အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 2, 2014

အရေပြားပေါ်ရှိ အဖု အပိန့် အကွက်များအတွက် သဘာဝအိမ်တွင်းကုထုံးလေးများ




 

သွေးယားတယ်…သွေးဓာတ်မတဲ့ဘူး…allergy ဖြစ်တယ်ဆိုတာကို ကြားဖူးနေပါလိမ့်မယ်(သို့ မ ဟုတ်) သင်ကိုယ်တိုင် ကြုံဖူး ကောင်း ကြုံဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အခါ အရေပြားပေါ်မှာ အဖု အပိန့်အကွက်များထလာပြီး ယားယံခြင်း၊ အရေပြားရောင် ရမ်းခြင်း၊ ပူလောင်ခြင်း၊ စူးရှခြင်း၊ ရံဖန်ရံခါ အရေပြားကွဲထွက်ခြင်း စသဖြင့် ခံစားရတတ်ပါတယ်။ အရေပြား allergy ဖြစ်ရတဲ့ အကြောင်းများမှာ-

(၁။ အစားအသောက်ဓာတ်မတည့်ခြင်း) အဖြစ်များတဲ့ မွေးရာပါရောဂါတစ်မျိုးဖြစ်ပြီး၊ မိခင်(သို့ မဟုတ်)ဖခင်တို့ ထံမှ မျိုးရိုးလိုက် တတ်ပါ တယ်။ ဝေဒနာရှင် တစ်ဦး နှင့် တစ်ဦး ဓာတ်မတည်သည့် အစားအစာအမျိုးအစားချင်း မတူညီကြ ပါဘူး။ ကြက်ဥ၊ နွားနို့ ၊ ပုစွန်-ပြည်ကြီးငါး(ကင်းပွန်)-ဂုံးကောင်-ရေဘ၀ဲ စသည့် ပင်လယ်စာအမျိုး မျိုး၊ ပဲပိစပ်၊ ဂျုံ၊ မြေထောက်ပဲ၊ ပိန်းဥ၊ သခွားသီး စသည် တို့ က အဖြစ်များတဲ့ အစားအစာ ဓာတ် မတည့်ခြင်းတွေပါဘဲ။ (၂။ ရာသီဥတု ရုတ်တရက်ပြောင်းလဲသွားခြင်း) အဖြစ်နည်းတဲ့ ဓာတ်မတည့်ခြင်းတစ်မျိုးပါ။ အေးနေရာမှ ချက်ချင်းဆိုသလို ရာသီ ဥတုပူလာခြင်း( သို့ မဟုတ်)ပူရာမှ ချက်ချင်းအေးသွားခြင်း စသဖြင့် အပူချိန်မမျှတသည့်အခါတွင် လည်းကော င်း၊ လေတအား ထန်၍ ဖုန်မှုန့် များ(သို့ မဟုတ်)လေအေးများက ခန္ဓာကိုယ်အရေပြားကို ပွတ် တိုက် ရိုက်မိတဲ့အခါမှာလည်းကောင်း သွေးဓာတ်မ တည့်ခြင်း ဖြစ်လာရပါတယ်။ (၃။ အမွှေးနံ့  ဓာတ်မတည့်ခြင်း) သူကလည်း အမှတ်စဉ်(၁)ကဲ့သို့ အဖြစ်များတဲ့ မျိုးရိုးလိုက်ဓာတ်မတည့်ခြင်းပါဘဲ။ ပန်းဝတ်မှုန် (သို့ မဟုတ်)ဓာတ်မတည့်သည့် ပန်းဝတ်မှုန်ရနံ့ ကို အခြေခံ၍ ပြုပြင်ထုတ်လုပ်ထားတဲ့ ရေေ မွှးတို့ ကြောင့် ဝေဒနာခံစားရခြင်း ဖြစ်ပါတယ်။ (၄။ အရေပြားဓာတ်မတည့်ခြင်း) ဆပ်ပြာ၊ လိုးရှင်းအလှကုန်များ၊ ရာဘာအမျိုးအစားဖြင့် ပြုလုပ်ထားတဲ့ အလှတန်ဆာပစ္စည်းများ၊ စီးကရက်မီးခိုးငွေ့ ၊ အရက်သေစာများ စသည်တို့ ကြောင့် ဖြစ်တတ်ပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ (၅။ ပဋိဇီဝဆေးဝါးဓာတ်မတည့်ခြင်း) ဆေးသိပ္ပံနည်းအရ systemic allergy လို့ ခေါ်ပါတယ်။ ပင်နဆလင်၊ ထုံဆေး၊ မေးခိုင် ကာ ကွယ်ဆေး၊ ဟော်မုန်းအားဆိုးဆေး စသည့် ပဋိဇီဝဆေးဝါးများကြောင့် ဓာတ်မ တည့်ခြင်း တစ် မျိုးပါ။ ထို ဆေးဝါးများဖြင့် မွေး ရာပါဓာတ်မတည့်ခြင်းဆိုသော်လည်း မိဘမျိုးရိုးလိုက်တတ်သည့် ဓာတ်မတည့်မှုမျိုးတော့ မဟုတ်ပါဘူး။ အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် ၄င်းပဋိဇီဝေ ဆးဝါးများ အသုံးပြုရန် ကြုံလာတဲ့အခါ မသုံးခင် မိမိနှင့်တည့်မှု ရှိ/မရှိ ဦးစွာ ဆေးပမာဏ အ နည်း ငယ်ဖြင့် စမ်းသပ်ခံပြီးမှသာ စိတ်ချလက်ချ အသုံးပြုသင့်ပါတယ်။ (၆။ အသည်းအဆိပ်တက်ခြင်း) အချို့ သူတွေမှာ ထူးထူးခြားခြား အသည်းအဆိပ်တက်လေ့ရှိပါတယ်။ ထိုသူများအဖို့  အသည်း သန့် စေရန်အတွက် ဆေးလိပ် နှင့် အရက်တို့ ကို (အထူး) ရှောင်ရှားပေးဖို့  လိုအပ်ပါတယ်။ < အရေပြားဓာတ်မတည့်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ > ဖော်ပြပါ လက္ခဏာ(၆)မျိုးမှ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အရေပြားဓာတ်မတည့်မှုနဲ့ ကြုံေ တွ့  လာရတဲ့အခါ၊ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများဖြင့် ဘေးဥပါသ်မရှိ သက်သာပျောက်ကင်းနိုင်ပါတယ်။ (၁) သဘာဝပျားရည်စစ်စစ် သောက်ပါ/လိမ်းကျံပါ (သို့ မဟုတ်) ရှာလာကာရည် ၁-ဆ ကို သဘာဝပျားရည်စစ်စစ် ၃-ဆရော၍ လိမ်းကျံပေးပါ။ (၂) နနွင်းမှုန့်  သောက်ပါ/လိမ်းကျံပါ။ (၃) ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ကနဖော့ပင် စသဖြင့် အဆင်ပြေရာ တစ်ခုခုကိုပြုတ်၍သောက်ပါ။ ထို့ ပြင် ၄င်းအပင်ကို ရေစင် စင်ဆေးကာ ကျိတ်ယူ၍ ရလာသော သတ္တုရည်ဖြင့် လိမ်းကျံပါ။ (၄) မညှိုးပန်းပင်၏အစေး(သို့ မဟုတ်)andelion(ခေါ်)ခွေးသွားစိတ်အနားတန်းအရွက်များရှိ၍ အပွင့်ဝါပြီး အပွင့်ခေါင်းပွသော အ လေ့ကျပေါက်ပန်း တစ်မျိုးတို့ ကို လိမ်းကျံပါ။ (၅) သံလွင်ဆီ လိမ်းပါ(သို့ မဟုတ်)ငါးကြီးဆီ နှင့် ဗီတာမင်အီးအဆီ တို့ ကို ရော၍ လိမ်းပါ။ (၆) လက်တဆုပ်စာ ပမာဏရှိသော ပင်စိမ်းရွက်ကို ရေစင်စင်ဆေး၍ ကျိတ်ချေပြီးနောက်၊ သံလွင် ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်သွန်ဖြူ ၂-တက်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းအန ည်းငယ်တို့ ဖြင့် ရော၍ အသားအရေပေါ်လိမ်းကျံပါ။ (၇) ကွေကာအုပ်(အကြမ်း)ကို ပျောင့်ပျောင်းသွားအောင် ရေအေးစိမ်၍ ထိုအဖတ်များဖြင့် အရေပြားပေါ်ပွတ်လိမ်းပေးပါ။ (ရေခဲ ရေ မဟုတ်ပါ) (၈) ဗာဒံပင်အရွက်အစို (သို့ မဟုတ်) တမာရွက်အစို ကို ရေစင်စင်ဆေးပြီးပြုတ်၍ ရလာသော ပြုတ်ရေဖြင့် ရေချိုးပါ။ (၉) ဗီတာမင်စီဓာတ်များကလည်း ဓာတ်တိုးပစ္စည်းအဖြစ် အရေပြား allergic ကို ပျောက် ကင်းေ စပါတယ်။ ဒါကြောင့် ဗီတာမင်စီ ဆေးပြား(သို့ မဟုတ်)သံပုရာရည်(သို့ မဟုတ် )ရှောက်ရ ည် သောက်သုံးရင်း ထိုအချဉ်သီးများကို ညှစ်ယူ၍ရလာသော အရည်ဖြင့် အရေပြားကို လိမ်းကျံပေးပါ။ (၁၀) လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဘိန်းစေ့ကို ထောင်းထုကြိတ်ချေ၍၊ ၄င်း နှင့်ဆတူ ရေအေး နှင့် သံပုရာရည် ၁-ဇွန်းစီတို့ ကိုသမအောင် ရောစပ်၍ လိမ်းကျံပေးပါ။ (ရေခဲ ရေ မဟုတ်ပါ) <<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >> (ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်) -- promise.pauk
အောင်ပညာဒါန Unknown at 11:03 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏





ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော
အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ရဟန်းတို့...

“ ဗြဟ္မာ ” ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
“ လက်ဦးဆရာ ” ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
“ အိမ်ဦးနတ် ” ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
“ အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ ” ဟူသော
အမည်သည် အမိအဖ တို့၏ အမည်တည်း။

ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ-

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက်
တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။

အမိအဖတို့ကို သားသမီးတို့၏ ဗြဟ္မာ ဟူ၍ လည်းကောင်း၊ လက်ဦးဆရာ ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊ အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့ ဟု ဆိုထိုက်ကုန်၏၊ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည်
ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊
အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊
ခြေဆေးပေးခြင်းဖြင့် လည်းကောင်းအရိုအသေ ပြုလျက် ပူဇော်ရာ၏။
အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည်
ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေသတည်း။

(၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)




အောင်ပညာဒါန Unknown at 10:40 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မိဘမေတ္တာ

မိဘအပေါ်မှာ ကျေးဇူးတင်တဲ့စကား ပြောတတ်ကြရဲ့လား



                   

"ကျေးဇူးတင်တယ်" ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို

ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက

မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။
သူတို့က ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝတဲ့ဘဝ ပေးချင်မှပေးနိုင်လိမ့်မယ်။

ဒါပေမယ့် သူတို့ပေးလိုက်တာက လူတစ်ယောက်ရဲ့ဘဝအတွက် အစားထိုးလို့မရတဲ့ ရှင်သန်ခြင်းတွေဖြစ်တယ်။

မပြောပလောက်တဲ့ အရာလေးနဲ့တင် မိဘကို ပျော်ရွှင်ကြည်နူးသွားအောင် လုပ်နိုင်တာဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။ အခုထိ ကျွန်တော့်အရိုးစွဲမှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိတယ်။ အဲဒီကြော်ငြာမှာ ကောင်လေးတစ်ယောက်က

ရေဇလုံတစ်ခုကို မနိုင်မနင်းမ,ပြီး အမေ့ရှေ့မှာ ချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့

"မေမေ... ခြေထောက်ဆေးရအောင်!"လို့ သူပြောတယ်။

ဒီကြော်ငြာက ဒီကနေ့အထိ လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေ

နာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမေတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲ့လို့ဖြစ်တယ်။ ဒီကြော်ငြာကိုကြည့်ပြီး လူတွေမျက်ရည် ကျခဲ့ ကြတယ်။

ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့ ကျေးဇူးသိတတ်မှုကြောင့်ဖြစ်တယ်။

ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။ "သင်တို့ရဲ့ကျေးဇူး ဘယ်မှာလဲ?"

ကျေးဇူးတင်တယ်၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေ လာသင့်တဲ့အရာဖြစ်တယ်။ စကားပုံတစ်ခုက"ရေတစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ ဆပ်သင့်တယ်"တဲ့။ ကိုယ့်အတွက် မိဘတွေ၊ မိသားစုတွေပေးဆပ်ခဲ့တာ "ရေတစ်စက်"မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပါတယ်။

မိဘတွေ ပင်ပန်းမောပန်းချိန် ရေတစ်ခွက် သင်ပေးကမ်းခဲ့ဖူးသလား?

မိဘတွေ နွမ်းလျအားလျော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?

မိဘတို့ရဲ့ အိမ်ခန်းကို သင်လှည်းကျင်းပေးခဲ့ဖူးသလား?

ကျွန်တော်တို့အတွက် သွေး၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မောပန်းနွမ်းနယ်မှုကို ကျွန်တော်တို့ ခံစားခဲ့မိဖူးလား?

တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်က အရေးအကြောင်းတွေကို ကျွန်တော်တို့ သတိထားခဲ့မိသလား?

အထက်ကအချက်တွေထဲက သင်ဘယ်အချက်တွေလုပ်ခဲ့ဖူးလဲ.??? မိမိကိုယ်မိမိ ပြန်စဉ်းစားကြည့်ပါ

မိဘကို ဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့။ မိဘကို ကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ၊ အသဲထဲကနေ လှိုက်လှိုက်
လှဲလှဲ ပေးဆပ်ပါ။ အချိန်လွန်မှာ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့....
 


 
အောင်ပညာဒါန Unknown at 10:35 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မိဘမေတ္တာ

ကိုယ်ကံကောင်း မကောင်း ကိုယ့်စေတနာ ကိုယ်ကြည့်



 
 စေတနာဆိုးရင် ကံဆိုးတာပါပဲ။ စေတနာကောင်းရင် ကံကောင်းတာပါပဲ။ ကံကောင်းဖို့ ဘာမျှအခက်အခဲမရှိဘူး။ ငါ့ကံ ကောင်းသလား ၊ မကောင်းဘူးလားဆိုတာကို ဗေဒင်မတွက်နဲ့ သိတယ်။ လက္ခဏာမမေးနဲ့ သိတယ်။ ကံကောင်းသလား ၊ မကောင်းသလား ဆိုတာကို ကိုယ့်စေတနာကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်ဟာကိုယ်တွက်ကြည့်ရင် မသိဘူးလား။ စေတနာဆိုးကြရင် ကံဆိုးတာပါပဲ။ စေတနာကောင်းကြရင် ကံကောင်းကြတာပါပဲ။ စေတနာကို ကံလို့ ခေါ်ကြတာ မဟုတ်ဘူးလား။

ကိုယ့်စေတနာ ကိုယ်တွက်မှ သိတာ။ သူများတွက်လို့ ကိုယ့်စေတနာကို သိပါ့မလား။ မသိဘူး။ အေးဗျာ။ အဲဒါ ကိုယ့်စေတနာ ကိုယ့်ဟာကိုယ်တွက်ရင် သိနိုင်လျက်နဲ့ ဟိုလူသွားမေးရ ၊ ဒီလူသွားမေးရနဲ့ ဘယ်နှယ့်ကြောင့် သူများသွားသွားပြီး ကိုယ့်စေတနာကို မေးနေရတာလဲ။

ကံကောင်း ကံဆိုး သူများမမေးနဲ့ ။ ကိုယ့်ကိုကိုယ်မေး။ ဘုန်းကြီးတို့ ပရိတ်သတ်များ ကိုးကွယ်မှု အဆင့်အတန်းမြင့်ဖို့ ဟုတ်လား။ အပြင်ဘက်မှာ အကူအညီမရှာရဘူး။ မိမိမှာ အကူအညီတွေ အပြည့်အစုံရှိပါတယ်။

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
အောင်ပညာဒါန Unknown at 10:26 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဗုဒ္ဓဘာသာဆိုင်ရာ
မျိုးစောင့်ဥပဒေတော်ကြီး စိတ်ဝင်စားဖတ်ရှု လိုသူများ ဤနေရာတွင် download လုပ်ယူပြီးဖတ်ရှူ နိုင်ပါသည်
အောင်ပညာဒါန Unknown at 10:23 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မျိုးစောင့်ဥပဒေအားလေ့လာခြင်း

အမျိုးစောင့်ဥပဒေ အား ဆန်းစစ်ခြင်း

ဆောင်းပါးရှင်= ကောင်းမြတ်သူ ( မြန်မာအမျိုးသားကွန်ဂရက်ပါတီ ) အခြားသော ကိုးကွယ်မှုဘာသာများတွင် သက်ဆိုင်ရာဘာသာဝင် အမျိုးသမီးတို့အား အခြားသော ဘာသာခြားများနှင့် လက်ထပ်ထမ်းမြားခြင်းမပြုရန် ၎င်း တို့ကျမ်းစာတွင် အတိအလင်းဖေါ်ပြမှုမျိုးရှိ၏။ သို့သော်လည်း အမျိုးသားများ အတွက် တော့ ထိုသို့တားမြစ်မှုမျိုးမရှိတတ်ပေ။ ကျမ်းစာပါ တားမြစ်ချက် ဖြစ်၍ ထိုတားမြစ်ချက်ကို ကန့်ကွက်လျှင် တော့ လွတ်လပ် စွာကိုးကွယ်ခွင့် ကိုဆန့်ကျင်ရာကျပေလိမ့်မည်။်။
ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုး (သို့) ဘာသာတရားတစ်ခု မပျောက်ကွယ်ရေးမှာ ကမ္ဘာ့လူသားတိုင်းတွင် တာဝန်ရှိ၏။ ဤ သို့ဆိုပါလျှင် ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားခြင်းအတွက် ကျမ်းစာပါတားမြစ်ချက် တစ်စုံတစ်ရာမရှိ သော ဘာသာ တရား များ ကွယ်ပျောက်ခြင်းမရှိအောင် ကာကွယ်ရန်အတွက် ထိုသက်ဆိုင် ရာလူ့အဖွဲ့အစည်းတွင် တားမြစ်ချက် တစ်ခုပြဌာန်း မည်ဆိုပါက ဆီလျှော်သောကိစ္စအဖြစ် မှတ်ယူရပေမည်။ မည်သို့ မည်ပုံပြဌာန်းမည်လဲဆိုသည် ကိုသာလေ့လာ ဆန်းစစ် ရမည်ဖြစ်၏။ မိမိတို.၏ အမျိုးဘာသာ သာသနာနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်သင့်သော တားမြစ်ချက်များ ပြဌန်းဖို.ဆိုသည်မှာ လက်ရှိအခြေအနေတွင် မိမိတို. သာသနာအား ပြင်ပမှ လွမ်းမိုးနိုင်ရန်ချိန်းချောက်မှု ရှိမရှိ ဆိုသော အခြေအနေအား တွက်ဆရန် ပထမအဆင့်လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးနှင့်ပတ်သက်၍ ပင်မဌာန ကြီးများလည်း ၄ ခုရှိပါသည်။ ဟိန္ဒိုတို.အတွက် အိန္နိယတိုက် ကိုသတ်မှတ်နိုင်ပြီး ခရစ်ယန်တို.အတွက် ဗာတင်ကန် စီးတီးဖြစ်၍ အစ္စလာမ်သာသနာအတွက် အရှေ.အလယ်ပိုင်း နိုင်ငံတို. အဓိကကျလေသည်။ ထေရ၀ါဒ သာသနာအတွက် ပြပါလျှင်မူ မြန်မာပြည် ကအဓိက ကျသော တိုင်းပြည်ဖြစ်ပါသည်။မြန်မာ ပြည်ကို ထေရ၀ါဒ သာသနာအတွက် အဓိက အကျဆုံးတိုင်းပြည်ဟု သတ်မှတ် ရခြင်းမှာ မှတ်တမ်းတင် နိုင်သော ခေတ်တွင် သံဃာယနာ (၂) ကြိမ်တင်နိုင်၍ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသအသီးသီးတို.တွင် သက်ဆိုင်ရာ ဘာသာကြီးတို.ကွယ် ပျောက်ပါက ကမ္ဘာပေါ်တွင်ပါ ထိုသက်ဆိုင်ရာ ဘာသာကြီးတို.ကွယ်ပြောက်ဖို.ရှိလေသည်။ မြန်မာနိုင်ငံတွင် ထေရ၀ါဒ သာသနာ ပျောက်ဆုံးလျှင် ကမ္ဘာပေါ်တွင်ပါ ထေရ၀ါဒ သာသနာပျောက် ကွယ်မည်ဖြစ်သည်ကို မြန်မာ ဗုဒ္ဓ ဘာသာဝင်များသတိပြုသင့်၏။ ထို.ကြောင့် ထေရ၀ါဒ သာသနာတည်တံ့နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အထူး တာဝန်ရှိလေသည်။ ဤ သည်ကို အခြားသော ဘာသာ များကလည်း လက်ခံမည်ဆိုလျှင် မြန်မာပြည်တွင် ပိုမို၍ငြိမ်းချမ်းဖို. ရှိပါ၏။ အခြားဘာသာတစ်ခုသည် ဗာတင်ကန်စီးတီးတွင် ၎င်း တို.၏ ဘာသာအတွက် သာသနာပြုလုပ်ငန်းများလုပ် မည်ဆို ပါက ကျွန်ုပ်တို. မှ ကန်.ကွက်ရပေမည်။ မိမိဘာသာကို မည်မျှပင် လွတ်လပ်စွာ ပြန်.ပွားလိုသည်ဖြစ်စေ အခြားသော ဘာ သာ၏ မူလဘူတကို သွားရောက်ထိပါးခြင်းမပြုအပ်သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ ဘာသာကြီးများ၏ အားပြိုင်မှုသည် ထင်ရှားစွာရှိနေဆဲဖြစ်၏။ မြန်မာပြည် ရှိ ထေရ၀ါဒ သာသ နာ အတွက် ပြင်ပမှ ခြိမ်းချောက်မှု ရှိမရှိ ကိုပထမအဆင့် အနေဖြင့် သုံးသပ် ရလျှင် ခြမ်းချောက်မှု ရှိသည်ဟူ၍ သာ အဖြေထွက်ရှိပါသည်။ ခြိမ်းချောက်မှု ရှိလျှင် ကာကွယ်မှုလည်း ရှိဖို.လိုအပ်ပါသည်။ ပြီးခဲ့သော နှစ် ၅၀ ကျော်အတွင်း ဗုဒ္ဓသာ နိုင်ငံမှ အခြားဘာသာ နိုင်ငံအဖြစ် ကြေငြာနိုင်ခဲ့သော တိုင်းပြည်တို.အားလေ့လာသင့်ပါ၏။ လာမည့် နှစ် ၅၀ ကာလ သည် ထေရ၀ါဒ သာသနာအတွက် အလွန် အရေးကြီးသောကာလဖြစ်၏။ ဒီမိုကရေစီ ရေစီးကြောင်းနှင့် အတူ အလွန်မြန် သော နည်းပညာအပြောင်းအလဲများကြောင်း လူငယ်မျိုးဆက်သစ်တို. ၏ အတွေးအခေါ်ပြောင်းလဲမှုကလည်း အလွန်မြန်လာသောကြောင့်ဖြစ်၏။ ဥရောပတွင် လူငယ်မျိုးဆက်သစ်တို. ၏ ၅၀% ကျော်က ဖန်ဆင်းရှင်ကို လက်မခံနိုင်ကြောင်းတင် ပြလာကြ၏။ ဤ သည်မှာ လွန်ခဲ့သော နှစ် ၅၀ အတွင်း ပြောင်းလဲလာသော မျိုးဆက်သစ်များ၏ အတွေးအခေါ်ဖြစ်ပါသည်။ မိမိ၏ လူမျိုးနှင့် ကိုးကွယ်မှုအား တရားသောနည်း လမ်းဖြင့် ကာကွယ်စောင့်ရှောက်ရန်ကြိုးပမ်းသော ကိစ္စကို ကန့်ကွက်သူ များသာလူ့အခွင့် အရေးချိုးဖေါက်မှုဖြစ်၏။ ရဟန်းတော်တစ်ပါး အနေဖြင့် သူ၏ သာသနာကို တရားသောနည်းလမ်းဖြင့် စောင့်ရှောက်ဖို့ကြိုးစားနေခြင်းကို မည်သည့်ဘာသာဝင်ကမှ ရှုံ့ချဖို့မသင့်ပါချေ။ ထေရ၀ါဒ သာသနာတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခရီးတွင် မည်သို့ ခက်ခဲစွာရပ် တည်ခဲ့ရ သည်ကို ရဟန်း တော်များကို အပြစ်တင်နေသော ဗုဒ္ဓဘာသာ ၀င်များ လေ့လာသင့်၏။ ( မောင်အံ့ရေးသော သာသနာ ၂၅၀၀ ခရီးတွင်ရှု)။ ထိုခေတ် ထိုအခါက ဥပဒေကဲ့သို့ အာဏာပြင်းသော မင်းမိန့်များဖြင့် မထိမ်းသိမ်းခဲ့ပါလျှင် ယခု ကာလတွင် ထေရ၀ါဒသာသနာတော်ဟူ၍ ရှိမည်မဟုတ် တော့ပါ။ သာသနာတော်တစ်ခု မပျောက်ပျက်စေရန် ဓမ္မစက်ဖြင့်သော်၎င်း အာဏာစက်ဖြင့်သော်၎င်း ထိန်းသိမ်းရ၏။ တရုတ်နှင့် အိန္နိယလူမျိုး များတွင် မိမိ အမျိုးနွယ် များကိုသာ လက်ထပ်ရမည်ဟူသော နှစ်ပေါင်းထောင်ချီ တည်တံ့နေသည့် ရိုးရာ အစဉ်လာ ထိန်းသိမ်းမှုများ ထင်ရှားစွာရှိ၏။ လူဦးရေသန်းထောင်ကျော်စီ ရှိသော ၎င်း တို့က အစဉ်အလာက ထိုသို့ပြဌာန်း ပါလျှင် ၎င်းတို့၏ အိမ်နီးနားခြင်း ဖြစ်သော ကျွန်ုပ်တို့အနေဖြင့်လည်း နည်းကောင်းလမ်း ကောင်းတစ်ခုတော့လိုအပ် နိုင်ပါသည်။ ဘန်ကီမွန်းတို့ရုံးစိုက်သော တိုင်းပြည်အနီးနားတွင် လူဦးရေသန်း ထောင်ချီသောနိုင်ငံများမရှိ ဘေးတစ် ဖက်တစ်ချက်တွင် သမုဒ္ဒရာ ၂ စင်းသာလျှင်ရှိ၏။ ဥရောပတိုက်ကိုလေ့လာကြည့်ပါဦး။ အီးယူ (၂၇) နိုင်ငံဖြင့် ဖွဲ့စည်းထားသော လူ့အခွင့်ရေးသမားများ နေထိုင်ရာဒေသတွင် တူရကီနိုင်ငံအား အဖွဲ့ဝင်အဖြစ်လက်မခံ ပဲကန့်သတ်ထား၏။လူဦးရေပေါက်ကွဲမှု သန်း၈၀ ကျော်သာရှိသော တူရကီ အား သန်း ၅၀၀ ကျော်ရှိသည့် ဥရောပက လက်မခံရဲပေ။ တူရကီ အီးယူ အဖွဲ့ဝင်ဖြစ်လာခဲ့လျှင် ဥရောပတစ်တိုက်လုံးက တူရကီနိုင်ငံသားများအားပြည်ဝင်ခွင့် ပေးရမည်ဖြစ် ပြီး ဥရောပကို အလွယ်တကူဝင်နိုင်မည့် တံခါးပေါက်ဖြစ်လာမည်ကို ဥရောပ လူ့အခွင့်ရေးသမားဆိုသူတို့ ကလက်မခံနိုင်ကြပါ။ တူရကီသည် အစ္စလာမ်ကိုးကွယ်သော နိုင်ငံဖြစ်၍ ဥရောပ သို့လာရောက် အခြေချချင်နေ သော အစ္စ လာမ် တို့၏ တံခါးပေါက်ဖြစ်လာမည်ဟု အလွန်စိုးရိမ်ကြလေသည်။ ကမ္ဘာပေါ်တွင် လူအခွင့် အရေးအပြည့်အ၀ရှိပါသည်ဆို သော နိုဘယ်ဆု နိုင်ငံရှင် နော်ဝေနိုင်ငံကိုလည်း ကြည့်လိုက်ပါဦး။ ၎င်း တို့တိုင်းပြည်ရှိ နော်ဝေ အမျိုးသားများ သည် ထိုင်း အမျိုးသမီး များနှင့် လက်ထပ် သည် ကို တိုင်းပြည်မှ မနှစ်သက်ကြ။ ထို့ကြောင့် ထိုင်းအမျိုးသမီးတစ်ဦး နော်ဝေ ယောက်ျား နှင့်လက်ထပ်လျှင်ကလေးတစ်ယောက်ယူမှ နိုင်ငံသား ဖြစ်ခွင့်ပေးလေ၏။ ယောကျာ်းများကို စောင့် ရှောက်သော တိုင်းပြည်ပါပေ။ နော်ဝေတွင် ထိုင်းအမျိုးသမီးများ လူ့အခွင့် ရေးချိုးဖေါက်ခံနေရခြင်းဖြစ်ပါ၏ ဥရောပသို့ပြောင်းရွေ့အခြေချနေထိုင်သော တိုင်းရင်းသားမွန်လူငယ်များ၊ ချင်းလူငယ်များ၊ ကရင်လူငယ်များအား မိမိတို့မွန် မိန်းကလေး၊ ချင်းမိန်းကလေးများ၊ ကရင် မိန်းကလေးများဖြင့်သာလက်ထပ်ရန် ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။ ပြောင်းရွေ့ နေထိုင်သော လူဦးရေပမာဏ က ထောင် သောင်းချီ၍ ရှိသဖြင့် လူမျိုးခြားနှင့်လက်ထပ်ခဲ့လျှင် ပြည်ပရောက် အဖိုးတန်မျိုး ဆက်သစ်များ ဆုံးရှုံးမှာကို မလိုလား၍ ဖြစ်ပါသည်။ နောက်တစ်ကြောင်းကလည်း အရှေ့ အနောက်ယဉ်ကျေး မှုခြင်းကကွာခြားလွန်းသည်ဖြစ်၍ အရှေ့တိုင်းမှတန်ဖိုး ထားသော အိမ်ထောင်မှု သဘာဝပျက် စီးနိုင်သည့်အတွက် ကြောင့်ဖြစ်ပါသည်။ သို့သော်လည်း လူငယ်များအနေဖြင့် လွတ် လပ်စွာ လက်ထပ်ပိုင်ခွင့်ကို ချုပ်ချယ်ခြင်း မဟုတ်ဘူး လားဟု စေဒက တက်သည်များရှိပါ၏။ လူခြင်း အတူတူပဲမဟုတ်ဘူး လားဟုဆိုကြသည်။ လူခြင်းတူသော်လည်း ယဉ်ကျေး မှုခြင်းမတူသည်ကို ရှင်းပြရ၏။ ဥရောပသူ ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်သည် လက်ထပ်သော ယောက်ကျားတစ်ယောက်မရှိပဲ ကလေးမွေးရဲ၏။ ထိုသို့ မွေးရုံမျှ မကသေး ထိုကလေးအဖေအား လက်မထပ်လိုဟု ငြင်းဆိုပြီး အခြားသူယူချင်သော ယောက်ျားတစ် ယောက်ကို လည်း အပူအပင်မရှိလက်ထပ်ရဲလေသည်။ ယောက်ျားလေးများသည်လည်း ထိုနည်းတူပင်ဖြစ်၏။ လက်မ ထပ်ပဲ မိန်းကလေးတစ်ယောက်နှင့် ကလေးရပြီး သူလက်ထပ်ချင်သော မိန်းမတစ်ယောက် အားလက်ထပ် လေ၏။ သူတို့လို လုပ်နိုင်မည်လားဟု ပြောင်းရွေ့ အခြေချနေသာ မြန်မာလူငယ်များအား မေးခွန်းထုတ်သည့် အခါ သူတို့အနေဖြင့် ထိုသို့ တော့မလုပ်နိုင်ပါ ဟုဖြေကြ၏။ ဥရောပတွင်တော့ ထမင်းစားရေသောက်မျှသာဖြစ်၏။ လက်ရှိ ဗြိတိန်လေဘာ ပါတီ ခေါင်းဆာင်တဦး သည် ပင်လျှင် လက်မထပ်ပဲ ကလေး အရင်မွေးလေ ၏။ ကျွန်ုပ်အနေဖြင့် မတူညီသော ယဉ်ကျေးမှုတစ်ခုအားမှားသည် မှန်သည် အကဲဖြတ်ခြင်းမဟုတ်ပါ။ ကွာခြားလွန်းလေ၊ ဘေးထွက်ဆိုးကျိုးများလေ၊ ဟုသာတင်ပြခြင်းဖြစ်ပါသည်။ ပြီးခဲ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အိုဘားမားက လိင်တူ လက်ထပ်ထိမ်းမြားခြင်းအား အဆိုပြုခဲ့စဉ်က ၎င်း ၏ ပြိုင်ဘက် သမ္မက အမေရိကန် နိုင်ငံသည် ခရစ်ယာန်တန်ဘိုး များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု သတိပေးခဲ့၏။ ထိုသို.ဆိုပါလျှင် မြန်မာနိုင်ငံ သည် ဗုဒ္ဓ၀ါဒ တန်ဖိုးများဖြင့်တည် ဆောက်ထားသည်ဆိုခြင်းကို မည်သူမျှငြင်းနိုင်လိမ့်မည်မဟုတ်ပါ။ ဗုဒ္ဓ စာပေနှင့်အတူ မြန်မာစာပေ အက္ခရာပါထွန်းကားခဲ့၏။ မြန်မာစာပေ ဘာသာစကားထင်ရှားစွာ ပေါ်ထွန်းသည်ဖြစ်၍ မြန်မာနိုင်ငံသည် ကမ္ဘာတွင် စာတတ်သူ အများဆုံးတိုင်းပြည် များ စာရင်းတွင်ပါဝင်ခဲ့သည်။ ထို.ကြောင့် မြန်မာလူမျိုးများသည် သင်လွယ်တတ်လွယ်ကြ၏။ မြန်မာများ စာတတ်ရခြင်း ၏ အကြောင်းရင်းမှာလည်း သာသနာတော် မှ ရဟန်းတော်များကြောင့်ဖြစ်၏။ ရဟန်းတော်များ၏ တာဝန်တို.ကလည်း သမိုင်း တစ်လျှောက်တွင် အလွန်များပြားခဲ့၏။ သာသနာတော်ကို တည်တံ့စေရုံသာမက တိုင်းရေးပြည်ရေးနှင့်ပတ်သက်၍ လည်း သက်ဦးဆံပိုင် ဘုရင်ကိုပင်လျှင် မှန်ရာကို တင်ပြရဲသော အစဉ်အလာများရှိခဲ့၏။ ဗုဒ္ဓသာသနာမရှိခဲ့လျှင် မြန်မာစာပေသည်လည်း ရှိလာနိုင်တော့မည်မဟုတ်ခဲ့၊ မြန်မာပြည် သည်ပင်လျှင် ပေါ်ထွန်းလာမည် မဟုတ် တော့ ဆိုသည်ကို လူငယ်မျိုးဆက်များနားလည်ဖို.လို၏။ သမိုင်း အဆက်ဆက်တွင် ရဟန်းတော်များ၏ ဆုံးမမှု ကြောင့် ခင်ဗျားကျွန်တော် သူသူငါငါ တို.လူဖြစ်လာသည်ကို မမေ့အပ်ပေ။ ထေရ်ကြီး ၀ါကြီး စာတတ်ပေ တတ် သံဃာ ရဟန်း တော်များက ဆုံးမလျှင် ဗုဒ္ဓဘာ သာ အမျိုးကောင်းသားသမီးတို.အနေဖြင့် လေးစားစွာ ခံယူထိုက်၏။ ကက် ကက်လန် ရန် တွေ.၍ သံဃာတော်တို.အား အပစ် မတင်အပ်ပေ။ သံဃာတော်များမှ ချမှတ်သော စည်းကမ်းကလနားများက သိပ်ကြီးမား နေလျှင် လည်း ခေတ်စနစ်နှင့် လျှော်ညီစွာဖြင့် မည်သို.မည်ပုံ စည်ကမ်း ပြန်လည်သတ်မှတ် ပေးရန်သာ ရိုသေစွာလျှောက် ထားအပ်၏။ သံဃာ ရဟန်းတော်များ၏ ဆိုဆုံးမမှုကို လူ့အခွင့် အရေး စံချိန်စံညွှန်းများဖြင့် မကိုက်ဟုဆိုကာ ကက် ကက်လန်နေကြပါ လျှင် နောင်တစ်ချိန်တွင် သံဃာ ရဟန်းတော်များ၏ ဆုံးမမှုကို ရနိုင်လိမ့်မည်မဟုတ်တော့။ မြန်မာ လူအဖွဲ့အစည်း သည် ဆုံး မပဲ့ပြင်မှုများဖြင့် လူလားမြောက်လာခြင်းဖြစ်ပြီး၊ လူ.အဖွဲ့ အစည်းအတွက် ကြောက်စရာ အကောင်းဆုံး အရာ မှာ ဆိုဆုံး မ မှုနှင့် ကင်းဝေးရခြင်းဖြစ်၏။ ထို.ကြောင့် မိမဆုံးမ ဖမဆုံးမဟု အပြောခံရလျှင် မြန်မာများ ဆတ်ဆတ် ခါအောင်နာကြခြင်းဖြစ် ၏။ မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ် သော သံဃာနှင့် ဗုဒ္ဓ တရားတော်များ၏ ဆိုဆုံးမမှု များနှင့်ဝေးလျှင် ကျွန်ုပ်တို.မျိုးဆက်အ တွက် ကောင်းသော အမွေတစ်ခု မဖြစ်နိုင်တော့ပေ။
အောင်ပညာဒါန Unknown at 10:06 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မျိုးစောင့်ဥပဒေအားလေ့လာခြင်း

ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေများ

ဟိန္ဒူ === ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်းပင် ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုနိုင်သဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ထိမ်းမြားခြင်းမပြုနိုင်ပေ။ ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ (၂)ခတ္တိယ (၃)ဝေဿ (၄)သုဒ္ဓဟူ၍ (၄)မျိုးရှိရာ ထို(၄)မျိုးတွင် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တရားဝင်ထိမ်းမြားရန် မဖြစ်နိုင်ဟု စီရင်ထုံးဟောင်းများက ပြဆိုထားသည်။
ခရစ်ယာန် ====== ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေပုဒ်မ-၄အရ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်းပြုနိုင်သည်။ သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း,ထိမ်းမြား ခြင်းမှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း ထုံးပုံနည်းလမ်းတကျထိမ်းမြားမှသာလျှင် တရားဝင်သည်။အခြားနည်း ထိမ်းမြားမှုများ တရားမဝင်၊ ဥပဒေကို မလိုက်နာလျှင် ထောင်ဒဏ်ငွေဒဏ် သတ်မှတ်နိုင်သည်။ နမူနာအားဖြင့် ပုဒ်မ-၆ဝ ဤဥပဒေပုဒ်မ-၅ အရ ထိမ်းမြားပေးပိုင်ခွင့်ရှိသူမဟုတ်ဘဲ ခရစ်ယာန်(၂)ဦး သို့မဟုတ်(၁)ဦး ခရစ်ယာန်လက်ထပ်ပေးပါက ထောင်ဒဏ်(၁ဝ)နှစ်အထိ အပြစ်ပေးနိုင်သည်။ ***လူအခွင့်အရေးဆိုပြီးမျက်စိမှိတ်စွတ်အော်နေသူများ ကြပ်ကြပ်သတိထားလေ့လာပါရန် အစ္စလာမ် ====== ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြု၊ ဘာသာမတူသူဖြစ်ပါက အစ္စလာမ်ဘာသာသို့ တရားဝင်ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့်ရှိသည်။ သူတို့ကျမ်းစာကို စော်ကားပါက သေဒဏ်အထိချမှတ်နိုင်သည်။ အိမ်ထောင်ရေးဖောက်ပြားပါက လူအများရှေ့တွင် လူတိုင်းက ခဲနှင့်ထုသတ်ခြင်း၊ လူတိုင်းက မေထုန်ကျင့်နိုင်ခြင်း အပြစ်များပေးပါသည်။ ဗုဒ္ဓဘာသာ ====== မည်သည့်ဘာသာခြားကမဆို ၄င်းတို့ ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြား လက်ထပ်ခြင်းကို ခွင့်ပြုထားသည်။ ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ၄င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခွင့်ပြုထားသည်။ အလွန်သဘောကောင်းသော အလွန်ရက်ရောသောဥပဒေဖြင့် ကာကွယ်ထားခြင်းမရှိသော ဒလဟောခွင့်ပြုထားသော ဘာသာဖြစ်နေပါတယ်။ အလွန်ဝမ်းနည်းဖွယ်ရာ အလွန်ရှက်စရာကောင်းတဲ့ အနေအထားကို အတိုင်းသားတွေ့မြင်ပါတယ်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အုတ်ကြားမြက်လောက်မှ တန် ဖိုးမထားဘာသာခြားများက အလွယ်တကူ စော်ကားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ ---------- ဟိတဓရဆရာတော်စီစဉ်ပူဇော်သောရွှေနှစ် ရွှေသား ရွှေစကား(၃)စာအုပ်မှ (ကျမ်းကိုး) ပြည့်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား)၊ သံအမတ်ကြီး(အငြိမ်းစား) ဦးဘမော်(B.A Hons B.l)ရေးတဲ့ မြန်မာနိုင်ငံအိမ်ထောင်ခန်းများ(Marriage Laws of Myanmar)စာအုပ်မှ ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများ
အောင်ပညာဒါန Unknown at 10:04 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မျိုးစောင့်ဥပဒေအားလေ့လာခြင်း

မျိုးစောင့်ဥပဒေနှင့် လူ့အခွင့်အရေး

ဒီအကြောင်းကို ရေးဖို့ စိတ်ထဲမှာ ရှိနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးမယ်လုပ်လိုက်၊ မရေးတော့ဘူးဖြစ်လိုက်နဲ့ အချိန်အတော်ကြာသွားခဲ့တယ်။ အရင်တုန်းကတော့ အကြောင်းအရာ တစ်ခုခုကို ချရေးတော့မယ်ဆိုရင် ရှေ့မကြည့်၊ နောက်မကြည့်၊ ရေးပစ်လိုက်တာပဲ။ မရေးဖြစ်တဲ့ အကြောင်းတွေထဲမှာ တစ်ခုကတော့ နောင်တော်ကြီးအချို့ရဲ့ မှတ်ချက်တွေကြောင့်လည်း ပါသလို ကိုယ်ကိုယ်တိုင်ကလည်း ဂဃနဏ မသိသေးတာကြောင့်လည်း ပါပါတယ်။ နောင်တော်ကြီးတစ်ပါးက ပြောတယ်။ “မအောင်မြင်သေးခင်မှာ ရန်သူမများစေနဲ့”တဲ့။ သူဆိုရင် “သူတစ်ပါး စိတ်အနှောက် အယှက်ဖြစ်မှာ၊ အချို့သူတွေ ဝမ်းသာမှာဖြစ်ပေမဲ့ အချို့သူတွေ ငြိုငြင်မယ့်စာမျိုးကို မရေးသေးဘူး။ အောင်မြင်တဲ့တစ်ချိန်ကျမှ ပြောမယ်”လို့ တေးထားတာတဲ့။ ဘာပဲဖြစ်ဖြစ် အခုတော့ ရေးဖြစ် သွားခဲ့ပြန်ပြီ။
မျိုးစောင့်ဥပဒေဆိုပြီး ဆရာတော်ဦးဆေကိန္ဒကျောင်း၊ သံဃာ့ညီလာခံကနေ စတင်ကြားခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြတော့ “ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးအတွက် လုပ်တာတော့ ဟုတ်ပါတယ်၊ လုပ်ငန်းစဉ်(procedure)ကတော့ မှားနေတယ်၊ ဘုန်းကြီးတွေဆီကနေ မထွက်ဘဲ အမျိုးသမီးအသင်းအဖွဲ့တွေကနေ ဒီကိစ္စအရင် ထွက်လာရင် သိပ်ကောင်းမှာပဲ”စသဖြင့် တစ်ဦးက ဝေဖန်တယ်။ လုပ်ငန်းစဉ်အဆင့်ဆင့် မှားခဲ့တယ်။ ထင်တဲ့အတိုင်းပဲ အသံတွေ မျိုးစုံ ထွက်လာခဲ့တယ်။ ဒေါ်ဇင်မာအောင် စတဲ့ အမျိုးသမီးတွေကရော၊ အခြားအမျိုးသမီး အဖွဲ့အစည်းတွေကပါ ဝေဖန်လာကြတယ်။ ဝေဖန်တာရိုးရိုးဆိုရင်၊ အချက်အလက်နဲ့ သေချာဝေဖန်ထောက်ပြရင် ကိစ္စမရှိဘူး၊ အခုဟာက ဘုန်းကြီးတွေ ဘာမှ နားမလည်ဘဲ လူကိစ္စတွေကို မဆီမဆိုင် လာလုပ်နေတယ်ဆိုတဲ့ သဘောမျိုးထိ ဝေဖန်ပြောဆိုလာကြတယ်။ ဒီကြားထဲ အများလေးစားရတဲ့ ဒေါ်ဇီးကွက်လိုပုဂ္ဂိုလ်မျိုးကလည်း အကျိုးအကြောင်းကို သေချာမလေ့လာဘဲ၊ ဆရာတော်များရဲ့စေတနာနဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ပြစ်တင်ပြောဆိုလာပြန်တော့ ဇာတ်ရှိန်က ပိုမြင့်သွားခဲ့တယ်။ ဇာတ်ရှိန်မြင့်လာတဲ့အချိန်မှာ လေးစားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပါ လူ့အခွင့်အရေးနဲ့ကိုင်ပြီး ပြောဆိုလာတယ်။ အဲဒီမှာ အသံတွေက ဆူညံလာတော့တယ်။ သံဃာတွေနဲ့အမျိုးဘာသာအရေး အလေးထားတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြလာတဲ့အခါ မြန်မာနိုင်ငံဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုက ကြီးမားကျယ်ပြန့်လေတော့ တိုက်ပွဲက ပြင်းထန်သွားတော့တယ်။ အကြောင်းအရာနဲ့အနှစ်သာရအပေါ် ငြင်းခုံဆွေးနွေးခြင်း မဟုတ်တော့ဘဲ ပုဂ္ဂိုလ်ရေးအားပြိုင်မှု၊ အဖွဲ့အစည်းအားပြိုင်မှုအခြေအနေတွေထိ ဖြစ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ဘင်္ဂါလီအရေးနဲ့အစ္စလာမ်ဘာသာနဲ့ ပတ်သက်ရင် ပြတ်သားမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်လာခဲ့တယ်။ ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည် ပြောတာကနည်းနည်းရယ်၊ သူ့နောက်က သံယောင်လိုက် သူတွေက ရိုင်းရိုင်းစိုင်းစိုင်းတွေပါ ပြောလာကြတယ်။ နီးစပ်ရာလည်း ပြောဆိုဝေဖန်ကြ၊ စာနယ်ဇင်းတွေကလည်း ဝေဖန်ရေးသားကြ၊ အခမ်းအနားတွေကနေလည်း ပြောကြတဲ့အထိ ဖြစ်လာတယ်။ အခမ်းအနားတစ်ခုမှာ တော်ဝင်နှင်းဆီဦးစိုးညွန့်ကဆိုရင် “ခွေးက ခွေးအလုပ်လုပ်၊ နွားက နွားအလုပ်လုပ်၊ လူက လူအလုပ်လုပ်၊ ကိုယ့်အလုပ်ကို မလုပ်ရင် ဘာဖြစ်သွားမလဲ”စသဖြင့် ရိုင်းရိုင်းစိုင်းစိုင်းကို စော်ကားပြောဆိုရဲတဲ့အထိ ဖြစ်လာတယ်။ ဒီလောက်ထိ သံဃာတော်တွေ၊ ဆရာတော်တွေကိုတောင် ပစ်မှားတဲ့စကားတွေ ပြောတာကို အောက်က လူ့အခွင့်အရေးသမား ဆိုသူတွေက လက်ခုပ်တဖြောင်းဖြောင်းနဲ့ သဘောကို ကျလို့။ ဘုရား … ဘုရား …။ ဘုရား တမိပါရဲ့။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း “လူ့အခွင့်အရေး”ဆိုတဲ့စကားနဲ့ “နိုင်ငံတကာ” ဆိုတဲ့ စကားလုံးနှစ်လုံးကို တွင်တွင်သုံးပြီး ခုခံကာကွယ်တယ်။ တစ်ဖက်က ဝေဖန်သူတွေကလည်း စာရွက်ထဲက လူ့အခွင့်အရေးနဲ့ ကမ္ဘာမှာကျင့်သုံးနေတဲ့ လူ့အခွင့်အရေးကို နှိုင်းယှဉ်ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဝေဖန်ပြတယ်။ “လူ့အခွင့်အရေးကြေညာစာတမ်းအတိုင်း နိုင်ငံတကာက လက်ခံကျင့်သုံးကြပါသလား၊ နိုင်ငံတကာဆိုတာ ဘယ်နိုင်ငံတွေကို ပြောတာလဲ” လို့လည်း မေးခွန်းထုတ်ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် စာရေးသူ မျက်စိလည်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ လေးစားရတဲ့ ခေါင်းဆောင်က ပြောလိုက်တော့ စိတ်ထဲမှာ ပိုရှုပ်ထွေးသွားရတယ်။ “ဆရာတော်တွေက ဘယ်သူ့အခွင့်အရေးကို ပိတ်ပင်နေလို့လဲ၊ ဘယ်သူ့ကို အကြမ်းဖက် စော်ကားနေလို့လဲ”။ မေးခွန်းတွေက တစ်သီတစ်တန်းကြီး ထွက်လာတယ်။ ဒါနဲ့ အမေရိကန်၊ နော်ဝေ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက အခြေခံဥပဒေတွေကို လေ့လာကြည့်မိတယ်။ မြန်မာနိုင်ငံက ဘာသာရေးဆိုင်ရာ ဥပဒေတွေကို လက်လှမ်း မီသလောက် လေ့လာကြည့်တယ်။ အဲဒီလို လေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားခဲ့တယ်။ ဥပမာလေးနဲ့ ပြောချင်တယ်။ ဒေသတစ်ခုမှာ ရွာ(၄)ရွာ ရှိတယ်။ အဲဒီထဲက ရွာ(၃)ရွာကတော့ သူတို့ရပ်ရွာတည်ငြိမ်ရေး၊ တည်တံ့ရေးအတွက် စည်းမျဉ်းဥပဒေသတွေ ချမှတ်ထားကြတယ်။ ရွာ(၁)ရွာမှာတော့ အဲဒီစည်းမျဉ်းဥပဒေသမျိုး မရှိဘူး။ ဒီလိုပဲ နှစ်ပေါင်းကြာလာတဲ့အခါမှာ စည်းမျဉ်းမရှိတဲ့ရွာဟာ အသိအမြင်တွေ ပွင့်လာပြီး နစ်နာမှုတွေ များလာတာတွေ့တော့ အခြားရွာ(၃)ရွာလို စည်းမျဉ်းဥပဒေရှိချင်လာတယ်။ ဒီလိုနဲ့ အခြားရွာတွေလိုပဲ စည်းမျဉ်းရေးဆွဲဖို့ အကြံပြုလာကြတယ်။ ဒါကို အခြားရွာ(၃)ရွာက အချို့ပုဂ္ဂိုလ်တွေက “ဒီစည်းမျဉ်းမရှိသေးတဲ့ရွာသာ သူတို့လို စည်းမျဉ်းဥပဒေရှိလာရင် ……”လို့ သူတို့နစ်နာနိုင်တာကို တွေးမိပြီး စည်းမျဉ်းဥပဒေပေါ်ပေါက်မလာရေး အမျိုးမျိုးလုပ်ဆောင်ကြတယ်။ ဒီဥပမာကို ကြည့်မယ်။ စည်းမျဉ်းဥပဒေမရှိသေးတဲ့ ရွာမှာ အပြစ်ရှိပါသလား။ သူတို့ရွာတွေမှာတော့ စည်းမျဉ်းဥပဒေ ထားရှိပြီး အခြားသူတွေ လုပ်လာတော့ “မတရားဘူး၊ မမျှတဘူး”လို့ ပြောတာ လက်ခံနိုင်စရာ ဖြစ်ပါသလား။ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲလို့ ရနိုင်ပါသလား။ မျိုးစောင့်ဥပဒေကို အကောင်အထည်ပေါ်စေချင်တဲ့ ဆရာတော်များမှာလည်း ဥပဒေမရှိလို့ ထိခိုက်နစ်နာရတဲ့ အဖြစ်အပျက်တွေ မြောက်မြားစွာ ရှိနေပါတယ်။ ဒီလို ထိခိုက်နစ်နာမှုတွေ နောင်မဖြစ်ရလေအောင်ဆိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ဦးဟာ အခြားဘာသာနဲ့ တရားဝင်လက်ထပ်လို့ မရနိုင်ဘူး။ မွတ်စလင်ကလည်း မွတ်စလင်ဖြစ်မှ လက်ထပ်နိုင်တယ်။ ခရစ်ယာန်ကလည်း ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့ပဲ လက်ထပ်နိုင်တယ်။ ဒီဘာသာကြီးသုံးခုရဲ့ ဥပဒေတွေဟာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၆)က အရွယ်ရောက်တဲ့သူတိုင်း ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ လွတ်လပ်စွာ ပေါင်းသင်းနေထိုင်ခွင့်ရှိသည် …. ဆိုတဲ့အချက်ကို ဖောက်ဖျက်လွန်ကျူးထားကြတယ်။ အဲဒီဥပဒေတွေကိုတော့ လူ့အခွင့်အရေးနဲ့မညီဘူး၊ ဘာညာ မပြောဘဲ ဆရာတော်တွေက ဗုဒ္ဓဘာသာမှာလည်း အဲဒီလို ဥပဒေရှိဖို့သင့်တယ်ဆိုတော့ ဘာသာရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အားပေးတွေလို့ လူ့အခွင့်အရေးသမားတွေက စွပ်စွဲနေကြပါရောလား။ ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေကလည်း အခြားဘာသာတွေ အဲဒီလို ဥပဒေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိစေချင်ရုံသက်သက်ပါ။ ဘာအကြမ်းဖက်မှု၊ ဘာလူမျိုးရေးပြဿနာတွေကိုမှ ဖန်တီးနေတာ မဟုတ်ဘူး။ ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေ လုပ်နေတာ “လူ့အခွင့်အရေး”နဲ့ မညီဘူးလား။ ဒါဆိုရင် အဲဒီလို ပြဋ္ဌာန်းထားတဲ့ အခြားဘာသာတွေရဲ့ ဥပဒေတွေကရော ညီနေပါသလားလို့ မေးခွန်းထုတ်ဖို့ မသင့်ဘူးလား။ ဆရာတော်ဒေါက်တာဓမ္မပိယ မိန့်ကြားတဲ့ “အခြားဘာသာတွေရဲ့ ရှိပြီးသား ဥပဒေတွေ ပယ်ဖျက်ပေးမလား၊ ကိုယ့်ဗုဒ္ဓဘာသာအတွက် ထပ်မံပြဋ္ဌာန်းပေးမလား၊ ဒီမေးခွန်းနှစ်ခုအနက် တစ်ခုခုကို လုပ်ရမှာပဲ။ ဒါ မညီမျှဘူး၊ မမျှတဘူး ဖြစ်နေတယ်လေ။ လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်စမ်းပါ။ လူ့အခွင့်အရေးဆိုတာ တရားမျှတမှု၊ ညီမျှမှုကို အလေးထားရမယ်”ဆိုတဲ့ စကားက မှတ်သားသင့်ပါတယ်။ စာရေးသူလည်း လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်အလက်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ ဒီလို သဘောကျစရာကောင်းတဲ့ အချက်အလက်တွေကို ဘယ်နိုင်ငံတွေက တစ်ထပ်တည်းကျအောင် အသုံးပြုပါသလဲ။ ဘယ်နိုင်ငံမှာမှ တစ်ထပ်တည်းကျအောင် အသုံးပြုလို့ မရပါဘူး။ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုး၊ လျှို့ဝှက်နည်းနဲ့တစ်သွယ် ချိုးဖောက်နေကြတာပဲ မဟုတ်လား။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် လူ့အခွင့်အရေးဆိုတဲ့ နှုန်းစံကို လက်ကိုင်ပြုကြသေးပါရဲ့လား။ တကယ့်တော့ ပြောမယ့်သာပြောရတာ ကိုယ့်အကျိုးစီးပွား မထိခိုက်ဘဲနဲ့ကို ချိုးဖောက်နေကြတာပါ။ လူ့အခွင့်အရေးဆိုတာကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီစံတစ်ခုတည်းနဲ့ မှတ်ကျောက်တင်ပြီး အလုပ်လုပ်လို့ မရဘူးဆိုတာနဲ့ကိစ္စရပ်တိုင်းမှာ “လူ့အခွင့်အရေး”ဆိုတာကို အော်လို့ မရဘူးဆိုတာ ပြောချင်တာ။ အခြားနိုင်ငံတွေက အခြေခံဥပဒေတွေ လေ့လာကြည့်တယ်။ နော်ဝေနိုင်ငံဆိုရင် ခရစ်ယာန်လူဦးရေ ၇၇% ရာခိုင်နှုန်း။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းပြီး ခရစ်ယာန်ဘာသာ အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အဲဒီနားက ဒိန်းမတ်စတဲ့နိုင်ငံတွေလည်း ထူးမခြားနားပဲ။ မလေးရှားနိုင်ငံဆိုရင် မွတ်စလင်လူဦးရေ ၆၁% ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ မွတ်စလင် အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ပေးတဲ့ ပုဒ်မတွေ အများကြီး ထည့်သွင်းထားတယ်။ ဘယ်ဒေသ၊ ဘယ်ဒေသတွေမှာ အစ္စလာမ်မှလွဲပြီး အခြားဘာသာတွေ ပြန့်ပွားရေး မလုပ်ဖို့ ကန့်သတ်ချက်တွေလည်း ထည့်သွင်းထားတယ်။ အစ္စလာမ်ကို ဦးစားပေးထားတာကို နမူနာတစ်ခု ပြောရင် Article 12 မှာ “…………………… it is lawful for Federation or a State to establish or maintain or assist in establishing or maintaining Islamic Institutions or provide or assist in providing institutions in the religion of Islam and incur such expenditure as may be necessary for the purpose”လို့ ပါရှိတယ်။ နောက်ပြီး Article 11 မှာ “…………….., Federation Law may control or restrict the propagation of any religious doctrine or belief among persons professing the religion of Islam”လို့ ပြဋ္ဌာန်းထားတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့အခါမှာလည်း “ …….. we shall at all times protect the religion of Islam and ……”ဆိုတဲ့စကားကို ထည့်သွင်းသစ္စာပြုရတယ်။ နောက် အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်လူဦးရေ ၈၇%ရာခိုင်နှုန်းရှိတယ်။ အစ္စလာဟ်အသားပေးတဲ့ အခြေခံဥပဒေရေးဆွဲထားတယ်။ အခြေခံဥပဒေ Article 29 မှာ “……. The independence of Indonisia shall be formulated into a constitution of Republic of Indonisia which will be built into a soverign state based on a belief in the One and Only God”လို့ ထည့်သွင်းထားတယ်။ နောက် ဘရာဇီးနိုင်ငံမှာ ခရစ်ယာန်လူဦးရေ ၆၄%ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာအသားပေးပြီး အခြေခံဥပဒေကို ရေးဆွဲထားတယ်။ ဒါက နမူနာပဲ ပြထားတာပါ။ ပြောချင်တာက ဘယ်နိုင်ငံမှာမဆို ကိုယ့်အမျိုးဘာသာသာသနာကို ရှေ့တန်းတင်ပြီး ဥပဒေတွေ ရေးဆွဲထားတယ်ဆိုတာ သိရလိမ့်မယ်။ လေးစားရတဲ့ မြန်မာ့ခေါင်းဆောင်တွေကတော့ တစ်ခါလာလည်း “လူနည်းစုကို လေးစားရမယ်”။ တစ်ခါလာလည်း “လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူး”။ မှန်ပါတယ်။ လေးစားရမယ်။ အနိုင်မကျင့်ရဘူး။ ဒါပေမဲ့ လူနည်းစုကလည်း လူများစုကို လေးစားဖို့ လိုပါတယ်။ လူနည်းစုရဲ့ဆန္ဒကို ဦးစားပေးပြီး လူများစုကို ဥပေက္ခာပြုတာကျတော့ကော တရားပါ့မလား။ စဉ်းစားဖို့ လိုပါတယ်။ အထက်မှာ ဆိုခဲ့တဲ့နိုင်ငံတွေ စတဲ့ ကမ္ဘာ့နိုင်ငံတွေက အခြေခံဥပဒေတွေကို ဘယ်လို ပြောကြမလဲ။ သူတို့တွေဟာ လူနည်းစုတွေရဲ့ ခံစားမှုကို မလေးစားတဲ့နိုင်ငံတွေလား။ လူနည်းစုတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ နိုင်ငံတွေလား။ အခုဖြစ်နေတာက ဗုဒ္ဓဘာသာကို ဦးစားပေးရင်ပဲ လူမဟုတ်တော့ သလိုလို။ လူ့အဆင့်အတန်းမရှိတော့သလိုလို။ တစ်ကိုယ်ကောင်းပဲ ဆံနေသလိုလို။ ကမ္ဘာ့ရေးရာတွေကို ဘာမှ မသိတဲ့သူတွေလိုလို။ မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင် ၈ဝ% ရာခိုင်နှုန်းခန့်ရှိတဲ့နိုင်ငံတစ်ခုပါ။ (အထက်မှာဆိုခဲ့သလို) နော်ဝေမှာ ခရစ်ယာန်က ၇၇% ရာခိုင်နှုန်းတည်းရယ်ပါ။ မလေးရှားက မွတ်စလင် ၆၁%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘရာဇီးက ခရစ်ယာန် ၆၄%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘာဖြစ်လို့ သူတို့တွေ လူနည်းစုရဲ့ဆန္ဒကို လျစ်လျူရှုပြီး လူများစုကိုးကွယ်ရာလိုက်ပြီး အခြေခံဥပဒေတွေ ရေးဆွဲကြပါသလဲ။ နိုင်ငံတကာမှာ အခြေခံဥပဒေတွေ ရေးဆွဲတဲ့အခါ မိမိတို့ရဲ့အမျိုးဘာသာကို ပုံစံတစ်မျိုးမျိုးနဲ့ ကာကွယ်ထားတဲ့ အချက်တွေ အများကြီး ထည့်သွင်းလေ့ရှိကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်အမျိုးဘာသာကို ကာကွယ်တဲ့ဥပဒေများ ဘယ်လောက်ထိ ရှိပါသလဲ။ စဉ်းစားကြဖို့ပါ။ ဒါတွေကို ပြောပြရတဲ့အကြောင်းက အခု မိမိတို့ ဗုဒ္ဓဘာသာဝင်များရဲ့ နစ်နာမှုတွေ၊ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေတဲ့အနေအထားတွေကို မြော်မြင်ပြီး လုပ်ဆောင်နေကြတဲ့ ဆရာတော်တွေကို မပြစ်မှားစေချင်လို့ပါ။ အခုဟာက ဆရာတော်တွေက ဘာပြောပြော “ဒီဘုန်းကြီးတွေ ကြံဖွတ် ဘုန်းကြီးတွေ၊ စစ်တပ်က မြှောက်ပေးတိုင်း လိုက်လုပ်နေတာ၊ နောက်ကြောင်းပြန်လှည့် လို့ကတော့ ဒီဘုန်းကြီးတွေ တရားခံပဲ”စသဖြင့် စော်ကားနေကြတာကို ရပ်စေချင်တယ်။ အခုဟာက ဗုဒ္ဓဘာသာတည်တံ့ပြန့်ပွားရေး ကြွေးကြော်တာဟာ ဦးသိန်းစိန်ကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာလို့ ယူဆနေကြတယ်။ တစ်နေ့က အတိုက်အခံပါတီကြီးရဲ့ ဦးဆောင်သူတစ်ဦးကဆိုရင် “အဲဒီ ၉၆၉ ဘုန်းကြီးတွေပေါ့။ သူတို့ကြောင့် အဓိကရုဏ်းတွေ ဖြစ်တာ။ ဒါဟာ သူတို့နဲ့ လုံးဝဆက်စပ်နေတယ်”လို့ ဆိုတယ်။ နောက်ပြီး “ဦးဇင်းစဉ်းစားကြည့်ပေါ့။ OIC ကို ကန့်ကွက်ကြတယ်။ တပည့်တော်တို့ကတော့ ဒါ လုံးဝ မလုပ်သင့်တဲ့ကိစ္စပဲ။ သူတို့က လူသားချင်းစာနာပြီး အကူအညီပေးတဲ့ အဖွဲ့ပဲ၊ ဘုန်းကြီးတွေက နေရင်းထိုင်ရင်း မွတ်စလင်တွေအပေါ် စိုးရိမ်မှု လွန်ကဲနေတယ်”လို့ ဆိုပြန်တယ်။ အတော်ပဲ စိုးရိမ်မိပါတယ်။ ဆရာတော်တွေနဲ့ဗုဒ္ဓဘာသာကို အလေးထားတဲ့ လူတွေမှာ စိုးရိမ်ရတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်။ နမူနာတစ်ခု ထုတ်ပြချင်တယ်။ မောင်တောမြို့နယ်မှာ ၁၉၂၁ ခုနှစ်က ဘင်္ဂါလီ ၆ သောင်းခန့်၊ ၁၉၈၆ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါးဖြစ်လာတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂါလီ ၁ဝဝ ကျော်၊ ၂ဝဝ၉ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါး ဖြစ်လာတယ်။ ဒါ နမူနာပဲ ရှိသေးတယ်။ ကမ္ဘာ့နမူနာတွေလည်း အများကြီး ရှိပါတယ်။ ပြည်မမှာလည်း လူဦးရေတိုးပွားနှုန်းက အဆမတန် တိုးလာနေတယ်။ ဒါတွေ ပြောလာရင် ခေါင်းဆောင်စကားနောက် သံယောင်လိုက်တဲ့ အချို့ပုဂ္ဂိုလ်တွေ ပြောလေ့ရှိတာက “ဟာ ဒါတော့ စစ်အစိုးရကြောင့် ခိုးဝင်လာကြတာ၊ စစ်အစိုးရရဲ့အပြစ်ပဲ”လို့ ပြောတတ်ကြတယ်။ ဟုတ်ပါတယ်။ စစ်အစိုးရလက်ထပ်မှာ ဝန်ထမ်းတွေ လာဘ်စားမှုကြောင့်၊ ခြံစည်းရိုးမလုံလို့ပါ။ (အခြားအကြောင်းတရားတွေလည်း အများကြီး ရှိပါတယ်)။ ဒါ လူတိုင်းသိနေတာပဲ။ ဘယ်သူမှ မငြင်းဘူး။ ဒါပေမဲ့ စစ်အစိုးရကို အပြစ်တင်နေလို့ကော ဒီပြဿနာက ပြေလည်သွားမှာလား။ ပြေလည်မသွားနိုင်ပါဘူး။ သီပေါဘုရင် အမြော်အမြင်မရှိလို့ တိုင်းပြည်သူ့ကျွန်ဘဝရောက်ရတာဆိုပြီး သီပေါဘုရင်ကို အပြစ်တင်နေရုံနဲ့ သူ့ကျွန်ဘဝက လွတ်မြောက်နိုင်ပါ့မလား။ ဒီပြဿနာဟာ ဦးသန်းရွှေကို အပြစ်တင်နေရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သိစေချင်တာပါ။ ဆိုတော့ ဒီပြဿနာတွေ မဖြစ်ပွားအောင် အထက်မှာဆိုခဲ့တဲ့နိုင်ငံတွေ သူတို့ဘာသာကို ဥပဒေနဲ့ ကာကွယ်ကြသလို ကာကွယ်နိုင်ကြဖို့ ဆရာတော်တွေ ဆော်သြနေကြတာပါ။ လူ့အခွင့်အရေးသမားတွေ ပြောပြောနေတဲ့ လူနည်းစုတို့၊ လူများစုတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာတို့ ဆိုတဲ့ စကားတွေရဲ့ အနှစ်သာရနဲ့အဓိပ္ပာယ်ကို သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအခြေခံဥပဒေတွေဟာ လူများစုရဲ့ဆန္ဒကို အဓိကထား ရေးဆွဲကြတာကို တွေ့ရပါလိမ့်မယ်။ ဆရာတော်တွေနဲ့အမျိုးဘာသာ သာသနာကို တန်ဖိုးထားသူတွေကလည်း ဗုဒ္ဓဘာသာလူများစုဆန္ဒအတိုင်းချည်း တဖက်သက်ရေးဆွဲပေးဖို့ တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အမျိုးဘာသာကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခုမျှကိုသာ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီတော့ အစ္စလာမ်ကို ထိရင် ဆတ်ဆတ်ထိမခံဖြစ်ဖြစ်နေတဲ့ လူ့အခွင့်အရေးသမားများ သုံးသပ်နိုင်ကြဖို့ပါ။ ပြောစရာတွေတော့ အများသား။ ပြောချင်တာတွေကလည်း အများကြီး။ စာကလည်း ရှည်သွားပြီ။ ဆောင်းပါးကို ပြန်ဖတ်ကြည့်တော့ မပြည့်စုံတဲ့၊ ဟာနေတဲ့ ကွက်လပ်လေးတွေလည်း ရှိပါတယ်။ ဟိုပါတီ၊ ဒီပါတီ စွပ်စွဲနိုင်စရာတွေလည်း တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ဆောင်းပါးကနေ တစ်စုံတစ်ရာ စဉ်းစားစရာ၊ သုံးသပ်စရာတစ်ခုခု ရသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်။ ဒီဆောင်းပါးကို စာရေးသူ ဖတ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတနဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်းယုတို့ တွေ့ချိန်က ပြောကြတာလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကျန်တာတွေ မမှတ်မိတော့ပေမဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားလေးတစ်ခွန်းရှိတယ်။ လီကွမ်းယုက “ကျုပ်က စင်္ကာပူနိုင်ငံသူ/နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ ခင်များတို့ အမေရိကန်မှာလို သေနတ်တွေ လမ်းဘေးချရောင်းတဲ့ အထိတော့ လွတ်လပ်ခွင့် မပေးနိုင်ဘူး”တဲ့။ သူများနိုင်ငံစံတွေကိုချည်း အားမကိုးဘဲ ကိုယ့်နိုင်ငံ ကိုယ့်စံကို ရဲရဲဝံ့ဝံ့ ပြောဆိုကျင့်သုံးရဲတဲ့ခေါင်းဆောင်လို့ အသိအမှတ်ပြုမိတယ်။ လူ့အခွင့်အရေးဆိုတာကို သုံးသပ်နိုင်ဖို့ပါ။ အားလုံး ချမ်းမြေ့ကြပါစေ
အောင်ပညာဒါန Unknown at 9:40 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: မျိုးစောင့်ဥပဒေအားလေ့လာခြင်း

သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်

“ ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်မှသာ သစ်သီးတွေကိုစားသင့်ပြီး၊ ထမင်းစားပြီးပြီးချင်း မှာတော့ သစ်သီး(လုံးဝ)မစားသင့်” ကြောင်း အင်တာနက်သတင်းလွှာဖြစ်တဲ့ American Daily Health Tips မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က အောက်ပါ အတိုင်း အကျယ်တ၀င့်ဖော်ပြသွားခဲ့ပါတယ်။
“ဖရဲသီးစားပြီးတိုင်း လေချဉ်တက်တယ်” “ပန်းသီးစားတဲ့အခါတိုင်း လေပွလာတယ်” “ဌက်ပျောသီးစားပြီးတာနဲ့ ဗိုက်နာသလိုလို ဖြစ်လို့ သန့် စင်ခန်းဝင်ရတယ်” စသည်ဖြင့် အချို့ က သစ်သီးနဲ့ ပတ်သက်လို့ စောဒကတက်ကြပါတယ်။ ဒီပြဿနာတွေနဲ့ ပတ် သက် လို့ သစ်သီးများဆိုင်ရာခန္ဒာဗေဒသုတေသီ တစ်ဦးဖြစ်သူ အမေရိကန်လူ မျိုး ဒေါက် တာ Herbert Shelton က “ တကယ် တော့ ဗိုက်ဆာနေတဲ့အချိန် (အစာအိမ်ဟောင်းေ လာင်ြး ဖစ် တဲ့အချိန်) သစ်သီးတမျိုးတည်းစားရင် အဲဒီလိုကျန်းမာရေးပြဿနာမျိုး တွေ မဖြစ်စေပါဘူး။ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတွေတန်းစားမိတဲ့အခါ(ဒါမှမဟုတ်)သစ်သီးကို တခြားအစားအစာ တွေနဲ့ တွဲစားတဲ့အခါမှသာဖြစ်တာပါ။သစ်သီးနဲ့ အဲဒီအစားအစာ တို့  ပေါင်းစပ်ဓာတ်ပြုပြီးတော့ ဂက်စ်ထွက်လာပြီး၊ အချဉ်ဖေါက် လာတာမျိုးပေါ့ ” လို့  ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ တာရှည်ခံအောင်ပြုပြင်ထားတဲ့ သံဗူး/ပုလင်း(ဖျော်ရည်-သစ်သီး ဗူး)ေ တွ မှာ သစ်သီးတွေကို အပူပေးပြုပြင် ထားတာမို့ ဗီတာမင်နဲ့  အာဟာရဓာတ်ေ တွ ပျောက်ဆုံးကုန်ပါပြီတဲ့။ အကယ်၍ ထိုသစ်သီးဖျော်ရည်ဗူးကို မဖြစ်မနေသောက် ရတဲ့ အခါမှာ ချက်ချင်းမြိုမချဘဲ ခေတ္တငုံထာားပြီးမှသာ မျိုချသင့်ကြောင်း၊ အဲဒီလိုပြုခြင်းက အချို ရည်နဲ့ ခံတွင်းထဲက တံတွေး တို့ ပေါင်းစပ်မိပြီး အချိုရည်ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ တွေ ပျက်ပြယ်သွားကာ အစာအိမ်ကိုဘေးဥပါသ် မဖြစ် စေတော့ပါဘူးတဲ့။ လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးဝလံတွေဟာ အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဒာကိုယ် အလေးချိန်ကျစေခြင်း၊ သက်ရှည်ကျမ္မာ စေခြင်း၊ ကျန်းမာစွာဘ၀နေထိုင်မှုကိုပံ့ပိုးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဒါ့ပြင် ဗိုက်ဆာ(အစာအိမ် ဟောင်းလောင်း ဖြစ်) နေ တဲ့အချိန် သစ်သီးတွေစားခြင်းက ဆံပင်မဖြူစေကြောင်း၊ ဦးခေါင်းထိပ်မပြောင်စေကြောင်း၊ စိတ်ဖိစီးမှုကိုထိန်းချုပ်ပေးနိုင် ကြောင်း၊ မျက်ကွင်းညိုခြင်းကို သက်သာစေကြောင်း ဒေါက် တာ Shelton က ဆိုထားပါတယ်။ <<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >> (ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်) -- promise.pauk
အောင်ပညာဒါန Unknown at 7:00 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကျန်းမာရေးကဏ္ဍ

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဒီလိုလုပ်မယ်

ဘာပဲပြောပြော ဒီအချက်တွေက အခြေခံတကယ်ကျပါတယ်........ စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင်ဘာသာပြန်ကာပြန်လည်မျှဝေလိုက်ပါတယ်။ အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။
အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။ အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။ ၁) ငွေနောက်ကိုလိုက်ပါ- လက်ရှိစီးပွားရေး အခြေအနေရ ပတ်ဝန်းကျင်တွင်သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ဆိုတာ အလွန်ကိုခက်ခဲပါတယ်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးပွားအောင်လုပ်ပါ။ ထပ်ခါတလဲလဲလုပ်ဆောင်ပါ။ ကျွန်တော်ဝင်ငွေ အစပိုင်းမှာ တလကိုဒေါ်လာ ၃၀၀၀ဆိုပင်မဲ့ ကိုးနှစ်ကြာပြီးတဲ့နောက်မှာတလကို ဒေါ်လာ ၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ငွေနောက်ကိုလိုက်နေရင်းနှင့် ၀င်ငွေတိုးပွားလာသလို တဆက်တည်းမှာပင် အခွင့်ရေးများစွာကိုရရှိလာပါလိမ့်မယ်။ ၂) မကြွားဝါပါနှင့်၊ လက်တွေ့လုပ်ဆောင်ပြပါ- ကျွန်တော်ရဲ့ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုများ လုံလောက်သော အခြေအနေမရောက်ခင်အချိန်အထိ ကျွန်တော်သည်အကောင်းစားနာရီ၊ ဇိမ်ခံကား အစရှိသည်တို့ကိုဝယ်ယူအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်ချမ်းသာလာသည့်အချိန်အထိ သာမန်တိုယိုတာ ကန်မရီကိုသာမောင်းနှင်ခဲ့တာပါ။ သင်ဝယ်ယူ၍ရသော လက်ဝတ်တန်ဆာများဖြင့်ထင်ပေါ်အောင်မလုပ်ပါနှင့်။ သင့်ရဲ့အလုပ် လုပ်ကိုင်ပုံနှင့်ကျော်ဇောနိုင်အောင် လုပ်ပြပါ။ ၃) ပိုက်ဆံကိုရင်းနှီးမြုပ်နှံရန်စုပါ၊ သိမ်းထားရန်မစုပါနဲ့- ပိုက်စံစုရခြင်း၏တခုသောရည်မှန်းချက်မှာ ရင်းနှီးမြုပ်နှံရန်သာဖြစ်သည်။ လုံခြုံသောနေရာနှင့် ထိတွေ့မရသောနေရာတွင် ၀င်ငွေတိုးပွားရန်အပ်နှံထားပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ မထုတ်ပြစ်ပါနဲ့ အရေးပေါ်ဖြစ်လာရင်တောင်မသုံးပါနှင့်။ ဒီကနေ့ အချိန်ထိကျွန်တော်ဟာ တနှစ်မှာ အနည်းဆုံးနှစ်ကြိမ် မွဲလေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာပြန်လည်မြုပ်နှံလို့ ဖြစ်ပါတယ်။ ၄) ကိုယ့်အတွက်ပိုက်ဆံမရနိုင်မဲ့ အကြွေးယူခြင်းကိုမလုပ်ပါနဲ့- စည်းကမ်းချမှတ်ထားပါ။ ပိုက်ဆံမ၀င်နိုင်မယ့်အကြွေးယူခြင်းကိုမလုပ်ပါနဲ့။ ကျွန်တော်ကားဝယ်ရန်ငွေတခါချေးဖူးပါတယ် ဒါပေမဲ့ကျွန်တော်ချေးယူခြင်းဟာ ၀င်ငွေတိုးပွာစေခဲ့ပါတယ်။ ချမ်းသာသူများဟာ အကြွေးယူသည့်အခါ ရင်းနှီးမြုပ်နှံ မှုနှင့်စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ကြပေမယ့် ဆင်းရဲသူများဟာချမ်းသာသူများ ပိုပြီးချမ်းသာသထက် ချမ်းသာလာအောင်အကြွေးများဖြင့်ဝယ်ယူကြတယ်။ ၅) ပိုက်ဆံကိုသ၀န်တိုတတ်သူရည်းစားတဦးလိုဆက်ဆံပါ- သန်းပေါင်းများစွာ ရယူနိုင်ရန်နံပါတ်တစ်ဦးစားပေးထားရှိရန်လိုအပ်သည်။ ချမ်းသာကြွယ်ဝဖို့နှင့် အမြဲတမ်းချမ်းသာနေနိုင်ဖို့ ဦးစားပေးရန်လိုအပ်ပါတယ်။ သ၀န်တိုတတ်တဲ့ချစ်သူလိုပေါ့။ သူတို့ကိုဦးစားမပေးရင် ရန်လိုပြီး ဦးစားပေးနိုင်သူနောက်ကိုပဲပါသွားမှာပေါ့။ ပိုက်ဆံလည်းထိုနည်း၎င်းပါပဲ။ ၆) ပိုက်ဆံသည်အိပ်မနေတတ်ပါ- ပိုက်ဆံသည် အချိန်၊နာရီ၊အားလပ်ရက် ဘာကိုမှမသိ သင်လည်းပဲထိုသို့သာဖြစ်သင့်သည်။ အလုပ်ကြိုးစားသူတိုင်းကို ပိုက်ဆံကချစ်သည်။ ကျွန်တော်အသက် ၂၆နှစ်အရွယ်မှာ လက်လီဆိုင်တခုတွင်အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်မှာညနေ ၇နာရီမှာပိတ်ပင်မယ့်လည်း ကျွန်တော်ည ၁၁နာရီအထိအလုပ်ဆင်းကာ အပိုဝင်ငွေရရန်ဈေးရောင်းခဲ့သည်။ ဘယ်တော့မှာ သူများထက်ပိုလည်၊ ပိုကံကောင်းတဲ့ပုံစံမျိုးများမလုပ်ဆောင် ပါနဲ့။ သာလွန်အောင်ပဲလုပ်ပါ။ ၇) ဆင်းရဲခြင်းကိုနားမလည်နိုင်ပါ- ကျွန်တော်ဆင်းရဲဖူးခဲ့ပါတယ်။ တကယ်ကိုဆိုးဝါးပါတယ်။ အဲဒီ့ဘ၀မျိုးဘယ်တော့မှာပြန်မလိုချင်ပါ။ Bill Gates ပြောခဲ့သလိုပေါ့ “သင်ဟာဆင်းရဲသော ဘ၀ဖြင့်မွေးဖွားလာခဲ့လျှင် သင့်ရဲ့အမှားမဟုတ်ပါ၊ ဒါပေမဲ့ဆင်းရဲသော ဘ၀ဖြင့်သေဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အမှားပါ”။ ၈) ညွန်ပြပေးနိုင်မဲ့သန်းကြွယ်သူဌေးကိုရှာပါ- ကျွန်တော်တို့တွေဟာ ဆင်းရဲသော၊ အလယ်အလတ်အတန်းအစား ဘ၀များပတ်ဝန်းကျင်များဖြင့်ရုန်းကန်လုပ်ရှား ခဲ့ခြင်းများဟာ အတွေးအခေါ်များကိုကန့်သတ်ထားသလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်သန်းကြွယ်သူဌေးပေါင်းများစွာကို လေ့လာပြီး အတုယူနိုင်ခဲ့ပါတယ်။ သင်တို့ကိုလည်းထိုနည်း၎င်းလုပ်ဆာင်ရန်တိုက်တွန်းလိုပါတယ်။ ရှေ့ ဆောင်လမ်းညွန်ပေးမယ့်သန်းကြွယ်သူဌေးကိုရှာပါ။ ချမ်းသာကြွယ်ဝသူအများစုဟာ သဘောထားပြည့်ဝသူများလည်းဖြစ်ကြပါတယ်။ ၉) သင့်ရဲ့ပိုက်ဆံများကို လေးလံသောအရာများကိုသယ်ဆောင်ခိုင်းပါ- ရင်းနှီးမြုပ်နှံခြင်းဟာ သင်အလုပ် လုပ်လို့ရတဲ့ဝင်ငွေများစွာထက် သင့်ကိုပိုက်ဆံပိုမိုရှာပေး နိုင်ပါတယ်။ ပိုက်ဆံအပိုအလျှံမရှိလျှင် ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ပေ။ ကျွန်တော်ရဲ့ဒုတိယလုပ်ငန်းဖြစ်တဲ့ လုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ မတည်ခဲ့ပြီး ကုန်ဆုံးသွားသော ၁၀နှစ်တာ ကာလမှာ တစ်လကို ဒေါ်လာ၅၀,၀၀၀ပြန်ရှာပေးခဲ့ပါတယ်။ အလားတူတတိယလုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ၃၅၀,၀၀၀ နဲ့စတင်ခဲ့ပြီး အခုချိန်ထိဝင်ငွေပေါင်းများစွာကိုရှာဖွေပေးနေတုန်းပါပဲ။ ရင်းနှီးမြုပ်နှံခြင်းသာ တခုတည်းသောအခြားနည်းလမ်းဖြစ်သင့်ပြီး ကိုယ့်အတွက်ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး လေးလံသောအရာများကိုသယ်ဆောင်နိုင်ရန် သူတို့ကိုပင် တာဝန်ပေးပါ။ ၁၀) ဒေါ်လာ၁၀သန်း ရရန်ပစ်မှတ်ထားပါ၊ ၁သန်းမဟုတ်ပါ- ငွေကြေးနှင့်ပတ်သတ်၍တခါတည်းသော ကျွန်တော်ရဲ့အမှားမှာ ကြီးကြီးမားမားမတွေးခဲ့လို့ပါ။ ခင်ဗျားတို့အားလုံးကို ဒေါ်လာ၁သန်းထက်ပိုသောလုပ်ဆောင်မှုကို လုပ်ကိုင်ရန်တိုက်တွန်းလိုပါတယ်။ ပိုက်ဆံပြတ်လတ်သွားသည် ဆိုမှာဒီစင်္ကြာဝဠာ မှာမရှိပါ လူအနည်းစုသာလျှင်ကြီးကြီးမားမားတွေးခေါ်မှုကိုပြုလုပ်ကြလို့ပါ။ အဆိုပါ(၁၀)ချက်ကိုလုပ်ဆောင်ပါက ငွေကြေးချမ်းသာသောဘ၀ကိုပိုင်ဆိုင်ပါလိမ့်မယ်။ ဖြတ်လမ်းကိုမလိုက်ပါနှင့်။ အများထက်အလုပ်ကိုကြိုးစားပါ။ ဘယ်တော့မှဇွဲမလျှော့ပါနှင့်။ သင်ဟာသန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အချိန်ကျရင်လည်း အများကိုသင့်လိုဖြစ်လာနိုင်ရန် လိုလိုလားလား ကူညီဖေးမပါ။ http://www.searchmyanmar.com/link/frame/cid/39591 Credit:World-Myanmar News
အောင်ပညာဒါန Unknown at 1:44 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 


အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထားလိုက်နာပါ။

* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။
* ကိုယ့် ကိုကိုယ် အားကိုးပါ။
* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။
* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။
* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။
* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။
* ကိုယ့် ရဲ့  အားနည်းချက် အားသာချက်ကို အမြဲတမ်း ဆန်းစစ်ပါ။
* ကိုယ့် ကျင့် သိက္ခာနဲ့  ပက်သက်လာရင် ဘယ်တော့ မှ အပေးအယူ မလုပ်ပါနဲ့ ။
* အချိန်ရဲ့  တန်ဖိုးကို သိပြီး အချိန်ကို မဖြုန်းမိပါစေနဲ့ ။
* ဘာပဲလုပ်လုပ် ဇွဲလုံ့ လ ၀ီရိယရှိပါစေ။
* မိတ်ဆွေ ကောင်းတွေကို တန်ဖိုးထားပါ။
* ချိုသာပျူငှာ စွာ ဆက်ဆံတတ်ပါစေ။
* လောကကို အကောင်းမြင်စိတ်ရှိပါ။
* မိမိဘ၀ အတွက် ခွန်အားဖြစ်စေတဲ့  စာအုပ်မျိုးစုံကို အချိန်ပေးဖတ်ပါ။

Credit to ; True Man ヅzat
အောင်ပညာဒါန Unknown at 12:54 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

Aug 1, 2014

သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ

ဘ၀ ရဲ့ မိုင်တိုင်များ
 
သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ

----------------------------------------------

* မိုက်ခရိုဆော့ဖ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်

ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင်

အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။

ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။

***

* သူတော်စင် ၀ိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ

တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင်

သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

***


* ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာအကြောင်းသုံးချက်ပြည့်စုံ

ရတယ်။

- တခြားသူတွေထက် ပိုသိရမယ်

- တခြားသူတွေထက် ပို ကြိုးစားရမယ်

- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

***

* နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာမလိုဘူးကွ။

အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်းဘာကြောင့်ဆိုတာ

ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။

***

* အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့

မနှိုင်းမိပါစေနဲ့။ တကယ်လို့နှိုင်းယှဉ်မိလိုက်ရင် တော့

သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။

***

* ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့တို့ရှေ့ ကလူတွေကိုတို့များတတွေ

မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့အဖဘုရားသခင်

ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။

***

* စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်

အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ

ပထမရတာ မဟုတ်ဘူးရှင့်။

အရင်တုန်းကထက်ပိုကောင်းတာကို ရှင်တို့

ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။

***

* တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူး

လို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့အ

ကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိ

လိုက်ပြီလို့ဘဲ ကြေငြာမယ်။

***

* ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း

လူတွေကကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ 

ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့

တော့တစ်ယောက်မှမစဉ်းစားကြဘူး။

``လူငယ်တစ်ယောက်အတွက်ကြီးပွားလမ်းဟာ

မိမိတက်နိုင်တဲ့နည်းလမ်းမှန်သမျှကို ပိုပြီးတိုးတက်

ကောင်းမွန်အောင် လုပ်ဖို့ပဲ၊ အဲဒီလိုလုပ်တဲ့

အခါ ငါ့ကို ဘယ်သူတွေ၊ ဘယ်အရာတွေက

ဟန့်တားနှောက်ယှက်နေတယ်လို့ ဘယ်တော့

မှသံသယမဖြစ်ပါနဲ့ ။´´

လူအတော်များများက အခြားသူများ မည်သို့

ပြောင်းလဲသင့်သည်ကို သိကြသော်လည်းလူအ

နည်းငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်

ကြောင်း သိကြပေသည်။

***

* အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း

လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။

အဲ တစ်ယောက်ကိုမှမယုံရင်တော့သိပ်ကိုအန္တရာယ်


လူတိုင်းအတိုက်အခိုက်ဒဏ်ကိုခံနိုင်ကြသော်လည်း

အာဏာဒဏ်ကိုမခံနိုင်။လူတစ်ယောက်၏သီလ

ကိုစမ်းသပ်လိုလျှင် သူ့ ကိုအာဏာပေးလိုက်ပါ။

***

* ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း

တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှား

တစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခု

ကိုမှဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါ

လေ။အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစား

ပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

***

* မင်းသားကြီး ချားလ်စ်

ဘ၀မှာကျင့်ဝတ်လေးဖြာကိုတော့မချိုးဖောက်မိ

စေနဲ့

-ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့နှလုံးသားတို့ပဲ။

ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့နာကျင်

မှုဆိုတာအထွတ်အထိပ်ရောက်လိမ့်မယ်။

***

* ၀န်စတန်ချာချီ

စွန်ဆိုတာ လေနဲ့အတူလိုက်သွားတာမဟုတ်ဖူး။

လေကိုဆန်တက်တာဖြစ်တယ်။

“နိုင်ငံရေးသမားကောင်းဆိုတာ မနက်ဖြန်

နိုင်ငံဘာဖြစ်မယ်ဆိုတာခန့်မှန်းနိုင်ရမယ်။

အကယ်၍ ဖြစ်မလာခဲ့ရင် ဘာ့ကြောင့်ဖြစ်မ

လာခဲ့တာလဲဆိုတာအကြောင်းပြချက်ပေးနိုင်ရမယ်”

***

* ပိုက်သာဂိုလ်ရပ်

တိတ်တိတ်နေ ထောင်တန်။

***

* ကွန်ဖြူးရှပ်

မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ဘဲသူတစ်ပါး

အိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကိုအပြစ်မ

တင်ပါနှင့်။ “စဉ်းစားမှုမပါဘဲပညာသင်ခြင်းသည်အချည်းအနှီး

မျှသာဖြစ်၍ ပညာမပါဘဲစဉ်းစားခြင်းသည်ကား အန္တရာယ်

ကြီးပေသည်”


* ဗိုလ်ချုပ်အောင်ဆန်း

ရာဇ၀င်ကိုဖတ်တာဟာ ရာဇ၀င်အတိုင်းမျှောလိုက်

သွားဖို့ မဟုတ်ဖူး။ ရာဇ၀င်ကိုဖန်တီးဖို့သာဖြစ်တယ်။

***

* ၀ီလဆင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဘဲ။

***

* ပီမိုးနင်း

“လူမိုက်တို့သည် မိမိ၏အမှားမှ သင်ခန်းစာ

ယူကြ၏ ။ လူလိမ်မာတို့သည် သူတစ်ပါး၏

အမှားမှ သင်ခန်းစာယူကြ၏” “တစ်စုံတစ်ရာ

ကို ကြိုးစားကြံစည်၍ ဆုံးရှုံးခြင်းသည် တစ်စုံ

တစ်ရာကိုမှမကြိုးစားမကြံစည်ဘဲ ရခြင်းထက်မြတ်၏”

***

* ဒေးကားနက်ဂျီ

လူတော်တစ်ယောက်ဆိုတာမိမိထက်တော်တဲ့သူ

တွေကို မိမိအကျိုးအတွက်လုပ်ဆောင်ပေးရန်

ပြောဆိုတတ်ရတယ်။“လူမြင်လျှင် ပြုံးပါ”

***

* လွိုက်ဂျုံး

“စိတ်နေဘုံဖျား ၊ လူနေချုံကြား”ဟုပြောခြင်း

သည် နာစရာမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဘုံဖျားသို့စိတ်မရောက်

လျှင်ချုံကြားမှထွက်နိုင်မည်မဟုတ်ပေ။

***

* ဟိုရှေးဖိုးကော

“လောက၌ မိမိကိုယ်ကို အချစ်ဆုံးသူသည်

အရိုးသားဆုံးလူဖြစ်၍ အရိုးသားဆုံးလူသည်

ကား မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည်”

***

* အရစ်တိုတယ်

“ကျွန်တော်သိတာ တစ်ခုဘဲရှိတယ်။ အဲဒါ

ကျွန်တော်ဘာမှမသိဘူးဆိုတာဘဲ”

***

* ဒီမောနေး

“ယဉ်ကျေးသိမ်မွေ့သူကားအခြားမဟုတ်။

တစ်စုံတစ်ယောက်သောသူကတစ်စုံတစ်ခုသော

အကြောင်းအရာကို လာရောက်ပြောဆိုသောအ

ခါ ၄င်းအကြောင်းအရာသည်မိမိသိပြီးဖြစ်ပါလျက်

ငြိမ်သက်၍ စိတ်ပါဝင်စားစွာ နားထောင်သူပင်

ဖြစ်သည်။”

***

* ဗိုလ်ချုပ်ကြီး ပက်တန်

“မင်းတို့ခွေးမသားတွေမင်းတို့တိုင်းပြည်အတွက်

အသက်စွန့်တိုက်ရုံနဲ့တိုက်ပွဲဆိုတာမနိုင်ဘူး။

တစ်ဖက်ခွေးမသားကိုသူ့တိုင်းပြည်အတွက်အ

သက်စွန့်အောင် လုပ်ပေးနိုင်မှတိုက်ပွဲဆိုတာနိုင်မယ်”

***

* ဘင်ဂျမင်ဒစ်ဆရေလီ

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်

်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

***

* ဟင်းရစ်အစ်ဆန်

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှတည်မြဲ

ခြင်းမရှိ သည်ကိုသတိရပါ။

ထို့ကြောင့်အဆင်ပြေသည့်အခါ၌အလွန်အမင်း

ဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌အလွန်အ

မင်းစိတ်ဓာတ်ကျခြင်းမဖြစ်ပါနှင့်။

***

*အီစွတ်

ကျေးဇူးသိခြင်းဆိုသည်မှာမြင့်မြတ်သောစိတ်ရဲ့

သင်္ကေတဖြစ်တယ်။

***

* ဆမ်းမာဆက်မော

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ

စင်စစ်သူတို့အား ချီးမွမ်းခြင်းကိုသာခံယူလိုကြ

သူ

များဖြစ်တယ်။ (ဒီအချက်ကကျွန်တော်မကင်းဘူး)

***

* လိုင်ဗွီ

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက်

ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံးအကြံဥာဏ်

ဟာလုံခြုံမှုအရှိဆုံးဖြစ်တယ်။

***

* ဆာဖရန်စစ်ဘေကွန်

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက်

ဖြစ်စေတယ်။ဆွေးနွေးညှိနှိုင်းခြင်းကအသင့်ပြင်

ထားသော လူတစ်ယောက်ဖြစ်စေတယ်။

မှတ်သားခြင်းကတိကျသောလူတစ်ယောက်

ဖြစ် စေတယ်။

***

* နီကီတာခရုရှက်

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူ

အတွက် ပထမဆုံးသော သော့ချက်ပဲ။

***

* လူခရီးတပ်စ်

တစ်စက်ချင်းကျနေသော ရေစက်များဟာ

နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စား

သွားတယ်။

***

* ရပ်ဝယ်ဒိုအီမာဆန်

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်

က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။

***

* ဂျော့ဖရီချော်ဆာ

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ

ဝင်ပေါက်ကြီးဖြစ်တယ်။အလုပ်မရှိတဲ့လူတစ်

ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။

မကောင်းဆိုးဝါးများဟာအရပ်လေးမျက်နှာမှဝင်

ရောက်နိုင် တယ်။

***

* အဲဖရက်တင်နီဆင်

ပြက်ရယ်ပြုခြင်းကသဘောထားသေးသိမ်ညံ့

ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

***

* ဘလက်စတုံး

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက်အပြစ်ရှိ

သူ ဆယ်ဦးထွက်ပြေးလွတ်မြောက်သွားခြင်းက

ပိုလို့ကောင်းသေးတယ်။

***

* ဂျွန်ဒရိုင်းဒန်

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

***

* ဂျွန်မီတန်

သာယာချမ်းမြေ့သောအိမ်ထောင်ရေးဆိုသည်

မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်

ယောကျာင်္းတို့ရဲ့အိမ်ထောင်ရေးပင်ဖြစ်ပါတယ်။

***

* ဟင်းရစ်အစ်ဆန်

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိ

ဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်

ဆုံးလူဖြစ်တယ်။

***

* ပလူးတက်

သင့်လောက် ကံမကောင်းသူအား သင်၏

ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွား

မပြောပါနှင့်။အရာရာကိုမလုပ်နိုင်တဲ့အတွက်

ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း၊

သို့မဟုတ်ဟန်ဆောင်ခြင်းသည် ရှက်စရာ

ကောင်းရုံတင်မကစိတ်ပျက်စရာလဲကောင်းလှတယ်။

***

* ချားဒါဝင်

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက်မိမိ

ကအနစ်နာခံလိုက်သည်က ပိုကောင်းတယ်။

***

*ဘင်ဂျမင်ဖရင်ကလင်း

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ

အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

***

* စီဆာရို

လိမ်ညာပြောတတ်သူသည်အမှန်ပြောသည့်တိုင်

အောင် ယုံကြည်ခြင်းမခံရပါ။

***

* အယ်လင်နွာရုစဗဲ့

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူ

ကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မ

လုပ်နိုင်ပါဘူး။

***

* အလက်ဇန်းဒါးပုတ်

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍

ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။

အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာမုသားစကား

ကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။

***

* လောင်ဖဲလ်လိုး

စရိုက်၌လည်းကောင်း၊အပြုအမှုများ၌လည်းကောင်း

ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း

အဓိကအကျဆုံးအချက်မှာရိုးသားမှုပင်ဖြစ်သည်။

***

* ဗစ်တာဟူဂို

ပိုက်ဆံအိတ်အတွင်း၌ပြောင်သလင်းခါနေသည့်အ

ချိန်၌ စိတ်မှာ တင်းကျပ်နေတတ်သည်။

***

* ဂျေ ၊ ဂျေ ၊ ရူးဆိုး

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ

၌ ကတိအတိုင်း တစ်သွေမတိမ်းလုပ်ဆောင်တယ်။

***

* သိုးဆောင်းစကားပုံ

ပညာရှိများနှင့်တစ်နာရီဆွေးနွေး ရခြင်းသည်

မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက်

အကျိုးများ၏။

***

* အဂ္ဂါး

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။

***

* အင်္ဂလိပ်စကားပုံ

သူတစ်ပါးကိုကျကျနနသင်ကြားပေးခြင်းသည်

မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။

***

* ဒီဖိုမင်း

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အ

လိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ

ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာဆက်ဆံနေ

စေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေ

ချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင်အကြံဥာဏ်

နှင့် အားပေး

စကားပြောဖို့ရန် ၀န်မလေးအပ်ပေ။

စကားတစ်ခွန်းပြောပေးရုံနှင့်သူ့ အား မြေတောင်

မြှောက်ရာ ရောက်ပေသည်။

***

* ဒေါက်တာဝီလျံအိုစလာ

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့်

သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်

သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ

တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်းအတွေး

အခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။

***

* ဂရိုဗာဂရိဗ်လန်း

စနစ်တကျ မှတ်သားထားတဲ့ ရည်မှန်းချက်ရယ်၊

ဆင်းရဲမှုဆိုင်ရာ စိတ်ပျက်ဖွယ် ခံစားချက်တွေ

ရယ်ကို ပေါင်းစပ်လိုက်မှလူမှာ မှန်ကန်တဲ့

အား ပေါ်လာတက်တာပဲ ။

***

* ဆာဝေါ်လ်တာစကော့

စကားပြောကောင်းသူသည် စာဖတ်သည်၊ စဉ်းစားသည်၊ နားထောင်သည်။ ထို့ကြောင့် သူ့တွင်

ပြောစရာ၊ အကြောင်းရပ်တစ်ခုခုရှိသည် ။

***

* ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန်ကဗျာဆရာ

အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့်ဆက်လက် လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက်

အဓိကသော့ချက်ဖြစ်၏ ။

***

* သောမတ်ကေအင်ပစ်၊ ဂျာမန်ဘုန်းတော်ကြီး

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏ ပညာတက် သုခမိန်ကြီး

ဖြစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ ။

***

* ခင်မောင်တိုး၊ မိုးမိတ်

မျှော်လင့်ချက် နှင့်တူသော ဆေး မရှိချေ။ မနက်ဖန်မှာ ပိုကောင်းမည်ဟု မျှော်လင့်နိုင်တာလောက်

ကြီးမားသော စိတ်ဓာတ် တက်ကြွမှုမရှိ ။ အားဆေးလည်း မရှိ ။စိတ်ကူးယဉ်ခြင်း၊ မျှော်လင့်ခြင်း၊ ပိုမိုကောင်းမွန်မှု ဖြစ်လာဖို့ရာ၌ မျှော်လင့်ခြင်းများသည် သတ္တိရှိစေသည်။ လေးလံသော ၀န်ထုတ်

ဝန်ပိုးများကို ပေါ့ပါးသွားစေသည်။ မှုန်ဝါးဝါးလျှောက်ရာလမ်းကိုကြည်လင် သွားစေသည်။

***

* အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်

ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ

ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။

***

* ဖရက်ဒ် အေ မန်းစ်ကေး

သူ့မှာ ရှိသော အသိဥာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်။

* * * * *

Credit to Original Translators

Posted by ပြုံးဇာလီ
အောင်ပညာဒါန Unknown at 11:52 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ
Newer Posts Older Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ▼  07/27 - 08/03 (36)
      • အရေပြားပေါ်ရှိ အဖု အပိန့် အကွက်များအတွက် သဘာဝအိမ်တွ...
      • အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏
      • မိဘအပေါ်မှာ ကျေးဇူးတင်တဲ့စကား ပြောတတ်ကြရဲ့လား
      • ကိုယ်ကံကောင်း မကောင်း ကိုယ့်စေတနာ ကိုယ်ကြည့်
      • မျိုးစောင့်ဥပဒေတော်ကြီး စိတ်ဝင်စားဖတ်ရှု လိုသူများ...
      • အမျိုးစောင့်ဥပဒေ အား ဆန်းစစ်ခြင်း
      • ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေများ
      • မျိုးစောင့်ဥပဒေနှင့် လူ့အခွင့်အရေး
      • သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်
      • အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဒီလိုလ...
      • အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 
      • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
      • အဘိဓမ္မာ ဆိုတာ ဘာလဲ
      • အရပ်ရှည်ချင်တဲ့ မိတ်ဆွေများအတွက် (အစားအစာများ)
      • အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) ...
      • ကိုယ့်အားကိုယ်ကိုး
      • သင်.. စိတ်ညစ်နေရပြီလား
      • " သင့်အိုင်ဒီယာက သင့်ရဲ့ လုပ်ငန်းခွင် အောင်မြင်မှုက...
      • ကင်ဆာရောဂါမှ ကင်းဝေးစေကြောင်း နည်းလမ်းကောင်း
      • အိပ်ရေးပျက်ပေါင်းများလျှင် လူကိုလျင်မြန်စွာ အိုမင်...
      • သီတဂူဆရာတော်ကြီး၏ မိန့်ခွန်း - မြန်မာပြန်"
      • ပညာဒါနသင်တန်းကျောင်းအကြောင်း သိကောင်းစရာ အဖြာဖြာ
      • လွဲထားလိုက်ပါ
      • ဆန္ဒကိုသိက္ခာနဲ့ထိန်း
      • “သင့်ကိုယ်သင် ပြန်ကြည့်ပါ”
      • ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်တည်ထွင်သူ
      • အမေ့လက်များ
      • စာဖတ်ခြင်းနဲ့ ပိုမိုတိုးတက်သောဘဝ
      • အောင်ပညာဒါနဆရာတော် ဘဒ္ဒန္တ ဥာဏိကာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း
      • တန်ဖိုးထား မြတ်နိုးပါ
      • ကမ္ဘာကျော်ပညာရှုင်ကြီးများ၏ အဆိုအမိန့် စကားပုံများ
      • ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ...
      • ပလေတိုက ပြောတယ်
      • ပရဟိတ ဟူသည်
      • ဘဝကိုဖြတ်သန်းရာဝယ်
      • လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.