အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 4, 2014

အမေရိကန်လူမျိုးရဲ့ ဦးနှောက်

အသေးစိတ်အချက်အလက်နဲ့ စိတ်နေသဘောထား (၁) ကယ်လီဖိုးနီးယားပြည်နယ်မှာ စာမေးပွဲမှာစာခိုးချတဲ့ကျောင်းသားကို ကျောင်းထုတ်ပါတယ်။ ခြေချဖို့နေရာအတွက် ဘာတစ်စုံတရာအကြောင်းပြချက်မှာ ပေးလို့မရပါဘူး။ အထူးသဖြင့် ဥပဒေကျောင်းသားနဲ့ ဆေးပညာကျောင်းသားတွေဖြစ်ပါတယ်။ (၂) မိဘက သင့်ရဲ့သူငယ်ချင်းပါ။ သင်ကျွေးမွေးဖို့ သူတို့မမျှော်လင့်ပါဘူး။ ဒါပေမယ့် အပတ်တိုင်း ဖုန်းဗီဒီယိုနဲ့ သင်ဂရုစိုက်တာကို သူတို့လိုအပ်ပါတယ်။ မှတ်ထားရမှာက သင့်ကို သူတို့ဖန်ဆင်းခဲ့ပါတယ်။
____________________ (၃) fast foodတွေကို လျော့စားပါ။ အဲဒါတွေက အစိမ်းရောင်အစားအစာတွေ မဟုတ်လို့ပါ။ အပတ်တိုင်း အရွက်စိမ်းတချို့စားပေးပါ။ ဈေးကြီးချင် ကြီးပါစေ။ ဘယ်အရာကမှ အသက်လောက်တန်ဖိုးမရှိပါဘူး။ (၄) မနက်စာမစားတဲ့လူက ကြီးမားတဲ့တာဝန်ဝတ္တရားတွေကို မထမ်းရွက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကျန်းမာရေးကိုတောင် အလေးမထားတဲ့လူတစ်ယောက်ဟာ တခြားဘယ်အရာကိုမှလည်း အလေးထားမှာမဟုတ်ပါဘူး။ (၅) လူတိုင်းမှာ ဂုဏ်ယူစရာကောင်းတဲ့ ဝါသနာတစ်ခုရှိပါစေ။ ငွေကြေးကြောင့်မဟုတ်ဘဲ ကိုယ့်ဝါသနာထဲကနေ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ရရှိဖို့ပါ။ ဒီဝါသနာကို ရိုးသားစွာပြုမူပါ။ မှတ်ထားရမှာက ဆရာစာသင်ပြီးချိန်မှာ ဆရာကိုဖြေဖျော်ပြပါ။ ပြီးတော့ သင်ကိုယ်ပိုင်တွေးတောတတ်ပြီဖြစ်ကြောင်း ပြောပြပါ။ (၆) အတတ်နိုင်ဆုံး အဝတ်အိတ်ကိုအသုံးပြုပါ။ ကမ္ဘာမြေက သင့်ရဲ့အမှိုက်ပုံမဟုတ်ပါဘူး။ တကယ်လို့ လူလေးစားတာကိုခံချင်ရင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းပါ။ (၇) လူတွေအပေါ် ရိုးသားစွာဆက်ဆံပါ။ ဘုရားသခင်က မရိုးသားသူတွေကို ခွင့်မလွှတ်တတ်လို့ပါ။ ဒါဟာ သင်အောင်မြင်ဖြစ်ထွန်းမှုအတွက် အဓိကအချက်ပါ။ (၈) သွားလာလှုပ်ရှားဖို့ခက်ခဲတဲ့ လူအိုတွေကိုတွေ့တဲ့အခါ မျဉ်းကျားကူးဖို့ကူညီပေးပါ။ ဒါဟာ အပန်းမကြီးပါဘူး။ ဘုရားသခင်က သင့်အပြုအမူကို မှတ်သားထားသလို သင့်ကိုပိုပြီးပြည့်စုံစေပါတယ်။ ဒီလောကကိုချစ်တတ်ဖို့ ဒါဟာ အမြဲတမ်းလိုအပ်တဲ့အခြေခံဖြစ်ပါတယ်။ (၉) ကျောင်းမှာ ဘယ်တစ်ဦးတစ်ယောက်ကိုမှ (လူအို၊ မသန်စွမ်းသူနဲ့ ကိုယ်ဝန်သည်ကလွဲလို့) အိတ်ဆွဲကူတာ၊ ကားတံခါးဖွင့်ပေးတာ မလုပ်ရပါဘူး။ ဒါဟာ ကိုယ့်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ မွေးမြူပေးတာဖြစ်ပါတယ်။ တခြားလူကို အိတ်ကူသယ်ပေးတာ၊ ကားတံခါးဖွင့်ပေးတာဟာ သွားမတိုက်၊ နေရာတကာ တံတွေးလျှောက်ထွေးတတ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့အတူတူပါပဲ။ တကယ်လို့ ဒါကို သင်မေ့သွားရင် လူမှုအဖွဲ့အစည်းမှာ စနစ်ရဲ့စွန့်ပစ်ခြင်းကို သင်အမြန်ဆုံး ခံသွားရပါလိမ့်မယ်။ (၁ဝ) စွမ်းအင်မရှိရင် လက်ရှိလူ့အဖွဲ့အစည်းက ကပ်ဆိုက်တော့မယ်။ ဆေးဝါးကုသမှုမရှိရင် ကျန်းမာရေးကလည်း အာမခံချက်မရှိတော့ဘူး။ ဒါပေမယ့် ဒါတွေဟာ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်တဲ့အခါ အဲဒီလောက်အရေးမကြီးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံပညာရှင်တစ်ဦးဟာ ပထမဦးဆုံး ပြည်သူ့အကျိုးလိုလားသူဖြ စ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် သူဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ပစ္စည်းဖြစ်နေလို့ပါပဲ။ အမေရိကန်လူမျိုးရဲ့ ဦးနှောက် (၂) ____________________ အသိဉာဏ်ပညာကို အစဉ်လေးစားပါ (၁) ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်သူ အာနိုးကို ဦးနှောက်မရှိဘဲ ကြွက်သားတွေပဲပြတတ်တဲ့သရုပ်ဆောင်လို့ မပြောပါနဲ့။ တကယ်တမ်းမှာ သရုပ်ဆောင်အလုပ်က သူ့ဝါသနာပါ။ သူဟာ စီးပွားရေးဘွဲ့နဲ့ မာစတာဘွဲ့ရထားသူပါ။ (၂) ရယ်စရာကောင်းတယ်၊ အဓိပ္ပာယ်မရှိဘူးလို့ထင်ရတဲ့ လူထုကြားက အတွေးအခေါ်ရှင်တွေကို အထင်မသေးပါနဲ့။ "ဆက်စပ်မှုရလဒ်"သစ်တစ်ခုက သူတို့ရဲ့ရယ်စရာကောင်းတဲ့အတွေးအခေါ်ကနေ မွေးဖွားလာနိုင်လို့ပါ။ ဘုရားသခင်က သူတို့ကို လှောင်ရယ်လိမ့်မယ်လို့ သင်ထင်ကောင်းထင်မယ်။ သိပ္ပံနည်းကျစိတ်ဓာတ်ဆိုတာ လက်တွေ့ဆန်၊ ယုတ္တိတန်တာတွေအပြင် သည်းခံခွင့်လွှတ်၊ စိတ်သဘောထားကြီးခြင်းတွေလည်း ပိုရှိရပါတယ်။ (၃) စာကြည့်တိုက်မှာ မနမ်းကြပါနဲ့။ ကစားကွင်းမြက်ခင်းပြင်ပေါ်မှာ သင်တို့ ကလူကျီစယ်လို့ရတယ်။ ဒါဟာ သင်တို့ရဲ့အခွင့်အရေးပါ။ ဒါပေမယ့် အသိပညာကို လေးစားပါ။ (၄) မကူးချပါနဲ့.... ဒါဟာ သင်ရှုံးနိမ့်ခြင်းရဲ့အစလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ (၅) စာကြည့်တိုက်မှာ စာအုပ်ထဲကနေ သင်နှစ်သက်တဲ့စာမျက်နှာကို ဖြဲမယူသွားပါနဲ့။ ဒါဟာ သင်ရဲ့အသိဉာဏ်မဲ့တဲ့လုပ်ရပ်ပါ။ (၆) အသိဉာဏ်ပညာရှိသူကို အမြဲလေးစားပါ။ တစ်နေ့နေ့တစ်ချိန်ချိန် သူတို့ဆီမှာ သင်အလုပ်မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။ သင့်အိမ်၊ သင့်ဇိမ်ခံသင်္ဘောနဲ့ နိုင်ငံတကာလည်ပတ်ဖို့အတွက် အဲဒီလူရဲ့လုပ်ငန်းကို သင်မှီခိုရပါလိမ့်မယ်။ ဘီလ်ဂိတ်က ကျောင်းမပြီးခင် ကျောင်းနားပြီး လုပ်ငန်းထူထောင်တယ်ဆိုတဲ့ အသိမျိုးကိုမသုံးပါနဲ့။ တကယ်တမ်းမှာ သူဟာ အသက်၁ဝနှစ်ကျော်လောက်ကတည်းက ကျွမ်းကျင်တဲ့ပရိုဂရမ်မာတစ်ဦး ဖြစ်နေခဲ့ပါပြီ။ အမေရိကန်လူမျိုးရဲ့ ဦးနှောက် (၃) ___________________ သင်ယူခြင်း = စာမေးပွဲဖြေဆိုခြင်းမဟုတ်ပါဘူး (၁) တကယ်လို့ သင်ဟာ သိပ္ပံ၊ အင်ဂျင်နီယာကျောင်းသားဆိုရင် သမိုင်းစာပေ၊ ဒဿနစာပေတွေကိုလည်း ဖတ်ပါ။ တကယ်လို့ သင်ဟာ စာပေ အနုပညာကျောင်းသားဆိုရင် သချာင်္၊ ရူပ၊ ဓာတုဘာသာရပ်တွေကိုလည်း လေ့လာပါ။ အကြောင်းက လူမဆန်တဲ့သိပံ္ပပညာရှင်တစ်ဦးဟာ ကြောက်စရာကောင်းတဲ့ အရှုးမို့ပါ။ နေအဖွဲ့အစည်းအပြင် တခြားမရေမတွက်နိုင်တဲ့ ကြယ်စုတွေရှိတယ်ဆိုတာကိုမသိတဲ့ ကဗျာဆရာတစ်ဦးဟာ အသိပညာမဲ့တဲ့မျက်ကန်းမို့ပါ။ (၂) စာကြည့်တိုက်နဲ့ လက်တွေ့စမ်းသပ်ခန်းတွေဟာ အခမဲ့ပါ။ ဒါကြောင့် စီးပွားရေးအမြင်နဲ့ပြောရရင် စာကြည့်တိုက်၊ လက်တွေ့စမ်းသပ်ခန်းတွေကို သင်မသုံးရင်၊ သင်မလာရင် ဒါဟာ သင်ရဲ့ဆုံးရှုံးနစ်နာမှုပါ။ ဒါကို သေချာမှတ်ထားပါ။ (၃) ကျောင်းသားတွေနဲ့ များများပြောဆိုဆက်ဆံဆွေးနွေးပါ။ ကိုယ်အမှန်တကယ်တွေးတောနေတဲ့ အတွေးတွေကို ထုတ်ဖော်ပြောပါ။ တိုက်မိ၊ ထိမိမှ မဟာ့အသိဉာဏ်ပညာတွေ ထွက်ပေါ်လာရတာပါ။ (၄) သင်ယူခြင်းဆိုတာ ဘာလဲဆိုတာကို သဘောပေါက်နားလည်ထားရပါမယ်။ လူ့ဘဝက တိုတောင်းပါတယ်။ ကောင်းမွန်တာတွေအားလုံးကို သင်တွေ့ကြုံခံစားချင်မှ ခံစားရပါတယ်။ သင်ယူခြင်းက သင်မတွေ့ကြုံ မခံစားဖူးတာကို ခံစားတွေ့ကြုံစေနိုင်ပါတယ်။ဒါကြောင့် သင်ယူခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့ရှင်သန်ရေးက ပိုအရေးကြီးပါတယ်။ အယူအဆတိုင်းက ဘက်လိုက်မှုရှိပါတယ်။ ဒါကြောင့် အယူအဆသဘောတရားကိုပဲ လေ့လာသင်ယူပါ၊ တပြိုင်နက်တည်းမှာပဲ အဲဒီအယူအဆသဘောတရားကို သံသယရှိပါ။ တကယ်လို့ ထမင်းစားဗိုက်ဝဖို့အတွက်ပဲ သင်တက္ကသိုလ်တက်တယ်ဆိုရင် KFC သွားပြီး ဆိုင်ဝန်ထမ်းသွားလုပ်တာက ပိုကောင်းပါလိမ့်မယ်။ အမှန်တရားကိုရရှိဖို့က ထမင်းစားဗိုက်ဝဖို့အတွက်ပဲ မဟုတ်ရပါဘူး။ (၅) ကျောင်းဝင်းထဲမှာ လမ်းလျှောက်တုတ်တွေ (Walking stick)မရှိပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်တွေပဲရှိပါတယ်။ အားထုတ်ပြီး သင် "နို့မညှစ်"ရင်၊ ဘယ်ပါမောက္ခ၊ ဘယ်ဆရာကမှ အပင်ပန်းခံပြီး သင့်ကို"နို့လာတိုက်"မှာ မဟုတ်ပါဘူး။ (၆) ဟောပြောစွမ်းရည်တွေ ရှိပါစေ။ လူရှေ့သူရှေ့မှာ ကိုယ်ဆန်းစစ်လေ့လာထားတဲ့အရာကို ထုတ်ဖော်မပြောတတ်ရင် အဲဒီလူဟာ အရည်အချင်းမမီသူပါ။ လူဆိုတာ ကိုယ်ဆိုလိုချင်တာကို ထုတ်ဖော်ပြောတတ်ရပါတယ်။ ဒီလိုမှမဟုတ်ရင် သူဟာ စွမ်းအင်ထည့်ဂဏန်းတွက်စက်တစ်လုံးနဲ့ အတူတူပါပဲ။ နိုင်းနိုင်းစနေ မူရင်းရေးသားပြုစုသူ -- Fāng mù (方牧) မူရင်း -- ၂ဝ၁၁ခုနှစ် အမှတ်စဉ် ၁ဝ မေလထုတ် Readers မဂ္ဂဇင်းမှ
အောင်ပညာဒါန Unknown at 4:33 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ▼  08/03 - 08/10 (38)
      • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတေ...
      • စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း
      • ၁။ ယမက၀ဂ္ဂ
      • ကလေးငယ် များ၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်း
      • မေတ္တာ၏အကျိုးကျေးဇူးများ
      • ၀ါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ
      • အဋ္ဌမတန်းကျောင်းသား/သူများအတွက် အောင်ပညာဒါနသင်တန်းကေ...
      • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းေ...
      • တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ အတွက် အောင်ပညာဒါသ...
      • အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေ...
      • ပုဂံခေတ်က မျိုးစောင့်ဥပဒေ
      • မှတ်မှတ်ရရ စကားစုလေးများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ထို့ ကြောင့်အမေဟုခေါ်သည်
      • ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလား..
      • မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်
      • အသက်အရွယ်အလိုက် အိပ်သင့်သော ပမာဏ
      • ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ
      • တန်ဖိုးရှိသော စာသားများ
      • ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
      • ဘ၀အောင်မြင်မှု
      • တစ်နေ့တာအတွက် စိတ်ခွန်အားများ
      • ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
      • မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
      • အဲဒါ ဘာကောင်လဲ ?
      • မာသာထရီဇာ နိုဗယ်ဆုလက်ခံယူစဉ်ကပြောခဲ့သောမိန့်ခွန်း
      • ယောက်ျားလးများအသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
      • အမေရိကန်လူမျိုးရဲ့ ဦးနှောက်
      • ပျော်ရွှင်စွာနေတတ်ပါစေ
      • ဘ၀အတွက်အဟာရစကား(၂၃)ခွန်း
      • မျိုးစောင့်ဥပဒေ နှင့် ပတ်သက်သောလုပ်ငန်းစဉ် ( ၅ ) မ...
      • လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော် က မျိုးစောင့်ဥပဒေြ...
      • ဦးကုမုဒ အရှင်ဘုရား မျိုးစောင့်ဥပဒေကို လက်ခံပါသလား
      • ဖေ့ဖေ့ကိုချစ်တယ်
      • အဝေးရောက် မြန်မာလူငယ်များ၏ အိမ်အပြန်
      • ဆရာ ၀င်းကျော်သန်း မှ သင်္ချာဘာသာရပ်များပို့ချပေးနေစဉ်
      • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ...
      • ပုလဲ အကြောင်း
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.