အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 8, 2014

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ

ဒီနေ့ကတော့ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၂ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ သို့မဟုတ် မေတ္တာအခါတော်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။ ဒီဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာဗုဒ္ဓဘာသာများက ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေ့ကတော့ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၂ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ သို့မဟုတ် မေတ္တာအခါတော်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။ ဒီဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာဗုဒ္ဓဘာသာများက ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကို ဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ၀ါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီး တောရွာတောအုပ် စတဲ့အရပ်တွေမှာ ၀င်ရောက်ပြီး ၀ါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်း အလုပ်များ အားထုတ်လေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီအစဉ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမ၀န္တာအနီး တောအုပ်တစ်ခုသို့ ၀င်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်း တရား အားထုတ်ကြပါတယ်။ ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒုက္ခရောက်တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များ နေလို့မရအောင် ချောက်လန့်တဲ့အတွက် ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်း အားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။ ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။ ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။ ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေဟာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ မေတ္တာပွားနည်းကိုယူပြီး ဘုန်းဘုန်းတို့လည်း တရားဟောတဲ့အခါ ငါးပါးသီလ ပေးပြီးတာနဲ့ ဒီမေတ္တာပွားနည်းကို ရှေ့ကချပေးရင်း ပွားစေခဲ့ပါတယ်။ အထူးသဖြင့် လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ… အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ… ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ… ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ် လူအတော်များများဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။ လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက်ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ… လို့ချည်းပဲ စဉ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။ သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီးမှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦးချမ်းသာအောင် တစ်ဦးက စောင့်ရှောက်ကြလေ ဖြစ်ကြမှာပါ။ “မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်”ဆိုတဲ့ စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့ အစွမ်းတွေ ရှိတဲ့အတွက် ကိုယ်ကသူတပါးကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာ ရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။ ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင် လေ့ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေ ကိန်ပြီး ဒေါသလေးတွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှ လှည့်ပတ်ခြင်း၊ ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့ မကောင်းတာတွေ မကိန်းရအောင် ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများ ပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာတရား ပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီးကုံးပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။ ၁။ လုံးစုံများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ ၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
အောင်ပညာဒါန Unknown at 6:10 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ဗုဒ္ဓဘာသာဆိုင်ရာ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ▼  08/03 - 08/10 (38)
      • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတေ...
      • စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း
      • ၁။ ယမက၀ဂ္ဂ
      • ကလေးငယ် များ၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်း
      • မေတ္တာ၏အကျိုးကျေးဇူးများ
      • ၀ါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ
      • အဋ္ဌမတန်းကျောင်းသား/သူများအတွက် အောင်ပညာဒါနသင်တန်းကေ...
      • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းေ...
      • တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ အတွက် အောင်ပညာဒါသ...
      • အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေ...
      • ပုဂံခေတ်က မျိုးစောင့်ဥပဒေ
      • မှတ်မှတ်ရရ စကားစုလေးများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ထို့ ကြောင့်အမေဟုခေါ်သည်
      • ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလား..
      • မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်
      • အသက်အရွယ်အလိုက် အိပ်သင့်သော ပမာဏ
      • ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ
      • တန်ဖိုးရှိသော စာသားများ
      • ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
      • ဘ၀အောင်မြင်မှု
      • တစ်နေ့တာအတွက် စိတ်ခွန်အားများ
      • ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
      • မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
      • အဲဒါ ဘာကောင်လဲ ?
      • မာသာထရီဇာ နိုဗယ်ဆုလက်ခံယူစဉ်ကပြောခဲ့သောမိန့်ခွန်း
      • ယောက်ျားလးများအသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
      • အမေရိကန်လူမျိုးရဲ့ ဦးနှောက်
      • ပျော်ရွှင်စွာနေတတ်ပါစေ
      • ဘ၀အတွက်အဟာရစကား(၂၃)ခွန်း
      • မျိုးစောင့်ဥပဒေ နှင့် ပတ်သက်သောလုပ်ငန်းစဉ် ( ၅ ) မ...
      • လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော် က မျိုးစောင့်ဥပဒေြ...
      • ဦးကုမုဒ အရှင်ဘုရား မျိုးစောင့်ဥပဒေကို လက်ခံပါသလား
      • ဖေ့ဖေ့ကိုချစ်တယ်
      • အဝေးရောက် မြန်မာလူငယ်များ၏ အိမ်အပြန်
      • ဆရာ ၀င်းကျော်သန်း မှ သင်္ချာဘာသာရပ်များပို့ချပေးနေစဉ်
      • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ...
      • ပုလဲ အကြောင်း
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.