Aug 1, 2014
" သင့်အိုင်ဒီယာက သင့်ရဲ့ လုပ်ငန်းခွင် အောင်မြင်မှုကိုပြဌာန်းပါတယ်"
""အလုပ်ကောင်းကောင်းရဖို့နည်းလမ်းများ""
" သင့်အိုင်ဒီယာက သင့်ရဲ့ လုပ်ငန်းခွင် အောင်မြင်မှုကိုပြဌာန်းပါတယ်"
လင်းသိုက်ညွန့် (မြန်မာ့မြေ)
JOB seekers Journal Vol.3, No. 3
လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုရချင် သူတွေအနေနဲ့ တွေးခေါ်နေရုံနဲ့ ရပ်နေလို့တော့ မရသေးပါဘူး။ အတွေးအခေါ်တွေကတစ်ဆင့် အိုင်ဒီယာ (idea) တွေ ဖြစ်လာအောင်၊ အဲ့ဒီ အိုင်ဒီယာတွေကတစ်ဆင့် အကျိုးအမြတ်ဖြစ် လာအောင် (Idea into Cash) ဖြစ်အောင် ကြိုး ပမ်းအားထုတ်နိုင်ကြဖို့ လိုအပ် ပါတယ်။
ဒီကနေ့ခေတ်လောက် အိုင်ဒီယာတွေကို ဆာလောင်မွတ်သိပ်ပြီး အိုင်ဒီယာကောင်းတွေကို နေရာပေးတဲ့ခေတ်မရှိပါဘူး။ မိမိရဲ့အိုင်ဒီ ယာကောင်းတွေကို ကောင်းသထက်ကောင်း အောင် ကြိုးစားအားထုတ်လာနိုင် တာနဲ့အမျှ လုပ်ငန်းခွင်အောင်မြင်မှုတွေကို တစ်စ တစ်စ ရရှိပိုင်ဆိုင်လာနိုင် ကြမှာ ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံမှာ ရှေးယခင်ခေတ်အခါ များက စီမံခန့်ခွဲမှု မှားယွင်းခဲ့ မှုများကြောင့် လုပ်ငန်းအသီးသီးမှာ အထက်လူကြီးများနဲ့ ပုလဲနံပ သင့်သူတွေ၊ အဆင်ပြေသူတွေသာ နေရာရခဲ့ ကြပေမဲ့ ယခုအခါမှာတော့ ပြောင်းလဲလာ တဲ့ ခေတ်စနစ်တွေနဲ့အညီ နိုင်ငံတကာမှ နိုင်ငံစုံ (Multinational) ကုမ္ပဏီကြီး များလည်း ပြည်တွင်းကို ၀င်ရောက်လာကြတဲ့အလျောက် အိုင်ဒီ ယာ ကောင်း မွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ၀န်ထမ်းတွေ များစွာ လိုအပ်လာတာ ဖြစ်ပါ တယ်။
အိုင်ဒီယာ ဘယ်လိုထုတ်ရမလဲ
ဒီမေးခွန်းက စာရေးသူရဲ့ ဟောပြောပွဲ တော်တော်များများမှာ စာရေးသူ ကို မေးလေ့ ရှိကြတဲ့ မေးခွန်းပါ။ တကယ်တော့ အိုင်ဒီယာ ဆိုတာရဲ့ သဘော သဘာဝ (Concept) ကို သိရင် ဒီမေးခွန်းရဲ့အဖြေက လွယ်လွယ်လေးပါ။ ပထမဆုံး “အိုင်ဒီယာ” ရဲ့ အနက်အဓိပ်္ပာယ် ဖွင့် ဆိုချက်ကို ကောင်းစွာနားလည် သဘောပေါက် ဖို့ လိုအပ်ပါတယ်။ “အိုင်ဒီယာဆိုတာ ဘာလဲ” ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ များစွာရှိပေမဲ့ စာရေးသူ သဘောကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုရှိပါတယ်။ ကြည့်လိုက်ကြရအောင်ပါ။
"An idea is nothing more nor less than a new combination of old elements"
““အိုင်ဒီယာဆိုတာ ဘာမှမဟုတ်ပါဘူး။ ရှိပြီးသား အဟောင်းတွေကို အသစ် တစ်ခုဖြစ်အောင် ပေါင်းစပ်လိုက်တာပါပဲ””
အိုင်ဒီယာထုတ်တယ်ဆိုတာ ဥပမာပြောရ ရင် ဟင်းပွဲအသစ် တစ်ပွဲဖြစ်အောင် အားထုတ် သလိုပါပဲ။ ကိုယ်သိရှိပြီးသား ဟင်းချက်စရာ အမယ်တွေ၊ နည်းလမ်းတွေကို အသုံးပြုပြီး နောက်ထပ် ဟင်းပွဲတစ်ပွဲဖြစ်အောင် ဖန်တီးလိုက် တဲ့သဘောပါ။ ဒီသဘောတရား (Concept) ကို တကယ့် တကယ် သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သဘောပေါက်သွားပြီ ဆိုရင်တော့ သင့်အနေနဲ့ အိုင်ဒီယာအသစ်တွေ ထုတ်နိုင်ဖို့ တော်တော် လေးနီးစပ်သွားပါပြီ။ တစ်ခါတလေ ကောင်းမွန်တဲ့ အိုင်ဒီယာတွေဟာ လုပ်ငန်းခွင်အတွင်း မှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို စနစ်တကျ ဖြစ်သွားအောင် ဖွဲ့စည်း ထုံးနှောင်ပေးနိုင်ပါတယ်။
ခုနက အဓိပ္ပာယ်အတိုင်း အိုင်ဒီယာဆိုတာ ဟာ ရှိပြီးသားအဟောင်းတွေ ကို ပေါင်းပြီး အသစ်တစ်ခုဖြစ်လာအောင် ဖန်တီးတာပါ။
ဖော်ပြပါပုံအတိုင်း မိမိမှာရှိတဲ့ သတင်းအချက်အလက်(information) တွေ ကို ပေါင်းစည်းပြီးမှသာ အိုင်ဒီယာအသစ်တစ်ခု ဖြစ်လာ အောင် ဖန်တီးနိုင် တာဖြစ်တဲ့အတွက် သွင်းအားစု (input) ကောင်းမှ ရလဒ် (output/ result) ကောင်းမယ်ဆိုတဲ့ သဘောတရားကို ကောင်းစွာ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့သွင်းအားစု (input) တွေ အား ကောင်းဖို့အတွက် လေ့လာမှုအားကောင်းကောင်း နဲ့ သတင်းအချက် အလက်တွေ စုဆောင်းတတ်ဖို့ လိုပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ အိုင်ဒီယာကောင်း တွေ ရရှိနိုင်ဖို့အတွက် ပျော်ပျော် ရွှင်ရွှင်နေထိုင်တတ်မှုကလည်း အလွန်အရေးပါပါတယ်။ခိုင်မာတဲ့သုတေသနတွေ အရ လုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ ၀န်ထမ်း အုပ်စုတွေဟာ သုန်သုန်မှုန်မှုန် နေတတ်တဲ့ ၀န်ထမ်းအုပ်စုတွေထက်စာရင် အိုင်ဒီယာ ကောင်းတွေ ရရှိပြီး စွမ်းဆောင်ရည် မြင့်မားကြပါတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း စဉ်းစားစရာ အချက်တစ်ချက်ပါပဲ။
သတင်းအချက်အလက်တွေလည်း အလုံ အလောက် စုဆောင်းပြီးပြီ၊ ပျော် ရွှင်ပေါ့ပါးတဲ့ လုပ်ငန်းခွင်ဘ၀ကိုလည်း ပိုင်ဆိုင်ရရှိပြီဆိုရင် တော့ အပြု သဘောဆောင်တဲ့ စိတ်ထား (Positive Mind-set) နဲ့ မိမိမှာရှိနေတဲ့ သတင်း အချက်အလက်၊ အကြောင်းအရာတွေကို ပေါင်းစည်းပြီး အိုင်ဒီယာအသစ်တစ်ခု ထွက်လာနိုင် အောင် အားထုတ်ကြဖို့ ဖြစ်ပါတယ်။
ဥပမာ-အ၀တ်စုတ်တစ်ထည်နဲ့ တုတ်ရှည် တစ်ချောင်းဆိုတာ သီးသန့်စီ ရှိနေကြတဲ့ အရာ တွေပါ။ ဒါပေမဲ့ ဒီအရာဝတ္ထုနှစ်ခုကို စနစ်တကျ ပေါင်းစည်းပြီး “ကြမ်းတိုက်ကိရိယာ” ဆိုတဲ့ အိုင်ဒီ ယာအသစ်၊ ကုန်ပစ္စည်း (Product) အသစ် တစ်ခုကို ဖန်တီးတည်ဆောက်ပြီး စွမ်းဆောင် ရည်မြင့်မားအောင် ဆောင် ရွက်နိုင်တဲ့ သဘော ဖြစ်ပါတယ်။ မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ လည်း အိုင်ဒီယာကောင်းတွေ ထုတ်ပြီး စွမ်း ဆောင်ရည်မြင့်မားတဲ့ ၀န်ထမ်းတွေ ဖြစ် လာ အောင် ကြိုးစားနိုင်ကြပါတယ်။
True Man
Ref: How to get ideas
By Jack Foster
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)
JOB seekers Journal
Labels:
စာပေကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment