Sep 12, 2014
နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး
နှလုံးနဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်လည်း နှလုံးအားနည်းတာ၊ သွေးကြောကျဉ်းတာမျိုးဖြစ်နေတာနဲ့ ဖတ်မိတာလေးများကို အရေးရှိရင် ပြန်ကြည့်ရအောင် တင်ဖြစ်သွားတာမနည်းဘူး။ ကောင်းမယ်ထင်တာများ ထပ်တွေ့ရင်လဲ ထပ်စုထားဦးမှာပါ။ တချို့ဖတ်မိတဲ့နည်းလမ်းလေးများလည်း မနည်းဘူး။ ဒါပေမယ့် များတာနဲ့ မတင်ဖြစ်သေးဘူး။ ဂျာမန် ဆရာဝန်များကလည်း သေညှိုး ဖြစ်လာခဲ့ရင် နှလုံးသွေးကြောပိတ်ဖို့ သိပ်မဝေးတော့ဘူး လို့ပြောဆိုထားတာလည်း တွေ့မိပါရဲ့။ အဲဒါမျိုး ဖြစ်ရင်တော့ သတိထားကြရမှာပေါ့။
ကျနော့်မှာတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက အိပ်ပျက်တွေ များခဲ့တာကြောင့် နှလုံးကို လေဟပ်ပြီး မေ့လဲခဲ့တာလည်း သုံးခါလောက်ရှိတယ်။ ဒီကြားကာလတွေမှာလဲ အိပ်ပျက်များလာရင် နှလုံးက စူးအောင့်တာမျိုးလည်း ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။ ပညာသင်နေတဲ့အချိန်ထဲက ညဥ့်နက်သန်းခေါင် ၃ နာရီလောက်မှ အိပ်တာက များခဲ့တာလည်း ပါမည်။
Labels:
ကျန်းမာရေးကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment