အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Aug 4, 2014

ယောက်ျားလးများအသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ

၁ ။ စီးပွားရေးကို အလေးထားပါ တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊ ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား.... ။ ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့ အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့ အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံ ပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီး သောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့.... ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် လေ့လာ သင်ယူပါ.... သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ်ဆိုရင် သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘ၀မှာ အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ.... အလုပ်ဟာ တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ သင်လေ့လာခဲ့တာထက်ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို သင်ပေးပါလိမ့်မယ်... ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့ ဆက်တိုက်သင်ယူနေပါ.... ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။ အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ ၀ယ်နိုင်တဲ့ သူဆိုတာ ရှားပါတယ၊်။ ၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့.... သူတို့ကို စာနာ နားလည်ပေးပါ... သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့ မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ... သူတို့ကို ပျော်ရွင်အောင်ထားပါ။မတတ်နိုင်ရင်တောင် အနည်းဆုံးတော့ ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာ တွေက သူတို့ကို စိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေ ရရှိလာပါလိမ့်မယ်။ ၄။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်.... ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲ သင့်အချိန်ကို မကုန်ပါစေနဲ့.... အနည်းဆုံးတော့ ကိုယ်အခက်အခဲ ရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို ကောင်းကောင်းဆက်ဆံပါ.... သူတို့တွေ ဆင်းရဲ သည်ဖြစ်စေ... ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊ ၅။ အချစ်ကို မကိုးကွယ်ပါနဲ့ အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ် ဆိုတာ ကောင်းပါတယ်... လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့ သူတွေပြောစကားကို နားမယောင်ပါနဲ့ .... တကယ်က တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကို နားလည်ဖို့ခက်ပါတယ် ... သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ .... လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ အတုအယောင်တော့မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ ကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ့ ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ် ... မျက်စိမှိတ်ပီး မယုံသင့်ပါဘူး၊ ၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့ အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ် ။ လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင် တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့အရိုးထုတ်ရချည်ဆိုပြီး ကြောက်လန့်နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက် မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀ အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စပန်းတပွင့်နဲ့တူပါတယ်၊ ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်... ရင့်ကျက်တဲ့ ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည် တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက် ရူးရူးမူးမူး ကြိုးစားနေမဲ့ အစား အသက် ၃၀ မတိုင်ခင်မှာ တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။ ၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့ သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ... ဓာတ်ပုံရိုက်တာ စသဖြင့် ၀ါသနာတွေ၇ှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်း မပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ် .... ဒါပေမဲ့ ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလို ၀ါသနာတွေအတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှူတွေ လုပ်ဖို့ မတတ်နိုင်တော့ပါဘူး... စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာ ရှိပါတယ်.... ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ ... အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး... ၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင် စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ အကောင်းမြင်သဘောထား၇ှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ... မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ... အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို အတိတ်မှာပဲအဆုံးမသတ်လိုက်ပါနဲ့... ထပ် ကြိုးစားလို့ အောင်မြင်ရင် အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်.... ၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့သူတွေကို မေတ္တာထား ဆက်ဆံပါ လူတွေမှာ အားကျစရာ လူတွေရှိပါတယ်... ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ... သူတို့ကို အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ်...ဘာလို့လဲဆိုတော့ သင်ဟာ သင်ပါပဲ .... ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင် လဲ မဝေဖန်ပါနဲ့ လူတွေမှာ သူတန်ဖိုးနဲ့ သူ၇ှိကြပါတယ်... သူတို့ကို နားမလည်နိုင်ဘူးဆိုရင် လက်ခံနိုင်ဖို့ အားထုတ်ပါ၊ ၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီး မှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ.... ယောက်ျားလေးတွေဟာ အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့ စိတ်ရှိဖို့လိုပါတယ်.... ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့... နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ တာဝန်ယူရဲတဲံ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။ ၁၁၊ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့ ။ ကြင်နာတဲ့ နှလုံးသား၊ သန့်၇ှင်းတဲ့ စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို ပိုသဘောကျပါတယ်။ တကယ်လို့ ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့... ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊ ၁၂၊ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ ဆေးလိပ်သောက်တာ၊ အ၇က်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာ တွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့ မကြိုးစားပါနဲ့... အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာ ကွာခြားသွားပါတယ် .... ဘ၀မှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ် ... မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ကျန်းမာဖို့ ကြိုးစားပါ.... ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ ၁၃၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့ အခုအချိန်အထိသင်ဟာ အောင်မြင်တဲ့သူတယောက်မဖြစ်သေးဘူးဆိုပီး စိုးရိမ်မနေပါနဲ့ .... အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ... သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို လှမ်းယူပါ... ၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း... ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ... အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ.... အောင်မြင်တဲ့လူဆိုတာ အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲံ စိတ်ထားနဲ့ အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ အနာဂတ်အတွက် အရေးကြီးပါတယ်။ ၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့ ၊ အ၀တ်အစားလှလှလေးတွေ ၀ယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ ... သင့်အတွက် အချိန်ကုန်ပါတယ်... မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး ....ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့ စကားလုံးလေးတလုံးက သာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ် ရရှိစေပါတယ်..လောကမှာတခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့ ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်... ၁၆။ အပြစ်ကင်းတဲ့ ကလေးလို စိတ်မျိုး နည်းနည်းတော့ ထားပါ တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို ထားတတ်ဖို့လိုပါတယ် ... အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး... ဖြူစင်တာပါ... စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ... ဘ၀မှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ မူရင်း ၊ ၊ http://www.duwenzhang.com/wenzhang/lizhiwenzhang/20110422/180680.html မှ ဘာသာပြန်ခံစားတင်ပြပါသည်။
အောင်ပညာဒါန Unknown at 4:35 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ▼  08/03 - 08/10 (38)
      • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတေ...
      • စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း
      • ၁။ ယမက၀ဂ္ဂ
      • ကလေးငယ် များ၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်း
      • မေတ္တာ၏အကျိုးကျေးဇူးများ
      • ၀ါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ
      • အဋ္ဌမတန်းကျောင်းသား/သူများအတွက် အောင်ပညာဒါနသင်တန်းကေ...
      • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းေ...
      • တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ အတွက် အောင်ပညာဒါသ...
      • အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေ...
      • ပုဂံခေတ်က မျိုးစောင့်ဥပဒေ
      • မှတ်မှတ်ရရ စကားစုလေးများ
      • ရင့်ကျက်သူဖြစ်ဖို့
      • ထို့ ကြောင့်အမေဟုခေါ်သည်
      • ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးမပေးဘူး ထင်နေသလား..
      • မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်
      • အသက်အရွယ်အလိုက် အိပ်သင့်သော ပမာဏ
      • ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ
      • တန်ဖိုးရှိသော စာသားများ
      • ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
      • ဘ၀အောင်မြင်မှု
      • တစ်နေ့တာအတွက် စိတ်ခွန်အားများ
      • ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
      • မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
      • အဲဒါ ဘာကောင်လဲ ?
      • မာသာထရီဇာ နိုဗယ်ဆုလက်ခံယူစဉ်ကပြောခဲ့သောမိန့်ခွန်း
      • ယောက်ျားလးများအသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
      • အမေရိကန်လူမျိုးရဲ့ ဦးနှောက်
      • ပျော်ရွှင်စွာနေတတ်ပါစေ
      • ဘ၀အတွက်အဟာရစကား(၂၃)ခွန်း
      • မျိုးစောင့်ဥပဒေ နှင့် ပတ်သက်သောလုပ်ငန်းစဉ် ( ၅ ) မ...
      • လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော် က မျိုးစောင့်ဥပဒေြ...
      • ဦးကုမုဒ အရှင်ဘုရား မျိုးစောင့်ဥပဒေကို လက်ခံပါသလား
      • ဖေ့ဖေ့ကိုချစ်တယ်
      • အဝေးရောက် မြန်မာလူငယ်များ၏ အိမ်အပြန်
      • ဆရာ ၀င်းကျော်သန်း မှ သင်္ချာဘာသာရပ်များပို့ချပေးနေစဉ်
      • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ...
      • ပုလဲ အကြောင်း
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.