Aug 18, 2014
လူကောင်သေးရခြင်းအကြောင်းရင်းများ
နေ့စဉ်စားသောက်သော အစားအစာများသည် ခန္ဓာကိုယ်အာဟာရအတွက်သော်လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှု၊ ဉာဏ်ရည်ဖွံ့ ဖြိုးမှုများအတွက်သော်လည်းကောင်း လွန်စွာအရေးပါသည်။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့အတွက် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်ပေါင်းများစွာ နေ့စဉ်လိုအပ်ပြီး ထိုလိုအပ်သော အာဟာရဓာတ်များ ပြည့်စုံမှသာ ကျန်းမာသန်စွမ်းထက်မြက်သော လူသားများဖြစ်လာမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်များကမြန်မာလူမျိုးများသည်ကျန်းမာသန်စွမ်းသောခန္ဓာကိုယ်များအား ပိုင်ဆိုင်ခဲ့ ကြသော်လည်း တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှစားသုံးသည့် အစားအသောက်ပေါ်မူတည်ပြီး အာဟာရဓာတ်များ ပြည့်စုံမှုမရှိခြင်းများကြောင့် မြင်သာသည့် ခန္ဓာကိုယ်အချိုးအဆများမှာ သေးကွေးသွားသည်ကို သတိပြုမိကြမည်ဖြစ်ပါသည်။
ငွေကြေး မလုံလောက်ခြင်း၊ အာဟာရဓာတ်များ ပါဝင်သည့် အစားအစာများအားစုံလင်စွာစားသုံးရမည်ကို သိရှိသည့် ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း စသည်တို့ကြောင့် ထိုကဲ့သို့ဖြစ်လာခြင်းဖြစ်ပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ မျိုးရိုးလိုက်ခြင်းလည်း ရှိသဖြင့် သတိမပြုပါက နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာနိုင်ကြောင်း အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကပြောကြားကြသည်။
Labels:
ကျန်းမာရေးကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment