အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

ပညာဒါနသင်တန်းကျောင်း

 အောင်ပညာဒါနဆရာတော် ဘဒ္ဒန္တ ဥာဏိကာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း
*****************************************************

ဖွားမြင်ခြင်း= ဆရာတော်လောင်းလျာကို မကွေးတိုင်း ရေစကြို မြို့ နယ် နတ်ညွှန်းကျေးရွာတွင်
အဖ ဦးဟန်စိန်+အမိ ဒေါ်စန်းတို့မှ ၁၉၈၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မီးရှူးသန့်စင် ဖွားမြင်
ပေးခဲ့သည်၊ မွေးချင်း ခြောက်ယောက်အနက် တတိယသားရတနာဖြစ်သည်။
ငယ်အမည်မှာ မောင်မြတ်ငြိမ်းဖြစ်သည်၊ ရေစကြိုမြို့ အခြေခံပညာ မူလတန်း ကျောင်း ထင်းတန်းကျောင်း
နှင့် ရေစကြိုမြို့ အထက(၁) တို့တွင်ပညာသင်ကြားခဲ့သည်။ အသက် (၁၁) အရွယ်တွင် သာသနာ့ဘောင်
သို့ဝင်ရောက်ခဲ့သည်၊ ဘွဲ့အမည်မှာ ရှင်ဥာဏိကဖြစ်သည်၊ ရှင်သာမဏေဘ၀ဖြင့်ဆက်လက်၍  အောင်ဓမ္မဇေယျုံပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်ထံတွင် အခြေံပရိယတ္တိစာပေများကို  အခြေပြုမူလတန်းအောင်သည်အထိ၊ အင်းစိန်မြို့ ရွာမပရိယတ္တိစာ သင်တိုက် ကြီးတွင် ပထမငယ်တန်းမှ အထက်တန်း ပိဋကတ်စာပေများကို  လေ့လာသင်ယူခဲ့သည်။ အင်းစိန်မြိ့ ရွာမ
ပရိယတ္တိစာသင်တိုက်ကြီးတွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စာသင်သားဘ၀၊ စာချဆရာတော်ဘ၀၊ စာ
ချနာယက ပညာရေးတာဝန်ခံဘ၀များဖြင့် ပညာရည်နို့သောက်စို့ခဲ့ရာ မိခင်ကျောင်းတော်ကြိးကို ပြန်လည်
၍ ကျေးဇူးဆပ်ခဲ့သည်၊ 
ရဟန်းအဖြစ်သို့ရောက်ရှိခြင်း=ရဟန်းဒါယကာ ဦးနေလင်းအောင်+ရဟန်းဒါယိကာမ ဒေါ်နွယ်နွယ်ဝင်း 
မိသားစုတို့၏ ပစ္စယာနုဂ္ဂကိုခံယူလျှက် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်၊ 
ရရှိခဲ့သော ဘွဲ့များ= ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်ဘွဲ့၊ သဒ္ဒမ္မ၀ံသပါလသာမဏေကျော်ဘွဲ့
ဝိနယ၀ိဒူဘွဲ့ သဒ္ဒမ္မ၀ံသပါလဓမ္မာစရိယဘွဲ့စသော ဘွဲ့တံဆိပ်တော်များကို စာဖြေဆိုလျှက် ရရှိတော်မူခဲ့သည်၊

သာသနာပြုလုပ်ငန်းများ= ပရိယတ္တိစာပေများပြန်လည်ပို့ချခြင်း၊ နွေရာသီ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်
တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ နှစ်စဉ် မေလ တတိယပတ်မှစ၍ နှစ်စဉ် အဋ္ဌမတန်း၊ န၀မတန်း၊ တက္ကသိုလ်
ဝင်တန်း ကျောင်းသား/သူများအား အခမဲ့ ပညာဒါန (နှစ်လုံးပေါက်) ဖွင့်လှစ်ပို့ချပေးခြင်း ၊ ၂၀၁၃ ခုနှစ်မှ
စတင်၍ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ခွဲ ကျောက်တလုံးကြီးမြို့ (ပအို့ဝ်ဒေသတွင် ) အင်္ဂလိပ်
စာ၊ ကွန်ပျူ တာ၊ အထွေထွေလူမှုရေးနှင့် စာပေကဏ္ဍ များပါဝင်သော သင်တန်းကျောင်းခွဲကို ပညာသင်
ဘက်ဖြစ်သော အရှင်မဟောသဓ၊ ပအို့ဝ့်ဒေသ ဖွဲ့ဖြိုးတိုးတက်ရေးနှင့် သာသနာထွန်းကားရေး ဆရာတော်
နှင့်အတူ နှစ်စဉ် (၄၅) ရက် ရက်တိုသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ 
အောင်ပညာဒါနသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ချို့တဲ့ကျောင်းသား/သူများအား
တက္ကသိုလ်ပညာရေးစရိတ် အချိုးကျ ထောက်ပံ့ကူညီပေးခြင်း၊ အမျိုးဘာသာ သာသနာထွန်းကားရေးလုပ်
ငန်းများတွင် ဆရာရင်းဖြစ်သော အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာဘိ
ဝံသ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းများဖြင့် ဘာသာသာသနာအကျိုး တိုင်းပြည်နှင့်လူမျိုး
များ၏ အကျိုးကို ထမ်းဆောင်လျှက်ရှိပါသည်၊ 

 




အောင်ပညာဒါနသင်တန်းကျောင်း
ဖွင့်လှစ်သည့်ခုနှစ်= ၁၃၇၁ခု၊ 2009 ခုနှစ် မေလ ၂၅ ရက်နေ့တွင်စတင်ဖွင့်လှစ်သည်။
သင်တန်းတည်နေရာ=အောင်ဓမ္မဇေယျုံစာသင်တိုက်၊ သီရိမင်္ဂလာလမ်းသွယ် (၉)  ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း။
အောင်ဓမ္မဇေယျုံစာသင်တိုက်ဖွဲ့စည်းပုံ
၁။ မဓာနနာယကဆရာတော်ကြီးဘဒ္ဒန္တ ရေ၀တ( သာသနာပြုလုပ်ငန်းများ၏ သြ၀ါဒါစရိယ)
၂။ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပညာသီရိ (ဂန္ထ၀ါစကပဏ္ဍိတ)
    ကျောင်းတိုက် အုပ်ချုပ်စီမံ တာဝန်ခံဆရာတော်
၃။ တိုက်ကြပ်ဆရာတော်၊ ကျောင်းတိုက် ဒုတိယ အုပ်ချုပ်စီမံ၊ ပညာဒါနလုပ်ငန်းများ၏
    တာဝန်ဝံခံ ဆရာတော်။
၎။ စာချဆရာတော်များ။
သင်တန်းတည်ထောင်သူ= ဆရာတော် အရှင်ဉာဏိကာလင်္ကာရ(တိုက်ကြပ်ဆရာတော်)
သင်တန်းဖွဲ့စည်းပုံ=   
 ၁။ ကျောင်းအုပ်ဆရာတော် ။
 ၂။  ပညာရေးမှုး။
၃။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရေးတာဝန်ခံဆရာ/မ များ။
၎။ ဘာသာရပ်အလိုက်လေ့ကျင့် စစ်ဆေးရေးတာဝန်ခံများ။

ဆရာ/မ ရွေးချယ်ခန့်ထားခြင်း
သင်တန်းနည်းပြ ဆရာ/ ဆရာများ အနေဖြင့်
          ၁။ စေတနာ့ဝန်ထမ်းသက်သက်ဖြစ်ရမည်
          ၂။ အနည်းဆုံး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရပြီးဖြစ်ရမည်။
          ၃။ သင်ကြားရေးအတွေ့အကြုံ အနည်းဆုံးငါးနှစ်ရှိရမည်။
          ၄။ ပညာသင်နှစ် အစမှ အဆုံးတိုင် သင်ကြားနိုင်သူဖြစ်ရမည်။

တက်ရောက်ပညာသင်ကြားလိုသောကျောင်းသား/သူများအားသင်တန်းလက်ခံပုံ။
           သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား သေချာစွာ ဖတ်ပြီး လိုက်နာနိုင်လျှင် မိဘ/အုပ်ထိန်းသူ ကိုယ်တိုင် လျှောက်လွှာဝင်ခွင့်တွင် လိုအပ်သလိုရေးသွင်းဖြည့်စွက်၍ အပ် နှံရမည်။
        

          နေ့စဉ် သင်တန်းချိန်များ။
အစိုးရကျောင်းပိတ်ရက်များ၌ နံနက် (၈)နာရီမှ (၁၁)နာရီထိ
                                      နေ့လည်ပိုင်း (၁၂-နာရီခွဲမှ) ညနေ (၅)နာရီအထိ
တနင်္လာနေ့မှ သောကြာနေ့ထိ နေ့များ၌ နေ့လည်(၁-နာရီ ခွဲ)မှ ညနေ (၅)နာရီအထိ
နေ့စဉ် ပိတ်ရက်မရှိသင်ကြားပေးသည်။
မှတ်ချက်။ တစ်နှစ်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ အနေဖြင့်
တနင်္လာနေ့မှ သောကြာနေ့ထိ နေ့များ၌ နံနက် (၉)နာရီမှ (၁၁)နာရီအထိ စာကျက်ချိန်
ပုံမှန်တက်ရောက်ရမည်။

အောင်ဓမ္မဇေယျုံစာသင်တိုက်၏ လက်ရှိ သာသနာပြုလုပ်ငန်းများ
အောင်ဓမ္မဇေယျုံစာသင်တိုက်၏ သာသာနာပြုလုပ်ငန်းများကို အပိုင်းနှစ်ပိုင်းခွဲလျှက်
လုပ်ဆောင်လျှက်ရှိပါသည်။
၁။ နယ်စပ်ဒေသမှ ချို့တဲ့ကလေးငယ်များအား ကုန်ကျစရိတ် ကျခံ ခေါ်ယူလျှက် လက်ခံ၍ သာမဏေပြုပေးကာ သာမဏေများ၏ စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး များကို တာဝန်ယူ လျှက်
၁။ ပါဠိစာပေ နှင့်မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ ဘာသာရပ်များကို သင်ကြားပေးပါသည်။

အောင်ဓမ္မဇေယျုံစာသင်တိုက်၌ သုံးနှစ်ပညာသင်ကြားပြီးသော သာမဏေငယ်များကို သင့်
တော်ရာ စာသင်တိုက်ကြီးများသို့ အောင်ဓမ္မဇေယျုံစာသင်တိုက်၏ ထောက်ပံ့မှုဖြင့် အပ်နှံ၍
ဆက်လက်ပညာသင်ကြားပေးစေပါသည်။
(အောင်ဓမ္မဇေယျုံစာသင်တိုက်၌ လက်ရှိ သာမဏေငယ်ပေါင်း ၃၅ ပါး ပညာသင်ကြားလျှက်ရှိ
ပါသည်။)
     ၂။ ပရဟိတ ပညာဒါန လုပ်ငန်းများ။
 (က)။ နွေရာသီ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း။

 (ခ)။  နှစ်စဉ် မေလမှ စ၍ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအား ပညာ ဒါနဖြစ်        သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းလုပ်ငန်းများကို  ပုံမှန်လုပ် ဆောင်လျှက် ရှိပါ သည်။

ကျောင်းသား/သူများသည် နေ့စဉ် ကျောင်းတက်မှတ်တမ်းစာအုပ်ကို မိဘ/အုပ်ထိန်းသူလက်
မှတ်ကြိုတင်ထိုးခဲ့ပြီး ကျောင်းအုပ်ဆရာတော်၏ စာရေးစားပွဲပေါ်တွင်နေ့စဉ် ထပ်ထားရမည်
သင်တန်းချိန် အချိန်ပြည့်တက်ရောက်သော ကျောင်းသား/သူ များအား  မှတ်တမ်းစာအုပ်ပေါ်
တွင် ကျောင်းတက်ရောက်ကြောင်းနေ့စွဲနှင့် လက်မှတ်တံဆိပ်ခက်နှိပ်ပေးပြီး မှတ်တမ်းစာအုပ်
တွင် မှတ်တမ်းတင်ရေးသွင်းမှတ်သားခြင်းဖြင့် မိဘ/ဆရာ နှစ်ဦးနှစ်ဘက်လုံးမှ ကျောင်းသား၊
ကျောင်းသူများ ကျောင်းတက်မှန်/မမှန် သိရှိနိုင်သည်။
ပညာရေးတိုးတက်မှုအခြေအနေများကို သင်တန်းကျောင်းမှ ဘာသာရပ်အလိုက် အခန်းပြတ်
စာမေးပွဲများ လပတ်စာမေးပွဲများ စစ်ဆေးလျှက် သုံးသပ်သည်။
မိဘ/အုပ်ထိန်းသူများအား နှစ်စဉ် နှစ်ကြိမ်ကျ မိဘ/ဆရာ စုံညီအစည်းအဝေးများခေါ်ယူလျှက်
ကျောင်းသား/သူများ၏ အားနည်းချက် အားသာချက်များနှင့် စာရိတ္တပိုင်းဆိုင်ရာများ ပွင့်လင်း
စွာ တင်ပြဆွေးနွေးစေသည်။

=======================================================
အောင်ပညာဒါနသင်တန်းသို့ တက်ရောက်ပညာသင်ကြားလိုသော ကျောင်းသား ကျောင်းသူများအနေဖြင့်  
မိဘ/ အုပ်ထိန်းသူ နှင့်တကွ လျှောက်လွှာတွင် လိုအပ်သောအချက်အလက်များရေးသွင်း၍ မိဘ/ အုပ်ထိန်း
သူကိုယ်တိုင် ကျောင်းအပ်နှံပေးရမည်။ 

========================================================

ကျောင်းသူ/ ကျောင်းသားများ၏ နေ့စဉ် တန်းတက်မှတ်တမ်းစာအုပ်ပုံစံ
အဆိုပါ တန်းတက်မှတ်တမ်းစာအုပ်ကို နေ့စဉ် သင်တန်းတက်တိုင်း ယူဆောင်၍
ကျောင်းအုပ်ဆရာတော့်ရုံးခန်းတွင် ထပ်ထားရမည်၊ ထိုနည်းဖြင့် ကျောင်းတက်ရောက်မှု
မှတ်တမ်းကို မိဘ ဆရာ နှစ်ဦးနှစ်ဘက်သိရှိပြီး ကျောင်းသား/သူများ၏ ပညာရေးကို
ကြပ်မက်ပေးနိုင်သလို စည်းကမ်းပိုင်းပိုမိုကောင်းမွန်စေသည်။








=========================================================
ကျောင်းသားကဒ်
=========================================================

ကျောင်းသူ/ကျောင်းများအတွက် ချမှတ်ထားသော
အောင်ပညာဒါနသင်တန်းကျောင်း၏ စည်းကမ်းများ
၁။ သင်တန်းပျက်ကွက်မှုမရှိရ၊ သင်တန်းချိန်မှန်ကန်စွာတက်ရောက်ရမည်။
(အကြောင်းတစုံတရာကြောင့်ပျက်ကွက်လိုလျှင် မိဘ/အုပ်ထိန်းသူလက်မှတ်နှင့်တကွ ခွင့် တိုင်ကြားရမည်)
၂။ သင်တန်းဆရာ/မ များ၏ ဆိုဆုံးမမှု ကိုနာခံရမည်။
၃။ ကျောင်းသား/သူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
၎။ ဥပဒေနှင့် မလွတ်ကင်းသော လောင်းကစားမှု၊ မူးယဇ်ဆေးဝါးသုံးစွဲမှု စသည်မပြုလုပ်ရ။
၅။ ကျောင်းသား/သူများ သမီးရည်းစားထားခြင်း ၊ ရှုပ်ပွေခြင်းများမရှိစေရ။
၆။ ပညာရေးတိုးတက်မှုနှုန်း ညံ့ဖျင်းနေလျှင် မိဘ/အုပ်ထိန်းသူအားခေါ်ယူအသိပေးဆွေး နွေးမည်။
၇။ သင်တန်းမှစစ်ဆေးသော စာမေးပွဲများကို မပျက်မကွက်ဖြေဆိုရမည်။
၈။ စာမေးပွဲတိုင်း အနည်းဆုံး ၁၀% ရရှိအောင်ဖြေဆိုနိုင်ရမည်။
၉။ မြန်မာ့ယဉ်ကျေးမှုနှင့်မဆီလျှော်သော ၀တ်စားဆင်ယင်မှုမပြုရ။
၁၀။ ဘာသာစုံ စာမေးပွဲကြီး တွင် လေးဘာသာနှင့်အထက်အောင်အောင်ကြိုးစားနိုင်ရမည်။
မှတ်ချက်= အခါအားလျှော်စွာ သင်တန်းကျောင်းမှ ချက်မှတ်သောစည်းကမ်းများကိုလိုက်နာ
နိုင်ရမည်။

==========================================================

ဆရာ/ ဆရာမများအတွက် ချမှတ်ထားသော သင်တန်းကျောင်း၏ စည်းကမ်းများ
၁။ ဆရာ/ဆရာမများအနေဖြင့် ကျောင်းအုပ်ဆရာတော်၏ခွင့်ပြုချက်မရရှိဘဲ မိမိအိမ်သို့ဖြစ်စေ
    မိမိတို့၏ ကိုယ်ပိုင်ကျောင်းများ၊ ကျူ ရှင်များသို့ဖြစ်စေ ခေါ်ယူ၍ စာပေသင်ကြားပေးခြင်းမပြု ရ။
၂။ ဆရာ/ ဆရာမများအနေဖြင့် သင်တန်းပို့ချချိန်များကို အတတ်နိုင်ဆုံး ပုံမှန် အချိန်တိကျစွာသင်ကြား
    ပေးနိုင်ရမည်။
၃။ ပညာဒါနသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆရာ/ ဆရာမ အချင်းချင်း စိတ်ဝမ်း
   ကွဲစေသော ( အသင်းအဖွဲ့အတွင်း စိတ်ဝမ်းကွဲစေတတ်သော) အပြုအမူ အပြောဆို ပြုမူပြောဆိုခြင်းမှ
   ရှောင်ကြဉ်ရမည်။
၎။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းချိန်ပျက်ကွက်ရန်ရှိပါက ကျောင်းအုပ်ဆရာတော်ထံ
    ခွင့်တိုင်ကြားရမည်။
၅။ အကြောင်းတစုံတရာကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက ဆရာတော်ထံတွင်ကြိုတင်
   အကြောင်းကြားရမည်၊ တာဝန်များကို ဆက်လက်ထမ်းဆောင်မည့် ဆရာ/ ဆရာမထံတွင် လွှဲပြောင်းပေး
   ပေးရမည်။        






Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • ခြင်မလာစေတဲ့ သဘာဝဆေးနည်း
    ( လေးညှင်းသံပုရာ) သံပုရာသီးကို ခါးလယ်ကပိုင်းပါ... (တစ်ခြမ်းခြမ်းရင် အနံ့သိပ်မထွက်ပါ... ခါးလယ်ကပိုင်းတော့ အစေ့တွေလည်း ထွက်သွားပါတယ်၊ လေးညှင်း...
  • ကျောင်းသူ ကျောင်းသားများအတွက် အထူးသတိထားရမည့် အင်တာနက်က လိင်ကိစ္စ
    လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • ကလေးငယ် များ၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်း
    ပထမဦးဆုံး ရင်သွေးကို လွယ် ထားစဉ် အချိန်က တက္ကသိုလ် ဆရာမ Heni Wardatur Rohmah အကြွေး တင်ခဲ့ရသည်။ ထိုအကြွေးမှာ သားဖွား စရိတ် မဟုတ်။ ကလေးဝတ် အက...
  • တော်ချင်ရင် မပျင်းနဲ့
    ဆုံးမစာများ၊ ဆုံးမစကားများဟာ တကယ်တော့ ကြားဖူးနားဝရှိတဲ့ စကားများ ဖြစ်ပါတယ်။ ကြားဖူးပြီး နားဝမှာပဲ ရပ်နေတဲ့ အတွက်ခက်နေကြတာ ဖြစ်ပါတယ်။ တကယ်...
  • ထိပ်ပြောင်၊နောက်ပြောင်လို့စိတ်ညစ်နေသလား ?
    ကျမ ၁၄-၁၅ နှစ်အရွယ်။ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက် ၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ပြည်တည်နာကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်...
  • အမေ့ခေါ်သံ
    အရုဏ်အတက် ကုလားတက်ခေါက်သံကြားတော့ သား နိုးနေပြီ အမေ။ သားက ဧည့်သည် အမေ့အိမ်မှာ သားဟာ ဧည့်သည်ပါ။ အိမ်ကထွက် ရွာဘက်ကခွာ မြို့ကိုတက် ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...

Blog Archive

  • ▼  2014 (175)
    • ▼  10/26 - 11/02 (5)
      • ထိပ်ပြောင်၊နောက်ပြောင်လို့စိတ်ညစ်နေသလား ?
      • ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ
      • ကာမပိုင်ရှိသူနဲ့ ဖောက်ပြားလျှင် ကြုံရမည့် ဒု-သ-န-ေ...
      • ကျောင်းသူ ကျောင်းသားများအတွက် အထူးသတိထားရမည့် အင်တ...
      • အချိန်လွန်မှ သိရတတ်သည့် မိဘတန်ဘိုး
    • ►  10/19 - 10/26 (3)
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.