အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Sep 6, 2014

လက်ရေးကိုကြည့်ပြီး ရေးတဲ့သူရဲ့အကြောင်း ပြောတဲ့နည်း

လက်ရေးကို ကြည့်ပြီး ရေးတဲ့သူရဲ့ အကြောင်း ပြောတဲ့နည်းကို "Graphology" လို့ခေါ်ပါတယ်။ ကိုယ်ရေး လိုက်တဲ့ စာ လုံးတွေက ကိုယ်ဘယ်လို လူမျိုးလဲ၊ ဘယ်လို စရိုက်မျိုး၊ စွမ်းရည်မျိုး ရှိလဲ ဆိုတာ ထင်ဟပ် နေပါတယ်။

အရင်တုန်းက ဦးစံရှား ၀တ္တုတွေမှာ လူတွေရဲ့ လက်ရေးကို ကြည့်ပြီး လူတွေအကြောင်း ခန့်မှန်းတာ ဖတ်ခဲ့ဖူး ကြမှာပါ။ လက်ရေးကို ကြည့်ပြီး ရေးတဲ့သူရဲ့ အကြောင်း ပြောတဲ့ နည်းကို "Graphology" လို့ခေါ်ပါတယ်။ မိမိ ဘယ်လို လက်ရေးမျိုးနဲ့ ရေးလိုက်ပါစေ ကိုယ်ရေး လိုက်တဲ့ စာ လုံးတွေရဲ့ သဘာဝ တွေက ကိုယ်ဘယ်လို လူမျိုးလဲ၊ ဘယ်လို စရိုက်မျိုး ရှိလဲ၊ ဘယ်လို စွမ်းရည်မျိုး ရှိလဲ အစရှိ သဖြင့် ကွဲပြား ခြားနားတဲ့ အ ချက်အလက်ပေါင်း ၅၀၀၀လောက်တောင် ပြောနိုင် ပါတယ်တဲ့။ ဆေးပညာ ဘက်မှာတော့ ရောဂါ ရှာဖွေ ဆန်းစစ်တဲ့ နေရာမှာ အကူအညီ နည်းပညာ တစ်ခု အနေနဲ့ သုံးကြ ပါတယ်။ ကဲဘယ်လို အသုံးပြု သလဲ၊ ဘာအချက်အလက် တွေပေါ် အမှီပြုပြီး ဆုံးဖြတ် ကြသလဲ။ သိချင်ရင် တော့ ပထမဆုံး စာတစ်ကြောင်း ချရေးလိုက်ပါ။ အင်္ဂလိပ် စာလုံး t, o, s, i , l , I ပါတဲ့ စာတစ်လုံးလောက် 'something' ပဲဖြစ်ဖြစ် ရေးချလိုက် ပါ။ ကဲဆက်ဖတ် ကြည့်ပါဦး။

Handwriting and Personality

စာလုံးအရွယ်အစား(Size)
စာလုံး အရွယ်အစားကို သုံးမျိုးခွဲ ကြည့်ကြပါစို့။ အရွယ် ကြီးကြီး၊ သာမန် အရွယ်နဲ့ အရွယ် ငယ်ငယ်လို့ သုံးမျိုး ရှိတယ် ဆိုကြပါစို့။ စာရေးရင် ကြီးမှ မြင်ရမှာ ဆိုပြီးစာလုံး ခပ်ကြီးကြီး ရေးတတ်တဲ့ သူမျိုးဟာ လူတွေပေါ် မှီခိုတတ် ပေမယ့် သွားသွား လာလာ နေတတ်ပြီး ပွင့်ပွင့် လင်း လင်းလဲ ပြောဆို နေထိုင်တတ် ပါတယ်။ မကောင်းတာ ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတယ်လို့ ဟန်ဆောင် တတ်တာပါပဲ။ စာ ရေးရင် ပုံမှန် အရွယ်အစား လောက်ပဲ ရေးတတ်တဲ့ သူတွေ ကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ သဘာဝနဲ့ လိုက်လျော ညီထွေ ရှိတတ်တဲ့ သူ တွေလို့ ဆိုပါတယ်။ စာလုံး ခပ်သေးသေး ရေးတတ်တဲ့ သူတွေ ကတော့ ဘယ်အရာ မဆို စူးစူးစမ်းစမ်းနဲ့ အသေးစိတ် ပေမယ့် ရှက်တတ်တဲ့ စရိုက် ဒါမှမဟုတ် လူတွေနဲ့ ခပ်ခွာခွာ နေတတ်တဲ့ စရိုက် ဆိုတဲ့ မကောင်းတဲ့ အချက် လေးတော့ ရှိနေတတ် ပါတယ်။

စာလုံး အကွာအဝေး (Spacing between words)
အခု မှာတော့ နှစ်မျိုးပဲ ရှိပါတယ်။ စာလုံး ခပ်ခွာခွာ ရေးတာနဲ့ စာလုံး ခပ်ကပ်ကပ် ရေးတာ ပါပဲ။ စာရေးရင် စာလုံး တစ်လုံးနဲ့ တစ်လုံး ခွာခွာနဲ့ ရှင်းရှင်းလေး ရေးတဲ့ သူကတော့ အဝေးပြေး လမ်းမကြီးမှာ တစ်စီးထဲ စိတ်ကြိုက် မောင်းနေတဲ့ ကားလိုပါပဲ။ လွတ်လွတ် လပ်လပ် နေရတာကို ကြိုက်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က လွှမ်းမိုး နေတာကို မကြိုက်ဘဲ သီးသန့် နေတတ်တဲ့ စရိုက်တွေလဲ ရှိနေတတ် ပါတယ်။ စာရေးရင် ခပ်ကျဉ်းကျဉ်းနဲ့ ရေးတတ်တဲ့ သူတွေကတော့ တစ်ယောက်တည်း မှိုင်တွေ နေတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ အမြဲတမ်း ပတ်ဝန်းကျင်နဲ့ ထိ တွေ့ နေချင်ပြီး အမြဲ တက်ကြွ၊ ဆူဆူညံညံ နေတတ် ပါတယ်တဲ့။

Spacing between words

စာလုံးစောင်း မစောင်း (Slanting)
စာရေးရင် တချို့သော သူတွေက စောင်းရေး တတ်ပါတယ်။ ဘယ်ဘက်ကို စောင်းရေး တတ်တဲ့ သူတွေကတော့ ခပ်သိုသို သိတ်သိတ်နေ တတ်တဲ့ သူတွေ ဖြစ်ကြပြီး ဘယ်အလုပ် မဆို ရှေ့ထွက်ရတဲ့ အလုပ်ဆို မလုပ်တတ် ကြပါဘူး။ ဒါပေမယ့် အဆိုပါ ဘယ်ဘက်စောင်း ရေး တတ်တဲ့ သူဟာ ညာသန် ဖြစ်နေခဲ့ ရင်တော့ ဂွကျကျ နေထိုင် ပြောဆို တတ်တဲ့ သူတွေပါတဲ့။ ဘယ်ဘက် ပြီးတော့ ညာဘက် စောင်းကြ ပါစို့။ စာလုံးတွေကို ညာဘက် စောင်းပြီး ရေးတတ်တဲ့ သူတွေဟာ အတွေ့အကြုံသစ်၊ မိတ်ဆွေ ရောင်းရင်း သစ်တွေ အမြဲ ရှာနေတတ်တဲ့ သူတွေ ဖြစ် ပါတယ်တဲ့။ ကောင်းမွန်တဲ့ အချက်ပါပဲ။ စာလုံး တွေကို တိုင်တွေကို ဖြောင့်မတ်စွာ ရေးတတ်တဲ့ သူတွေ ကတော့ မိမိ ခံစားချက် တွေကို ချုပ် တည်း တတ်တဲ့သူ တွေဖြစ်ပြီး လက်တွေ့ကျကျ တွေးပြီး လုပ်ကိုင် တတ်တဲ့ သူတွေ ဖြစ်ပါတယ်။

စာလုံး တွေရဲ့ ပုံစံ (Shape of letters)
ဘယ်သူပဲ ဖြစ်ဖြစ် စာရေးရင် သုံးမျိုး၊ သုံးစားသော စာလုံးပုံစံကို တွေ့ဖူး ကြမှာပါ။ ခပ်ဝိုင်းဝိုင်း စာလုံး ပုံစံရယ်၊ ထောင့်ကျိုး ထောင့်ကွေး တွေနဲ့ ခပ်ချွန်ချွန် စာလုံး ပုံစံရယ်နဲ့ စာလုံး တစ်လုံးနှင့် တစ်လုံး ထိနေတဲ့ စာလုံး ပုံစံတွေပါ။ ခပ်ဝိုင်းဝိုင်း ရေးတတ်တဲ့ သူတွေ ကတော့ အနုပညာ ဗီဇ ပါလာတဲ့ သူတွေလို့ ပြောလို့ရ ပါတယ်။ တီထွင် တတ်တဲ့ ဦးနှောက်ရယ်၊ ကဗျာဆန်တဲ့ အတွေးအခေါ်တွေ ရှိတတ်ကြ ပါတယ်တဲ့။ ခပ်ချွန်ချွန် စတိုင်နဲ့ ရေးတတ်တဲ့ သူတွေ ကတော့ စိတ်ဆတ်ပြီး အရာရာကို အလေးထား သံသယ ရှိတတ်တဲ့ ဗီဇရှိ တတ်ပေမယ့် အရမ်းတော်တဲ့ သူတွေ ဖြစ်နေတတ် ပါတယ်။ စာလုံးဆက်တွေ ရေးတတ်တဲ့ သူတွေကတော့ စနစ်တကျနဲ့ ဆုံးဖြတ်ချက် တွေကို သေသေချာချာနဲ့ မှန်မှန်ကန်ကန် ပြု လုပ်တတ်တဲ့ သူတွေ ဖြစ်ပါတယ်တဲ့။

စာလုံးအ၀ိုက် (Looping)
အခု ခေါင်းစဉ် မှာတော့ အင်္ဂလိပ် သင်္ကေတ ဖြစ်တဲ့ l နဲ့ e ကိုရွေးပြီး ပြောပါရစေ။ l ကိုရေးတဲ့ အခါမှာ ၀ိုက်တဲ့နေရာ ခပ်ကျဉ်းကျဉ်း ရေး တတ်တဲ့ သူတွေဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ် လွန်းသူတွေ ဖြစ်ပြီး အဲဒါနဲ့ပဲ စိတ်ဖိအားတွေ ရနိုင်ပါ တယ်တဲ့။ l ကိုရေးတဲ့အခါ ခပ်ကျယ်ကျယ် ၀ိုက်ရေးတတ်တဲ့ သူတွေဟာ အမြဲ စိတ်အေးအေးနဲ့ စိတ်ရှင်းရှင်း နေတတ်ပြီး လုပ်ချင် တာရှိရင် အချိန် မဆိုင်းဘဲ ထလုပ်တတ်တဲ့ သူတွေ ပါတဲ့။ စာလုံး e ကိုခပ်ကျဉ်းကျဉ်းနဲ့ ၀ိုက်ရေးတတ်တဲ့ သူတွေ ကတော့ တခြားသူ တွေကို အမြဲသံသယ ရှိနေတတ်ပြီး ပတ်ဝန်းကျင် လွှမ်းမိုး တာ မခံရအောင် နေတတ်တဲ့ သူတွေ ဖြစ်ပါတယ်။ e ကိုခပ်ရှည်ရှည် ၀ိုက်တဲ့ သူတွေ ကတော့ ခပ်ဘွင်းဘွင်း နေတတ်ပြီး အတွေ့အကြုံ သစ်တွေ တွေ့ကြုံ ရတာကို ကြိုက်နှစ်သက်တဲ့ သူတွေ ဖြစ်ပါတယ်တဲ့။

Shape of letters

စာလုံး i ရဲ့အစက် (dotting your i's)
စာလုံး i ကိုရေးတဲ့ အခါမှာလည်း စာလုံးရဲ့ အပေါ်က အစက်ချ တဲ့အခါ မတူကြပါဘူး။ အစက်ကို ချရာမှာ ခပ်မြင့်မြင့် ချတတ်တဲ့ သူတွေက စိတ်ကူးမြင့်မြင့် ရှိသူတွေ၊ ခပ်စောင်းစောင်း အစက်သမား တွေက စိတ်မရှည် တတ်ဘဲ အမှားကို သင်ခန်းစာ မယူတတ်သူတွေ၊ ဘယ်ဘက် နားမှာ အစက်ချ တတ်တဲ့သူ တွေကတော့ အပျင်းထူ သူတွေ၊ အစက်ကို ၀ိုင်းပြီးချသူ တွေကတော့ ကလေးဆန် သူတွေ၊ ပုံမှန် အစက်ချတတ် သူတွေ ကတော့ အရာရာကို သတိနဲ့ ပြောဆို လုပ်ကိုင် တတ်သူ တွေလို့ အသီးသီး ခန့်မှန်းလို့ ရပါတယ်တဲ့။

စာလုံး t ရဲ့ အဖြတ် (Crossing your t's)
စာလုံး t ရဲ့အဖြတ်ကို ရေးရာမှ အပေါ်ဘက် ကျကျ ရေးတတ်တဲ့ သူတွေဟာ ရည်ရွယ်ချက် ကြီးမားပြီး အကောင်းမြင်စိတ် ရှိသူတွေ၊ ပုံမှန် အလယ် တည့်တည့်မှာ ဖြတ်တတ်တဲ့ သူတွေ ကတော့ အမြဲ ယုံကြည်ချက် ရှိနေသူတွေ၊ အဖြတ်ကို ခပ်ရှည်ရှည် ဆွဲတဲ့ သူတွေဟာ စိတ်ပြတ် သားပြီး အတိတ်ကို မှတ်သား ထားတတ် သူတွေ၊ အဖြတ်ကို ခပ်တိုတို ဆွဲတတ်သူ တွေကတော့ေ၀၀ါးတဲ့ ဆုံးဖြတ်ချက် တွေနဲ့ အပျင်း ထူသူ တွေပါတဲ့။

စာလုံး o ရဲ့ အဖွင့်အပိတ် (Open & closed o's)
စာလုံး o ကိုရေးတဲ့ အခါ လုံးဝပိတ်အောင် ရေးတတ်တဲ့ သူတွေက အမြဲ သီးသီးသန့်သန့် နေတတ်ပြီး ခံစားချက် တွေကို လွယ်လွယ်နဲ့ ဝေ မျှတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ o ကို  ရေးရင် ခပ်ဖွင့်ဖွင့် ရေးတတ်တဲ့ သူတွေ ကတော့ စကားများပြီး အပေါင်းအသင်း ပေါတတ် ပေမယ့် လျှို့ဝှက် ရမယ့် ကိစ္စတွေကို မလျှို့ဝှက် နိုင်တဲ့ အကျင့်ဆိုး ရှိပါတယ်။

Crossing your t's

စာလုံးဆက် s (Lower case cursive 's')
စကားဆက် s ကိုရေးရင် ခပ်ဝိုင်းဝိုင်း ရေးတတ်တဲ့ သူတွေက ပေါင်းတတ် သင်းတတ် တဲ့သူတွေ၊ အောက်ဘက်ကို ခပ်ရှည် မျောမျော ရေး တတ်သူ တွေက အရာရာကို စိန်ခေါ်ချင် သူတွေ၊ အောက်ဘက်ကိုပဲ ၀ိုက်ရေးတတ်တဲ့ သူတွေက အရာရာကို နှလုံးသားထက် ဦးနှောက် ကို ဦးစားပေး တတ်သူ တွေလို့ အဓိပ္ပါယ် ဖွင့်ထား ပါတယ်။

စာပိုဒ်အနေအထား (Page margins)
စာရေးတဲ့အခါ ဘယ်ဘက်ကို ခွာပြီး ရေးတတ်သူ တွေဟာ အတိတ်မှာ နေတဲ့သူ တွေဖြစ်ပြီး ညာဘက်ကို ခွာပြီး ရေးတတ်တဲ့ သူတွေ ကတော့ ဘာကိုကြောက် နေမှန်း မသိလောက်အောင် အနာဂတ်ကို စိုးရိမ်နေ တတ်သူတွေ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း စာမျက်နှာ အပြည့် ရေးတတ်သူ တွေကတော့ လက်ရှိ ကိုပဲ စူးစူး စိုက်စိုက် ရှိသူတွေပါတဲ့။

ဖိအား (Pressure)
စာရေးရင် ဖိရေးတတ်တဲ့ သူတွေဟာ ကိစ္စတိုင်းကို အလေးပေး လုပ်တတ် ပါတယ်။ အမြဲ တက်ကြွ နေတတ်ပြီး ဝေဖန်မှု တွေကို ချက်ချင်းလို တုံ့ပြန် တတ်တဲ့ ဓလေ့ ရှိပါတယ်။ ခပ်ဖော့ဖော့ ရေးတတ်သူ တွေဟာ သူတစ်ပါး ခံစားချက် တွေကို အလွယ်တကူ သတိပြု တတ်သူတွေ ဖြစ် ပေမယ့် အမြဲ ထိုင်းမှိုင်း နေတတ် ပါတယ်တဲ့။

Lower case cursive 's'

အမြန် (Speed)
စာရေးရင် ခပ်မြန်မြန် ရေးတတ်တဲ့ သူတွေဟာ အရာရာကို စိတ်မရှည် သလို စောင့်နေ ရတာ ကိုလည်း ကြိုက်နှစ်သက် သူတွေ မဟုတ်ပါဘူး။ အေးအေးဆေးဆေး စာရေး တတ်သူ တွေကတော့ ကိုယ့်ကို ကိုယ်သာ အားကိုး တတ်ပြီး လက်တွေ့ကျကျနဲ့ စုစုစည်းစည်း လုပ်ဆောင်တတ် သူ တွေပါတဲ့။

လက်မှတ် (Signature)
လက်မှတ် မှာလည်း ဖြစ်သလို ထိုးတတ်တဲ့ သူတွေဟာ လျှို့ဝှက်ချက် များသူတွေ ဖြစ်လေ့ရှိပြီး လှလှပပ ကျော့ကျော့မော့မော့ ထိုးတတ်တဲ့ သူတွေ ကတော့ ယုံကြည်မှု ရှိတာ အမြဲ ပေါ်လွင် နေတတ်သူ တွေပါတဲ့။

စာလုံး I နဲ့ရည်ညွန်းခြင်း
မိမိကိုယ်ကို ရည်ညွန်း တဲ့အခါမှာ "I" ကိုသုံးပါတယ်။ ဒါပေမယ့် "I" ကိုရေးတဲ့ အခါ အခြား အက္ခရာ အကြီးထက် ကြီးပြီး ရေးတတ်သူ တွေဟာ တစ်ကိုယ် ကောင်းဆန် သူတွေ ဖြစ်ပြီး အခြား အက္ခရာထက် သေးပြီး ရေးတတ်သူ တွေကတော့ ပျော်ပျော်ရွှင်ရွှင် နေတတ် သူတွေ ဖြစ်ပါ တယ်။

Obama Signature

မှန်ရဲ့လား။ ဖော်ပြပါ လက်ရေးကို ဖတ်ပြီး လူတွေရဲ့ စရိုက်ကို ပြောတဲ့နည်းကို စာဖတ်သူများ အနေနဲ့ သူငယ်ချင်း၊ မိတ်ဆွေ များအပေါ် အ ပျော် သဘော အနေနဲ့ စမ်းသပ် ကြည့်ကြပါ။ ဒါပေမယ့် အတည်တော့ မယူကြပါနဲ့။ တစ်ခါတစ်လေမှာ အတွင်းစိတ်နဲ့ အပြင် သဘာဝဟာ တစ် ခြားစီ ဖြစ်နေတဲ့ သူတွေလည်း ရှိကြပါတယ်လို့ ပြောရင်း နိဂုံးချုပ် လိုက်ရ ပါတယ်။

Images from markamerica, blog.fonts, dailymail, anke.tw, graphology.it. Source: mnn.com
http://www.mymclub.net/main/index.php/mymhot/item/handwriting-and-personality မှ ကူးယူဖော်ပြပါသည်။
အောင်ပညာဒါန Unknown at 2:56 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

မှတ်သားစရာအဆိုအမိန့်များ


ရေကိုပိုင်းဖြတ်၍ မရဟု ပြောသောသူသည် ရေကို ခဲအောင်ပြုသော အတတ်ကို မသိသူဖြစ်သည်။
ဘီလီဂေးဒွန်
တွင်းချိုင့်များ မရှိသောလမ်းသည် ခရီးသွားရန် ထိုက်သော လမ်းအဟုတ်ချေ။
ဂျွန်ဟူးအား
ရင်ထဲတွင် သင်မည်သို့ ခံစားနေရသည်ဖြစ်စေ အပြုံးတစ်ပွင့် ဆင်ထားပါ။
စကားပုံ
အိုးလွတ်များ ပို၍ အသံမြည်သည်။
စကားပုံ

အတန်းထဲတွင် အတော်ဆုံးသည် လောကထဲတွင် အတော်ဆုံး ဖြစ်ခဲသည်။လောကတွင် အတော်ဆုံးသည် သူ့အတန်းအစား ထဲတွင် အကောင်းဆုံး ဖြစ်ခဲသည်။
အမည်မသိ
ချိုသာခြင်းကို ကောင်းသည်ဟုဆိုကြသည်။သို့သော် အချိုဓတ်က သွားကိုက်စေတတ်ကြောင်း အမှတ်ရပါ။
ဘော့ဒလန်
ခွင့်လွှတ်ခြင်းသည် မေ့ပျောက်ခြင်းထက် လွယ်ကူသည်။
အမည်မသိ
သေးငယ်သော ကျောက်စရစ်ခဲသည် ကြီးမားသော ရေဂယက်ကို ထစေနိုင်သည်။
အယ်ဗွန်ဆို
သဲပြင်ပေါ်တွင် တည်ဆောက်သူသည် သူ့ဆောက်အဦး ပြိုကျမှုကို လက်ခံ ရမည်။
ပေါလ်
အေးအေးဆေးဆေး နေပါ။သင်လောကကို မည်သို့ ရင်ဆိုင်သည် ဖြစ်စေ သင့်သက်တမ်း ကုန်သည့်အထိ သင်နေရမည်ပင်။
စတီဗင်အက်တာ
အမှောင်နှင့်အလင်းကို ဖန်တီးနိုင်သော်လည်း ညနှင့်နေ့ကို မဖန်တီး နိုင်သော သင်လူသား ဘ၀င်မမြင့်ပါနဲ့။
တမိုသီဘရောင်း
မိမိကိုယ်မိမိ ကွပ်ကဲရန် အစွမ်းရှိသူတို့သာလျှင် တစ်ပါးသူကို ကွပ်ကဲရန် အစွမ်းရှိသည်။
သြဂပ်စတင်း
ထာဝရတည်သော စကားလုံးများဖြင့် စကားပြောဆိုပါ။
အမည်မသိ
တစ်ခါတစ်ရံ မချောကိုရသူသည် ကိုကျည်းတန် ဖြစ်တတ်သည်။
ကလဲရင့်ဟောင်း
ဝတ်စားဆင်ယင်ပုံသည် သင့်ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြသည်။
ဆူဆန်ပတ်ခ်
သင် မပြုပြင်နိုင်သော အရာကို မချိုးဖျက်ပါနှင့်။
မလေးရှားစကားပုံ
သင်အမှတ်ရသည့် အရာများသည် လောကတွင် သူတစ်ပါး အမှတ်ရသည့် အရာများလောက် အရာမ၀င်ချေ။(အကြွေး..)
မိုက်ကလ်ရိုဆဲလ်
အောင်ပညာဒါန Unknown at 2:48 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မှတ်သားဖွယ်ရာအဆိုအမိန့်များ

"သူငယ်ချင်း.. ဒီတောင်ကို မင်းကျော်နိုင်ပါတယ်ကွာ"




ပျော်ရွှင်ခြင်းဆိုတာ ကားအကောင်းစားတွေ သင်မောင်းနိုင်တာကိုဆိုလိုတာ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အိမ်အရောက် ကားကိုဘေးကင်းကင်းနဲ့ သင်မောင်းနိုင်တာဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ပိုက်ဆံတွေ ဘယ်လောက်စုမိပြီဆိုတာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ လွတ်လပ်တဲ့စိတ်နဲ့ သင်နှစ်သက်တဲ့အလုပ်ကို သင်လုပ်ခွင့်ရနေတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ သင့်ချစ်သူ ဘယ်လောက်ချောမောလှပတာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ သင့်ချစ်သူရဲ့အပြုံး ဘယ်လောက် လန်းဆန်းတက်ကြွတယ်ဆိုတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ သင့်ရာထူးအာဏာ ဘယ်လောက်ကြီးတယ်ဆိုတာ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ သင်ဘယ်ရောက်ရောက် လူတွေက သင့်ကို လူကောင်းတစ်ယောက်လို့ ချီးမွမ်းတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ အစားအသောက်ကောင်းတွေစားနိုင်တာကို ဆိုလိုတာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အဖျားအနာမရှိ စိတ်ချမ်းသာလူကျန်းမာတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ သင်အောင်မြင်ချိန် ဘေးနားကလူတွေ ဝိုင်းနေတာကို ဆိုလိုတာမဟုတ်ဘူး၊
ပျော်ရွှင်ခြင်းဆိုတာ သင်ကျရှုံးချိန် "သူငယ်ချင်း.. ဒီတောင်ကို မင်းကျော်နိုင်ပါတယ်ကွာ"ဆိုတဲ့ အားပေးသံပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ချိုသာစကားတွေ သင်အများကြီးကြားခဲ့ဖူးတာကို ဆိုလိုတာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ သင်နာကျင်ထိခိုက်ချိန် "မင်းအနားမှာ ငါရှိတယ်"ဆိုတဲ့ ဖေးမသံပဲဖြစ်ပါတယ်။

ပျော်ရွှင်ခြင်းဆိုတာ သင်ဖျားနာချိန် သင့်အနားမှာ ပြုစုပေးသူရှိတာ။
ပျော်ရွှင်ခြင်းဆိုတာ သင်ဆင်းရဲချိန် သင့်အပါးက ရှောင်ခွာမသွားသူရှိတာ။
ပျော်ရွှင်ခြင်းဆိုတာ သင်ချမ်းချိန် ပွေ့ဖက်သူရှိတာ။
ပျော်ရွှင်ခြင်းဆိုတာ သင်ငိုချိန် နှစ်သိမ့်ပေးသူရှိတာ။
ပျော်ရွှင်ခြင်းဆိုတာ သင်အိုမင်းချိန်ထိ အဖော်ပြုမယ့်သူရှိတာ။
ပျော်ရွှင်ခြင်းဆိုတာ သင်အမှားလုပ်မိချိန် ခွင့်လွှတ်နားလည်ပေးသူရှိတာ။
ပျော်ရွှင်ခြင်းဆိုတာ သင်မောပန်းချိန် စာနာသနားသူရှိတာ။

တကယ်ဆို.. ပျော်ရွှင်ခြင်းကို တကူးတကသွားရှာနေစရာမလိုပါဘူး။
ပျော်ရွှင်ခြင်းက သင့်နေ့စဉ်ဘဝမှာ၊ သင့်အနားမှာ အမြဲဝန်းရံနေပြီးသားပါ။

Nine Nine Sanay @ နိုင်းနိုင်းစနေ
အောင်ပညာဒါန Unknown at 2:47 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

ထူးထူးခြားခြား


ထူးထူးခြားခြား (၁)


(၁) အင်္ဂလန်နိုင်ငံရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး။

(၂) ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး။

(၃) ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်းများကို ကာကွယ်ရန်ဖြစ်သည်။

(၄) သင့်ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံး ခန္ဓာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က ၆၀ စက္ကန့်သာ ကြာမြင့်ပါတယ်။

(၅) လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်။

(၆) ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်။

(၇) မိန်းမတွေဟာ ယောက်ျားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်။

(၈) ယောက်ျားတွေက မိန်းမတွေထက်ပိုပြီး မကြာခဏကြို့ထိုးတတ်ပါတယ်။

(၉) ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာသားပိုက်ကောင်တွေကသာ လေမလည်တာပါ။

(၁၀) Thomas Edison ဟာ လျှပ်စစ်မီးသီး နမူနာပုံစံထုတ်လုပ်ရာမှာ အကြိမ်ပေါင်း တစ်သောင်းအထိ မအောင်မြင်ခဲ့ပါဘူး။

ထူးထူးခြားခြား (၂)
===========

(၁၁) လူတစ်ယောက်ဟာ မွေးကင်းစမှာ အရိုးပေါင်း ၃၅၀ ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ ၂၀၆ ချောင်းပဲ ရှိပါတော့တယ်။

(၁၂) တစ်လလျှင် ကွန်ပျူတာ ဗိုင်းရပ်စ် (Virus) ၆၀၀၀ ဝန်းကျင်ခန့် ထွက်ရှိလျက်ရှိပါတယ်။

(၁၃) ကြောင်တွေဟာ ချောကလက်စားရင် ဖျားနိုင်သလို အဆင်မသင့်ရင် အသက်တောင် သေနိုင်ပါတယ်။

(၁၄) အိမ်မက်မက်လေ IQ ပိုမြင့်လေပါ။

(၁၅) အင်တာနက်ပေါ်က ပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်။

(၁၆) မျက်နှာပေါ်ပေါက်တဲ့အမွှေးက သင့်ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ဘယ်နေရာမဆို ပေါက်တဲ့အမွှေးထက်ပိုပြီး ရှည်တာမြန်ပါတယ်။

(၁၇) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်။

(၁၈) လူတစ်ယောက်ဟာ သူသက်တမ်းတစ်လျောက်မှာ ထွေးခဲ့တဲ့တံတွေးစက်ပေါင်းဟာ ရေကူးကန် နှစ်ကန်စာလောက် ရှိပါတယ်။

(၁၉) အင်းဆက်ပိုးကောင်တွေကို ဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကိုတောင် အစာချေချက်နိုင်ပါတယ်။

(၂၀) ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူး။

ထူးထူးခြားခြား (၃)
===========

(၂၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်။

(၂၂) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်။

(၂၃) လိင်တူဆက်ဆံမှုဟာ နိုင်ငံပေါင်း ၈၆ နိုင်ငံမှာ ရာဇဝတ်မှုမြောက်ပါတယ်။ နိုင်ငံ ၇ နိုင်ငံမှာတော့ သေဒဏ်အထိပေးကြပါတယ်။

(၂၄) လက်ခလယ်က လက်သည်းရဲ့ရှည်ထွက်မှုက ကျန်တဲ့လက်ချောင်းများထက် ပိုအရှည်မြန်ပါတယ်။

(၂၅) လက်သည်းများရဲ့ ရှည်ထွက်မှုက ခြေသည်းများရဲ့ရှည်ထွက်မှုထက် လေးဆပိုပါတယ်။

(၂၆) ပျားထီးတွေဟာ မျိုးပွားပြီး(လိင်ဆက်ဆံပြီး)ရင် သေပါတယ်။

(၂၇) အကယ်၍သာ အေးတဲ့အခန်းထဲမှာ အိပ်ခဲ့ပါက အိမ်မက်ဆိုးမက်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။

(၂၈) နို့တိုက်သတ္တ၀ါတွေထဲမှာ မခုန်နိုင်တဲ့ တစ်ကောင်တည်းသောသတ္တ၀ါကတော့ ဆင်ကြီးတွေပဲဖြစ်ပါတယ်။

(၂၉) ယောက်ျားတွေမှာ မိန်းမတွေထက် အဆီကို ပိုမိုမြန်မြန်လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းမှုနှုန်းကတော့ တစ်နေ့ကို ကယ်လိုရီ 50 ပါ။

(၃၀) ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျဉ်းမျှအားဖြင့် သွေး 6.8 လီတာရှိပြီးတော့ မိန်းမတွေမှာတော့သွေး 5 လီတာသာ ရှိပါတယ်။

ထူးထူးခြားခြား (၄)
===========

(၃၁) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်။

(၃၂) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်။

(၃၃) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်။

(၃၄) လူတစ်ယောက်ရဲ့ အူအရှည်က ပေ ၂၀ ကနေ ၂၃ ပေအထိ ပျဉ်းမျှ ရှိနိုင်ပါတယ်။

(၃၅) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gates ဟာ ကောလိပ်ကျောင်းက ထွက်ခဲ့ရဖူးပါတယ်။

(၃၆) သင့်အစာအိမ်ထဲက အက်စစ်က zinc ကိုတောင်အရည်ပျော်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် သင့်အစာအိမ်ကို မဖျက်ဆီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်နံရံက အမြဲတမ်း သူဘာသာသူ အသစ်ဖြစ်နေလို့ပါပဲ။

(၃၇) အင်္ဂလိပ်စကားလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့စကားလုံးကတော့ Dreamt ဆိုတဲ့ စကားလုံးတစ်လုံးပဲရှိပါတယ်။

(၃၈) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်။

(၃၉) မျက်လုံးဖွင့်ပြီး နှာချေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

(၄၀) အတုံးဆက်တဲ့ Tetris ဂိမ်းလေးကို လူအများစု ဆော့ဖူးကြပါလိမ့်မယ်။ ဒီဂိမ်းကို ၈၀ ခုနှစ် အစောပိုင်းလောက်မှာ ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သန်း ၄၀ အရေအတွက်လောက်ရောင်းချခဲ့ရပါတယ်။ ဂိမ်းရေးသားသူဟာ ဒေါ်လာ ၈ သန်းလောက် ချမ်းသာသွားခဲ့ပါတယ်။

ထူးထူးခြားခြား (၅)
===========

(၄၁) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်။

(၄၂) သာမာန်လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဆံပင် အချောင်း ၆၀ မှ ၁၀၀ အထိ ကျွတ်တတ်ပါတယ်။

(၄၃) နို့တိုက်သတ္တ၀ါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါ။

(၄၄) ၈၉ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ရင်းရင်းနှီးနှီးဆက်ဆံတဲ့အပြုအမူကို သူတို့ကို စိတ်ကစားနေတယ်လို့ မှားယွင်းထင်မြင်တတ်ကြပါတယ်။

(၄၅) လူတစ်ယောက်ရဲ့ လျာဗွေရာ နဲ့ လက်ဗွေရာက ထူးထူးခြားခြားတူညီနေပါတယ်။

(၄၆) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်။

(၄၇) ရှေးဟောင်းဂျူးတွေရဲ့ ဓလေ့ထုံးစံအရ မိန်းကလေးတစ်ယောက် ဓမ္မတာစလာရင် သူမရဲ့ အမေက သူမပါးကိုရိုက်ရပါတယ်။

(၄၈) ပုံမှန် Web-page တစ်ခုရှိတိုင်း အညှီအဟောက် page ငါးခုလောက် ရှိနေကြပါတယ်။

(၄၉) ကြောင်တွေဟာ အသံကွဲပေါင်း (၁၀၀) ကျော်ပြုလုပ်နိုင်ပြီး ခွေးတွေကတော့ အသံကွဲ (၁၀) ခန့်သာ ပြုလုပ်နိုင်ပါတယ်။

(၅၀) ဆွီဒင်နိုင်ငံဟာ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၇၅ % ရှိပါတယ်။

ထူးထူးခြားခြား (၆)
===========

(၅၁) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်။

(၅၂) သင့်ရဲ့နှာခေါင်းဟာ မတူညီတဲ့အနံ့ပေါင်း ၅၀,၀၀၀ လောက်ကို မှတ်မိနိုင်ပါတယ်။

(၅၃) သဘာဝပုလဲတွေဟာ ဗီနီကာထဲမှာ ပျော်ဝင်ပါသတဲ့။

(၅၄) ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရောင်းရချရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Hewlett Packard (HP) ဟာ ၁၉၃၉ ခုနှစ်က Palo Alto က ကားဂိုဒေါင်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်။

(၅၅) သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ အရှည်အကြာဆုံး အိမ်ထောင်ဟာ ၉၁ နှစ်နဲ့ ၁၂ ရက်ကြာ သက်တမ်းရှိပါတယ်။

(၅၆) သင့်ခန္ဓာကိုယ်ဟာ အစာအိမ်၊ သရက်ရွက်၊ ကျောက်ကပ်တစ်ခြမ်း၊ အူရဲ့ 80%၊ အသည်းရဲ့ 75% မရှိပဲနဲ့ အသက်ရှင်နိုင်ပါတယ်။

(၅၇) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်။

(၅၈) ဒိန်ချဉ်မှာတွေ့ရတဲ့ ဘက်တီးရီးယားတွေဟာ အမျိုးသမီး အင်္ဂါအတွင်းပိုင်းမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။

(၅၉) Stewardesses ဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ရိုက်နိုင်တဲ့ အရှည်ဆုံးစကားလုံးဖြစ်ပါတယ်။

(၆၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီးစတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး။

ထူးထူးခြားခြား (၇)
===========

(၆၁) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်။

(၆၂) အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ အရေပြားအလေးချိန်စုစုပေါင်းဟာ (၆) ပေါင်ခန့်ရှိပါတယ်။

(၆၃) ၁၉၆၄ ခုနှစ်မှာ Doug Engelbart ဟာ ပထမဆုံး ကွန်ပျူတာ mouse ကို တီထွင်ခဲ့ပြီး အဲ့ဒါဟာ သစ်သားနဲ့ လုပ်ထားတာဖြစ်ပါတယ်။

(၆၄) ငိုပြီးတဲ့အခါမှာ လူ ၈၈.၈ ရာခိုင်နှုန်းက နေသာထိုင်သာရှိသွားပါတယ်။

(၆၅) သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀) တိုင်အောင် ရှင်သန်နေနိုင်ကြပါတယ်။

(၆၆) စံပြု command ဖြစ်တဲ့ Ctrl+Alt+Delete ကို David Bradley က ရေးသားခဲ့တာဖြစ်ပါတယ်။

(၆၇) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံးအရိုးကတော့ မေးရိုးပါ။

(၆၈) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်။

(၆၉) သင်ဘယ်လောက်ပဲကြိုးစားပါစေ သင့်အိပ်မက်ဘယ်လိုစသလဲဆိုတာကို မမှတ်မိနိုင်ပါဘူး။

(၇၀) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်။
အောင်ပညာဒါန Unknown at 2:45 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

Sep 3, 2014

၆။ ပဏ္ဍိတ၀ဂ္ဂ

၇၆။ နိဓီနံဝ ပ၀တ္တာရံ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

၇၆။ အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ် သောသူအားမြတ်၏၊ မယုတ်ညံ့ပေ။

76. Whoever sees one who detects faults as a revealer of hidden treasures should follow such a wise one who is blameworthy. Follow this person; good, not evil, happens to one who associates with such a person.

၇၇။ သြ၀ဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

၇၇။ ဆုံးမရာ၏၊ ကြိုတင်ဆုံးမရာ၏၊ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏၊ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက်အပ်၏၊ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။

77. Let one admonish and educate and lead away from what is wrong. He will be loved by those who are good and hated by those who are not.

၇၈။ န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေ ကောင်းတို့ကို ဆည်းကပ်ရာ၏၊ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။

78. Let one not associate with low persons, bad friends. But let one associate with good companions, associate with noble men.

၇၉။ ဓမ္မပီတိ သုခံ သေတိ၊ ၀ိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း ကြည်လင်သောစိတ်ဖြင့် ချမ်းသာစွာနေရ၏၊ ပညာရှိသည် အခါခပ်သိမ်း အရိယာသူတော်ကောင်းတို့ ဟောအပ်သော (ဗောဓိပက္ခိယ)တရား၌ မွေ့လျော်၏။

79. One who drinks of the waters of Dhamma rests in joy with serene mind. The wise find their delight in the Dhamma, in the truth as taught by noble ones (Ariyas).

၈၀။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

၈၀။ မြောင်းတူး ရေယူသမားတို့သည် (အလိုရှိရာသို့) ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်)သစ်ကို ရွေကုန်၏၊ ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။

80. Irrigators guide the water wherever they like, fletchers bend the arrow shaft, carpenters carve their timber, and the wise themselves tame their minds.

၈၁။ သေလော ယထာ ဧကဃနော၊ ၀ါတေန န သမီရတိ။
ဧ၀ံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသောလေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။

81. As a solid rock is not shaken by the wind, so are the wise not shaken in the face of blame and praise.

၈၂။ ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ၀ိပ္ပသန္နော အနာဝိလော။
ဧ၀ံ ဓမ္မာနိ သုတွာန၊ ၀ိပ္ပသီဒန္တိ ပဏ္ဍိတာ။

၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျုခြင်းမရှိ အထူးကြည်လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကုန်၏။

82. Even as Deep Ocean clear and clean, the wise become calm and clear after hearing the words of Dhamma.

၈၃။ သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ၀ါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရား အားလုံးတို့၌ (တက်မက်မောမှုကို) စင်စစ် စွန့်လွတ်ကုန်၏၊ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည် ဖြစ်၍ မပြောဆိုကုန်၊ ပညာရှိတို့သည် ချမ်းသာဆင်းရဲနှင့် တွေ့စေကာမူ ၀မ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြကြကုန်။

83. The virtuous persons are unattached wherever they are; those at peace do not speak out of desire for pleasure. Whether they encounter comfort or pain, happiness or sorrow, the wise show neither elation nor depression.

၈၄။ န အတ္တဟေတု န ပရဿ ဟေတု၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊ သ သီလ၀ါ ပည၀ါ ဓမ္မိကော သိယာ။

၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ (မကောင်းမှုကိုမပြု)မကောင်းမှုဖြင့် သားသမီး ဥစ္စာတိုင်းပြည်ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။

84. If, whether for his own sake or for the sake of others, a man wishes neither for sons nor for wealth nor for power, and if he does not wish for his own success by unfair means, then he is virtuous, wise and righteous.

၈၅။ အပ္ပကာ တေ မနုေဿသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေ၀ါနုဓာဝတိ။

၈၆။ ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနာ။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏၊ နိဗ္ဗာန် ကူးမြောက်သူမှတစ်ပါး ကြွင်းလူများသည် (သက္ကာယဒိဋ္ဌိတည်းဟူသော)ဤမှာဖက်ကမ်း၌သာလျှင် ခေါက်တုံ့ခေါက်ပြန် ပြေးသွားနေ၏။

၈၆။ ကောင်းစွာဟောအပ်သောတရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သောသူတို့သည် ကူး မြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို(ကူးမြောက်၍) နိဗ္ဗာန်တည်းဟူသောကမ်းတစ်ဖက်သို့ ရောက်ကုန် လတ္တံ့။

85. Only few are there among people who arrive at the other shore of Nibbana (Immortality); but the others end up here running up and down on this shore (samsara) with the false view of individuality.

86. When truth is correctly explained, those who practice according to Dhamma will go beyond the domain of death (samsara), which is so hard to cross over.

၈၇။ ကဏှံ ဓမ္မံ ၀ိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
သြကာ အနောကမာဂမ္မ၊ ၀ိဝေကေ ယတ္ထ ဒူရမံ။

၈၈။ တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။

၈၉။ ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသ၀ါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

၈၇။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ တဏှာတည်းဟူသော တည်ရာမှ (ထွက်ကာ) တဏှာကင်းရာနိဗ္ဗာန်ကို အာရုံပြုလျက် ဖြူစင်သောကုသိုလ်ကို ပွားများရာ၏။

၈၈။ ပညာရှိသည် ကာမတို့ကိုစွန့်၍ စိုးရိမ်ခြင်းမရှိဘဲ မွေ့လျော်နိုင်ခဲသော ၀ိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏၊ စိတ်ညစ်ညူးကြောင်း နီဝရဏတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။

၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌စိတ်ကို ကောင်းစွာပွားများအပ်၏၊ မစွဲလမ်းမူ၍ ဥပါဒါန်ကို စွန့်လွတ်ရာ (နိဗ္ဗာန်)၌မွေ့လျော်ကုန်၏၊ လောက၌ အာသဝေါကုန်ပြီးသော တန်ခိုးကြီးကုန်သော ထိုပုဂ္ဂိုလ်တို့သည် (နိဗ္ဗာန်ဓာတ်ဖြင့်) ငြိမ်းကုန်၏။

87. A wise man would leave the way full of darkness (evil deeds) and follow the way of light (good deeds) clear from excessive cravings envisaging Nibbana with virtuous deeds,

88. The wise would wish for delight, having discarded sensual desires, and would want to purge him from the defilements of the mind.

89. Those whose mind is fully well cultivated in the seven factors of Enlightenment, without clinging to existence, who have no attachments and enjoy being free from grasping and who have stopped all compulsion, attain perfect Nibbana in this world.
အောင်ပညာဒါန Unknown at 11:39 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ်

ကျွန်တော်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပေါ့....


ရာထူးဂုဏ်ရှိတဲ့ဖခင်နဲ့ တက္ကသိုလ်ဆရာမတစ်ဦးရဲ့သားဖြစ်ရတာ တခြားသူအတွက်တော့ ငွေဇွန်းကိုက်မွေးလာသူလို့ ဆိုကြလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်အတွက် စိတ်ဖိစီးမှုတစ်ခုဖြစ်ခဲ့တယ်။ အကြောင်းက ဖေဖေ၊ မေမေတို့ရဲ့ကောင်းမွန်တဲ့မျိုးရိုးဗီဇကို ကျွန်တော်အမွေမရခဲ့လို့ပါပဲ။ (၂)နှစ်ခွဲသားအရွယ်ဆိုရင် တခြားကလေးတွေက စကားကို တီတီတာတာပြောတတ်နေပြီ၊ ကဗျာတွေ စာတွေရွတ်တတ်နေပြီ။ ဒါပေမဲ့ ကျွန်တော်မှာတော့ (၁)ကနေ (၁ဝ)အထိ သေသေချာချာ မရွတ်တတ်ခဲ့သေးဘူး။ မူကြိုစတက်တဲ့နေ့မှာပဲ တခြားကလေးကို ထိခိုက်ဒဏ်ရာရအောင် ကျွန်တော်လုပ်ခဲ့တယ်။ ကျောင်းက ဈေးအကြီးဆုံးဆိုတဲ့ စန္ဒာယားကို ဖျက်ဆီးခဲ့တယ်။ အဲဒီနောက် မူကြိုကျောင်းပေါင်းစွာ ကျွန်တော်ပြောင်းခဲ့တယ်။ ကျောင်းတစ်ကျောင်းမှာ (၁ဝ)ရက်ကျော်ကြာအောင် ကျွန်တော်မနေခဲ့ဖူးဘူး။ ကျောင်းက ကျွန်တော့်ကို ဆက်လက်မခံနိုင်တော့ဘူးလို့ အကြောင်းကြားတိုင်း ဖေဖေက ကျွန်တော်ကိုရိုက်နှက်တတ်တယ်။ သူ့လက်သီးနဲ့ ထိုးတယ်။ ဖေဖေအဲဒီလိုရိုက်နှက်တိုင်း မေမေက အပြေးလေးလာပြီး ကျွန်တော်ကိုပွေ့ဖက် ကာကွယ်ပေးခဲ့တယ်။
ကျွန်တော်အတွက် မူကြိုကျောင်းဆက်ရှာဖို့ မေမေကို ဖေဖေခွင့်မပြုခဲ့ဘူး။ ဒါကို မေမေသဘောမတူခဲ့ဘူး။ ကလေးငယ်ဆိုတာ အပြင်လောကနဲ့ ဆက်ဆံရတယ်။ အိမ်ထဲမှာပဲ တစ်သက်လုံးနေခိုင်းထားလို့ မရဘူးလို့ မေမေကပြောတယ်။ ဒီလိုနဲ့ မူကြိုကျောင်းတစ်ကျောင်းဆီ ကျွန်တော်ရောက်လာခဲ့ပြန်တယ်။ အဲဒီနေ့က ကလေးငယ်တစ်ယောက်ရဲ့ ထမင်းပန်းကန်ထဲ ကျွန်တော်ကျင်ငယ်စွန့်လိုက်မိတယ်။ မေမေက ကျောင်းကိစ္စနဲ့ ခရီးထွက်နေတော့ ကျောင်းကဆရာမ အကြောင်းကြားကြားချင်း ဖေဖေက ဒေါသတကြီးနဲ့ ကျွန်တော်ကိုလာကြိုခဲ့တယ်။ ပြီးတော့ ကျွန်တော်ကို ဧည့်ခန်းမှာချုပ်နှောင်ထားခဲ့တယ်။ ကျွန်တော် အာခေါင်ကွဲမတတ်အော်တယ်။ လက်မှာကြိုးရာတွေထင်းအောင် ရုန်းခဲ့တယ်။ ဖေဖေလွတ်မပေးခဲ့လို့ ဧည့်ခန်းထဲက တီဗွီ၊ အိမ်အသုံးအဆောင်တွေကို ကျွန်တော် ကန်ကြောက်ဗြောင်းဆန်အောင် လုပ်ပစ်လိုက်တယ်။ မေမေအိမ်ပြန်ရောက်လာတော့ ကျွန်တော့်လက်ကောက်ဝတ်က အစင်းရာတွေကိုကြည့်ပြီး ရင်ကွဲမတတ်ငိုခဲ့တယ်။ ဒီကိစ္စအတွက်နဲ့ ဖေဖေကို မေမေကွာရှင်းခွင့်တောင်းခဲ့တယ်။ မေမေရင်ခွင်ထဲမှာ ကျွန်တော်တိတ်ဆိတ်ငြိမ်သက်လို့... တအောင့်ကြာတော့ မေမေက "သား...အောင်အောင် သားလည်း ဒီလိုငြိမ်သက်သွားနိုင်တာပဲ။ ဒါကြောင့် မေမေ အမြဲပြောတယ်.. သားဟာ ဒီလောက,ကလူတွေရဲ့ နားလည်မှုပေးတာကိုမခံရတဲ့ ပါရမီရှင်ဆိုတာ... " ကျွန်တော် မူလတန်းတက်တော့ ဆရာမတော်တော်များများက ကျွန်တော့်ကို သူတို့အတန်းထဲမှာ မထားချင်ကြဘူး။ နောက်ဆုံးမှာ မေမေရဲ့သူငယ်ချင်း ဆရာမချယ်ရီက ကျွန်တော်ကိုလက်ခံခဲ့တယ်။ မေမေကိုပေးခဲ့တဲ့ကတိအတိုင်းအတန်းသားတွေကို ဒေါသနဲ့ကျွန်တော်မဆက်ဆံခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းအသုံးအဆောင်တွေက ကျွန်တော့်လက်ချက်နဲ့ တစစီဖြစ်ခဲ့ရတယ်။ တစ်နေ့မှာ ဆရာမက ကျွန်တော့်ကို စာသင်ခန်းတစ်ခုထဲခေါ်ပြီး ပြောတယ်။ "အောင်အောင်.. အောင်အောင်ကြောင့်ပျက်စီးခဲ့ရတဲ့ ဒီပစ္စည်းတွေကို အောင်အောင်ပြန်ကုပေးလိုက်ပါ" ဒီလို တစစီကွဲကြေပျက်စီးတဲ့အရာကို ပြန်ကု၊ ပြန်ဖာထေးရတာကို ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော်မုန့်ဖိုးနဲ့ ဝယ်စုထားတဲ့ ကိရိယာတန်ဆာပလာတွေကိုယူပြီး မျက်စိရှေ့က တစစီဖြစ်နေတဲ့အရာတွေကို အသက်ဝင်အောင် ကျွန်တော်လုပ်ခဲ့တယ်။ သိပ်မကြာဘူး... အဲဒီသံတိုသံစ အပျက်အစီးတွေက ကားငယ်လေးတစ်စီး၊ ဘယ်ညာဘက်မညီတဲ့အတောင်ပံနဲ့ လေယာဉ်ငယ်တစ်စီးဖြစ်ခဲ့တယ်။ ကျွန်တော်ဘေးမှာ အတန်းဖော်တွေ တဖြည်းဖြည်းဝိုင်းလာခဲ့တယ်။ လူကြီးမိဘတွေပေးမကိုင်တဲ့ အိမ်သုံးတန်ဆာပလာတချို့ရဲ့သုံးနည်းတွေ သူတို့ကို ကျွန်တော်သင်ပြတယ်။ အရင်ကလို လက်သီးနဲ့ တခြားသူရဲ့အမြင်အာရုံကို ကျွန်တော်မဖမ်းစားခဲ့တော့ဘူး။ ကျွန်တော်ဘေးက အမြင်အာရုံတွေမှာ ခင်မင်ရင်းနှီးမှု၊ နွေးထွေးမှုတွေ သန်းလာခဲ့တယ်။ အလယ်တန်းရောက်တော့ စာဖတ်ကြိုက်တဲ့မေမေအတွက် စာဖတ်ပြီးမီးထပိတ်စရာမလိုတဲ့ အဝေးထိန်းမီးဖွင့်ပိတ်ခလုတ်တစ်ခု ကျွန်တော်စမ်းသပ်တီထွင်ပေးခဲ့တယ်။ မေမေက ယုံရနိုး၊ မယုံရနိုးနဲ့ ခလုတ်ကိုနှိပ်ကြည့်တယ်။ အခန်းမီး ဖျတ်ခနဲလင်းလာတာကို ကြည့်ပြီး ကြည်လင်တဲ့အပြုံးနဲ့ မေမေကပြောတယ်။ "မေမေ ပြောခဲ့သားပဲ... မေမေ့သားက ပါရမီရှင်ဆိုတာ.." နောက်ဆုံးမှ ဆရာမချယ်ရီက ကျွန်တော်ကိုပြောပြတယ်။ ကျောင်းက ပြန်လည်ကုသ၊ ဖာထေးရေးအခန်းက ကျွန်တော့်အတွက် မေမေသပ်သပ်ငှားရမ်းခဲ့တဲ့ အခန်းပါတဲ့။ မေမေက နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်ရဲ့ပိုလျှံတဲ့ စိတ်ဖိအားအတွက် ထွက်ပေါက်တစ်ခုရှာပေးခဲ့တယ်။ ကျွန်တော်ရဲ့လက်စွမ်းအားကိုပြဖို့ ပြုစုပျိုးထောင်ခဲ့တယ်။ အလယ်တန်းကို ကျွန်တော်ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်ခဲ့တယ်။ အထက်တန်းရောက်တော့ ပတ်ဝန်းကျင်စိမ်းတစ်ခုမှာ ကျွန်တော်ဟာ အများသူရဲ့ ဝေဖန်သူဖြစ်ခဲ့ပြန်တယ်။ အိမ်စာ အချိန်မီမတင်တာ၊ မကြာခဏ လက်တွေ့ခန်းထဲကပစ္စည်းတွေ ဖျက်ဆီးတာ၊ ပိုဆိုးတာက အတန်းပိုင်ဆရာမကို ကျွန်တော် လုံးဝမနှစ်သက်တာပါပဲ။ အခါကြီးရက်ကြီးနေ့မျိုးတွေမှာ သူ့ကို လက်ဆောင်ပစ္စည်းနဲ့ကန်တော့ဖို့၊ ပေးဖို့ အရိပ်အယောင်ပြတတ်တဲ့ အတွက်ကြောင့်ပါ။ လူ့အတ္တကိုနားလည်တဲ့ အုပ်ထိန်းသူတချို့က ပေးကြပါတယ်။ "ဒီလောက်အကျင့်သိက္ခာမရှိတဲ့ဆရာမကို လက်ဆောင်တွေပေးကြသေးတယ်။ ဒါဟာ သူခိုးကို ဓားရိုးကမ်းတာနဲ့ အတူတူပဲ။ မေမေသူ့ကို လက်ဆောင်တွေပေးရင် သားကျောင်းမတက်တော့ဘူး" ဒီလိုရဲ့နောက်ဆက်တွဲက စာသင်ခန်းထဲမှာ ကျွန်တော်ခွဲခြားဆက်ဆံ ခံရတာပါပဲ။ အတန်းပိုင်ဆရာမက ကျွန်တော်ကို ဘယ်တော့မှ စာမမေးဘူး။ စာကို ကျွန်တော်ကောင်းအောင် ဘယ်လိုရေးရေး အမှတ်များများမပေးဘူး။ ကျွန်တော့်ကို စာသင်ခန်းစည်းကမ်း လိုက်မနာဘူးဆိုပြီး နေ့တိုင်း ကျောင်းဆင်းတိုင်း အခန်းသန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးတော့တယ်။ သန့်ရှင်းရေးအတွက် ကျောင်းမှာတစ်ယောက်တည်းကျန်တဲ့ ကျွန်တော်ကိုကြည့်ပြီး မေမေကငိုတယ်။ ကျွန်တော်က ကျွန်တော်ရဲ့မရှိတဲ့ကြွက်သားကို ထောင်ပြပြီး "မေမေ... ဂရုမစိုက်ပါနဲ့... သူ့ကို ဂရုမစိုက်ရင် ကျွန်တော်ကိုလည်း မထိခိုက်၊ မနာကျင်စေနိုင်တော့ဘူး" ကျွန်တော်စကားကြောင့် မေမေက တအံ့တသြနဲ့ ကျွန်တော့်ကိုကြည့်တယ်။ "မေမေ သားမိုက်တယ်မဟုတ်လား" ဆိုတော့ မေမေကခေါင်းညိတ်ပြီး "မိုက်ရုံမက အတွေးပါကောင်းတယ်"လို့ဆိုတယ်။ အဲဒီနောက် ကျောင်းဆင်းတိုင်း မေမေက ကျွန်တော့်ကိုလာကြိုရင်း ကျွန်တော်နဲ့အတူ သန့်ရှင်းရေးဝိုင်းလုပ်ပေးတယ်။ "ဒါဟာ အမှန်တရားအတွက် ပေးဆပ်ခြင်းဖြစ်မလား" လို့ ကျွန်တော်ဆိုတော့ "ဒီအတွက် သားဘက်မှာ မေမေရပ်တည်တယ်။ သားတစ်ယောက်တည်း တိုက်ပွဲဝင်နေတာ မဟုတ်ဘူး"လို့ မေမေက ထောက်ခံတယ်။ အထက်တန်းစာမေးပွဲဖြေဖို့ ရက်နီးပါပြီ။ ကျွန်တော်အရည်အချင်းနဲ့ တက္ကသိုလ်ကောင်းရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်စိုးရိမ်မိပြန်တယ်။ ခေါင်းကို နံရံနဲ့တိုက်၊ အစာငတ်ခံ၊ တရားထိုင်နဲ့ ကိုယ့်ကိုယ်ကို အခန်းထဲမှာပိတ်လှောင်ပြီး ကိုယ့်ရဲ့ညံ့ဖျင်းမှုအတွက် ကျွန်တော်ဆန္ဒပြမိတယ်။ လေးရက်လုံးလုံး ကျွန်တော်က အခန်းထဲမှာနေတယ်။ မေမေက အခန်းပြင်မှာနေတယ်။ ကျွန်တော်မစားခဲ့ဘူး။ မေမေလည်း မစားခဲ့ဘူး။ ပထမတစ်ရက်.... မေမေက ဖေဖေအကြောင်းပြောတယ်။ မေမေနဲ့ပြန်ပေါင်းဖို့အတွက် မေမေကို ဖေဖေလာရှာခဲ့တယ်တဲ့။ ဒါပေမဲ့ မေမေငြင်းဆန်ခဲ့တယ်။ "သား အောင်အောင်ကို တစ်လောကလုံးကလူတွေ မနှစ်သက်ချင်နေ ကျွန်မခွင့်ပြုတယ်။ ဒါပေမဲ့ သူ့ကိုအကြောင်းမဲ့ စော်ကားတာ၊ ထိခိုက်နာကျင်စေတာကိုတော့ ကျွန်မ ခွင့်မလွှတ်နိုင်ဘူး" လို့ ဖေဖေကို မေမေက ပြောခဲ့တယ်။ ဒုတိယရက်.... မေမေက ကျွန်တော်ငယ်သူငယ်ချင်း ကျော်စိုးကို အိမ်ခေါ်လာတယ်။ ကျော်စိုးက "အောင်အောင်... မူလတန်းတုန်းက မင်းပေးခဲ့တဲ့ ကွန်ထရိုးကားကို ငါ့စာကြည့်ခန်းထဲမှာ ခုထိသိမ်းထားတုန်းပဲ။ အဲဒီကားလေးက ငါ့အတွက် အရမ်းတန်ဖိုးရှိတဲ့ ကစားစရာလေးပေါ့။ အခု ကျောင်းစာမှာ နင်အခက်အခဲတွေ့တယ်။ ဒီတော့ ဘာဖြစ်လဲ.. နောင်တစ်ချိန်မှာ မင်းဖြစ်မြောက်မှာပါ... မင်းက ငါတို့အားကိုးရမယ့် သူငယ်ချင်းပါကွာ" လို့ ပြောခဲ့တယ်။ တတိယရက်... ဆရာမချယ်ရီ အိမ်ကိုရောက်လာတယ်။ ဆရာမက ငိုသံနဲ့ "အောင်အောင်.. သားက ဆရာမသင်ဖူးသမျှ ကျောင်းသားတွေထဲမှာ အထူးချွန်ဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ တခြားကျောင်းသားထက် သား တမူထူးခြားခဲ့တယ်။ သား ကျောင်းစာမှာမထူးချွန်ဘူး။ ဒါပေမဲ့ သား ကျန်းကျန်းမာမာရှင်သန်တယ်။ သား ထွင်ပေးခဲ့တဲ့ လျှပ်စစ်ဖုန်စုပ်ကျောက်သင်ပုန်းဖျက်လေး ဆရာမ ဒီကနေ့အထိ သုံးနေတုန်းပဲ။ ဒီအတွက် သားကို ဆရာမဂုဏ်ယူတယ်" လို့ ပြောခဲ့တယ်။ စတုတ္ထရက်မှာ အခန်းပြင်ဘက် ဘာအသံမှ မကြားခဲ့ရတော့ဘူး။ မစားမသောက်နဲ့ မေမေမခံနိုင်မှာကို ကျွန်တော်စိုးရိမ်မိတယ်။ အခန်းပြင်ဘက် ကျွန်တော်ခြေဖျားထောက် ထွက်ကြည့်တော့ မေမေက မီးဖိုထဲမှာ ကြော်ချက်နေတယ်။ မေမေ့နား ကျွန်တော်မရောက်ခင် မေမေက.. "အင်း... သား ထွက်ထွက်လာချင်း ပထမဆုံးလုပ်ချင်တဲ့အရာက အစာစားတာပဲဆိုတာကို မေမေသိနေတယ်လေ" "မေမေ.. သားကို ခွင့်လွှတ်ပါနော်။ သား ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်မိတယ်" "သားအသုံးမကျဘူးလို့ ဘယ်သူပြောတာလဲ။ ရှေ့ဆက်မယ့်လမ်းအတွက် သား မစားမသောက်တာကို အသုံးမကျဘူးလို့ ပြောရင် အဲဒီပြောတဲ့လူ မေမေနဲ့တွေ့မယ်" လဝက်လောက်နေတော့ မေမေက ကျွန်တော်ကို အရွေးအချယ်ပုစ္ဆာတစ်ပုဒ်မေးတယ်။ A. အကောင်းဆုံးတက္ကသိုလ်ကို တက်မလား၊ B. အသက်မွေးဝမ်းကျောင်းမှာ ကားပြင်သင်တန်းတက်မလား၊ C. တကယ်လို့ တစ်ခုမှ မကြိုက်ဘူးဆိုရင် သားရဲ့ဆန္ဒ၊ ရွေးချယ်မှုကို မေမေအလေးထားပါတယ်။ ကျွန်တော် B ကိုရွေးလိုက်တယ်။ "သားသိတယ် မေမေ.. သား အကောင်းဆုံးတက္ကသိုလ်ရဖို့ မေမေ့နည်း၊ မေမေ့ဟန်နဲ့ လူတွေကိုချည်းကပ်တော့မယ်ဆိုတာ သားသိတယ်။ မေမေကို နောက်ထပ်စိတ်ပျက်အောင် သား မလုပ်တော့ပါဘူး မေမေ" "သားကလည်း မေမေ့ကိုအထင်သေးတာပဲ။ အတတ်ပညာကျောင်းသွားတာက သားရဲ့အစွမ်းကို အကြီးချဲ့ပေးလိုက်တာ၊ တက္ကသိုလ်သွားတာက သားရဲ့အားနည်းချက်ကို ကုသပြင်ဆင်ပေးတာ၊ မေမေလည်း ဆရာမတစ်ဦးပဲ ... ဒါတွေကို အကွက်မြင်ပါတယ် သားရယ်" မေမေက ကျွန်တော့်ခေါင်းကို ပွတ်သပ်ပြီးဆိုတယ်။ ဒီလိုနဲ့ အတတ်ပညာကျောင်းကို ကျွန်တော်တက်ပြီး ကားပြင်သင်ခဲ့တယ်။ ကျောင်းဝင်းထဲက ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စကားကို နားထောင်ပြီး ကားအပြင်ကောင်းသူတစ်ဦးဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ကျောင်းက မိသားစုအိမ်ရာမှာ မေမေနဲ့ကျွန်တော်နေတယ်။ ဒီအိမ်ရာထဲက ဆရာ၊ ဆရာမမိသားစုတွေရဲ့ သားသမီးတွေက နိုင်ငံခြားထွက် ကျောင်းဆက်တက်သူ၊ မာစတာဆက်ဖြေသူနဲ့ အညံ့ဆုံးဆိုသူကတောင် ဘွဲ့တစ်ခုရထားသူတွေဖြစ်တယ်။ကျွန်တော်တစ်ယောက်ပဲ ဒီဝင်းထဲမှာ ငယ်ရာကနေ ကြီးလာတဲ့အထိ တခြားလူနဲ့မတူ ဆန့်ကျင်ပုန်ကန်သူဖြစ်ခဲ့တယ်။ ဒီအတွက် မေမေ မရှောင်ပုန်းခဲ့ဘူး။ လူတွေကို မကွယ်ဝှက်ခဲ့ဘူး။ မလိမ္မာတဲ့သားတစ်ယောက်ကြောင့် လူတွေကို ရင်မဆိုင်ရဲတာမျိုး မဖြစ်ခဲ့ဘူး။ ဒါတင်မက ဘယ်သူ့အိမ်က ကားပျက်ရင် ကျွန်တော့်ကိုခေါ်ပြီး အကူအညီပေးခိုင်းသေးတယ်။ ကျွန်တော်ကားပြင်နေတာကို ဘေးမှာရပ်ကြည့်ပြီး ဝမ်းသာကျေနပ်တဲ့အပြုံးနဲ့ မေမေရပ်ကြည့်နေတတ်တယ်။ သားကို ကားပြင်ဆရာလို့မမြင်ဘဲ ဒုံးပျံပြင်ဆရာလို မြင်ခဲ့ပုံရတယ်။ ကျွန်တော့်ဘဝ အကောင်းဘက်ကို တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ သင်တန်းကျောင်းကကျောင်းမပြီးခင် "ကားပြင်ပါရမီရှင်"အဖြစ် ကျွန်တော်နာမည်တွင်ခဲ့တယ်။ ကားရဲ့ရောဂါပေါင်းစုံကို "ကုသ"သူဖြစ်ခဲ့တယ်။ ကျောင်းပြီးတော့ ကျွန်တော်ဝပ်ရှော့တစ်ဆိုင်ထောင်ခဲ့တယ်။ နာမည်ကြီး အဖိုးတန်ကားတွေကိုပဲ ဝန်ဆောင်မှုပေးခဲ့တယ်ဆိုပေမယ့် ကျွန်တော်ဆိုင်မှာ အလုပ်နဲ့လက်မပြတ် ကားတွေစည်ကားခဲ့တယ်။ ကျွန်တော့်ကိုယ်ပေါ်မှာ ဓာတ်ဆီနံ့တွေနဲ့ နံစော်နေတယ်ဆိုပေမယ့် ဘဝအတွက် ကျွန်တော်ခါးညွှတ် ရိုကျိုး တောင်းစားစရာမလိုခဲ့ဘူး။ တစ်နေ့မှာ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်ရင်း စာထဲကနေ ပေါ်တူဂီစကားပုံတစ်ခုကို သွားတွေ့တယ်။ "ဘုရားသခင်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်အတွက် သစ်ကိုင်းနိမ့်တစ်ကိုင်း ပြင်ဆင်ပေးထားပါတယ်"တဲ့။ ဟုတ်ပါတယ်... ကျွန်တော်က အဲဒီငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် သစ်ကိုင်းနိမ့်တစ်ကိုင်း ပေးပို့လာသူက ဘုရားသခင်မဟုတ်ခဲ့ပါဘူး။ ကျွန်တော့်မေမေပဲဖြစ်ပါတယ်....... ×××××× မူရင်းလင့် ---- http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20120218/216949.html
အောင်ပညာဒါန Unknown at 11:35 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ, မိဘမေတ္တာ

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”


တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ
မျက်စိဝေဒနာကို ခံစားနေရတာကြောင့်
စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။

သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ
့ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို ကုသခဲ့ပါတယ်။

ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက
ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနား
ခံယူခဲ့ပါတယ်။

ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့်
မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက
သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။

လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ 
မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီး
သူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ
အာရုံစိုက်ကြည့်ဖို့ နဲ့ တခြားအရောင်တွေကို
ကြည့်လို့ မရဘူး လို့ ပြောပါတယ်။

ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက
အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ 
မတည့်တာပါ။

အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို
ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို
စည်ပိုင်းလိုက်ကို ၀ယ်ထားပါတော့တယ်။

ပြီးတော့ ဘုန်းကြီး မိန့် မှာထားတဲ့အတိုင်း
သူ့ မျက်စိနဲ့ ကြည့်မယ့် အရာဝတ္ထုတိုင်းကို
အစိမ်းရောင်တွေ ဆေးသုတ်ထားလိုက်ဖို့ ကို ညွှန်ကြားထားလိုက်ပါတော့တယ်။

ရက်အနည်းငယ်လောက်အကြာမှာ
ဘုန်းကြီးက သူဌေးကို လာကြည့်ပါတယ်။

အဲဒီ့အချိန်မှာ သူဌေးရဲ့ တပည့်တပန်းတွေက
အစိမ်းရောင်သုတ်ဆေးတွေ ပုံးနဲ့ ယူချလာပြီး
ဘုန်းကြီးသင်္ကန်းပေါ် လောင်းချလိုက်ပါတော့တယ်။

ဘုန်းကြီးရဲ့ သင်္ကန်းဟာ အနီရောင်
ဆင်မြန်းထားတာကြောင့် သူတို့ ဆရာရဲ့ 
မျက်စိဝေဒနာ ပြန်မဖြစ်ရလေအောင်
အခြားသောအရောင်တွေကို မမြင်စေလိုတဲ့
အတွက် ကြောင့် ပါတဲ့။

အဲ့ဒီလိုလည်း ကြားရရော ဘုန်းကြီးက ရယ်ပါလေရော ….

အကယ်လို့ သာ မင်းဟာ အစိမ်းရောင်
မျက်မှန်တစ်စုံသာ ၀ယ်တပ်လိုက်မယ်ဆိုရင်
ငွေကြေးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပြီး
မင်းဒီလို နံရံတွေ ပန်းအိုးတွေနဲ့ တခြားသော
ပစ္စည်းတွေလည်း သိပ်ပြီး အစိမ်းရောင်
ခြယ်သနေစရာ မလိုတဲ့အတွက် အကုန်အကျ
တွေလည်း မများတော့ဘူး။

ကမ္ဘာကြီးတစ်ခုလုံးကို အစိမ်းရောင်တွေနဲ့ 
ခက်ခဲစွာ ဆေးလိုက်ခြယ်မယ့်အစား
မင်းအမြင်ကိုသာ ပြောင်းလဲလိုက်ပါ
အဲဒါဆို ကမ္ဘာကြီးလည်း သူ့ အလိုလို
ပြောင်းလဲလာမှာပါ…

Credit - Original Writer

.
The Express Times
==============
အောင်ပညာဒါန Unknown at 11:30 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

သွေးပေါင်ကျခြင်းအတွက် သဘာဝကုထုံးများ


အရွယ်ရောက်သူတစ်ဦးရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂၀/၈၀) အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိ သင့်ပါတယ်။ အကယ်၍သွေးပေါင်ချိန်ဟာ (၉၀/၆၀) အောက်သို့ ထိုးဆင်းသွားခြင်းကို သွေးပေါင်ကျ တယ်လို့ ခေါ်ပါတယ်။ ရုတ်တရက်သွေးပေါင်ကျခြင်းဟာ ရုတ်တရက် သွေးတိုးခြင်းလိုဘဲ အသက် အန္တရာယ်စိုးရိမ်ရပါတယ်။
နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်း များသို့အောက်စီဂျင်ပြတ်လပ်ကာ နောက်ဆုံးမှာတော့ နှလုံး၊ ဦးနှောက်အာရုံကြောနှင့် သွေးပြန်ကြော များကိုထိခိုက်ပျက်စီးစေပါတယ်။
ဘာကြောင့်ဖြစ်-
အမျိုးသား၊ အမျိုးသမီး ၁၀ ဦးတွင် သုည ဒသမ ၅ ဦးနှုန်းခန့် မွေးရာပါသွေးပေါင်ကျရောဂါ ပါလာတတ် ကြပါတယ်။ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချို၊ ဂလူးကို့စ်ကျဆင်းခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မည့်ခြင်း၊ သွေးမလျှောက်ရောဂါတို့ကြောင့် သွေးပေါင်ကျစေပါတယ်။
ထို့ပြင်သွေးတိုးကျဆေးများ ဆက်တိုက်သောက်သုံးခြင်း၊ နှလုံးရောဂါ ပျောက်ဆေး၊ လေဖြတ်ရောဂါနှင့် အသည်းရောဂါဆေးများ မှီဝဲကြရသူများတွင် ထိုဆေးများ၏ ဘေး ထွက်ဆိုးကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရသဖြင့်
မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။ သွေးပေါင်ကျ လက္ခဏာများ -

သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်တတ်ပါတယ်။ ထို့ပြင်မူးနောက်နောက်ဖြစ် ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရေငတ်ခြင်း၊ နှုတ်ခမ်း၊ လက်ဖဝါး၊ မျက်တွင်းသား၊ ခြေဖဝါးနှင့် အရေပြားအရောင်ဖျော့တော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးလျင်မြန်စွာ ခုန်လာခြင်း၊ အသက်ပြင်းပြင်းမရှူနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက်မွန်း ကြပ်ခြင်း စသည်တို့က သွေးပေါင်ကျလက္ခဏာများ ဖြစ်ပါတယ်။

အနေအထိုင်ဆင်ခြင် ကုထုံးနည်း -
၁။ ခြေထောက်မှသွေးများ နှလုံးထံသို့ပြန်လည်စီးဆင်းလာစေအောင် အိပ်ရာထက်တွင် ပက်လက်လှန် ပြီး၊ ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာလှုပ် ရှားပေးပါ။
၂။ ယောကကျင့်စဉ်ကလည်း စိတ်ငြိမ်၍အာရုံကြောအဖွဲ့အစည်းကို မျှတစေသည့်အပြင် သွေးလည် ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်လာစေပါတယ်။

၃။ အချိန်အကြာကြီး မတ်တပ်မရပ်ပါနှင့်။

၎။ ထိုင်ရာမှ ချက်ချင်းမတ်တပ်ထရပ်ခြင်း (သို့မဟုတ်) တစ်ဖက်သို့ ရုတ်တရက်ခေါင်းလှည့်ခြင်း မပြုလုပ်ရ။

၅။ ချွေးထွက်မလွန်ရလေအောင် နေအပူရှိန် (ဝါ) မီးပူဒဏ်မခံပါနှင့်။

၆။ လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့၊ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်ဖြည့် ပေးဖို့လိုပါတယ်။ တစ်နေ့လျှင်အနည်းဆုံး မိနစ် ၃၀ မျှတရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါးစလုံးအ တွက်သဘာဝအားဖြည့်ဆေးပါပဲ။

၇။ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှကျောရိုးနှိပ်ခံရခြင်းက အရိုး၊ အရိုးဆက်၊ ကြွက်သားတို့ကို ပြေလျော့၍ ပင်ပန်းနွမ်းနွယ်မှု သက်သာစေရုံသာမက သွေးလည်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန် စေပါတယ်။

၈။ ဖြည့်ဖြည်းမှန်မှန်လမ်းလျှောက်၍ အသက်ရှူသွင်းလေ့ကျင့်ခန်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်တိုးတက်စေပါတယ်။ တစ်နေ့လျှင် မိနစ် ၂၀ ခန့်လမ်းလျှောက်ရင်း လေရှူသွင်းပါ။ လေတစ် ကြိမ်ရှူတိုင်းအနည်းဆုံး သုံးမိနစ်ကြာအောင် ရှိုက်ပါ။

အစားအသောက် ကုထုံး -

၁။ခန္ဓာကိုယ်အတွင်း ရေဓာတ်ကျရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့ ရေဓာတ်မဆုံးရှုံးရလေအောင် တစ်နေ့လျှင် အနည်းဆုံးသောက်ရေရှစ်ခွက် (သို့မဟုတ်) အရည်ရွှမ်းသောသစ်သီးများများစားပေးပါ။

၂။ ဆားနှင့် ဆိုဒီယမ်ဓာတ်ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။ (သို့သော် အလွန်အကျွံမစားပါနှင့်)

၃။ စပျစ်သီးခြောက် ၁၀ လုံးကို ရေတစ်ညသိပ်ပြီးစားပါ။ ထိုအတိုင်း တစ်လတိတိစားပေးပါက သွေးပေါင်ကိုပုံမှန်ဖြစ်စေပါတယ်။

၎။ ဗန်ဒါစေ့ကို နွားနို့ပူပူဖြင့်သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံးအိမ်တွင်းကုထုံးလို့ ဆိုကြပါတယ်။

၅။ မြေပဲမှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါရှိလို့ မြေပဲကြော်စားပေးပါ။

၆။ စွန်ပလွန်သီးကို နွားနို့နွေးနွေးဖြင့် တစ်နေ့နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်သောက်ခြင်းကလည်း ထိရောက်မ့ဖြစ်စေပါတယ်။

၇။ သဘာဝကြံရည်က ခွန်အားတိုးပွားစေပြီးမူးမော်ခြင်းကင်း၍ သွေးပေါင်ပြည့်စေပါတယ်။

၈။ ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့၊ ဂျုံမြက်ကိုနွားနို့ဖြင့်ပြုတ်၍ တစ်နေ့နှစ်ကြိမ်သောက် ပေးပါ။

၉။ ဆီကြော်မုန့်များနှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်းက သွေးပေါင်အတက်အကျ ကြမ်းစေရုံသာမက၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများလည်း ဖြစ်လာစေပါတယ်။

၁၀။ ဗီတာမင်စီကြွယ်ဝသော သံပုရာသီးကို ဆား၊ သကြား သင့်ရုံဖျော်သောက်ပေးခြင်းက အမူးအ မော်ပြေစေသလို သွေးပေါင်ချိန်ပြန်တက်လာစေပါတယ်။

၁၁။ ကွေကာအုတ်ထဲတွင်ပါရှိသော ကစီဓာတ်က ခွန်အားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

၁၂။ ခန္ဓာကိုယ်တွင် ပိုတက်စီယမ်ဓာတ်ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေတတ်ပါတယ်။ ပိုတက် စီယမ်ကြွယ်ဝသော ငှက်ပျော်သီး၊ မုန်လာဥနီ၊ တရုတ်နံနံပင်တို့ စားပေးပါ။

၁၃။ တစ်နေ့တာ အစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်သော အဆီနည်းသည့်အသား၊ ကြက်ဥ၊ နို့၊ နို့ထွက်ပစ္စည်းနှင့် ချောကလက် စားပေးပါ။

၁၄။ ကြက်သွန်ဖြူက သွေးဖိအားကိုထိန်းညှိပေးလို့ ညအိပ်ရာဝင်ခါနီးတိုင်း ကြက်သွန်ဖြူနှစ်တက် (နှစ်မြွှာ) စားပါ။ (သို့မဟုတ်) ဂျင်စင်းကလည်း သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးကာ၊ အိပ်မော ကျစေလို့ ညအိပ်ရာဝင်ခါနီး ဂျင်စင်းဖျော်ရည် တစ်ခွက်သောက်ပေးနိုင်ပါတယ်။ ဆေးဖက်ဝင်ဟင်းခပ် အမွှေးအကြိုင်များဖြစ်သော မန်ကျည်းသီး၊ ဂျင်း၊ ငရုတ်ကောင်း၊ သစ်ဂျပိုးခေါက်များက သွေးပေါင် တက်လာစေသလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။

၁၅။ ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့ ဆီနိုင်နိုင်ဖြင့်ကြော်စားပေးပါက ၂၄ နာရီအတွင်း သွေးပေါင်ချိန် တက်လာစေပါတယ်။

၁၆။ ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျစေတဲ့ သဘာဝဓာတ်စာများပါပဲ။

၁၇။ ကဖိန်းဓာတ်ပါသော လက်ဖက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီတက်စေပါတယ်။

၁၈။ အမဲအသည်းကို ကြော်စားခြင်းကချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ ဆိုပါတယ်။

၁၉။ အစားအစာများကို နဲနဲနှင့်မကြာခဏစားပေးခြင်းက သွေးပေါင်ချိန်ရုတ်တရက် လျော့ကျခြင်းမှ ကာကွယ်ပေးပါတယ်။
အချို့သော သွေးအားနည်းရောဂါလက္ခဏာများဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင်တူလို့ အတွေ့အကြုံ မရှိပါက ဆေးမှားသောက်တတ်ကြပါတယ်။ သွေးပေါင်ချိန်အရမ်းထိုးကျသွားပါက နီးစပ်ရာဆရာဝန် ပြေးခေါ်ပါ။ ဆရာဝန်မရောက်ခင် နှလုံးနှင့်ဦးနှောက်ထဲသို့ သွေးပြန်လည်စီးဆင်းစေရန်နှင့် သတိလစ် မေ့မြောခြင်းမဖြစ်စေရန်တို့အတွက် ခြေထောက်နှစ်ချောင်းကို အပေါ်သို့ ထောင်ထားပေးပါ။


http://www.searchmyanmar.com/link/comment/cid/41058#content-41058
အောင်ပညာဒါန Unknown at 11:29 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

Sep 1, 2014

လိုက်နာမှတ်သား ဘ၀စကားများ


၁။ သည်းခံတတ်သူ၏ ဒေါသကို သတိထားပါ။ 
(ဂျွန်ဒရိုင်းဒန်)
၂။ ကျွန်ုပ်သည် လျှို့ဝှက်ကြံစည်တတ်သူ ဖြစ်ရာ ကျွန်ုပ်၏ အနားတွင်ရှိသော သူများကို တစ်ယောက်မျှမယုံ။
(ဆာအာသာကိုနင်ဒွိုင်း)
၃။ ဘာသာရေးမပါသော သိပံ္ပသည် ခြေကျိုးနေ၍ သိပံ္ပမပါသော ဘာသာရေးသည် မျက်စိကန်းနေသည်။
(အဲရစ်စတိုတရ်)
၎။ ယုံကြည်စိတ်ချရသောကြောင့် ပျက်စီးခြင်းထက် စိုးရိမ်စိတ်လွန်ကဲသောကြောင့် အထင်သေးခံရခြင်းက ပိုကောင်းသေးတရ်။ (အီမန်ဘတ်စ်)

၅။ လူတိုင်းဟာ ချစ်ရာမှာ မြန်ဆန်ကြပြီး တစိမ့်စိမ့်ဖြင့် မုန်းတတ်ကြတရ်။ (ဘိုင်ရွန်)
၆။ နာခံခြင်းသည်သာလျှင် အမိန့်ပေးနိုင်ခွင့်ရှိတရ်။
(ရပ်ဝယ်တိုအီမာဆန်)
၇။ ကောင်းကင်ဘုံ၌ အစေခံလုပ်ရခြင်းထက် ငရဲပြည်၌ ဗိုလ်လုပ်ရခြင်းက ပိုကောင်းတရ်။ (ဂျွန်မီတန်)
၈။ ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုခြင်းက ပြည်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဘားနဒ်ရှော့)
၉။ ပညာ၏ အမြစ်မှာ ခါးသီးသော်လည်း အသီးမှာ ချိုသည်။ (အဲရစ်စတိုတရ်)
၁၀။ ပါးနပ်ခြင်းက ဉာဏ်ပညာမဟုတ်။ (U P Dee)
၁၁။ ညံ့ဖျင်းစွာ စတင်ခြင်းသည် ညံ့ဖျင်းစွာ ပြီးဆုံးစေတရ်။ (U P Dee)
၁၂။ ဘ၀မှာ ၀မ်းနည်းစရာ နှစ်ခုရှိတရ်။ ပထမတစ်ခုက သင်၏ နှလုံးသားဆန္နအလိုတွေ မပြည့်တာဖြစ်ပြီး၊ ကျန်တစ်ခုကတော့ အဲ့ဒီအရာကို သင်ရတာပဲ။ (ဘားနဒ်ရှော့)
၁၃။ ကမ္ဘာပေါ်မှာ ရှိသမျှ လူတော်များ၊ ပညာရှင်များသည် အများအားဖြင့် အတွေးအခေါ်နှင့် ဉာဏ်ပညာကို ဦးစားပေးသည် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ (ဂျစ်)
၁၄။ ကျွန်ုပ်တို့တွင် နားရွက်နှစ်ခုနှင့် လျှာတစ်ခုသာပါရှိသည်ဖြစ်ရာ ကျွန်ုပ်တို့သည် များများနားထောင်၍ နည်းနည်းသာ ပြောရမှာ ဖြစ်သည်။
(အိုင်အိုဂျီးနစ်)
၁၅။ ရှက်သွေးဖြာခြင်းသည် သီလသမာဓိ အရောင်ဖြစ်သည်။ (ရောဘတ်ဘရောင်းနင်း)
၁၆။ စတင်လုပ်ဆောင်သူသည် တစ်ဝက်လုပ်ဆောင်ပြီးသူ ဖြစ်တရ်။ (ဂျွန်ကိ)
၁၇။ ကူညီစိတ်ရှိသူတွင် ဝေဖန်နိုင်ခွင့်ရှိတရ်။ (အေဘရာဟင်လင်ကွန်း)
၁၈။ ရင့်သီးပြင်းထန်သော စကားလုံးများသည် အကြောင်းအရာ အားနည်းကြောင်းကို ညွှန်ပြနေပေသည်။ (ဗစ်တာဟူရို)
၁၉။ မျှော်လင့်ချက်သည် ကောင်းမွန်သော နံနက်စာဖြစ်သော်လည်း ဆိုးဝါးသော ညစာဖြစ်တရ်။ (ဆာဖရန်းစစ်ဘေကွန်)
၂၀။ ပြစ်တင်ရှုတ်ချမှုကို ပယ်ရှားရန်အတွက် အသေချာဆုံးသော နည်းလမ်းမှာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ပြုပြင်ရန် ဖြစ်သည်။ (ဒီမောစ်သီနိစ်)
၂၁။ နေ့တိုင်းဟာ ဘ၀တစ်ခုဖြစ်၍ ဘ၀တစ်ခုလုံးဟာ ပြန်ရောက်လာတဲ့နေ့ တစ်နေ့ ဖြစ်တရ်။ (ဆမ်းမာဆက်မော့)
၂၂။ ငြင်းခုံကျတဲ့အခါ ခေါင်းမာခြင်းနှင့် ဒေါသကြီးခြင်းဟာ မိုက်မဲညံ့ဖျင်းကြောင်း ပြသတဲ့ သက်သေများဖြစ်တရ်။ (မစ်ချယ်)
၂၃။ ကလေးများက အမှောင်ထဲသို့ သွားရန်ကြောက်သကဲ့သို့ လူကြီးများက သေရန် ကြောက်ကြသည်။ (ဆမ်ဖရန်စစ်ဘေကွန်)
၂၄။ အယူသီးသူဆိုသည်မှာ သူ၏စိတ်ကို မပြောင်းလဲနိုင်သလို အကြောင်းအရာကိုလည်း ပြောင်းလဲနိုင်မည်မဟုတ်ပေ။ (၀င်စတန်ချာချီ)
၂၅။
ပေးခဲ့တဲ့ကတိသည် ပြီးခဲ့သော အခြေအနေကြောင့်ဖြစ်သည်။ ကတိကို
ဖောက်ဖျက်ရခြင်းက လက်ရှိအခြေအနေ ကြောင့် ဖြစ်သည်။ (နီကိုလိုမာကီဟာဘဲလီ)
၂၆။ အကောင်းဆုံးသော သာယာချမ်းမြေ့မှုမှာ ကောင်းမွန်သည့် အလုပ်ကို လူမသိအောင်လုပ်ပြီး ထိုသို့လုပ်သည်ကို အမှတ်တမဲ့သိသွားစေခြင်း ဖြစ်တရ်။
(ကစ်ပလင်း)
Credit - Original Writer
အောင်ပညာဒါန Unknown at 10:12 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ, မှတ်သားဖွယ်ရာအဆိုအမိန့်များ

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး



--------------------------------------------------------------------------

ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။

မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။

အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။

မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ

၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။

ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။

စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်းး

by အိဖြိုး

Credit to သက်ရှည်ကျန်းမာ
အောင်ပညာဒါန Unknown at 9:31 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

ကလေးများ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်းဖြင့် ငါးနှစ်အောက်ကလေးသေဆုံးမှုနှင့် အခြားသော ရောဂါပိုးမွှားများကိုကာကွယ်နိုင်


ရန်ကုန်။
 လက်ကိုစင် ကြယ်အောင် ဆေးကြောခြင်းဖြင့် ငါး နှစ်အောက် ကလေးသေဆုံးမှုနှင့် အခြားသော ရောဂါပိုးမွှားများကို ကာ ကွယ်နိုင်ကြောင်း သိရသည်။ လက်ဆေးခြင်းအားဖြင့် ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုကို သက်သာ လျော့နည်းနိုင်သည့်အပြင် အခြားသော ရောဂါများ ဖြစ်သည့် အဆုပ်ရောင်ရောဂါနှင့် လေမှတစ် ဆင့်ကူးစက်ပြန့်ပွားနိုင်သည့်ရောဂါ များကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။

''အများစုက လေထဲက လာတဲ့ ရောဂါပိုးတွေ ကူးမှာစိုးလို့ မက်ခ်ကို အသုံးပြုကြတယ်။ လူတွေက အစား စားမယ်။ မျက်နှာကိုင်မယ်။ နှာခေါင်း ကိုလဲ ဒီလက်နဲ့ပဲ ကိုင်တယ်။အဲဒီ တော့ လက်ကိုဆပ်ပြာနဲ့ သေချာစင် ကြယ်အောင်ဆေးဖို့အတွက် ပြောပေးဖို့ လိုသလို။ ကိုယ်တိုင်လဲလုပ်ရမယ်။လူတွေက အသိရှိကြပေမယ့်။ သတိ မရှိတဲ့အချိန်မှာကျန်းမာရေးကို ထိ ခိုက်စေပါတယ်''ဟုကျန်းမာရေးပညာ ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်က သတိ ပေးပြောကြားသည်။ ထို့ပြင် ကလေးကို ချစ်သော မည်သူမဆို လက်ဆေးဖို့ လိုအပ် ကြောင်းနှင့် မွေးကင်းစကလေးအသက် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် လက်ကို စင်ကြယ်အောင် ဆေးရန်နှင့်ကလေး ကို ကိုင်တွယ်သည့်နေရာတွင် သန့်ရှင်း မှု အပိုင်းကအရေးကြီးကြောင်းသိရ သည်။ ''ကလေးတွေက အမေမှာ ရှိ တဲ့တော်ရုံတန်ရုံရောဂါပိုးကိုတော့ ခံနိုင်ရည်ရှိကြတယ်။ ဘာလို့လဲဆို တော့ အမေဗိုက်ထဲမှာ နေခဲ့လို့ပါ။ အဖေရဲ့ လက်မှာရှိတဲ့ ရောဂါပိုးတွေ ကိုတော့ ခံနိုင်ရည် မရှိကြပါဘူး။အဲဒါကြောင့် ကလေးအဖေတွေက ကလေးချီခါနီမှာ လက်ကိုစင်ကြယ် အောင်ဆေးဖို့ လိုအပ်ပါတယ်''ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။ မွေးကင်းစကလေးသေဆုံးမှု များရခြင်းတွင် မွေးဖွားလာသည့် ကလေးများသည်ပေါင်မပြည့်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း စသည်တို့ ကြောင့် ဖြစ်ကြောင်း သိရသည်။ ''မွေးကင်းစကလေးတွေကို ဘာကြောင့် ရောဂါပိုးဝင်သလဲ ဆို တော့ ရွာမှာဆိုရင် တချို့လက်သည် နဲ့မွေးတယ်။ သားဖွားဆရာမနဲ့ မွေး တယ်။ အဲဒီလိုမျိုးမွေးတဲ့ နေရာမှာ သန့်ရှင်းမှု အပိုင်းမှာ အားနည်းတဲ့ အတွက် မွေးလာတဲ့ ကလေးတွေမှာ ရောဂါပိုးဝင်ကြတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာခင်မောင်လွင်ကပြော သည်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့၏ လေ့လာဆန်းစစ်ချက်များ အရ အာဆီယံနိုင်ငံများအနက် မြန်မာ နိုင်ငံတွင် အသက် ငါးနှစ်အောက် ကလေးသေဆုံးမှု အမြင့်မားဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ တွင် ငါးနှစ်အောက် ကလေးငယ် ပေါင်း ငါးသောင်းခြောက်ထောင်ခန့် သေဆုံးနေကြပြီး၊ ယင်းတို့အနက် ကလေးငယ်ဦးရေ လေးသောင်းသုံး ထောင်မှာ အသက်တစ်နှစ်အောက် အရွယ်ကလေးများ ဖြစ်ကြောင်းသိရ သည်။ လူအများသည် လက်သန့်ရှင်း ရေးကို အစာ မစားမီလုပ်ခြင်းထက် အစာစားပြီးမှသာ လက်ကိုဆပ်ပြာ ဖြင့် စင်ကြယ်အောင်ဆေးကြလေ့ရှိပြီး အစာမစားမီလက်ဆေးသည့်အခါ တွင် လက်ကိုရေဖြင့်သာ ဆေးတတ် လေ့ရှိကြောင်းသိရသည်။ ''ဘာလို့ အစာစားပြီးမှ လက် ကို သေသေချာချာ စင်ကြယ်အောင် ဆေးကြသလဲဆိုတော့ လက်နဲ့စားတဲ့ အတွက် လက်နံမှာ စိုးလို့ဆေးကြ ခြင်း ဖြစ်ပါတယ်။ အဲဒါတွေက ကျွန် တော်တို့တွေ ပြုပြင်ရမယ့်အချက် တွေပါ'' ဟုဆိုသည်။ အိမ်ရှင်မတစ်ယောက်အစား အစာများ မကိုင်တွယ်မိတွင် လက် ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေး သင့်ကြောင်းနှင့်ကလေးမိဘများ ကလေးမစင်များကို ကိုင်ပြီးသည့် အခါတိုင်းတွင် လက်ကို သေသေချာ ချာဆေးရန် လိုအပ်ကြောင်း အသိ ပေးပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တွင် အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် မွေးကင်းစ ကလေးသေ ဆုံးမှုနှုန်း လျော့ကျစေရန်အတွက် နှစ်သုံးဆယ် စီမံကိန်းချမှတ်ဆောင် ရွက် လျက်ရှိကြောင်း၊ ထိုစီမံချက်များ အရ ၂ဝ၃၁ခုနှစ် ရောက်ရှိလျှင် မွေးကင်းစ ကလေး အယောက်တစ် ထောင်တွင် သေဆုံးသူ ၄ဝဦးမှ ၂၂ဦးသို့ လည်းကောင်း၊ အသက် ငါးနှစ်အောက် ကလေး တစ်ထောင် လျှင် အသေးဆုံးမှု ၅၂ဦးမှ ၂၉ဦး သို့ လည်းကောင်း လျှော့ချနိုင်မည်ဟု ခန့်မှန်းတွက်ရှိထားသည်။ KTM #Democracytoday (ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)
အောင်ပညာဒါန Unknown at 9:29 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

၇။ အရဟန္တ၀ဂ္ဂ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၉၀။ 
ဂတဒ္ဓိနော ၀ိသောကဿ၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။
  သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ၀ိဇ္ဇတိ။
 
 ၉၀။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။ 
 
90. For the one who has completed the journey of rebirths, left sorrow behind, is free in all circumstances, and liberated from all bondage, has no more worries of life.

၉၁။ ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ’လံ ဟိတွာ၊ သြကမောကံ ဇဟန္တိ တေ။


၉၁။ သတိရှိသောပုဂ္ဂိုလ်တို့သည် (ဈာန်ဝိပဿနာတို့၌) လုံ့လပြုကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွာလျက် ပျံသွားသကဲ့သို့ မှီရာ တဏှာ ဟူသမျှကို စွန့်၍သွားကုန်၏။

91. The mindful persons gird up themselves. They do not relish attachment. Like swans that leave their lake, they abandon one attachment after another.

၉၂။ ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယေသံ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။


၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည်မရှိ၊ အကြင်ရဟန္တာတို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်၏၊ ရာဂစသည် ကင်းစိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။

92. The venerable Arahants who have laid up no storage, who live on recognized food, with perfect knowledge, whose sphere is emptiness and liberation, are hard to track, like birds in the sky where there is no track.

၉၃။ ယဿာသ၀ါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယဿ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။



၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏၊ ကောင်းကင်၌ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာဟူသောလမ်းကြောင်းကို မသိနိုင်။


93. The venerable Arahants whose compulsions are gone, who have no passions on food, whose sphere is emptiness, signlessness, and liberation, are hard to track, like birds whose tracks are unknown in the sky.


၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊ အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသ၀ဿ၊ ဒေ၀ါပိ တဿ ပိဟယန္တိ တာဒိနော။


၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသောမြင်းတို့သည် ငြိမ်သက်တည်ကြည်ကုန်သကဲ့သို့ အကြင် ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ(ခြောက်ပါး)တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏၊ မာနကိုပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။


94. The venerable Arahant who wisely controls his senses as horses well trained by a good driver, and who is free from lower passions and pride, is admired even by devas (gods).

၉၅။ ပထ၀ိသမော နော ၀ိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘ၀န္တိ တာဒိနော။


၉၅။ တာဒိဂုဏ်နှင့်ပြည့်စုံသော ကောင်းသောအကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည် မြေကြီးကဲ့သို့ လည်းကောင်း၊ တံခါးတိုင်ကဲ့သို့ လည်းကောင်း (သည်းခံသောစိတ်ရှိသည်ဖြစ်၍) အမျက်ဒေါသဖြင့် ဆန့်ကျင်မှုမပြု၊ ရွှံ့ညွန်ကင်း သောရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်းတို့သည် မဖြစ်ကုန်။


95. The venerable Arahant is tolerant like the earth, he is steady like a firm pillar, and he is like a lake free from mud. For such an arahant there will be no more Samsara, the cycle of rebirths.


၉၆။ သန္တံ တဿ မနံ ဟောတိ၊ သန္တာ ၀ါစာ စ ကမ္မ စ။
သမ္မဒညာ ၀ိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။


၉၆။ အကြောင်းအားလျော်စွာ တရားကိုသိ၍ ကိလေသာမလွတ်သော ငြိမ်သက်သော ဖောက်ပြန် ခြင်းသဘောမရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်းငြိမ်သက်၏၊ နှုတ်အမူအရာသည် လည်းကောင်း၊ ကိုယ်အမူအရာသည် လည်းကောင်း ငြိမ်သက်၏။


96. The venerable Arahant who is liberated and gone to serenity by perfect knowledge (the Truth) is calm and also the speech and the action are calm.


၉၇။ အဿဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ၀န္တာသော၊ သ ဝေ ဥတ္တမပေါရိသော။


၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူမဟုတ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်းဖြစ်၏၊ ၀ဋ်သုံးပါး ၏အစပ်ကို ဖြတ်တောက်ပြီးသူလည်းဖြစ်၏၊ ကုသိုလ်အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူလည်း ဖြစ်၏၊ အလုံးစုံသောတဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏၊ ထိုသူသည်သာ စင်စစ် ယောက်ျားမြတ်ဖြစ်၏။


97. He who is free from credulous beliefs since he has seen the eternal Nibbana, who has thrown off the bondage of the lower life and, far beyond temptations, has surrendered all his desires, he is indeed great among men.


၉၈။ ဂါမေ ၀ါ ယဒိ ၀ါရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၲာ ၀ိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။



၉၈။ ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ နိမ့်ရာ၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့သည် နေကုန်၏၊ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။


98. In a village or in a forest, or in a valley or on the hills, wherever venerable Arahants dwell, that place is delightful.


၉၉။ ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။


၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏၊ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊ ရာဂကင်းသောပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတ္တံ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။


99. Forests are delightful; where the ordinary people find no delight, there the passionless will find delight, for they do not seek sensual pleasures.


တာဒိဂုဏ်= တာဒိဂုဏ်ဟူသည် လောကဓံရှစ်ပါးနှင့် တွေ့ကြုံသောအခါ ဖောက်ပြန်တုန်လှုပ်မှု မရှိခြင်းပေတည်း။

Buddha Dhamma U Lawkanartha at 8:50 AM Labels: Chapter 07, Dhammapada Chapter
အောင်ပညာဒါန Unknown at 9:22 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ်

ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ


အလုပ်မှာကျောင်းမှာ နေ့စဉ်တွေ့နေရသောသူတွေထဲမှာအပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။

သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လိုလုပ်သင့်သလဲ။

၀၁. သေသေချာချာ ဝါးစားပါ

အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ်(သို့)တံထွေးကိုထွက်စေပါတယ်။
ခံတွင်းတံထွေးများများထွက်စေခြင်းဟာ ခံတွင်း၏ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။

၀၂. ထမင်းကို တော်ရုံသာစားပါ

ထမင်းကို ဗိုက်အပြည့်စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသောအစာအိမ် တခုတည်းမဟုတ် အခြားသော ကလီဇာ တွေကိုအလုပ်ပိုလုပ်စေသောကြောင့် ပါးစပ်နံရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် အစားကို ဗိုက်တင်းအောင်မစားပဲ အသင့်အတင့်သာ စားသင့်တယ်လို့ အကြံပေးပါရစေ။

၀၃. ပဲ၊ နွားနို့၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ ကိုများများစားပါ

ပဲ၊ နွားနို့၊ဟင်းသီးဟင်းရွက်၊ အသီးအနှံကိုများများစားခြင်း ကိုယ်ခန္ဓာအတွင်း အက်စစ်ထွက်ခြင်းကို လျှော့နည်းစေပါတယ်။
အက်စစ်ထွက်ခြင်းက လျှော့စေသောအတွက် ပါးစပ်နံခြင်းလည်း အလိုအလျှောက် လျှော့နည်းလာမှာပါ။

၀၄.ပါးလုပ်ကျင်းပါ

အစားကိုစားပြီးသောအခါ ပါးစပ်အတွင်းမှာ အစားအကြွင်းအကျန်တွေရှိတတ်ပါတယ်။ဒီအကြွင်းအကျန်တွေကနေ အချဉ်ပေါက်ပြီး ပါးစပ်နံတတ်ပါတယ်။ တတ်နိုင်ရင် ထမင်းစားပြီးတာနဲ့ သွားတိုက်နိုင်ရင် အကောင်းဆုံးပါ။ အချိန်မပေးနိုင်ရင်တော့ ပါးလုပ်ကျင်းဖို့မမေ့ပါနဲ့။

၀၅. ရေနွေးကြမ်းသောက်ပါ

လက်ဖက်ခြောက်မှာ ပါးစပ်အတွင်းမှ အနံ့ကိုထိန်းသိမ်းထားနိုင်တဲ့အတွက် ထမင်းစားပြီး ကော်ဖီ၊ အချိုရည်ထက်စာရင် ရေနွေးကြမ်းကို သောက်သုံးသင့်ပါတယ်။

××××××××××××××××××××××××××××××××××××××××

Happiness Is To You
အောင်ပညာဒါန Unknown at 3:43 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

အနာဂတ်အတွက်စာဖတ်ပါ


နည်းပညာရဲ့ သြဇာသက်ရောက်မှု ကြီးမားလှတဲ့ ဒီခေတ်ကြီးထဲမှာ ကမ္ဘာ့လူသားတွေအားလုံးလိုလိုပါဝင်ခွင့်ရခဲ့ကြပါတယ်။ ကမ္ဘာအနှံ့ နည်းပညာတိုးတက်ပြုပြင်ပြောင်းလဲမှုတွေ ဆင့်ကဲဖြစ်ပေါ်ခဲ့ကြပြီး ကမ္ဘာ့ နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သားအားလုံးလိုလိုနည်းပညာဆန်းသစ်တိုးတက်မှု ကို သိခွင့်၊ မြင်ခွင့်၊ လေ့လာခွင့်၊ သုံးစွဲခွင့်ရခဲ့ကြတာပါပဲ။ ဒါပေမယ့် လေ့လာမှု၊ သင်ယူမှုနဲ့ ပံ့ပိုးမှုတွေမှာ တော့ အထိုက်အလျောက်အားနည်းချက်တွေရှိခဲ့ကြတယ်။ အခုဆိုရင် Mobile နည်းပညာတိုးတက်မှုနဲ့ အတူ မြန်မာလူမျိုးအားလုံးနီးပါး Mobile Phone ကိုင်ဆောင်သုံးစွဲခွင့် ရရှိကြပြီဖြစ်သလို ခေတ်သစ်သိပ္ပံ Mobile ဆက်သွယ်ရေးနည်းပညာနဲ့ အတူ Internet လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးဖြန့်ကြက်ထားတဲ့ ကွန်ယက်ကိုပါ သုံးစွဲလေ့လာနိုင်ခွင့်တွေရရှိနေကြပြီဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံလဲ တခြားနိုင်ငံတွေ ဖွံ့ဖြိုး တိုးတက်သလို တိုးတက်စေဖို့ ပြုပြင်ပြောင်းလဲရေးတွေ၊ စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်နေကြတာတွေ ရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခြေချမှုနဲ့ အနာဂတ်စီမံကိန်းတွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ပေါ်ပေါက်လာခဲ့ကြတာကို ကျွန်တော်တို့အားလုံးငြင်းဖို့ခက်ခဲပါလိမ့်မယ်။ ဒီနေ့ခေတ်လူငယ် တွေအတွက် တိုးတက်မှုကို ရှာဖွေဖို့ရာ ခေတ်ရေစီးကြောင်းနဲ့ ကမ္ဘာ့အခြေအနေကို သိထား၊ လေ့လာထား မှဖြစ်မယ်။ ဒါမှသာ ကိုယ့်အတွက် အကောင်းဆုံး အခွင့်အလမ်းနဲ့ သင့်တော်မှုတစ်ခုကို ပိုင်နိုင်စွာ ရွေးချယ် နိုင်မှာပါ။

ယနေ့မြန်မာလူငယ်တွေအတွက် တစ်ဘက်က အခွင့်အလမ်းတွေ များပြားလာသလို တစ်ဘက်က လဲ စိန်ခေါ်မှုတွေနဲ့ကြုံကြိုက်ကြရမှာပါ။ ကိုယ်ဘယ်လောက် ကျွမ်းကျင်ထားသလဲ၊ လေ့လာဆည်းပူးထား သလဲဆိုတဲ့မေးခွန်းတွေကို ကိုယ့်အနာဂတ်အတွက် ဖြေကြရမယ်၊ ကိုယ့်ရဲ့အရည်အချင်းကို ထုတ်ပြရတော့ မယ်၊ ကိုယ်က အရည်အချင်းမပြည့်မှီလို့ရှိရင် ကိုယ့်ထက်သာတဲ့ ကျွမ်းကျင်တဲ့သူကို နိုင်ငံခြားကခေါ်ယူရမှာ ပဲ အဲဒီအခါကျရင်အခွင့်အရေးရခဲ့ပါရက်နဲ့ ကိုယ်ရဲ့ညံ့ဖျင်းမှုကြောင့် သူများအောက်မှာ လုပ်ကြရအုံးမှာပါ။ အဲဒီတော့လူငယ်တွေကိုတိုက်တွန်းချင်တာကတိုးတက်လာတဲ့နည်းပညာနဲ့အတူ ကိုယ့်ရဲ့အနာဂတ် စီမံကိန်းကို ချမှတ်ပါ။ ပြီးရင် လိုအပ်တဲ့ သင်ယူဆည်းပူးမှုတွေကို မနားမနေလုပ်ဆောင်ကြဖို့ပါ။ အဓိက ကတော့ ကျွန်တော်တို့ လူငယ်တွေ စာဖတ်ကြဖို့၊ စာကောင်းပေကောင်းတွေနဲ့၊ သုတစာပေတွေ၊ နည်းပညာ စာပေတွေကို လက်လှမ်းမှီသလောက် ဖတ်ကြဖို့ အကြံပြုချင်ပါတယ်။ စာဖတ်ခြင်းဟာတပါးသူ အချိန်ကြာ မြင့်စွာစုဆောင်ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ ပြဿနာတွေ၊ အခက်အခဲဖြေရှင်းပုံတွေကို တထိုင်တည်းနဲ့ အလွယ်တကူ ရလိုက်တာဖြစ်တဲ့အတွက် စာဖတ်တဲ့အလေ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်သင့်ပါတယ်။ အခုလိုမျိုး ပြည်တွင်းမှာလဲ Mobile Phone သိပ်သည်းဆတွေများလာတဲ့အပြင် Internet ကိုပါ သုံးစွဲခွင့်ရလာတာဟာ လေ့လာသင်ယူချင်သူ လူငယ်တွေအတွက် အားသာချက်ကြီးတစ်ခုပါပဲ။ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ် ဖော်ကိုင်ဘက်အချင်းချင်း သင်ယူစရာ၊ လေ့လာစရာတွေကို မျှဝေလို့ရတယ်။ ကိုယ်သိချင်တာကို Internet ပေါ်မှာ ရှာဖွေပြီး ဖတ်မှတ်လေ့လာလို့ရမယ်။ ပြီးတော့ ကိုယ့်ထက်နားလည်တတ်ကျွမ်းသူတွေ ညွှန်းတဲ့ စာအုပ်၊ ဝက်ဘ်ဆိုက်၊ ဆောင်းပါးတွေကို ရှာဖွေလေ့လာနိုင်သေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ လူငယ်တွေမှာ လေ့လာသင်ယူမှု အားနည်းပြီး တလွဲဆံပင်ကောင်းနေကြတာကိုလဲ မမြင်မတွေ့ချင်ပဲ တွေ့နေကြရပါတယ်။ ဘာမှမဟုတ်တဲ့အချည်းနှီးသောအရာတွေအတွက် အချိန်တွေပေးနေကြတယ်။ ဟို ယောင်ယောင် ဒီယောင်ယောင်အပျော်အပါးတွေနဲ့ ကုန်ဆုံးနေကြတာ မမြင်ချင်မှ အဆုံးပါ။ လေ့လာ ဆည်းပူးရမယ့်အချိန်တွေ နှမြောစရာပါ။ အချို့လူနည်းစု လူငယ်တွေကတော့ အနာဂတ်အတွက် ကြိုတင် ပြီးအကွက်ကျကျ ပြင်ဆင်နေကြပါတယ်။ လူငယ်တွေကိုပြောချင်တာလေးက ပျော်စာရာလူငယ်ဘဝမှာ ပျော်ရွှင်စွာနေထိုင်လို့ရပါတယ်။ စာအုပ်ကောင်းတွေကို ဖတ်ဖို့ လေ့လာဖို့အတွက် မပျင်းကြပါနဲ့ စာဖတ်ကြ ပါ။ စာဖတ်တာဟာ စိတ်ဓါတ်တည်ကြည်လေးနက်စေတဲ့အပြင် ဗဟုသုတနဲ့ အသိအလိမ္မာတွေလဲ တိုးပွား စေပါတယ်။ စာဖတ်များသူတွေဟာ ပိုပြီး စဉ်းစားချင့်ချိန်နိုင်တယ်။ပိုပြီးဆွေးနွေးနိုင်တယ်။ ဝေဖန်အကြံပြု နိုင်တယ်။ ကမ္ဘာကျော်၊ နိုင်ငံကျော် ခေါင်းဆောင်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ ပညာရှင်တွေ အားလုံးဟာ စာဖတ်နာသူတွေပါ။ စာအုပ်တွေကို ဖတ်ပြီး အကျိုးရှိမယ့်အရာ၊ အသုံးဝင်မယ့်အရာတွေကို တကယ်လက် တွေ့ဘဝမှာ အသုံးချရင်း မြင့်မားလှတဲ့ လှေကားထစ်တွေကို တဆင့်ချင်းလှမ်းတက်အောင်မြင်ခဲ့ကြတာပါ။ အသိပညာ၊ အတတ်ပညာကောင်းတွေကို ရရှိနိုင်ဖို့အတွက် စာဖတ်ခြင်း အလေ့အထဟာ မရှိမဖြစ်တရပ်ထဲ မှာ ပါ ပါတယ်။ စီမံခန့်ခွဲမှုဆိုတဲ့ပညာတစ်ခုကို ပိုင်နိုင်ဖို့အတွက် ဒီကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေဟာ စာအုပ် တွေကိုပဲ ကိုးကားပြီး အပြင်ဘဝမှာ တိုက်ဆိုင်သလို သုံးစွဲခဲ့ကြခြင်းဖြစ်ပါတယ်။ စာဖတ်ဖို့အတွက် တစ်ရက် ကို အချိန်ကာလတစ်ခုသတ်မှပါ အဲဒီအချိန်ကာလတစ်ခုအတွင်းမှာ အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်၊ ဂျာနယ်၊ သတင်းစာ၊ ဝတ္ထု၊ တစ်ခုခုကို ဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ်ဖတ်ခဲ့တဲ့အထဲမှာ မှတ်သားစရာ၊ အတု ယူစရာတွေပါလာရင် စာအုပ်တစ်အုပ်နဲ့ ရေးမှတ်တတ်အောင်ကျင့်ပါ ဒါမှသာ စာဖတ်သူအတွက် ဦးနှောက် မှာ စွဲထင်ကျန်ရစ်နေပါလိမ့်မယ်။ကိုယ်လိုချင်တဲ့အချိန်မှာလဲ မိမိမှတ်ထားတဲ့ မှတ်စုစာအုပ်ကို ပြန်ကြည့်ပြီး အလွယ်တကူ မှတ်မိနိုင်ပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်လက်ခံနိုင်စရာ၊ သဘောကျစရာတစ်ခုခု ဒါမှ မဟုတ် လက်မခံနိုင်စရာတစ်ခုခုကို ဖတ်မိတယ်ဆိုရင် စဉ်းစားတွေးခေါ်ပါ ဒီအချက်အလက်တွေပေါ်မှာ စာရေးသူရဲ့အမြင်ကို ကိုယ်တိုင်သုံးသပ်ပါ၊ မိမိကိုယ်တိုင် စာရေးသူနေရာကဝင်ပြီး စဉ်းစားချင့်ချိန်ကြည့်ပါ။ ဒါမှသာ စာကိုမကြောက်ဘဲ စာဖတ်တဲ့အကျင့်တစ်ခုကို စွဲမြဲစွာမွေးမြူနိုင်မှာဖြစ်ပါတယ်။ စာတစ်အုပ်ကို ပြီးချင်ဇောနဲ့ အလောတကြီးဖတ်ခြင်းကို ရှောင်ပါ။ အဲဒီအတွက် စာဖတ်သူမှာဘာကောင်းကျိုးမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ စာဖတ်မြန်ခြင်းအတွက်လဲ သိပ်တော့ဂုဏ်ယူစရာကောင်းတဲ့အချင်မဟုတ်ဘူးထင်ပါတယ်။ စာဖတ်ခြင်းဟာတကယ်ကိုသိမ်မွေ့ပြီးအေးဆေးတဲ့အတွက် ဖုတ်ပူမီးတိုက်လဲ မလုပ်အပ်ပါဘူး။ တဖြည်း ဖြည်းနဲ့ စာတစ်အုပ်ကို ဖတ်ရင်း၊ တွေးရင်းအရသာခံရတာကပိုကောင်းပါတယ်။ လူငယ်တွေအတွက် စိတ်ဝင်စားစရာ၊ ဖတ်ချင်စရာစာအုပ်တွေ Internet ပေါ်မှာ ဖတ်လို့မကုန်နိုင်အောင်ကိုရှိပါတယ်။ Chatting လုပ်မယ့်အချိန်တွေ၊ Game ဆော့မယ့်အချိန်တွေကို နည်းနည်းလျှော့ပြီး စာကိုဖတ်စေချင်ပါတယ်။ စဉ်းစား ချင့်ချိန်တဲ့အကျင့်လေးတစ်ခုကို စာဖတ်ပြီးရစေချင်တယ်။ ဒါမှလဲ လူငယ်တွေရဲ့ အနာဂတ်ခရီးခိုင်မာလှပ ပါလိမ့်မယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ၊ အခွင့်အလမ်းတွေ တိုးပွား လာတာနဲ့အမျှ ကျွမ်းကျင်တဲ့အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများအပြားကိုလိုအပ်လာတယ်။ ဒီလို အပ်ချက်အတွက်လဲ စီးပွားရေးလုပ်ငန်းတွေက လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လက်ယပ် ခေါ်နေကြတယ်။ ကျွမ်းကျင်သူ၊ လေ့လာဆည်းပူးထားသူ လူငယ်တိုင်းအတွက် အလုပ်ကိုစိတ်ကြိုက်ရွေး ချယ်နိုင်ပေမယ့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသူတွေအတွက် နောက်ကျကျန်ခဲ့ရမှာပါပဲ။ နောက်ကျကျန်ရစ် ခြင်းဟာ ဘယ်လိုရှုထောင်ကနေကြည့်ကြည့်ကောင်းခြင်းတစ်ခုတော့မဟုတ်တာသေချာပါတယ်။ Globalization ကမ္ဘာရဲ့အမြင့်ဆုံးခေတ်ဖြစ်တဲ့ အသိနည်းပညာခေတ်မှာ စာဖတ်ခြင်းနဲ့ လေ့လာသင်ယူခြင်း ကအဓိကအချက်တစ်ချက်အဖြစ်ခိုင်မာလာခဲ့ပါပြီ။ အသိနည်းပညာဟာ စဉ်းစားတွေးခေါ်မှုကို ဆန်းသစ်ပြီး အခြေခံတည်ဆောက်ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ကမ္ဘာကျော်နည်းပညာပါရဂူကြီးတစ်ယောက်က ဖွင့်ဆို ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ မညံ့ကြပါဘူး၊ အာရှမှာလဲ ဥာဏ်ရည်မြင့်တဲ့ လူမျိုးထဲမှာ ရပ်တည်ခဲ့ကြတာပါ။ စာဖတ်ခြင်းနဲ့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို တောက်ပထက်မြက်လာအောင် လုပ် ဆောင်နိုင်ကြပါတယ်။ မြန်မာလူငယ်တွေအတွက် တိုင်းပြည်ရဲ့အနာဂတ်ကို လက်လွှဲအပ်ခဲ့ကြရမှာလဲ မလွဲ မသွေပါပဲ၊ ခေတ်မီဖွံ့ဖြိုးလာတဲ Mobile Phone တွေနဲ့အတူ ဆန်းသစ်တဲ့ နည်းပညာတွေကို အခြေခံရင်း စာဖတ်ကြပါ။ လေ့လာကြပါ။ မိမိကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ အခွင့်ထူးတွေကို လက်လွတ်မခံကြရပါစေနဲ့၊ ဟိုအရင်လွန်လေပြီးသော နှစ်တွေကလို စာအုပ်တစ်အုပ်ဖတ်ဖို့ သွားလေရာယူ သွားစရာမလိုဘဲ Phone ထဲမှာ တင်လေ့လာနိုင်တဲ့အားသာချက်တစ်ခုကို ခိုင်မာစွာ၊ အကျိုးရှိစွာ အသုံးချ နိုင်ဖို့ မျှော်လင့်ရင်း မြန်မာလူငယ်တွေ အားလုံးမိမိတို့စိတ်ကြိုက်အနာဂတ်တစ်ခုကို ပုံသွင်းရယူနိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ Credit:::::: အသူရာ ဂျုံးစ်
အောင်ပညာဒါန Unknown at 3:41 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းဖူးတဲ့ဘဝတွေ မတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။



စိတ်ပညာရှင်တစ်ဦးက (၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။

Tom က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊ ဆင်းရဲသားမိသားစုကလာတဲ့ ကလေးဖြစ်တယ်။

Andy က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့ တစ်ဦးတည်းသောသားဖြစ်တယ်။

ပညာရှင်က ကလေးနှစ်ယောက်ကိုခေါ်ပြီး ပန်းချီကားတစ်ချပ်ပြခဲ့တယ်။ ပန်းချီကားက ယုန်ကလေးတစ်ကောင်က ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။ စားပွဲဘေးမှာ မျက်နှာထားတင်းတဲ့ယုန်မေမေရပ်နေတယ်။ စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို ပန်းချီကားရဲ့အဓိပ္ပာယ်မေးခဲ့တယ်။

ပန်းချီကားကိုကြည့်ပြီး Tom က "ယုန်ကလေးငိုနေတာက ဗိုက်မဝသေးလို့ဖြစ်တယ်။ အစာထပ်စားချင်ပေမယ့် အိမ်မှာစားစရာ မကျန်တော့ဘူး။ ဒါကြောင့် ယုန်မေမေ စိတ်မကောင်းဖြစ်နေခဲ့တယ်" လို့ ချက်ချင်းပြန်ဖြေတယ်။

"ဒီလိုမဟုတ်ဘူး" Andy က ကြားဝင်ပြီး

"ယုန်ကလေးငိုနေတာ အစာကိုထပ်မစားချင်တော့လို့ ဖြစ်တယ်။ ဒါပေမယ့် သူ့မေမေက အတင်းစားခိုင်းနေလို့ ငိုနေတာဖြစ်တယ်" လို့ပြောတယ်။

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းဖူးတဲ့ဘဝတွေ မတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်တတ်ရင်မတူတဲ့ အတွေ့အကြုံတွေကို ရနိုင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံကနေပြီး မတူတဲ့လူ၊ မတူတဲ့အရာဝတ္ထု၊ အဖြစ်အပျက်တွေကို လက်ခံနိုင်အောင်ကြိုးစားပြီး တစ်ဦးကိုတစ်ဦး
လေးစားကြည်ညို၊ ခွင့်လွှတ်နားလည်၊ ကိုယ်ချင်းစာမှုတွေပေးသင့်ပါတယ်။

Nine Nine Sanay @ နိုင်းနိုင်းစနေ
အောင်ပညာဒါန Unknown at 3:38 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

Date Rape Drugs protection ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ


Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးတွေအကြောင်းအပြင် ဆေးရန်ဘေးရန်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာရေးပြမှသာ ဆေးကြော်ညာမဖြစ်မှာပါ။ ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက

• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ • ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။ • Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။ • တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။ • အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။ • အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။ • သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။ • သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။ • သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။ • အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။ • ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။ • အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။ • အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ • တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။ • သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ • ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။ ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။ အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ Rape drugs အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေကိုလဲ ဖတ်ပါ။ Nail polish to detect date-rape drugs ပါတီသွားရင်းအဓမ္မကျင့်ခံရနိုင်တဲ့ဆေးကို လက်သည်းဖျက်ဆေးနဲ့သိနိုင်မည်သတင်းက ဒီကနေ့ဘဲထွက်လာပါတယ်။ ဒေါက်တာတင့်ဆွေ
အောင်ပညာဒါန Unknown at 3:37 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: သတိပြုစရာ

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ


၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း
၂။ မနက်တွင် ဆီးမသွားခြင်း
၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း

၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။
Ref: healthcare
အောင်ခမ်း (ရိုးရာလေး)
အောင်ပညာဒါန Unknown at 3:35 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ
Newer Posts Older Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ▼  08/31 - 09/07 (21)
      • လက်ရေးကိုကြည့်ပြီး ရေးတဲ့သူရဲ့အကြောင်း ပြောတဲ့နည်း
      • မှတ်သားစရာအဆိုအမိန့်များ
      • "သူငယ်ချင်း.. ဒီတောင်ကို မင်းကျော်နိုင်ပါတယ်ကွာ"
      • ထူးထူးခြားခြား
      • ၆။ ပဏ္ဍိတ၀ဂ္ဂ
      • ကျွန်တော်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပေါ့....
      • “အမြင်ကို ပြောင်းကြည့်လိုက်ပါ”
      • သွေးပေါင်ကျခြင်းအတွက် သဘာဝကုထုံးများ
      • လိုက်နာမှတ်သား ဘ၀စကားများ
      • ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး
      • ကလေးများ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း လက်ကိုစင်...
      • ၇။ အရဟန္တ၀ဂ္ဂ
      • ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ
      • အနာဂတ်အတွက်စာဖတ်ပါ
      • ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းဖူးတဲ့ဘဝတွေ မ...
      • Date Rape Drugs protection ဆေးခတ်မခံရအောင် ဘယ်လိုက...
      • အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ
      • “ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ”
      • စိတ်အားတက်ကြွဖွယ် ကမ္ဘာကျော်များရဲ့အဆိုအမိန့်များ
      • သင်အလုပ်မရသည့် အကြောင်းရင်း (၁၀)ချက်
      • တော်ချင်ရင် မပျင်းနဲ့
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.