Jul 30, 2014
အောင်ပညာဒါနဆရာတော် ဘဒ္ဒန္တ ဥာဏိကာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်ခြင်း= ဆရာတော်လောင်းလျာကို မကွေးတိုင်း ရေစကြို မြို့ နယ် နတ်ညွှန်းကျေးရွာတွင်
အဖ ဦးဟန်စိန်+အမိ ဒေါ်စန်းတို့မှ ၁၉၈၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မီးရှူးသန့်စင် ဖွားမြင်
ပေးခဲ့သည်၊
ငယ်အမည်မှာ မောင်မြတ်ငြိမ်းဖြစ်သည်၊ ရေစကြိုမြို့ အခြေခံပညာ မူလတန်း ကျောင်း ထင်းတန်းကျောင်း
နှင့် ရေစကြိုမြို့ အထက(၁) တို့တွင်ပညာသင်ကြားခဲ့သည်။ အသက် (၁၁) အရွယ်တွင် သာသနာ့ဘောင်
သို့ဝင်ရောက်ခဲ့သည်၊ ဘွဲ့အမည်မှာ ရှင်ဥာဏိကဖြစ်သည်၊ ရှင်သာမဏေဘ၀ဖြင့်ဆက်လက်၍ အောင်ဓမ္မဇေယျုံပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်ထံတွင် အခြေံပရိယတ္တိစာပေများကို အခြေပြုမူလတန်းအောင်သည်အထိ၊ အင်းစိန်မြို့ ရွာမပရိယတ္တိစာ သင်တိုက် ကြီးတွင် ပထမငယ်တန်းမှ အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူခဲ့သည်။ အင်းစိန်မြိ့ ရွာမ
ပရိယတ္တိစာသင်တိုက်ကြီးတွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စာသင်သားဘ၀၊ စာချဆရာတော်ဘ၀၊ စာ
ချနာယက ပညာရေးတာဝန်ခံဘ၀များဖြင့် ပညာရည်နို့သောက်စို့ခဲ့ရာ မိခင်ကျောင်းတော်ကြိးကို ပြန်လည်
၍ ကျေးဇူးဆပ်ခဲ့သည်၊
ရဟန်းအဖြစ်သို့ရောက်ရှိခြင်း=ရဟန်းဒါယကာ ဦးနေလင်းအောင်+ရဟန်းဒါယိကာမ ဒေါ်နွယ်နွယ်ဝင်း
မိသားစုတို့၏ ပစ္စယာနုဂ္ဂကိုခံယူလျှက် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်၊
ရရှိခဲ့သော ဘွဲ့များ= ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်ဘွဲ့၊ သဒ္ဒမ္မ၀ံသပါလသာမဏေကျော်ဘွဲ့
ဝိနယ၀ိဒူဘွဲ့ သဒ္ဒမ္မ၀ံသပါလဓမ္မာစရိယဘွဲ့စသော ဘွဲ့တံဆိပ်တော်များကို စာဖြေဆိုလျှက် ရရှိတော်မူခဲ့သည်၊
သာသနာပြုလုပ်ငန်းများ= ပရိယတ္တိစာပေများပြန်လည်ပို့ချခြင်း၊ နွေရာသီ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်
တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ နှစ်စဉ် မေလ တတိယပတ်မှစ၍ နှစ်စဉ် အဋ္ဌမတန်း၊ န၀မတန်း၊ တက္ကသိုလ်
ဝင်တန်း ကျောင်းသား/သူများအား အခမဲ့ ပညာဒါန (နှစ်လုံးပေါက်) ဖွင့်လှစ်ပို့ချပေးခြင်း ၊ ၂၀၁၃ ခုနှစ်မှ
စတင်၍ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ခွဲ ကျောက်တလုံးကြီးမြို့ (ပအို့ဝ်ဒေသတွင် ) အင်္ဂလိပ်
စာ၊ ကွန်ပျူ တာ၊ အထွေထွေလူမှုရေးနှင့် စာပေကဏ္ဍ များပါဝင်သော သင်တန်းကျောင်းခွဲကို ပညာသင်
ဘက်ဖြစ်သော အရှင်မဟောသဓ၊ ပအို့ဝ့်ဒေသ ဖွဲ့ဖြိုးတိုးတက်ရေးနှင့် သာသနာထွန်းကားရေး ဆရာတော်
နှင့်အတူ နှစ်စဉ် (၄၅) ရက် ရက်တိုသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊
အောင်ပညာဒါနသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ချို့တဲ့ကျောင်းသား/သူများအား
တက္ကသိုလ်ပညာရေးစရိတ် အချိုးကျ ထောက်ပံ့ကူညီပေးခြင်း၊ အမျိုးဘာသာ သာသနာထွန်းကားရေးလုပ်
ငန်းများတွင် ဆရာရင်းဖြစ်သော အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာဘိ
ဝံသ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းများဖြင့် ဘာသာသာသနာအကျိုး တိုင်းပြည်နှင့်လူမျိုး
များ၏ အကျိုးကို ထမ်းဆောင်လျှက်ရှိပါသည်၊
Labels:
ပညာဒါနသင်တန်းကျောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment