Aug 12, 2014
ဆရာတစ်ယောက်ရဲ့ဝေဒနာ
တက္ကသိုလ်ဝင်တန်းကျောင်းသားများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ သည်မှာ အနှစ် (၂၀)နီးပါးပင်ရှိခဲ့ ပြီ။ သည်အတောအတွင်း ဟိုးအရင်စာသင်စ ၁၉၉၅-၉၆ လောက်ကကျောင်းသားများနှင့် ယခုကျောင်းသားများ၏အနေအထားကို နှိုင်းချိန်ယှဉ်ထိုးကြည့်မိ၏။ မြန်မာစာဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ အလေးထားမှုကစလို့ တတ်မြောက်နားလည်မှုအဆုံး အစစအရာရာကွာခြားလာသည် ဟုခံစားမိသည်။ တစ်နှစ်ချင်း နှိုင်းယှဉ်ကြည့်လျှင်မသိသာသော်လည်း (၁၀)နှစ်လောက် ခွာကြည့်လျှင်တော့ တော်တော်လေးကို သိသာသည်။
ကျွန်တော်ဆယ်တန်းသင်စ မှာ တပည့်တစ်ယောက်တွေ့ခဲ့ဖူး သည်။ စကားပြေလက်ရွေးစင်စာ အုပ်ထဲက သင်ခန်းစာတွေကို ချောချောမွေ့မွေ့မဖတ်နိုင်။ ပါဠိသက်ဝေါဟာရများကိုအသာထား၍ ရိုးရိုးမြန်မာစာလုံးများကိုပင် အသံထွက်ချင်သလို ထွက်တတ် သည်။ စာမေးပွဲစစ်ကြည့်လိုက် တော့လည်း အမှတ် (၁၀၀) ဖိုး မေးခွန်းကို (၃၆) မှတ်နှင့်ကျနေသည်။
ထိုတပည့်ကိုတွေ့တော့ ကျွန်တော့်မှာ အံ့အားတသင့်ဖြစ် ခဲ့ရ၏။ ကျွန်တော်တို့ခေတ်က ဆယ်တန်းကျောင်းသားတစ် ယောက်သည် အခြားဘာသာရပ် တွေမှာညံ့နေစေဦး။ မြန်မာစာကျ သည်လိုတော့မရှိခဲ့။ ထို့အပြင် ကျောင်းပြဋ္ဌာန်းစာအုပ်မပြောနှင့် အပြင်ကဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ ကိုတောင် တစ်နေ့တစ်အုပ်ငှား ဖတ်နေပြီဖြစ်သည်။ ဆိုတော့ ထို တပည့်က စာမေးပွဲလည်းအောင် မှတ်မရသည့်အပြင် စာကိုလည်း အဓိပ္ပာယ်သိအောင်ပင် မဖတ်နိုင် ရှိလေရာ ကျွန်တော့်မှာ များစွာ အံ့သြမိခဲ့ရလေသည်။
Labels:
စာပေကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment