Pages
Home
ပညာဒါနသင်တန်းကျောင်း
စာပေကဏ္ဍ
ဗုဒ္ဓဘာသာဆိုင်ရာ
ကျန်းမာရေးကဏ္ဍ
မိဘမေတ္တာ
မျိုးစောင့်ဥပဒေအားလေ့လာခြင်း
မှတ်သားဖွယ်ရာအဆိုအမိန့်များ
သတိပြုစရာလေးများ
The beautiful Myanmar
ဆက်သွယ်ရန်
Aug 5, 2014
တန်ဖိုးရှိသော စာသားများ
# မိတ်ဆွေစစ်ဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုဘဲ။ အတွင်းကစာက အဖုံးထက်ပိုကောင်းတယ်။ # ရေတံခွန်က ကျလာတဲ့ရေတွေဟာ ဘယ်တော့မှ အပေါ်ကိုပြန်တက်ရိုးထုံးစံမရှိဘူး။ မိဘမေတ္တာ ဆိုတာလဲ ရေတံခွန်လိုဘဲ စီးဆင်းတယ်။
# အမုန်းဆိုတာ သူ့ကြောင့်ဖြစ်တာမဟုတ်ဘူး။ ကိုယ့်ရင်ထဲကဖြစ်လာတာ။ # လူတွေဟာ ဣဋ္ဌာရုံ တွေကိုတပ်မက်သလောက် အနိဋ္ဌာရုံတွေကို ဖန်တီးတယ်။ # လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ ရီစရာအကောင်းဆုံး သတ္တ၀ါတစ်မျိုးတည်းရှိတယ်။ အဲဒါလူသားဘဲ။ # တခါတရံမှာ ငါတို့နားလည်ရမှာက အဲဒါဟာ တကယ်တမ်းနားလည်ဖို့ မလိုအပ်ဘူးဆိုတာကိုဘဲ။ # တကယ်တော့ ဘ၀မှာ သင်တကယ်ပိုင်တဲ့အရာက အခုရှူသွင်းလိုက်တဲ့ အသက်တစ်ချက်ပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ သင်နောက်တစ်ချက် အသက်ရှူသွင်းနိုင်အုံးမယ် ဟုတ်မဟုတ်ဆိုတာ မသေချာဆုံးအရာ ဖြစ်လို့ဘဲ။ # ပြောင်းလဲခြင်းတစ်ခုကလွဲလို့ လောကမှာ ထာဝစဉ်တည်မြဲတဲ့အရာ မရှိပါဘူး။ # ယုံကြမလားတော့မသိဘူး။ လောကမှာ သာမန်လူသားတစ်ယောက် အဖြစ်နဲ့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အရာတစ်ခုကို စွမ်းဆောင်နိုင်တဲ့လူသားဆိုတာ “မိခင်” တစ်ယောက်ဘဲရှိတယ်။ # တစ်ခါတစ်ရံမှာ လှိုက်လှဲတဲ့အပြုံးကလေး တစ်ချက်က လူတစ်ယောက်ရဲ့ ဘ၀ကို ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေတယ်။ # မကောင်းတဲ့အကျင့်တွေဟာ စွဲမြဲဖို့လွယ်သလောက် ဖျောက်ဖျက်ပစ်ဖို့ ခက်တယ်။ ကောင်းတဲ့အကျင့်တွေကျတော့ စွဲမြဲဖို့ခက်သလောက် အလွယ်တကူ ဖျောက်ဖျက်ပစ်လိုက် တတ်ကြတယ်။ # များများလုပ်လျှင် ပိုကောင်းသည်ဟုမထင်ပါနှင့်။ နည်းနည်းနှင့်လဲ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါတယ်။ # မွေးဖွားတဲ့အချိန်ကနေစပြီး သေဆုံးတဲ့အချိန်ထိ လူသားတွေ တကယ်လုပ်နေရတဲ့ အလုပ်ဟာ “သင်ယူခြင်း” ဘဲ။ ဘာမှ မသင်ယူတော့ဘူးဆိုရင် အဲဒီလူဟာ သေဆုံးသွားတာနဲ့ အတူတူဘဲ။ # လူကြီးဆိုတာ လူငယ်ကနေဖြစ်လာတာ။ ဆရာ ဆိုတာလဲ တချိန်တုံးက တပည့်ဘဲ။ မိဘဆိုတာ သားသမီးဘ၀ကနေလာတာ။ ဒါပေမဲ့ လူတွေဟာ တခါတလေ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘ၀ကို မေ့ထားတတ်ကြတာဆိုးတယ်။ # ၀ါခေါင်မိုး #
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment