အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 18, 2014

ရိုးသားခြင်းသည်သာ

အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်လာတော့ သူ့နေရာမှာဆက်ခံမယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ သူ့ရဲ့ သား သမီးများနဲ့ လက်ရှိသူ့လုပ်ငန်းက ဒါရိုက်တာများထဲက ရွေးချယ်ဖို့ထက် တခြားနည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကုမ္ပဏီမှာရှိတဲ့ လူရွယ်အရာရှိများအားလုံးကို အစည်းအဝေးခေါ်လိုက်ပါတယ်။ "ခုဆိုရင် ငါဟာ အသက်အရွယ်ကြီးလာပြီဖြစ်လို့ ကုမ္ပဏီရဲ့ CEO အသစ်ကို ငါ့နေရာမှာ ဆက်ခံဖို့ ရွေးချယ်ရတော့မှာပါ။ မင်းတို့ထဲက တစ်ယောက်ကို နောက် ဖြစ်မယ့် CEO အဖြစ်ရွေးချယ်ချင်တယ်" လို့ သူကအစည်းအဝေးမှာပြောလိုက်တဲ့ခါ အရာရှိငယ်တွေအားလုံး အံ့အားသင့်သွားကြပါတယ်။ သူက ဆက်ပြောပါတယ်။

"ငါ မင်းတို့ကို မျိုးစေ့ တစ်စေ့စီ ဒီနေ့ ပေးပါမယ်။ မင်းတို့ အဲဒီမျိုးစေ့ကို စိုက်ပါ။ ရေလောင်းပါ။ ဒီနေ့ကနေ စလို့တစ်နှစ်ကြာတဲ့ခါမှာ မင်းတို့ စိုက်တဲ့မျိုးစေ့ကနေ ဘာအပင်ပေါက်လာတယ်။ ဘာတွေပွင့်လာတယ် သီးလာတယ်ဆိုတာကို ယူလာပြရပါမယ်။ မင်းတို့ ယူလာပြတဲ့ အပင်တွေအပေါ်မူတည်ပြီးတော့ ငါ့နေရာကို ဆက်ခံမယ့် CEOကို ငါရွေးချယ်ပါမယ်" အဲဒီလိုပြောပြီးနောက် သူက အရာရှိငယ်တွေအားလုံးကို မျိုးစေ့တစ်စေ့စီပေးပါတယ်။ အဲဒီထဲမှာ Jim ဆိုတဲ့ အရာရှိငယ်တစ်ယောက်လည်း မျိုးစေ့ကို လက်ခံယူပြီး အိမ်ပြန်ပြီးနောက် သူ့ ဇနီးကို စိတ်လှုပ်ရှားစွာနဲ့ ပြောပြပါတယ်။ Jim ရဲ့ ဇနီးသည်က မျိုးစေ့ကို ပန်းအိုးတစ်အိုးထဲမှာ မြေဩဇာပြည့်နေတဲ့ မြေကြီးထည့်စိုက်ဖို့ ကူညီပေးပါတယ်။ ဇနီးသည်ရဲ့ အကူအညီနဲ့ Jim ဟာမျိုးစေ့ကို စိုက်ပျိုးလိုက်ပါတယ်။ နေ့စဉ်နေ့တိုင်းပဲ Jim ဟာရေလောင်းပြီး ဘာပင်ထွက်လာမလဲ ဆိုတာကို စောင့်ကြည့်ပါတယ်။ ရက်သတ္တပတ် ၃ ပတ်ကြာတဲ့အခါ မှာတော့ အခြား အရာရှိငယ်များက သူတို့စိုက်ပျိုးထားတဲ့ မျိုးစေ့မှ အပင်ပေါက်လာကြောင်းကို ပြောကြပါတယ်။ Jim က သူ့ မျိုးစေ့ကို နေ့တိုင်း စောင့်ကြည့်ပေမဲ့ ဘာပင်မှ ပေါက်လာတာကို မတွေ့ရ ပါဘူး။ ၄ ပတ်၊ ၅ ပတ် ကြာလာတဲ့ထိ ဘာပင်မှ ပေါက်မလာပါဘူး။ ရုံးမှာ အခြား အရာရှိငယ်များက သူတို့စိုက်ပျိုးထားတဲ့ မျိုးစေ့မှ ပေါက်လာတဲ့အပင်အကြောင်းကို ပြောကြပေမဲ့ Jim ကတော့ သူ့မှာ ဘာအပင်မှ ပေါက်မလာတဲ့အတွက် စိတ်ဓာတ်ကျကာ အရှုံးကို ရင်ဆိုင်ခံစားနေရပါတယ်။ ၆လ ကြာပြီးသွားတဲ့ထိတိုင် Jim ရဲ့ ပန်းအိုးထဲမှာ ဘာအပင်မှ ပေါက်မလာပါဘူး။ Jim သိလိုက်ပါပြီ။ သူ့ မျိုးစေ့ဟာ အပင်ပေါက် မလာဘဲ သေသွားတယ်ဆိုတာ။ တခြားအရာရှိငယ်များမှာတော့ သန်စွမ်းတဲ့အပင်များရှိနေကြပြီး သူ့မှာတော့ ဘာအပင်မှ ရမလာပါဘူး။ Jim က သူ စိုက်ပျိုးတဲ့ မျိုးစေ့မှ ဘာအပင်မှ ပေါက်မလာကြောင်း ဘယ်သူကိုမှ မပြောပြဖြစ်ပါဘူး။ ဒါပေမဲ့လည်း သူဟာ မျိုးစေ့မှ အပင်ပေါက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မြေဩဇာဖြည့်ခြင်း၊ ရေလောင်းခြင်းတို့ကိုတော့ နေ့စဉ်မှန်မှန် ဆက်လုပ်ပါတယ်။ အဲဒီလိုနဲ့ တစ်နှစ်ကြာတဲ့အခါမှာတော့ အရာရှိငယ်များအားလုံးက သူတို့ စိုက်ပျိုးထားတဲ့ အပင်များကို ယူလာပြကြရပါတယ်။ Jimက သူ့ဇနီးကို သူ ဒီ ဘာအပင်မှမရှိတဲ့ ပန်းအိုးကို ယူသွားမပြချင်ကြောင်းပြောတဲ့အခါ သူ့ဇနီးက ဘာပဲဖြစ်ဖြစ် အမှန်အတိုင်းသာ ပြောဖို့ တိုက်တွန်းပါတယ်။ Jimက ဒီအဖ်ြအပေါ်မှာ အင်မတန် အရှက်ရပါတယ်။ သူ့ဘဝမှာ ရှက်စရာအကောင်းဆုံးအဖြစ်ပါပဲ။ ဒါပေမဲ့လည်း သူ့ဇနီးပြောတာ မှန်တယ် ..သူ့ဇနီးပြောသလိုပဲ အမှန်အတိုင်း ရိုးရိုးသားသားပဲ ဘာအပင်မှ မပေါက်လာတဲ့အကြောင်းပြောဖို့ ဆုံးဖြတ်ပြီး အစည်းအဝေးခန်းမထဲကို မျိုးစေ့ထည့်စိုက်ပျိုးထားတဲ့ ပန်းအိုးကို ယူဆောင်သွားပါတယ်။ အစည်းအဝေးခန်းမထဲ Jimရောက်ရှိသွားတဲ့ခါ အခြား အရာရှိငယ်များရဲ့ သန်စွမ်းလှပတဲ့အပင်များကို မြင်ရကာ အံ့အားသင့်သွားရပါတယ်။ Jim က သူ့ပန်းအိုးကို ကြမ်းပြင်ပေါ်ကို ချလိုက်တယ်ဆိုရင် ဘာအပင်မှ မရှိတဲ့ ပန်းအိုးကို ကြည့်ပြီး အခြားအရာရှိငယ်အချို့က ဟားတိုက်ရယ်မောကြပါတယ်။ အချို့ကတော့ Jim အတွက် စိတ်မကောင်းဖြစ်ကြပါတယ်။ အစည်းအဝေးခန်းမထဲကို CEO ရောက်ရှိလာတဲ့အခါမှာတော့ အရာရှိငယ်များကို နှုတ်ဆက်ပြီး အပင်များကို ကြည့်ရှုပါတယ်။ Jimကတော့ ရှက်လှတဲ့အတွက် အနောက်ဘက်မှာ ပုန်းနေလိုက်ပါတယ်။ CEO က " အင်မတန် လှပ သန်စွမ်းတဲ့အပင်တွေကို မင်းတို့ စိုက်ခဲ့ကြတာပဲ။ ဒီနေ့တော့ ငါ့နေရာကို ဆက်ခံမယ့် CEOကိုရွေးချယ်ခန့်ထားရတော့မှာေ ပါ့" လို့ ပြောပါတယ်။ ချက်ချင်းဆိုသလိုပဲ CEOက Jimကို ဘာအပင်မှ မရှိတဲ့ ပန်းအိုးနဲ့ အတူတွေ့သွားပြီး စီးပွားရေးဌာနဒါရိုက်တာကို Jim ကိုအရှေ့ကို ခေါ်ထုတ်ပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ Jim က စိတ်ထဲမှာ အလန့်တကြားဖြစ်သွားပါတယ်။ CEO က သူ့ကို အလုပ်ဖြုတ်တော့မှာပဲလို့ စိုးထိတ်သွားပါတယ်။ Jim အရှေ့ကိုရောက်တယ်ဆိုရင်ပဲ CEOက Jim ရဲ့မျိုးစေ့ ဘာဖြစ်တာလဲလို့ မေးပါတယ်။ Jimက အကြောင်းစုံ ပြောပြလိုက်ပါတယ်။ အဲဒီအခါ CEOက အခြားအရာရှိငယ်များကို ထိုင်ခိုင်းလိုက်ပြီးနောက် " ဒီမှာ မင်းတို့ရဲ့ အရာရှိချုပ်ကို ရွေးချယ်လိုက်ပါပြီ။ သူ့နာမည်က Jim ဖြစ်ပါတယ် " လို့ ကြေညာလိုက်ပါတယ်။ Jimက သူ့ကိုယ်သူ မယုံကြည်နိုင်ပါဘူး။ အခြား အရာရှိများကလည်း အံ့အားသင့်ပြီး Jim က ဘာပင်မှ ပေါက်လာအောင် မစိုက်နိုင်ဘဲ ဘယ်လိုလုပ် အရာရှိချုပ်အဖြစ် CEOရဲ့နေရာကို ဆက်ခံမှာလဲလို့တီးတိုးပြောဆိုကြပါတယ်။ CEOက အရာရှိငယ်များအားလုံးကို " မင်းတို့ကို လွန်ခဲ့တဲ့တစ်နှစ်က မျိုးစေ့တစ်စေ့စီပေးပြီး အပင်စိုက်လို့ နောင်တစ်နှစ်အကြာမှာ ယူလာပြဖို့ ငါ ပြောခဲ့ပါတယ်။ Jimကလွဲလို့ မင်းတို့ အားလုံး သန်စွမ်းလှပတဲ့အပင်တွေကို ဒီနေ့ ယူဆောင်လာပြကြတယ်။ တကယ်တော့ မနှစ်တုန်းက မင်းတို့ကို ငါ ပေးလိုက်တဲ့ မျိုးစေ့တွေဟာ ပြုတ်ထားပြီးသား အစေ့တွေဖြစ်တဲ့ အတွက် သေပြီးသားမျိုးစေ့တွေဖြစ်လို့ ဘယ်လိုမှ အပင်ပေါက်လာ မှာ မဟုတ်ပါဘူး။ မင်းတို့က ဒီမျိုးမအောင်တဲ့ မျိုးစေ့တွေကို စိုက်ပြီး ဘာအပင်မှ ပေါက်မလာတဲ့အခါ တခြား အပင်နဲ့ အစားထိုးပြီး ယူလာ ပြကြတယ်။ Jim ကတော့ ဘာအပင်မှ မရှိတဲ့ ပန်းအိုးနဲ့အတူ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိကို ငါ့ဆီ ယူလာ ပြပါတယ်။ သူဟာ ငါပေးတဲ့မျိုးစေ့ကို ရိုးသားမှုနဲ့သတ္တိအဖြစ် စိုက်ပျိုးနိုင်ခဲ့တယ်။ ဒါကြောင့် Jim ဟာ ငါ့နေရာမှာ ဆက်ခံမယ့် CEO အသစ်အဖြစ် ရွေးချယ်ခြင်းခံရပါတယ်" လို့ ပြောလိုက်ပါတယ်။ တကယ်လို့ သင်ဟာ ရိုးသားမှုကို စိုက်ပျိုးမယ်ဆိုရင် ယုံကြည်မှုကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ကောင်းမြတ်ကြင်နာခြင်းကို စိုက်ပျိုးမယ်ဆိုရင် မိတ်ဆွေကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာနှိမ်ချရိုကျိုးခြင်းကို စိုက်ပျိုးမယ်ဆိုရင် ကြီးမြတ်ခြင်းကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဇွဲ၊ လုံ့လကို စိုက်ပျိုးမယ်ဆိုရင် ကျေနပ်ရောင့်ရဲခြင်းကို ရိတ်သိမ်းရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အလုပ်ကြိုးစားမှုကို စိုက်ပျိုးမယ်ဆိုရင် အောင်မြင်မှုကို ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ နားလည်ခွင့်လွှတ်ခြင်းကို စိုက်ပျိုးမယ်ဆိုရင် သင့်မြတ်ပြေလည်ခြင်းကို ရိတ်သိမ်းရမှာဖြစ်ပါတယ်။ by Hlaing Win Tun (Prashanth Reddy ၏ “Honesty is the best policy" ပုံပြင်ကို နားလည်သလို ဘာသာပြန်ဆိုပါသည်။ )
အောင်ပညာဒါန Unknown at 11:43 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ▼  08/17 - 08/24 (30)
      • ၆။ ပဏ္ဍိတ၀ဂ္ဂ
      • Yangon & Environment
      • Shan State & Environment
      • ချမ်းသာချင်ရင်ဒါလေးတွေဂရုစိုက်
      • ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ
      • သီလပညာသည်သာ အမြတ်ဆုံး
      • အဖိုးတန် ဆိုစကားများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသ...
      • ၅။ ဗာလ၀ဂ္ဂ
      • အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည...
      • ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ...
      • " ဆရာကြီး သမီး မြက်ပင်လေးကို အမြစ်က နှုတ်လိုက်ပါပြီ "
      • ပြသနာကို ဘယ်လိုဖြေရှင်းမလဲ?
      • အနှိုင်းမဲ့မီး
      • လူကောင်သေးရခြင်းအကြောင်းရင်းများ
      • Top 10 Myanmar Travel Destinations
      •  Shwedagon Pago In Yangon Myanmar is well known...
      • ရိုးသားခြင်းသည်သာ
      • "ကလေးများ၏ လက်ဦးဆရာ"
      • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
      • အပျော့စားသတ္တု
      • အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလိ...
      • အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင်း (အပိုင်း ၂ )
      • ၄။ ပုပ္ဖ၀ဂ္ဂ
      • ၃။ စိတ္တ၀ဂ္ဂ
      • ကျန်းမာရေးအတွက် စက်ဘီးစီးမယ်
      • ဘဝကြီး မှာပျော်အောင်နေတတ်ဖို့ ဒီအချက်လေးတွေက အထောက...
      • သုခပေး၍ ပျော်ရွှင်ပါ
      • ခြင်မလာစေတဲ့ သဘာဝဆေးနည်း
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.