အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Jul 26, 2014

ကလေးကို မစနောက်ပါနဲ့

ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုကို ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့်ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။

ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ်တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။ သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို ဆော့ကစားသလိုမျိုး ဆက်ဆံတယ်။ ဥပမာ- အရမ်းကြောက်စရာကောင်းတဲ့ရုပ်မျိုးလုပ်ပြီး ကလေးကိုပြေးပွေ့တော့မယ်ပုံမျိုးလုပ်တယ်။ ကလေးကလန့်ပြီး ပြေးပုန်းတော့ သူတို့က တဟားဟားနဲ့ ရယ်မောကြတယ်။ ဒါမှမဟုတ် သူတို့ကို “ဘိုးဘိုး”လို့ ကစ်ကစ်ကိုအခေါ်ခိုင်းတယ်။ ကစ်ကစ်က ဘာမှနားမလည်ဘဲ သူတို့ကို“ဘိုးဘိုး”လို့ခေါ်တော့ တဝါးဝါးနဲ့အော်ရယ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကစ်ကစ်က သူတို့အားလုံးရဲ့အပြုအမူကိုကြည့်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားမိမယ်၊ ဒါပေမယ့် ဘယ်နေရာမှားနေမှန်း သူ မသိသလို စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်နေမယ်ဆိုတာကို ကျွန်မခန့်မှန်းမိတယ်။ ကစ်ကစ်ကို သူတို့က “ဘိုးဘိုး”လို့ နောက်တစ်ကြိမ်ခေါ်ခိုင်းတယ်။ ကစ်ကစ်ကမခေါ်တော့ သူတို့ကစိတ်ဆိုးဟန်ပြတယ်။ ပြီးတော့ ကစ်ကစ်ကို မယဉ်ကျေးဘူးလို့ဆိုတယ်။ ကစ်ကစ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သူတို့စနောက်တယ်။ ကစ်ကစ်ကို စနောက်ကြတာကို သူ့ဖေဖေလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကလည်းဖြစ်ပြန်၊ ဒါဟာ အပျော်သက်သက်လုပ်တယ်လို့ထင်ပြီး သူလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတားမြစ်နိုင်ခဲ့ဘူး။

ဒီကိစ္စကို စစချင်းမှာ ကျွန်မ မသိခဲ့ဘူး။ ကစ်ကစ်ကလည်းငယ်သေးတော့ ကျွန်မကို သူခံခဲ့ရတာတွေ ပြောမပြနိုင်ခဲ့ဘူး။ ကာလအတန်ကြာမှ ကစ်ကစ်ဟာ အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့တာ၊ စကားပြောရာမှာ အရင်လို ပွင့်ပွင့်လင်းလင်းမရှိတာ၊ စကားကို ပြောချင်ပေမယ့် ရေရေရာရာမပြောနိုင်တာ၊ မျက်လုံးအကြည့်တွေက ချီတုံချတုံဖြစ်ပြီး ရှောင်လွဲတာမျိုးကို ကျွန်မသတိထားလိုက်မိတယ်။ အထူးသဖြင့် သူစိမ်းတွေနဲ့စကားပြောတဲ့အခါ ပိုသိသာပါတယ်။ ကစ်ကစ်အတွက် ကျွန်မအရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုဖြေရှင်းကုသပေးရမှန်း ကျွန်မချက်ချင်းအဖြေရှာမရဖြစ်ခဲ့လို့ ကလေးအပေါ် ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုကို ကျွန်မတို့ပြန်ဆန်းစစ်ခဲ့ကြတယ်။ နေ့စဉ်ဘဝမှာ သူ့ကို တခြားလူတွေနဲ့ ပိုဆက်ဆံပြောဆိုစေခဲ့တယ်။ သူ့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။

တစ်နေ့မှာ ဖေဖေနဲ့အတူ ကစ်ကစ်အိမ်ပြန်လာတယ်။ ကစ်ကစ်ရဲ့ပုံစံက ငိုထားပုံရလို့ ဘာဖြစ်လာတာလဲလို့ ကျွန်မမေးတော့ “ဖေဖေ့ရုံးက ဦးလေးမိုးကပြောတယ်။ ဖေဖေက သမီးကိုမယူတော့ဘူးတဲ့” ပြောရင်း ကစ်ကစ်ငိုပြန်တယ်။ ကစ်ကစ်ရဲ့ဖေဖေက သူရုံးမဆင်းခင် အစည်းအဝေးတစ်ခုတက်ခဲ့ရတယ်။ အစည်းအဝေးက သတ်မှတ်ချိန်ထက် နောက်ကျမှပြီးခဲ့လို့ ရုံးဆင်းချိန်ကျော်သွားခဲ့တယ်။ အဲဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကစ်ကစ်ကို “သမီးရဲ့ ဖေဖေနဲ့မေမေက သမီးကို မယူတော့ဘူး။ သမီးကို ဦးမွေးစားဖို့အတွက်ပေးလိုက်ပြီ။ ဦးမှာ သားတစ်ယောက်ရှိတယ်၊ သမီးမရှိတာနဲ့ အတော်ပဲ။ လာ… ဦးနဲ့ အိမ်ပြန်လိုက်ခဲ့ပါ” လို့ နောက်ပြီး ကစ်ကစ်လက်ကိုဆွဲခေါ်သွားမယ့်ပုံစံနဲ့ နောက်တယ်။ အဲဒီမှာ ကစ်ကစ်က ကြောက်လန့်ပြီး အော်ငိုတော့တယ်။ ဒီအဖြစ်ကိုသိမှ သူတို့ရုံးကလူတွေ ကစ်ကစ်ကို အမြဲစနောက်တတ်မှန်း ကျွန်မသိရတော့တယ်။

သိသိချင်း ကျွန်မအရမ်းစိတ်တိုမိတယ်။ ယောက်ျားဖြစ်သူကိုလည်း ကလေးကို မစောင့်ရှောက်၊ မကာကွယ်တတ်သူဆိုပြီး အပြစ်ပြောမိတယ်။ စိတ်တိုတိုနဲ့ ကလေးကိုအကြိုအပို့ကိစ္စ ဆက်မလုပ်ဖို့ ပြောမိတယ်။ ယောက်ျားဖြစ်သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမူပုံကို မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် ဒီလိုစနောက်တာတွေက ကစ်ကစ်ကို ဘာမှအကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်ထားခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်မအကြိမ်ကြိမ်ဆွေးနွေးခဲ့သလို ကလေးရဲ့စိတ်ဓာတ်ရေးရာကို သူနဲ့အတူ စိတ်ဖြာလေ့လာခဲ့တယ်။ အကျိုးမသက်ရောက်နိုင်ဘူးလို့ သူထင်ထားတာတွေဟာ တကယ့်လက်တွေ့မှာဖြစ်လာတာကိုသူတွေ့လိုက်ရတယ်။ ကစ်ကစ်ဟာ မကြာခဏ အိပ်နေရာကနေ ငိုရင်း လန့်နိုးလာတတ်တယ်။ ဘာအိပ်မက်များမက်လို့ ငိုရတာလဲလို့ ကစ်ကစ်ကို ကျွန်မတို့မေးတော့ ကစ်ကစ်က အိပ်မက်ထဲမှာ ဖေဖေဟာ သူ့ကိုကျောင်းမှာလာကြိုပြီး သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်းထားပြီး ထွက်သွားကြောင်းပြောတယ်။ လူကြီးရဲ့ အမှတ်တမဲ့နောက်ပြောင်မှုတစ်ခုက ကလေးငယ်ကို ဘယ်လောက်ထိ နက်နဲကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီလဲ။
ပျော်ရွှင်ချင်လို့ အမှတ်တမဲ့နောက်ပြောင်တဲ့ အပြုအမူတစ်ခုက ကစ်ကစ်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်စေခဲ့ကြောင်းကို တွေ့မြင်ပြီးတဲ့နောက် ကစ်ကစ်ရဲ့ဖေဖေ အရမ်းနောင်တရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကပဲ ကစ်ကစ်ကို ကြိုပို့လုပ်ခဲ့တော့တယ်။ ယောက်ျားဖြစ်သူကို မကြိုမပို့စေတော့တာကလည်း အဲဒီသူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကစ်ကစ်နဲ့ ပေးမဆုံ၊ ပေးမတွေ့ချင်တော့လို့ဖြစ်တယ်။ ကစ်ကစ် စိတ်မချမ်းမသာဖြစ်မှာ စိုးလို့ဖြစ်တယ်။ ကစ်ကစ်ရဲ့ဖေဖေကလည်း ဒီကိစ္စကို အလေးအနက်ထားလာခဲ့တယ်။ တစ်ခါတလေ ကျွန်မအလုပ်အရမ်းများလို့ ကစ်ကစ်ကို သွားမကြိုနိုင်တဲ့အခါ သူ့ဖေဖေကသွားကြိုပြီး ရုံးမှာခဏထားတယ်။ ဒါပေမယ့် ကစ်ကစ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာကို လုံးဝခွင့်မပြုခဲ့တော့ဘူး။ ကျွန်မလည်း ကျွန်မယောက်ျားနဲ့ နှစ်ဦးသဘောတူညီမှုတစ်ခု ယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမှားလုပ်မိချင်လုပ်မိပါစေ.. ကလေးအပေါ်တော့ “အမှား”မလုပ်မိဖို့ဖြစ်တယ်။လူကြီးတွေက ကလေးကို မလိုမုန်းထားလို့ စနောက်တာမဟုတ်မှန်းသိပေမယ့် ဒီလိုစနောက်တာကို အုပ်ထိန်းသူသဘောမတူတော့ သူတို့လည်း မစနောက်ကြတော့ဘူး။ ဒီတော့ “အမှား”လုပ်မိတဲ့အရာလည်း မရှိခဲ့တော့ဘူး။

ကလေးတွေနဲ့ “ကစား”တာနဲ့ ကလေးတွေကို “နောက်ပြောင်”တာက လုံးဝမတူတဲ့အရာနှစ်ခုဖြစ်တယ်။ “ကစား”တာက ကလေးရဲ့ပျော်ရွှင်မှုကို ဦးစားပေးတဲ့အရာဖြစ်တယ်။ ကလေးရဲ့စိတ်ဝင်စားမှု၊ နှစ်လိုမှုထဲ လူကြီးရဲ့စိတ်ကို နိမ့်ချပြီး ကလေးနားလည်နိုင်တဲ့၊ လက်ခံနိုင်တဲ့နည်းနဲ့ ကလေးပျော်ရွှင်ရယ်မောအောင် ပြုလုပ်တာပဲဖြစ်တယ်။ အဲဒီလိုကစားရမှာ ကလေးစိတ်၊ ပျော်ရွှင်စိတ်၊ ရယ်မောစိတ်နဲ့ အသိဉာဏ်တွေပါဝင်ရပါတယ်။

တစ်ခါက မိခင်တစ်ဦးဟာ လျှော်ပြီးသားအိပ်ရာခင်းကိုလှန်းပြီးနောက် သူ့ရဲ့၂နှစ်သမီးလေးနဲ့အတူ တူတူပုန်းတမ်းဆော့ကစားတာကို ကျွန်မတွေ့ခဲ့ရတယ်။ မိခင်ဟာ ကလေးငယ်နဲ့ လှန်းထားတဲ့အိပ်ရာခင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်ကိုတစ်ယောက်ကွယ်ပြီး ရပ်လိုက်ကြတယ်။ တူတူရေဝါးလို့ အော်လိုက်တာနဲ့ နှစ်ယောက်စလုံးက အိပ်ရာခင်းရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေခေါင်းပြူပြီး မျက်နှာချင်းဆိုင်ကြည့်ကြတယ်။ ကလေးရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း မေမေနဲ့မျက်နှာချင်းဆုံဖို့ဖြစ်တယ်။ မိခင်ရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း ကလေးနဲ့မျက်နှာချင်း မဆုံမိဖို့ဖြစ်တယ်။ အဲဒီလိုနဲ့ မိခင်ဖြစ်သူက ဘယ်ဘက်ကနေ ခေါင်းပြူထွက်လိုက်တယ်။ နောက်တစ်ကြိမ်မှာလည်း ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်တယ်။ ကလေးက ဒီတစ်ကြိမ်မှာ မေမေဘယ်ဘက်ကနေ ခေါင်းပြူထွက်ရင် နောက်တစ်ကြိမ်မှာ ညာဘက်ကနေ ခေါင်းပြူထွက်လိမ့်မယ်လို့ စဉ်းစားချင့်ချိန်ပြီး ညာဘက်ကိုပြေးကြည့်တယ်။ ဒါပေမယ့် မေမေကို မတွေ့လိုက်ရဘူး။ အဲဒီလို အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံးမှာ မေမေနဲ့မျက်နှာချင်းဆုံလိုက်ရချိန် ကလေးက အရမ်းပျော်သွားပြီး အော်ရယ်တော့တယ်။ မေမေက ပထမတစ်ကြိမ်မှာ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တယ်။ နောက်တစ်ကြိမ်မှာလဲ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တာကို ကလေးကလည်း ခန့်မှန်းတတ်သွားတယ်၊ စဉ်းစားချင့်ချိန်တတ်သွားတယ်။ ဒါကြောင့် သူလည်း မေမေနဲ့မျက်နှာချင်းဆုံနိုင်ဖို့ ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်ခဲ့တယ်။ မေမေနဲ့မျက်နှာချင်းဆုံမိတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် သူပျော်ရွှင်မိတော့တယ်။

ကလေးကိုနောက်ပြောင်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့မသိတတ်ခြင်းကိုအသုံးပြုပြီး ကလေးအမှားလုပ်အောင်၊ ငိုယိုအောင်၊ ကြောက်ရွံ့အောင် တမင်လုပ်တာပဲဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်က လူကြီးပျော်ရွှင်ပြီး ကလေးက အရှက်ရ၊ စိုးရိမ်ကြောင့်ကျမှုရနဲ့ စိတ်ပျက်အားလျော့မှုရတာမျိုး ဖြစ်စေပါတယ်။
လူကြီးတစ်ယောက်ယောက်ရဲ့လက်ထဲမှာ ကလေးကိုပေးမယ့် ပစ္စည်းတစ်ခုခုကိုင်ထားတယ် ဆိုပါစို့။ ဒါပေမယ့် လူကြီးက ကလေးကို စိတ်လိုလက်ရမပေးဘဲ ကလေးဆီကနေ သတ်မှတ်ချက်တွေယူနေခဲ့သေးတယ်။ ကလေးကို နှစ်လိုတဲ့စကားတွေ ပြောခိုင်းတယ်။ တကယ်လို့ ကလေးကမပြောရင် ပေးမယ့်ပစ္စည်းကို ပြန်ယူသွားမယ့်ပုံစံမျိုးလုပ်တယ်။ ကလေးပြောမှ စိတ်ကျေကျေနပ်နပ်နဲ့ ပေးလိုက်တယ်။

တချို့လူကြီးတွေက ကလေးကိုခြောက်လှန့်ပြီး ပျော်ရွှင်မှုကိုယူတယ်။ ကလေးက ယောက်ျားလေးဖြစ်ရင် ကလေးငယ်ရဲ့အင်္ဂါကို ဖြတ်ထုတ်လိုက်မယ့်ပုံစံမျိုးလုပ်ပြီး ခြောက်လှန့်တယ်။ တကယ်လို့ မိန်းကလေးဖြစ်ရင် သူနှစ်သက်တဲ့ ကစားစရာအရုပ်ကို ယူသွားမယ့်ပုံစံမျိုးနဲ့ စနောက်တယ်။ အရုပ်ကိုဖွက်ထားပြီး ပစ်ထုတ်လိုက်ပြီ ဒါမှမဟုတ် တခြားလူကို ပေးပစ်လိုက်ပြီဆိုတာမျိုးနဲ့ နောက်တယ်။ ကလေးက စိတ်လှုပ်ရှားပူပန်ပြီးငိုမှအရုပ်ကိုထုတ်ပေးတော့တယ်။ လူကြီးတွေက ဒါကို ပျော်စရာလိုမှတ်တယ်။ ကလေးတွေက ခဏလောက်ပဲစိုးရိမ်ပူပန်တာ၊ ငိုတစ်ချက်၊ ရယ်တစ်ချက်နဲ့ ပြီးသွားတာပဲလို့ ထင်မှတ်ကြတယ်။ တကယ်တော့ ဒီလိုအပြုအမူတွေက ကလေးရဲ့စိတ်ဓာတ်ရေးရာကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒီလိုပြုမူပုံတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။

*** ပြန်တင်ပေးပါဆိုလို့... စာရှည်လို့ နှစ်ခါခွဲတင်ပါမယ်.. ကျန်တဲ့အပိုင်းကို နောက်ရက်မှ ထပ်တင်ပါမယ်..

ပညာရေးပါရဂူ၊ ပညာရေးအရာရှိ၊ အခုလက်ရှိ မိသားစုပညာရေးလေ့လာဆန်းစစ်သူ၊ မေးမြန်းသူအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။

ကလေးငယ်များကို မိမိပျော်ရွှင်မှုအတွက် ဘယ်တော့မှ စနောက်ခြင်းဖြင့် စိတ်ဒဏ်ရာမရပါစေနှင့်
အောင်ပညာဒါန Unknown at 9:04 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

စီးပွားရေး အောင်မြင်စေဖို့ ဆောင်ရန် ၅ ချက်

စီးပွားရေး အောင်မြင်စေဖို့ ဆောင်ရန် ၅ ချက်
*******************************

စာရေးဆရာ Grant Cardon ရေးသားတဲ့ 5 Ways to Succeed in Any Economy ဆိုတဲ့ ဆောင်းပါးပါ။ ယင်း ဆောင်းပါးက လက်ရှိ မြန်မာပြည်မှာ ကြိုးစားနေတဲ့ Entrepreneur များအတွက်ကော များစွာ အကြိုးပြုတာမို့ ဘာသာပြန် မျှဝေပေးလိုက် ရပါတယ်။

အမှီအခိုကင်းခြင်း

It’s up to you ဆိုတဲ့ Mindset ကို ဝင်စေချင်တဲ့ သဘောပါ။ Business Model တစ်ခုကို အကောင်အထည်ဖို့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ၊ ကူညီလုပ်ဆောင်သူတွေ လိုအပ်တာမှန်ပေမယ့် သူတို့တွေမှ ပါမလာရင် ဒီအလုပ်ကို ငါမလုပ်နိုင်တော့ဘူးလို့ မှီခိုစိတ်ရှိနေမယ်ဆိုရင် မအောင်မြင်နိုင် ပါဘူး။ လက်တွဲမယ့်သူ လိုအပ်တယ် ဆိုတဲ့ စိတ်သာ ရှိဖို့လိုအပ်ပြီး မှီခိုနေ တယ်ဆိုတဲ့ စိတ်မျိုးကို ပယ်ဖျောက်ဖို့လိုအပ်ပါတယ်။ ဘယ် အရာမဆို ကိုယ့်ရဲ့  ဆုံးဖြတ်ချက် အတိုင်း ရှေ့ ဆက်ရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မမှီခိုပဲ လုပ်နိုင်သူဟာ ပိုအောင်မြင် ပါတယ်။

ပို၍ပို၍ တက်ကြွမှု ရှိလာခြင်း

မြန်မာပြည်မှာ ပေါ်ပြီးတော့ ပျောက်သွားတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္မဏီတွေ အများကြီးမှ အများကြီးပါ။ ဒါတွေကို ကြည့်လိုက်ရင် အဓိကက Active ဖြစ်မလာတော့လို့ပါ။ ကောက်ရိုးမီးလိုပဲ စစချင်းမှာ အရှိန်အဟုန်နဲ့ တောက်လောင်ပြီး နောက်တော့ ငြိမ်းသွားကြပါတယ်။ ဒါကြောင့်လည်း မအောင်မြင်ရခြင်းပါ။ Plan တစ်ခုချထားပြီးရင် ယင်း Plan ကာလအတွင်း ဆက်လက် အသက်ရှင်နိုင်ဖို့ Resource ခိုင်ခိုင်မာမာ ရှိရမယ်။ ကိုယ့် Product ကို ဘယ်တစ်ဦးတစ်ယောက်ကမှ အားမပေးသေးသည့်တိုင် Product ကိုဆက်လက်အသက်ရှင် စေဖို့ ကြိုးစားဖော်ဆောင်ရမှာက ကိုယ့်ရဲ့  တာဝန်ပဲ ဖြစ်ပါတယ။် ဒီတော့ အမြဲ တက်တက်ကြွကြွ ရှိနေဖို့ လိုအပ်ပါတယ်။

ထက်မြက်မှု ရှိခြင်း

မြန်မာပြည်က ဆင်းရဲတယ်။ အလုပ်လုပ်ရခက်ခဲတယ်။ ဟုတ်ပါတယ် မငြင်းပါဘူး။ သို့ပေမယ့် ဒါဟာ အကောင်းဆုံး အခြေအနေပါ။ The more difficult the economy, the greater the opportunities ဆိုတဲ့ စကား အတိုင်း ဖြစ်ပါတယ်။ စီးပွားရး အကြပ်အတည်းဖြစ်လေလေ၊ ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုထွက် လာလေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မြန်မာပြည် မှာတင် ချမ်းသာသွားတဲ့ သူတွေကို ကြည့်ပြီး ဥပမာ ယူနိုင်တာတွေ ရှိပါတယ်။ သူတို့ ဘယ်လို လုပ်ပြီး အောင်မြင်သွားလဲ၊ ချမ်းသာသွားလဲ။ သမာအာဇီဝ ဘောင် တွင်းကနေတင်ပဲ အောင်မြင် သူတွေကို လေ့လာပြီးတော့ ခက်ခဲလေလေ အောင်မြင်လေလေဆိုတဲ့ စိတ်မျိုး ရှိရမယ်။ အတွေးအခေါ်အသစ်တွေ၊ ပြဿနာ ဖြေရှင်းနည်း အသစ်တွေ၊ နည်းလမ်း သစ်တွေ ရှာဖွေ နိုင်ဖို့ အတွက် ကိုယ်က အမြဲ ထက်မြက်နေဖို့ လိုအပ်နေပြန် ပါသေးတယ်။

ကျယ်ပြန့်သော ကွန်ရက်ရှိခြင်း

Omnipresent ဆိုတဲ့ စကားလုံးပါ။ ကိုယ်ဟာ နေရာတိုင်းမှာ ရှိနေဖို့ လိုအပ်ပါတယ်။ စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့ ကိုယ်အိမ်တွင်းထဲမှာပဲ၊ ကုမ္မဏီထဲမှာပဲ နေနေ၊ ထိုင်နေလို့ မရတော့ပါဘူး။ Local ဆိုလည်း Local အလျောက်၊ Global ဆိုလည်း Global အလျောက် သူ့နေရာနဲ့သူ Customer ရရှိအောင်၊ Network ကျယ်ပြန့် အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ် ပါသေးတယ်။ Market ကျယ်ကျယ်ဝန်းဝန်းမှာ ကိုယ့် ပစ္စည်းသာ ရှာဖွေ တွေ့ရှိဖို့ လွယ်နေရင် ဝယ်မယ့်သူလည်း ရှိကိုရှိလာမှာပါ Quality နဲ့ Service သာ ကောင်းရင် အောင်မြင်ဖို့ လမ်းစက ပိုနီးစပ်သွားပါပြီ။ ဒီတော့ နေရာတိုင်းမှာ ကိုယ်က Present ရှိနေဖို့ကလည်း အရေးကြီး လိုအပ်တဲ့ အချက် တစ်ခု ဖြစ်ပါတယ်။

ခံယူချက် အမှန်ရှိသူ

စီးပွားရေး လုပ်နေသူများကို မေးတဲ့အခါ အဖြေ နှစ်မျိုး ထွက် လာပါတယ်။ အချို့ က ချမ်းသာချင်လို့ စီးပွားရေး လုပ်တယ်။ အချို့ က စီးပွားရေး လုပ်ချင်လို့ကို စီးပွားရေး လုပ်တယ်။ ဘယ်ဟာမှန်တယ် မှားတယ်လို့ မဆိုလို ပါဘူး။ သို့ပေမယ့် စီးပွားရေး လုပ်ချင်လို့ လုပ်တာက ပိုပြီးတော့ ကောင်းတဲ့ ခံယူချက် တစ်ခုပါ။ ငွေကြေး ချမ်းသာချင်လို့ စီးပွားရေး လုပ်သူမှာ သူ့ Target က ငွေကြေး ပမာဏ အခြေအနေ တစ်ခု ဖြစ်နေတတ်ပြီး ယင်းနေရာကို ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါတောင် အဲ့ဒီနေရာ ကို ရောက်ဖို့ ပိုပြီးတော့ အချိန်ကြာတတ် ပါတယ်။ စီးပွားရေး (Economy) ကို စိတ်ဝင်စားလို့ လုပ်ကိုင်သူက Target တွေ တစ်ခုပြီး တစ်ခု ရှိနေ တတ်ပြီး သူ့ Destiny က ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ သေမှ ရပ်တန့်ပါတယ်။ ဒါ လောဘ မဟုတ်ပါဘူး။ ဇွဲ၊ဆန္ဒ ဖြစ်ပါတယ်။

..
အခက်အခဲအတားအဆီးမျာစွာရှိနေစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်း တစ်ခု အောင်မြင်ဖို့အတွက် လူတစ်ယောက်မှာ ကြိုးစားမှု၊ ကြိုတင်ပြင်ဆင်မှု၊ စိတ်ရှည်သည်းခံမှုတို့ ရှိဖို့လည်း လိုအပ်ပါသေးတယ်။ အခက်အခဲ တိုင်းဟာ ကိုယ့်အတွက် လှေကားထစ်များ ဖြစ်ပါတယ်။

အောင်ခမ်း (TSJ team).
Ref: Entrepreneur.com
Credit to>> Shwe Eaim Si
အောင်ပညာဒါန Unknown at 1:26 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

Jul 24, 2014

ခက်ခဲနေတဲ့အချိန်မှာ သင့်ကိုသင် အားပေးနိုင်တဲ့ နည်းလမ်းများ (အပိုင်း-၂)


  ဘဝလမ်းခရီးဆိုတာ အမြဲချောမွှတ်နေတာမျိုးပဲ မဖြစ်နိုင်သလို အခက်အခဲတွေချည်းနဲ့လည်း ပြည့်နှက်မနေပါဘူး။ အခက်အခဲတွေကြား တခါတလေ ပုခုံးဖက်ပြီး အားပေးမယ့်သူ မရှိတဲ့အချိန်တွေမှာ ကိုယ့်ဘာသာ နှစ်သိမ့် အားပေးတတ်ဖို့ လိုအပ်ပါတယ်။ အခက်အခဲကြား ကိုယ့်ဘာသာကိုယ် ရုန်းထွက်ပစ်နိုင်ဖို့ နည်းလမ်းလေးတွေကို အပိုင်း(၁)မှာ ဖော်ပြပြီးပြီဖို့ ခု အပိုင်း(၂)မှာ ကျန်ရှိနေသေးတဲ့ အချက်ကလေးတွေကို ထပ်မံ စုစည်းပေးထားပါတယ်။

၆။ ကျန်းမာစွာနေထိုင်ပါ။
အလွယ်တကူ စားနိုင်တဲ့ အစားအစာတွေ(ဘာကာ၊ အားလူးကြော်၊…) ကို နေ့တိုင်းစားသုံးခြင်း၊ ရေလုံလုံလောက်လောက်မသေက်ခြင်း၊ အအိပ်နည်းခြင်းတွေနဲ့ဆိုရင်တော့ သင့်အခက်အခဲကို ဘယ်လိုမှ ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ပုံမှန်ထမင်းစားပြီးတော့ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင် ကျန်းမာပြီး ခံနိုင်ရည် ပိုရှိလာမှာဖြစ်ပါတယ်။
၇။ ဒိုင်ယာရီရေးပါ။
သင့်ရဲ့အတွေး၊ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းရေးသားတဲ့ နေရာတင်မကပါဘူး။ ကိုယ့်အခြေအနေ ဘယ်လောက် တိုးတက်လာပြီလဲဆိုတဲ့ ချင့်ချိန်မှုတွေ ပြုလုပ်နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ အမှားကနေ ပြင်ဆင်စရာတွေ၊ ဘယ်အခြေအနေထိ တိုးတက်နေပြီလဲဆိုတဲ့ အတိုင်းအတာတွေကို ဒိုင်ယာရီကနေ သင်လေ့လာနိုင်ပါတယ်။
၈။ ကိုယ့်ကိုပျော်အောင်ထားနိုင်တယ်လို့ လက်ခံထားတဲ့ သူအနားမှာ အချိန်ပိုပြီးကုန်စေပါ။
သင်စိတ်ဓါတ်ကျနေတဲ့ အချိန်တွေမှာ သင့်မိဘ၊ လက်တွဲဖော်၊ သူငယ်ချင်းတွေနဲ့ ပိုပြီးအချိန်ကုန်သင့်ပါတယ်။ သူတို့အား ရင်ဖွင့်ပြီး ပြောပြစရာမလိုပါဘူး။ သင့်ရဲ့အခက်အခဲတွေဟာ သူတို့နဲ့အတူ အချိန်ကုန်ရင်း တဖြေးဖြေး သက်သာလာမှာ ဖြစ်ပါတယ်။
၉။ ကျေးဇူးတင်တတ်တဲ့ စိတ်မွေးပါ။
အရာရာဟာ ကိုယ်မထင်ထားတဲ့ အတိုင်းဖြစ်လာပြီဆိုရင် အားလုံးကို ကျေးဇူးတင်နေဖို့က အခက်ခဲဆုံး အရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုလုပ်ခြင်းကပဲ သင့်ကို သက်သာမှုရစေနိုင်မယ့် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ သင်ဒီနေ့ချိန်ထိ အသက်ရှင်နေသေးတာဟာ ဘယ်လောက် ကံကောင်းတဲ့သူ ဖြစ်ကြောင်းကို ပြန်သတိရမယ်ဆိုရင် သင့်မှာ ပေါ့ပါးတဲ့ခံစားချက်တွေ ရှိလာမှာ အသေအချာပါပဲ။
၁၀။ သင်ကိုယ်တိုင်ဟာ သင့်အတွက် အကောင်းဆုံး သူငယ်ချင်းဖြစ်အောင် လုပ်ပါ။
ဒီလိုလုပ်လိုက်မယ်ဆိုရင်တော့ သင့်အတွက် အခက်အခဲဆိုတာ မရှိနိုင်တာ့ပါဘူး။ သင့်မှာ ခင်လို့ရတဲ့ အကောင်းဆုံး သူငယ်ချင်းတွေတော့ ရှိမှာပါ။ ဒါပေမယ့် စကားပြောလို့အကောင်းဆုံးကတော့ သင်ရှိချင်မှ ရှိလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုယ်သင် “ငါနင့်ကိုယုံကြည်ပြီးသားပါ။ နင်လုပ်နိုင်ပါတယ်။ နင့်ပြဿနာတွေထက် နင်ဟာပိုပြီး ခွန်အားရှိတယ်” ဆိုပြီး အားပေးနိုင်ပါတယ်။

Ref:en.amerikanki.com
http://www.trend.com.mm/
အောင်ပညာဒါန Unknown at 8:21 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

ဘဝအတွက် အကြံပြုချက်များ

သင့်အနေနဲ့ ယုံချင်မှလည်း ယုံမယ်... ယုံရင်လည်း ယုံပါလိမ့်မယ်... ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်... အဆုံးအထိဖတ်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်....
၁) လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ... ဝမ်းမြောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ...
၂) သင်နဲ့စကားပြောရတာအဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ... အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ်...
၃) ကြားသမျှကို အကုန်မယုံပါနဲ့.. ရှိသမျှအကုန် မသုံးပါနဲ့... အိပ်ချင်သလောက် အကုန်မအိပ်လိုက်ပါနဲ့...
၎) "ချစ်တယ်" ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ ပြောပါ...
၅) "တောင်းပန်ပါတယ်" ဆိုတဲ့စကားကိုပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ...
၆) လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ...
၇) အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ.....
၈) တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့... စိတ်ကူးအိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး....
၉) နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ... ဒီလိုချစ်လို့ သင်နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်... ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်....
၁၀) အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ... နာမည်တွေခေါ်ပြီး ပြောဆိုတဲ့အခြေအနေမျိုးမရောက်ပါစေနဲ့....
၁၁) ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့....
၁၂) မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ...
၁၃) သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် "ဘာကြောင့် ဒါကိုသိချင်ရတာလဲ...." လို့ ပြုံးပြီးပြန်မေးလိုက်ပါ...
၁၄) ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေပါဝင်နေတယ်ဆိုတာကို သတိရပါ...
၁၅) တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့....
၁၆) ကိုယ့်ကို လေးစားပါ... တခြားသူတွေကို လေးစားပါ... ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ...
၁၇) ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့....
၁၈) ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ... သင့်အပြုံးကို တစ်ဖက်လူကကြားပါလိမ့်မယ်...
၁၉) တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ...
Ref: Daily Health Tips
နှိုင်းရင့်နွေ
အောင်ပညာဒါန Unknown at 12:21 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ
Newer Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ▼  07/20 - 07/27 (4)
      • ကလေးကို မစနောက်ပါနဲ့
      • စီးပွားရေး အောင်မြင်စေဖို့ ဆောင်ရန် ၅ ချက်
      • ခက်ခဲနေတဲ့အချိန်မှာ သင့်ကိုသင် အားပေးနိုင်တဲ့ နည်း...
      • ဘဝအတွက် အကြံပြုချက်များ
Theme images by konradlew. Powered by Blogger.