ဖွင့်လှစ်သည့်ခုနှစ်= ၁၃၇၁ခု၊ 2009 ခုနှစ် မေလ ၂၅ ရက်နေ့တွင်စတင်ဖွင့်လှစ်သည်။
သင်တန်းတည်နေရာ=အောင်ဓမ္မဇေယျုံစာသင်တိုက်၊ သီရိမင်္ဂလာလမ်းသွယ်
(၉) ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း။
အောင်ဓမ္မဇေယျုံစာသင်တိုက်ဖွဲ့စည်းပုံ
၁။ မဓာနနာယကဆရာတော်ကြီးဘဒ္ဒန္တ
ရေ၀တ( သာသနာပြုလုပ်ငန်းများ၏ သြ၀ါဒါစရိယ)
၂။ တိုက်အုပ်ဆရာတော်
ဘဒ္ဒန္တပညာသီရိ (ဂန္ထ၀ါစကပဏ္ဍိတ)
ကျောင်းတိုက် အုပ်ချုပ်စီမံ တာဝန်ခံဆရာတော်
၃။ တိုက်ကြပ်ဆရာတော်၊
ကျောင်းတိုက် ဒုတိယ အုပ်ချုပ်စီမံ၊ ပညာဒါနလုပ်ငန်းများ၏
တာဝန်ဝံခံ ဆရာတော်။
၎။ စာချဆရာတော်များ။
သင်တန်းတည်ထောင်သူ= ဆရာတော် အရှင်ဉာဏိကာလင်္ကာရ(တိုက်ကြပ်ဆရာတော်)
သင်တန်းဖွဲ့စည်းပုံ=
၁။ ကျောင်းအုပ်ဆရာတော် ။
၂။ ပညာရေးမှုး။
၃။ သက်ဆိုင်ရာ ဘာသာရပ်အလိုက်
ပညာရေးတာဝန်ခံဆရာ/မ များ။
၎။ ဘာသာရပ်အလိုက်လေ့ကျင့်
စစ်ဆေးရေးတာဝန်ခံများ။
ဆရာ/မ ရွေးချယ်ခန့်ထားခြင်း
သင်တန်းနည်းပြ
ဆရာ/ ဆရာများ အနေဖြင့်
၁။ စေတနာ့ဝန်ထမ်းသက်သက်ဖြစ်ရမည်
၂။ အနည်းဆုံး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရပြီးဖြစ်ရမည်။
၃။ သင်ကြားရေးအတွေ့အကြုံ အနည်းဆုံးငါးနှစ်ရှိရမည်။
၎။ ပညာသင်နှစ် အစမှ အဆုံးတိုင် သင်ကြားနိုင်သူဖြစ်ရမည်။
တက်ရောက်ပညာသင်ကြားလိုသောကျောင်းသား/သူများအားသင်တန်းလက်ခံပုံ။
သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား သေချာစွာ
ဖတ်ပြီး လိုက်နာနိုင်လျှင် မိဘ/အုပ်ထိန်းသူ ကိုယ်တိုင် လျှောက်လွှာဝင်ခွင့်တွင် လိုအပ်သလိုရေးသွင်းဖြည့်စွက်၍
အပ် နှံရမည်။
နေ့စဉ် သင်တန်းချိန်များ။
အစိုးရကျောင်းပိတ်ရက်များ၌
နံနက် (၈)နာရီမှ (၁၁)နာရီထိ
နေ့လည်ပိုင်း
(၁၂-နာရီခွဲမှ) ညနေ (၅)နာရီအထိ
တနင်္လာနေ့မှ
သောကြာနေ့ထိ နေ့များ၌ နေ့လည်(၁-နာရီ ခွဲ)မှ ညနေ (၅)နာရီအထိ
နေ့စဉ်
ပိတ်ရက်မရှိသင်ကြားပေးသည်။
မှတ်ချက်။
တစ်နှစ်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ အနေဖြင့်
တနင်္လာနေ့မှ
သောကြာနေ့ထိ နေ့များ၌ နံနက် (၉)နာရီမှ (၁၁)နာရီအထိ စာကျက်ချိန်
ပုံမှန်တက်ရောက်ရမည်။
အောင်ဓမ္မဇေယျုံစာသင်တိုက်၏
လက်ရှိ သာသနာပြုလုပ်ငန်းများ
အောင်ဓမ္မဇေယျုံစာသင်တိုက်၏
သာသာနာပြုလုပ်ငန်းများကို အပိုင်းနှစ်ပိုင်းခွဲလျှက်
လုပ်ဆောင်လျှက်ရှိပါသည်။
၁။ နယ်စပ်ဒေသမှ
ချို့တဲ့ကလေးငယ်များအား ကုန်ကျစရိတ် ကျခံ ခေါ်ယူလျှက် လက်ခံ၍ သာမဏေပြုပေးကာ သာမဏေများ၏
စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး များကို တာဝန်ယူ လျှက်
၁။ ပါဠိစာပေ
နှင့်မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
ဘာသာရပ်များကို သင်ကြားပေးပါသည်။
အောင်ဓမ္မဇေယျုံစာသင်တိုက်၌
သုံးနှစ်ပညာသင်ကြားပြီးသော သာမဏေငယ်များကို သင့်
တော်ရာ
စာသင်တိုက်ကြီးများသို့ အောင်ဓမ္မဇေယျုံစာသင်တိုက်၏ ထောက်ပံ့မှုဖြင့် အပ်နှံ၍
ဆက်လက်ပညာသင်ကြားပေးစေပါသည်။
(အောင်ဓမ္မဇေယျုံစာသင်တိုက်၌
လက်ရှိ သာမဏေငယ်ပေါင်း ၃၅ ပါး ပညာသင်ကြားလျှက်ရှိ
ပါသည်။)
၂။ ပရဟိတ
ပညာဒါန လုပ်ငန်းများ။
(က)။ နွေရာသီ
ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း။
(ခ)။
နှစ်စဉ် မေလမှ စ၍ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအား ပညာ
ဒါနဖြစ် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းလုပ်ငန်းများကို
ပုံမှန်လုပ် ဆောင်လျှက် ရှိပါ သည်။
ကျောင်းသား/သူများသည်
နေ့စဉ် ကျောင်းတက်မှတ်တမ်းစာအုပ်ကို မိဘ/အုပ်ထိန်းသူလက်
မှတ်ကြိုတင်ထိုးခဲ့ပြီး
ကျောင်းအုပ်ဆရာတော်၏ စာရေးစားပွဲပေါ်တွင်နေ့စဉ် ထပ်ထားရမည်
သင်တန်းချိန်
အချိန်ပြည့်တက်ရောက်သော ကျောင်းသား/သူ များအား
မှတ်တမ်းစာအုပ်ပေါ်
တွင် ကျောင်းတက်ရောက်ကြောင်းနေ့စွဲနှင့်
လက်မှတ်တံဆိပ်ခက်နှိပ်ပေးပြီး မှတ်တမ်းစာအုပ်
တွင် မှတ်တမ်းတင်ရေးသွင်းမှတ်သားခြင်းဖြင့်
မိဘ/ဆရာ နှစ်ဦးနှစ်ဘက်လုံးမှ ကျောင်းသား၊
ကျောင်းသူများ
ကျောင်းတက်မှန်/မမှန် သိရှိနိုင်သည်။
ပညာရေးတိုးတက်မှုအခြေအနေများကို
သင်တန်းကျောင်းမှ ဘာသာရပ်အလိုက် အခန်းပြတ်
စာမေးပွဲများ
လပတ်စာမေးပွဲများ စစ်ဆေးလျှက် သုံးသပ်သည်။
မိဘ/အုပ်ထိန်းသူများအား
နှစ်စဉ် နှစ်ကြိမ်ကျ မိဘ/ဆရာ စုံညီအစည်းအဝေးများခေါ်ယူလျှက်
ကျောင်းသား/သူများ၏
အားနည်းချက် အားသာချက်များနှင့် စာရိတ္တပိုင်းဆိုင်ရာများ ပွင့်လင်း
စွာ တင်ပြဆွေးနွေးစေသည်။
=======================================================
အောင်ပညာဒါနသင်တန်းသို့ တက်ရောက်ပညာသင်ကြားလိုသော ကျောင်းသား ကျောင်းသူများအနေဖြင့် မိဘ/ အုပ်ထိန်းသူ နှင့်တကွ လျှောက်လွှာတွင် လိုအပ်သောအချက်အလက်များရေးသွင်း၍ မိဘ/ အုပ်ထိန်း
သူကိုယ်တိုင် ကျောင်းအပ်နှံပေးရမည်။
========================================================
ကျောင်းသူ/ ကျောင်းသားများ၏ နေ့စဉ် တန်းတက်မှတ်တမ်းစာအုပ်ပုံစံ
အဆိုပါ တန်းတက်မှတ်တမ်းစာအုပ်ကို နေ့စဉ် သင်တန်းတက်တိုင်း ယူဆောင်၍
ကျောင်းအုပ်ဆရာတော့်ရုံးခန်းတွင် ထပ်ထားရမည်၊ ထိုနည်းဖြင့် ကျောင်းတက်ရောက်မှု
မှတ်တမ်းကို မိဘ ဆရာ နှစ်ဦးနှစ်ဘက်သိရှိပြီး ကျောင်းသား/သူများ၏ ပညာရေးကို
ကြပ်မက်ပေးနိုင်သလို စည်းကမ်းပိုင်းပိုမိုကောင်းမွန်စေသည်။
ကျောင်းသားကဒ်
ကျောင်းသူ/ကျောင်းများအတွက် ချမှတ်ထားသော
အောင်ပညာဒါနသင်တန်းကျောင်း၏ စည်းကမ်းများ
အောင်ပညာဒါနသင်တန်းကျောင်း၏ စည်းကမ်းများ
၁။ သင်တန်းပျက်ကွက်မှုမရှိရ၊
သင်တန်းချိန်မှန်ကန်စွာတက်ရောက်ရမည်။
(အကြောင်းတစုံတရာကြောင့်ပျက်ကွက်လိုလျှင်
မိဘ/အုပ်ထိန်းသူလက်မှတ်နှင့်တကွ ခွင့် တိုင်ကြားရမည်)
၂။ သင်တန်းဆရာ/မ
များ၏ ဆိုဆုံးမမှု ကိုနာခံရမည်။
၃။ ကျောင်းသား/သူ
အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
၎။ ဥပဒေနှင့်
မလွတ်ကင်းသော လောင်းကစားမှု၊ မူးယဇ်ဆေးဝါးသုံးစွဲမှု စသည်မပြုလုပ်ရ။
၅။ ကျောင်းသား/သူများ
သမီးရည်းစားထားခြင်း ၊ ရှုပ်ပွေခြင်းများမရှိစေရ။
၆။ ပညာရေးတိုးတက်မှုနှုန်း
ညံ့ဖျင်းနေလျှင် မိဘ/အုပ်ထိန်းသူအားခေါ်ယူအသိပေးဆွေး နွေးမည်။
၇။ သင်တန်းမှစစ်ဆေးသော
စာမေးပွဲများကို မပျက်မကွက်ဖြေဆိုရမည်။
၈။ စာမေးပွဲတိုင်း
အနည်းဆုံး ၁၀% ရရှိအောင်ဖြေဆိုနိုင်ရမည်။
၉။ မြန်မာ့ယဉ်ကျေးမှုနှင့်မဆီလျှော်သော
ဝတ်စားဆင်ယင်မှုမပြုရ။
၁၀။ ဘာသာစုံ
စာမေးပွဲကြီး တွင် လေးဘာသာနှင့်အထက်အောင်အောင်ကြိုးစားနိုင်ရမည်။
မှတ်ချက်= အခါအားလျှော်စွာ သင်တန်းကျောင်းမှ
ချက်မှတ်သောစည်းကမ်းများကိုလိုက်နာ
နိုင်ရမည်။
==========================================================
ဆရာ/ ဆရာမများအတွက် ချမှတ်ထားသော သင်တန်းကျောင်း၏ စည်းကမ်းများ
၁။ ဆရာ/ဆရာမများအနေဖြင့် ကျောင်းအုပ်ဆရာတော်၏ခွင့်ပြုချက်မရရှိဘဲ မိမိအိမ်သို့ဖြစ်စေ
မိမိတို့၏ ကိုယ်ပိုင်ကျောင်းများ၊ ကျူ ရှင်များသို့ဖြစ်စေ ခေါ်ယူ၍ စာပေသင်ကြားပေးခြင်းမပြု ရ။
၂။ ဆရာ/ ဆရာမများအနေဖြင့် သင်တန်းပို့ချချိန်များကို အတတ်နိုင်ဆုံး ပုံမှန် အချိန်တိကျစွာသင်ကြား
ပေးနိုင်ရမည်။
၃။ ပညာဒါနသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆရာ/ ဆရာမ အချင်းချင်း စိတ်ဝမ်း
ကွဲစေသော ( အသင်းအဖွဲ့အတွင်း စိတ်ဝမ်းကွဲစေတတ်သော) အပြုအမူ အပြောဆို ပြုမူပြောဆိုခြင်းမှ
ရှောင်ကြဉ်ရမည်။
၎။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းချိန်ပျက်ကွက်ရန်ရှိပါက ကျောင်းအုပ်ဆရာတော်ထံ
ခွင့်တိုင်ကြားရမည်။
၅။ အကြောင်းတစုံတရာကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက ဆရာတော်ထံတွင်ကြိုတင်
အကြောင်းကြားရမည်၊ တာဝန်များကို ဆက်လက်ထမ်းဆောင်မည့် ဆရာ/ ဆရာမထံတွင် လွှဲပြောင်းပေး
ပေးရမည်။
==========================================================
ဆရာ/ ဆရာမများအတွက် ချမှတ်ထားသော သင်တန်းကျောင်း၏ စည်းကမ်းများ
၁။ ဆရာ/ဆရာမများအနေဖြင့် ကျောင်းအုပ်ဆရာတော်၏ခွင့်ပြုချက်မရရှိဘဲ မိမိအိမ်သို့ဖြစ်စေ
မိမိတို့၏ ကိုယ်ပိုင်ကျောင်းများ၊ ကျူ ရှင်များသို့ဖြစ်စေ ခေါ်ယူ၍ စာပေသင်ကြားပေးခြင်းမပြု ရ။
၂။ ဆရာ/ ဆရာမများအနေဖြင့် သင်တန်းပို့ချချိန်များကို အတတ်နိုင်ဆုံး ပုံမှန် အချိန်တိကျစွာသင်ကြား
ပေးနိုင်ရမည်။
၃။ ပညာဒါနသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆရာ/ ဆရာမ အချင်းချင်း စိတ်ဝမ်း
ကွဲစေသော ( အသင်းအဖွဲ့အတွင်း စိတ်ဝမ်းကွဲစေတတ်သော) အပြုအမူ အပြောဆို ပြုမူပြောဆိုခြင်းမှ
ရှောင်ကြဉ်ရမည်။
၎။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းချိန်ပျက်ကွက်ရန်ရှိပါက ကျောင်းအုပ်ဆရာတော်ထံ
ခွင့်တိုင်ကြားရမည်။
၅။ အကြောင်းတစုံတရာကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက ဆရာတော်ထံတွင်ကြိုတင်
အကြောင်းကြားရမည်၊ တာဝန်များကို ဆက်လက်ထမ်းဆောင်မည့် ဆရာ/ ဆရာမထံတွင် လွှဲပြောင်းပေး
ပေးရမည်။
No comments:
Post a Comment