အမျှ ကျွန်တော် တို့ ဒီ့အတွက် အချိန် ပိုပေးပြီး ထပ်ပြင် ဆင်နေ ပါတယ်” ဟု ၄င်းကပြောသည်။ စာအုပ်များ၊ အရုပ်များနှင့် တန်ဆာ ဆင်ထားသော မော်တော် ဆိုင် ကယ် စာကြည့်တိုက်ကို အနီးအနား ရွာ ခြောက်ရွာသို့ တစ်ပတ် တစ်ရက် လှည့် ပတ် ငှားရမ်းပေးပြီး ဖတ်ချင် သည့် စာအုပ် အမျိုးအစား ကိုလည်း မေးမြန်း လေ့ ရှိသည်ဟု သိရသည်။ ယခုအခါ စာကြည့်တိုက် ငယ်လေး တွင် အမျိုး အမည် စုံသော စာအုပ်ရေ အတွဲ ၄ဝဝဝ ကျော် ရှိနေပြီး ကဏ္ဍစုံမှ လှူဒါန်းမှု က အများစု ဖြစ်သည်။ ကားလ်မတ်၊ ဆူကာနိုကဲ့ သို့သော အတ္ထုပ္ပတ္တိ စာအုပ်များမှ အစ ကလေး ငယ်များ အတွက် ရုပ်စုံ ကာတွန်းများ အထိ ရှိနေပြီး စာဖတ် ပရိသတ် ကလည်း အလွှာ စုံဖြစ် လာခြင်းက စာကြည့်တိုက် လေး မည်မျှ အောင်မြင်နေသည် ကို သိ စေနိုင်သည်။ ”ကျွန်မက အတ္ထုပ္ပတ္တိတွေ ကိုလည်း ကြိုက်တယ်။ ပြီးတော့ အဖော်တွေကို အဲဒီလို စာအုပ်တွေ ဖတ်ဖြစ်စေချင် တယ်” ဟု ၁၁ နှစ်သမီး ဒိုင်ဘာက ဆိုသည်။ ကာတွန်း ရုပ်စုံ စာအုပ်ကိုတော့ သူမ မကြိုက်တော့ဟု ဆိုသည်။ အင်တာနက်နှင့် ချိတ်ဆက်ထား သော ကွန်ပျူတာ နှစ်လုံးပါ အခန်း ကလေး တစ်ခုလည်း စာကြည့်တိုက် တွင် ရှိနေပါပြီ။ စာကြည့်တိုက် ဦးစီးပဲ့ကိုင် အက် ဒီက အင်ဒိုနီးရှား၏ စာဖတ်ခြင်း အပေါ် ရှုမြင်ပုံအား အံ့သြမိသည်ဟု ဆိုသည်။ စာအုပ် စာပေထက် အစားအစာ အတွက် ငွေပို သုံးလေ့ရှိသော အလေ့ အကျင့်၊ ဆဲလ်ဖုန်း အတွက် ငွေများစွာ အကုန်အကျ ခံလေ့ရှိသော်လည်း စာ အုပ်ဝယ်ဖို့ လက် တွန့်နေတတ် သည့် အ လေ့အကျင့် တို့က အင်ဒိုနီးရှား တို့ တိုး တက်သင့် သလောက် မတိုးတက်ခြင်းဖြစ် နေစေသည် ဟု သူမြင်သည်။ ”ဒီအုပ်စုကပဲ စာအုပ်တွေကို ကြိုက်တယ်။ စာအုပ် စာပေက ပညာရေး နဲ့ အနာဂတ် အတွက် အဓိက ဆိုတာကို သိတဲ့ သူတွေတောင် ဝယ်ယူ စုဆောင်းမှု အင်မတန် နည်းနေသေးတာ တွေ့ရ တယ်” ဟု အက်ဒီက ပြောသည်။ သူတို့ရဲ့ စာကြည့်တိုက်လေး Mata Aksara ကို စတင်သော အခါတွင် ရင်းနှီးသော မိတ်ဆွေသင်္ဂဟ အချို့က အချိန်ဖြုန်း သည့် အလုပ်ဟု ယူဆပြီး ကုန်ပစ္စည်း အရောင်း အဝယ် ကို အာရုံ စိုက်ဖို့ သင့်သည်ဟု အကြံပြုကြသည်။ ”အတော်များများက စာကြည့် တိုက်ဆိုတာ လူ့မလိုင်အလွှာ အတွက်ပဲ လို့ ထင်နေတယ်။ ဒါဟာ မဟုတ်ဘူး စာကြည့်တိုက် ဆိုတာ အားလုံး အတွက် ဖြစ်တယ် ဆိုတာ ကျွန်တော် တို့ လုပ်ပြ နေတယ်” ဟု သူက ပြောသည်။ အာဏာရှင် ဆူကာနို လက်ထက် စာပေ စိစစ်ရေးနှင့် ပုံနှိပ်လုပ်ငန်း အပေါ် ဖိနှိပ်ခြင်း တို့က အင်ဒိုနီးရှား ၏ စာဖတ် သည့် အလေ့အထ ကို အားယုတ်လျော့ ကျစေခဲ့ပြီး ယခု အထိ ပြန်လည် အသက် သွင်းနေရဆဲဟု ပညာရှင် တို့က ဆိုကြ သည်။ ”အခမဲ့ စာကြည့်တိုက်တွေ အင်ဒို မှာ အလုပ်ဖြစ်နေပါပြီ။ ကဲဗျာ ကျွန်တော် စာအုပ် ၅ဝ ပျောက်သွားတယ် ဆိုပါစို့။ ဘာအရေးလဲ။ ဒါဟာ စာအုပ် တွေကို အသုံး ချနေတယ် လို့ မြင်ပေးလို့ ရတာပဲ” ဟု အက်ဒီက အကောင်းမြင်စွာ ပြောသည်။ ”နောင်တစ်နေ့မှာ အင်ဒိုနီးရှားရဲ့ အိမ်တိုင်းမှာ စာအုပ်စင် ရှိနေဖို့ မျှော် လင့်ပါတယ်” ဟု သူကပြောသည်။ ကျော်ရဲလင်း
အောင်ပညာဒါန Unknown at 11:36 PM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ▼  08/03 - 08/10 (38)
      • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတေ...
      • စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း
      • ၁။ ယမက၀ဂ္ဂ
      • ကလေးငယ် များ၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်း
      • မေတ္တာ၏အကျိုးကျေးဇူးများ
      • ၀ါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ
      • အဋ္ဌမတန်းကျောင်းသား/သူများအတွက် အောင်ပညာဒါနသင်တန်းကေ...
      • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းေ...
      • တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ အတွက် အောင်ပညာဒါသ...
      • အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေ...
      • ပုဂံခေတ်က မျိုးစောင့်ဥပဒေ
      • မှတ်မှတ်ရရ စကားစုလေးများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ထို့ ကြောင့်အမေဟုခေါ်သည်
      • ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလား..
      • မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်
      • အသက်အရွယ်အလိုက် အိပ်သင့်သော ပမာဏ
      • ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ
      • တန်ဖိုးရှိသော စာသားများ
      • ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
      • ဘ၀အောင်မြင်မှု
      • တစ်နေ့တာအတွက် စိတ်ခွန်အားများ
      • ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
      • မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
      • အဲဒါ ဘာကောင်လဲ ?
      • မာသာထရီဇာ နိုဗယ်ဆုလက်ခံယူစဉ်ကပြောခဲ့သောမိန့်ခွန်း
      • ယောက်ျားလးများအသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
      • အမေရိကန်လူမျိုးရဲ့ ဦးနှောက်
      • ပျော်ရွှင်စွာနေတတ်ပါစေ
      • ဘ၀အတွက်အဟာရစကား(၂၃)ခွန်း
      • မျိုးစောင့်ဥပဒေ နှင့် ပတ်သက်သောလုပ်ငန်းစဉ် ( ၅ ) မ...
      • လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော် က မျိုးစောင့်ဥပဒေြ...
      • ဦးကုမုဒ အရှင်ဘုရား မျိုးစောင့်ဥပဒေကို လက်ခံပါသလား
      • ဖေ့ဖေ့ကိုချစ်တယ်
      • အဝေးရောက် မြန်မာလူငယ်များ၏ အိမ်အပြန်
      • ဆရာ ၀င်းကျော်သန်း မှ သင်္ချာဘာသာရပ်များပို့ချပေးနေစဉ်
      • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ...
      • ပုလဲ အကြောင်း
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.