အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Sep 1, 2014

သင်အလုပ်မရသည့် အကြောင်းရင်း (၁၀)ချက်

(၁) သင့်ရဲ့ CV ကပြည့်စုံမှန်ကန်ခြင်းမရှိခဲ့ပါဘူး။ အလုပ်ရှာသူတော်တော်များများလုပ်လေ့လုပ်ထရှိသောအမှားကတော့ CVကိုသေသေ ချာချာပြင်ဆင်မှုမရှိခြင်း ဖြစ်ပါတယ်။ သင့်ရဲ့ CVဟာ သင်လျှောက်ထားတဲ့အလုပ်နှင့် ပက်သက်သော ကျွမ်းကျင်မှုများ ပါဝင်သင့်ပါတယ်။ သင့်ရဲ့အတွေ့အကြုံတွေကိုဖော်ပြသင့်ပါတယ်။ အကယ်၍ သင်ဟာမတူညီတဲ့အလုပ်အကိုင်များအတွက် အလုပ်လျှောက်ချင်ရင်တော့ သင်လျှောက်မဲ့အလုပ်တိုင်းအတွက်ကိုက်ညီမည့် မတူညီသော CV များရှိသင့်ပါတယ်။ အလုပ်ရှင်အများစုကတော့ သူတို့ရဲ့လုပ်ငန်းကို စိတ်ဝင်တစားအာရုံစိုက်တဲ့ ၀န်ထမ်းများကိုသာ အလိုရှိကြပါတယ်။ထို့ကြောင့် မပြည့်မစုံသောCVတစ်စုံဖြင့် သင့်ကိုအလုပ်ခန့်မည့်သူ၏ အာရုံစူးစိုက်မှုကို သင်ရရှိမှာမဟုတ်ပါဘူး။

(၂) သင် cover letter ကောင်းကောင်းတစ်စောင်ရေးခဲ့ခြင်းမရှိခဲ့ပါဘူး။
သင်ရဲ့အရည်အချင်းတွေ အတွေ့အကြုံတွေကို သေသေချာချာတိတိကျကျ ရှင်းပြဖို့ သင်cover letterတစ်စောင်ရေးသင့်ပါတယ်။ cover letter ဟာ တိုတိုနဲ့တိတိကျကျ စေ့စေ့စပ်စပ် ဖြစ်သင့်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်ပေါ်စိတ်ဝင်စားမှုနဲ့ သင့်ရဲ့အရည်အချင်းတွေဟာ ထိုအလုပ်အတွက် သင့်တော်ကြောင်းကို cover letter မှာဖော်ပြလို့ရပါတယ်။ အလုပ်ရှင်တော်တော်များများဟာ CVပေါင်းများစွာကို နှံ့နှံ့စပ်စပ်ကြည့်ဖို့ အချိန်မရသောကြောင့် cover letterကောင်းကောင်းတစ်စောင်ဖြင့် သင့်အလုပ်ရှင်၏ အာရုံစူးစိုက်မှုကိုရယူနိုင်ပါတယ်။


(၃) CVတင်ပြီး နောက်ဆက်တွဲလုပ်ဆောင်မှုများမလုပ်ခြင်း
အလုပ်ရှင်အများစုဟာ မအားမလပ်သောကြောင့် သူတို့သင့်ကိုသတိထားမိစေဖို့ CVတင်ရုံနဲ့ မရပါဘူး။ သင့်CVကိုသူတို့မြင်ကြောင်းသေချာစေရန် သင်ဝီရိယရှိစွာ ကြိုးစားသင့်ပါတယ်။CV နဲ့ cover letterကိုပို့ခြင်းသည် အင်တာဗျူးအခေါ်ခံရရန်ကြိုးစားခြင်း ဖြစ်ကြောင်းသတိရပါ။ ဒါကြောင့်သင် CVနဲ့ cover letterပို့ပြီး မကြာခင်မှာ သင်လျှောက်ထားသော အလုပ်ကိုဖုန်းဆက်ပြီး သင်ဟာအင်တာဗျူးအတွှက်အသင့်ရှိ ကြောင်းပြောနိုင်ပါတယ်။ သင့်ရဲ့ကျွမ်းကျင်မှုနဲ့ သင့်ရဲ့အတွေ့အကြုံတွေကို ယဉ်ယဉ်ကျေးကျေး နဲ့ အချိန်အနည်းအတွင်း ဖုန်းထဲမှာပြောပြနိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။ သင့်ကိုအင်တာဗျူးခေါ်ပြီး အသေးစိတ်အချက်အလက်များ ထပ် ဆွေးနွေး ချင်စိတ်ပေါ်လာအောင်ပြောပါ။


(၄) အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုနည်းခြင်း
အလုပ်ရှာသူတော်တော်များများဟာ အင်တာဗျူးအခေါ်ခံရတဲ့အထိအောင်မြင်ပြီးမှ အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချင်းကြောင့် အင်တာဗျူးအခန်းထဲရောက်မှ အလုပ်အခန့်မခံရခြင်း ဖြစ်တတ်ပါတယ်။ မိမိအလုပ်လျှောက်သော company အကြောင်းမသိခြင်း၊ အလုပ်အကြောင်းမသိခြင်း၊ အလုပ်အတွက်လိုအပ်ချက်များကို မသိခြင်း၊ အင်တာဗျူးယေဘူယျမေးခွန်းများကိုမဖြေနိုင်ခြင်း စသောအခက်အခဲများ ကြောင့် အလုပ်ခန့်ခြင်းမခံရခြင်း များပါတယ်။ သင်အလုပ်လျှောက်ထားသော company အကြောင်းကိုသိအောင်သေချာစုံစမ်းပြီး အင်တာဗျူးမှာအကောင်းဆုံးဖြေနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။


(၅) အင်တာဗျူးမှာ မသင့်တော်သောအ၀တ်အစားဝတ်ဆင်မိခြင်း
“လူမှာအ၀တ် တောင်းမှာအကွပ်”ဆိုသောဆိုရိုးနှင့်အညီ လူတစ်ယောက်၏ သိက္ခာအတွက် ပထမဆုံးအလုပ်ရှင်နှင့်တွေ့သော အင်တာဗျူးမှာ အ၀တ်အစားက အရမ်းအရေးကြီးပါတယ်။ ထသွားထလာပေါ့ပေါ့ပါးပါးအ၀တ်အစားဝတ်ဆင်ခြင်း၊ အင်တာဗျူးအတွက်မသင့်တော်သော အ၀တ်အစားဝတ်ဆင်ခြင်းက သင့်ရဲ့အလုပ်အပေါ်မလေးစားရာကျပါတယ်။ တင်းကျပ်သောအ၀တ်အစားများ၊ ထသွားထလာအ၀တ်အစားများ၊ မျက်စိနောက်စရာ အ၀တ်အစားများ၊ မိတ်ကပ်အလွန်အကျွံ အသုံးပြုခြင်း( မိန်းကလေးများအတွက်) များ ရှောင်ရှားသင့်ပါတယ်။


(၆) အင်တာဗျူးအတွင်း ပညာတတ်မဆန်သောအပြုအမူများ
အင်တာဗျူး၏ရည်ရွယ်ချက်မှာ သင်သည် အလုပ်အတွက်သင့်တော်၊ မသင့်တော် သင့်အလုပ် ရှင်ကခေါ်ယူစစ်ဆေးခြင်းဖြစ်ပါတယ်။ အင်တာဗျူးမှာ မပြုလုပ်သင့်တဲ့အပြုအမူများကိုပြုမူသော ၀န်ထမ်းတစ်ယောက်ကို မည်သည့်အလုပ်ရှင်ကမှခန့်မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ အင်တာဗျူးကိုနောက်ကျမှရောက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ရန်လိုပြီးပညာတတ် မဆန်သောကိုယ်အမူအရာ နှုတ်အမူအရာများ ပြုမူခြင်း၊ မိမိ CVအကြောင်းကိုပင်သေချာမသိခြင်း၊ အင်တာဗျူးမေးသူကို အရမ်းရင်းနှီးသောအမူ အရာဖြင့်ဆက်ဆံခြင်း၊ မိမိအကြောင်းများကို ရှည်လျားစွာပြောပြခြင်း၊ ချဲ့ကားပြောခြင်း၊ သင့်၏လုပ်ခဲ့ဖူးသောအလုပ်များ အကြောင်းလိမ်ညာခြင်း စသောအမူအရာများကြောင့် သင့်ကိုအလုပ်ခန့်ဖို့ အခွင့်အရေးလျော့ကျသွားနိုင်ပါတယ်။ အကယ်၍သင်သည် အင်တာ ဗျူးဖြေဆိုဖူးခြင်းမရှိပါကအင်တာဗျူးတွင့်ပြုသင့်သောအမူအရာများ ဆောင်ရန် ရှောင်ရန်များကို လေ့လာထားသင့်ပါတယ်။


(၇) ကုမ္ပဏီအကြောင်းစိတ်ဝင်စားမှုနည်းခြင်း
အလုပ်ရှာသူအများစုသည် မိမိအလုပ်လျှောက်ထားသော ကုမ္ပဏီအကြောင်းကို အင်တာဗျူးခေါ်သည်အထိတိုင်အောင် မလေ့လာထားကြပါဘူး။ အလုပ်ရှင်အများစုသည် အလုပ်ကို စိတ်ဝင်စားသူ၊ စိတ်အားထက်သန်သူ၊ ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကို ဂုဏ်ယူစွာဖြင့်ဝတ်ဆင်မည့် ၀န်ထမ်းများကိုသာ အလိုရှိကြပါတယ်။ သင့်ရဲ့စိတ်ဝင်စားမှုကို အင်တာဗျူးခန်းထဲတွင် သင်ကြိုတင်ပြင်ဆင်ထားသည့်သင့်တော်သော မေးခွန်းအချို့မေးခြင်းဖြင့် ဖော်ပြနိုင်ပါတယ်။ သင်လုပ်ရမည့်အလုပ်နှင့် ပက်သက်ပြီး မနှစ်သက်ခြင်း တစ်စုံတစ်ရာရှိခဲ့သော် အင်တာဗျူးတွင် မပြောသင့်ပါ။ သင်အလုပ်ရဖို့ကိုသာ အင်တာဗျူးမှာ အာရုံစိုက်သင့်ပါတယ်။


(၈) သင့်ရဲ့တန်ဖိုးကိုဖော်ပြရာတွင် မရှင်းလင်းမထိရောက်ခြင်း
သင့်၏တန်ဖိုးကိုသင်ကိုယ်တိုင်မှမယုံကြည်လျှင် သင့်အလုပ်ရှင်က သင့်ကိုယုံကြည်ဖို့ ပိုခက်ခဲပါလိမ့်မယ်။ သင့်၏ အရင်အလုပ်အကြောင်း၊ သင့်၏ ပင်ကိုယ်အရည်အသွေးအကြောင်း၊ သင့်၏အရည်အချင်းများ၊ ကျွမ်းကျင်မှုများနှင့် ယခုသင်လျှောက်ထားသောအလုပ်နှင့် မည်သို့ပက်သက်နေကြောင်းကို ရှင်းရှင်းလင်းလင်းထိထိရောက်ရောက်ပြောပါ။ သင့်ကိုသင် အလုပ်ခန့်ခြင်းခံပြီးသောသူတစ်ယောက်ကဲ့သို့ သတ်မှတ်ပြီး အလုပ်အတွက် သင်မည်သို့မည်မျှစွမ်းဆောင်နိုင်ကြောင်း၊ကုမ္ပဏီအတွက်သင်ဟာ မည်သို့အသုံးဝင် နိုင်ကြောင်း၊ သင့်ကိုသင်ယုံကြည်မှုအပြည့်နဲ့ ထိထိရောက်ရောက် ပြောဆိုနိုင်ပါက သင့်အလုပ်ရှင်၏ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။


(၉) အင်တာဗျူးပြီး နောက်ဆက်တွဲလုပ်ဆောင်မှုများမလုပ်ခြင်း
အလုပ်လျှောက်သူအများစုဟာ အင်တာဗျူးဖြေပြီးရင် ပြီးသွားပြီ ထင်တတ်ကြပါတယ်။ တစ်ချို့သောကုမ္ပဏီများအတွက်မှန်ကောင်းမှန်ပေမဲ့ တစ်ချို့သောကုမ္ပဏီများကတော့သင့်ရဲ့“ဖြစ်လာမှတုံပြန်ခြင်းထက်အခြေအနေကို ဖန်တီးတတ်ယူတတ်သော စွမ်းရည်”ကိုသိချင်သောကြောင့် သင့်ကိုရက်အနည်းငယ်အတွင်းဆက်သွယ်မှာမဟုတ်ပါဘူး။ သင့်ကိုအကြောင်းမကြားခဲ့သော် သင်ကစဆက်သွယ်ပြီး စုံစမ်းသင့်ပါတယ်။ အင်တာဗျူးပြီးပြီးချင်းမှာလဲ အင်တာဗျူးသူကို ကျေးဇူးတင်ကြောင်း စာပို့ခြင်းဖြင့် သင်သည် အလုပ်ပေါ်မှာစိတ်ဝင်စား သောသူဖြစ်ကြောင်း ပြသနိုင်ပါတယ်။


(၁၀) သင်၏ယခင်အလုပ်မှ ထောက်ခံချက်ကိုသေချာမပြင်ဆင်ခဲ့ခြင်း
သင် ယခင်လုပ်ဖူးသော နေရာတစ်ုခုခုမှ ထောက်ခံချက်ကို မဆင်မခြင်မပေးမိပါစေနဲ့။ အဘယ့်ကြောင့်ဆိုသော် အလုပ်ရှာသူအများစုသည် အင်တာဗျူးအဆင့်အထိ ရောက်ပြီးမှ ယခင် အလုပ်ရှင်၏ မကျေမနပ်အပျက်သဘော ဆောင်သော တုံ့ပြန်ချက်များကြောင့် အလုပ်ရရန် အခွင့်အရေး လွဲသွားကြပါတယ်။ အကယ်၍ သင့်ကို ထောက်ခံမည့်သူမှ စာဖြင့်ရေးသားထားသော ထောက်ခံချက်ရှိပါက ပိုမိုသင့်တော်ပါသည်။ သင့်အနေဖြင့် သင့်ကိုထောက်ခံသူ၏သဘောထားကို သူ၏ထောက်ခံချက်စာရွက်ကို ကြည့်ခြင်းဖြင့် ရှင်းရှင်းလင်းလင်းသိနိုင်ပါသည်။ သင်လျှောက်သော အလုပ်တွင် ထောက်ခံချက်ပေးသောအခါတွင်လည်း ယုံယုံကြည်ကြည်ပေးနိုင်ပါသည်။


အားလုံးအလုပ်အကိုင်အလန်းတွေရကြပါစေ။
မိုးရှင်း (I.M.T)
www.work.com.mm
အောင်ပညာဒါန Unknown at 3:24 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ, သတိပြုစရာ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
Comments
Atom
Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ▼  08/31 - 09/07 (21)
      • လက်ရေးကိုကြည့်ပြီး ရေးတဲ့သူရဲ့အကြောင်း ပြောတဲ့နည်း
      • မှတ်သားစရာအဆိုအမိန့်များ
      • "သူငယ်ချင်း.. ဒီတောင်ကို မင်းကျော်နိုင်ပါတယ်ကွာ"
      • ထူးထူးခြားခြား
      • ၆။ ပဏ္ဍိတ၀ဂ္ဂ
      • ကျွန်တော်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပေါ့....
      • “အမြင်ကို ပြောင်းကြည့်လိုက်ပါ”
      • သွေးပေါင်ကျခြင်းအတွက် သဘာဝကုထုံးများ
      • လိုက်နာမှတ်သား ဘ၀စကားများ
      • ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး
      • ကလေးများ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း လက်ကိုစင်...
      • ၇။ အရဟန္တ၀ဂ္ဂ
      • ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ
      • အနာဂတ်အတွက်စာဖတ်ပါ
      • ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းဖူးတဲ့ဘဝတွေ မ...
      • Date Rape Drugs protection ဆေးခတ်မခံရအောင် ဘယ်လိုက...
      • အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ
      • “ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ”
      • စိတ်အားတက်ကြွဖွယ် ကမ္ဘာကျော်များရဲ့အဆိုအမိန့်များ
      • သင်အလုပ်မရသည့် အကြောင်းရင်း (၁၀)ချက်
      • တော်ချင်ရင် မပျင်းနဲ့
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.